မက္ဆီနဲ႔ ေနမာကို တစ္ကိုယ္ေတာ္စြမ္းပဲရတဲ့ အိမ္က်ယ္ေတြလို႔ ေဝဖန္လိုက္တဲ့ ဗန္ဟား

ေအဂ်က္၊ ဘိုင္ယန္နဲ႔ ယူႏုိက္တက္အသင္းေတြမွာ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ခဲ့ဖူးတဲ့ နယ္သာလန္သား မန္ေနဂ်ာၾကီး ဗန္ဟားကေတာ့ ကမၻာအေကာင္းဆံုးေတြအျဖစ္ ထင္ရွားတဲ့ မက္ဆီနဲ႔ ေနမာဟာ တစ္ကိုယ္ေတာ္အစြမ္းေတြကိုပဲ အားျပဳေနသူေတြအျဖစ္ ေဝဖန္မႈ ျပဳလုပ္ခဲ့ပါတယ္။

ဗန္ဟားက သူတို႔ႏွစ္ဦးဟာ သက္ဆိုင္ရာ အသင္းေတြမွာ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနၾကသူေတြျဖစ္ျပီး အသင္းလိုက္ဟာ တစ္ကိုယ္ေတာ္စြမ္းထက္ ပိုသာလြန္တယ္ဆိုတာ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ျမင္ခဲ့ရတယ္လို႔ ယံုၾကည္ေနတယ္။

မက္ဆီ၊ ေနမာလို ကစားသမားေတြ ရွိေနတဲ့ ဘာစီလိုနာနဲ႔ ပီအက္ဂ်ီဟာ ဒီေနာက္ပိုင္းမွာ ေအာင္ျမင္မႈေတြ ရေနေပမယ့္ ျပည္တြင္းေအာင္ျမင္မႈေတြပဲျဖစ္ျပီး ဥေရာပမွာေတာ့ က်ရံွဴးေနတာျဖစ္တယ္။ မႏွစ္ကလည္း စုဖြဲ႔မႈမွာ အသင္းလိုက္ ပိုေကာင္းတဲ့ လီဗာပူးက ၄င္းတို႔ရဲ႕ အသင္းေတြကို ခ်န္ပီယံလိဂ္မွာ အႏုိင္ယူခဲ့မႈအေပၚ ဗန္ဟားက ေထာက္ျပခဲ့ပါတယ္။

ဗန္ဟားက ေျပာရာမွာေတာ့ ” ဘာစီလိုနာကို ၾကည္ပါ။ ကမၻာအေကာင္းဆံုး ကစားသမားကို ပိုင္ဆိုင္ထားျပီး သူတို႔ ခ်န္ပီယံလိဂ္ဖလား ဘယ္ႏွစ္ၾကိမ္ အႏုိင္ရထားခဲ့လဲ။ ပီအက္ဂ်ီက ေနမာကိုၾကည့္ေလ။ ခ်န္ပီယံလိဂ္ ဘယ္ႏွစ္ၾကိမ္ အႏုိင္ရလို႔လဲ။ မက္ဆီနဲ႔ ေနမာဟာ အသင္းလိုက္ မဟုတ္တဲ့ တစ္ကိုယ္ေတာ္ ကစားသမားေတြပါ။ စုဖြဲ႔မႈနဲ႔ ကစားတဲ့ပြဲေတြမွာ အသင္းလိုက္ ကစားသမားေတြထက္ ပိုအေရးပါတာ မရွိေတာ့ပါဘူး။

အေကာင္းဆံုး အသင္းလိုက္ ကစားသမားေတြထဲက တစ္ဦးက မီလ္နာပါပဲ။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ သူက ကြင္းလယ္လူအေနနဲ႔ေကာ ခံစစ္သမား အေနနဲ႔ပါ ကစားခဲ့တယ္။ အသက္ ၃၃ ႏွစ္အရြယ္ ကစားသမားတစ္ေယာက္က ဒီေလာက္ထိ စြမ္းေဆာင္ႏုိင္တာ အရမ္းေကာင္းပါတယ္။

တိုက္စစ္သမားေတြေကာ။ အားလံုးက သူတို႔အသင္းအတြက္ပဲ ကစားၾကတယ္။ ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔က ယာဂင္ကေလာ့ပ္က ဖိအားေပးေစလိုတာေၾကာင့္ ခံစစ္အတြက္လည္း ျပင္းျပင္းထန္ထန္ ကူညီၾကတယ္။ အရင္လေတြတုန္းက သူက အလင္းေရာင္ ရွာေတြ႔ခဲ့ျပီး ဖိအားေပးျခင္းက အျမဲတမ္း မွန္ကန္တဲ့အရာ မဟုတ္ဘူးဆိုတာ နားလည္ခဲ့တယ္။

အားလံုးက အေျခအေနေတြေပၚ မူတည္ပါတယ္။ လက္ရွိ လီဗာပူးထက္ အရင္ ေဒါ့မြန္တုန္းက ယာဂင္ကေလာ့ပ္ဟာ ပိုျပီး တုိက္စစ္ကစားပါတယ္။ သူက တစ္ခါတစ္ရံမွာ ပိတ္ကစားသင့္တယ္ဆိုတာ သင္ယူခဲ့တယ္။ ကစားသမား ေနရာယူမႈေတြကို စုစည္းျပီး ေကာင္တာတိုက္စစ္ျပန္ကစားသင့္ ကစားရပါမယ္။

အဲ့တာက ဆာလက္၊ မာေနးနဲ႔ ဖာမင္ႏိုတို႔အတြက္ ေကာင္းပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔က ျပိဳင္ဘက္ ခံစစ္သမားေတြကို ေက်ာ္ျဖတ္ဖို႔ရာ ေနရာလြတ္ေတြကို အသံုးခ်ႏုိင္စြမ္း အရမ္းေကာင္းလို႔ ျဖစ္ပါတယ္။ ဘာစီလိုနာက အဲ့တာေၾကာင့္ပဲ ခံစားခံရတာပါ။ မက္ဆီက ခ်န္ပီယံလိဂ္ကို ဒီေလာက္အၾကာၾကီး ဘာလိုမ်ား အႏုိင္မရသလဲဆိုတာ ကိုယ္ဘာသာ ေမးခြန္းထုတ္ေနသင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] အေဂျက်၊ ဘိုင်ယန်နဲ့ ယူနိုက်တက်အသင်းတွေမှာ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ နယ်သာလန်သား မန်နေဂျာကြီး ဗန်ဟားကတော့ ကမ္ဘာအကောင်းဆုံးတွေအဖြစ် ထင်ရှားတဲ့ မက်ဆီနဲ့ နေမာဟာ တစ်ကိုယ်တော်အစွမ်းတွေကိုပဲ အားပြုနေသူတွေအဖြစ် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

ဗန်ဟားက သူတို့နှစ်ဦးဟာ သက်ဆိုင်ရာ အသင်းတွေမှာ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေကြသူတွေဖြစ်ပြီး အသင်းလိုက်ဟာ တစ်ကိုယ်တော်စွမ်းထက် ပိုသာလွန်တယ်ဆိုတာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မြင်ခဲ့ရတယ်လို့ ယုံကြည်နေတယ်။

မက်ဆီ၊ နေမာလို ကစားသမားတွေ ရှိနေတဲ့ ဘာစီလိုနာနဲ့ ပီအက်ဂျီဟာ ဒီနောက်ပိုင်းမှာ အောင်မြင်မှုတွေ ရနေပေမယ့် ပြည်တွင်းအောင်မြင်မှုတွေပဲဖြစ်ပြီး ဥရောပမှာတော့ ကျရံှူးနေတာဖြစ်တယ်။ မနှစ်ကလည်း စုဖွဲ့မှုမှာ အသင်းလိုက် ပိုကောင်းတဲ့ လီဗာပူးက ၎င်းတို့ရဲ့ အသင်းတွေကို ချန်ပီယံလိဂ်မှာ အနိုင်ယူခဲ့မှုအပေါ် ဗန်ဟားက ထောက်ပြခဲ့ပါတယ်။

ဗန်ဟားက ပြောရာမှာတော့ ” ဘာစီလိုနာကို ကြည်ပါ။ ကမ္ဘာအကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ထားပြီး သူတို့ ချန်ပီယံလိဂ်ဖလား ဘယ်နှစ်ကြိမ် အနိုင်ရထားခဲ့လဲ။ ပီအက်ဂျီက နေမာကိုကြည့်လေ။ ချန်ပီယံလိဂ် ဘယ်နှစ်ကြိမ် အနိုင်ရလို့လဲ။ မက်ဆီနဲ့ နေမာဟာ အသင်းလိုက် မဟုတ်တဲ့ တစ်ကိုယ်တော် ကစားသမားတွေပါ။ စုဖွဲ့မှုနဲ့ ကစားတဲ့ပွဲတွေမှာ အသင်းလိုက် ကစားသမားတွေထက် ပိုအရေးပါတာ မရှိတော့ပါဘူး။

အကောင်းဆုံး အသင်းလိုက် ကစားသမားတွေထဲက တစ်ဦးက မီလ်နာပါပဲ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူက ကွင်းလယ်လူအနေနဲ့ကော ခံစစ်သမား အနေနဲ့ပါ ကစားခဲ့တယ်။ အသက် ၃၃ နှစ်အရွယ် ကစားသမားတစ်ယောက်က ဒီလောက်ထိ စွမ်းဆောင်နိုင်တာ အရမ်းကောင်းပါတယ်။

တိုက်စစ်သမားတွေကော။ အားလုံးက သူတို့အသင်းအတွက်ပဲ ကစားကြတယ်။ ဆာလက်၊ ဖာမင်နို၊ မာနေးတို့က ယာဂင်ကလော့ပ်က ဖိအားပေးစေလိုတာကြောင့် ခံစစ်အတွက်လည်း ပြင်းပြင်းထန်ထန် ကူညီကြတယ်။ အရင်လတွေတုန်းက သူက အလင်းရောင် ရှာတွေ့ခဲ့ပြီး ဖိအားပေးခြင်းက အမြဲတမ်း မှန်ကန်တဲ့အရာ မဟုတ်ဘူးဆိုတာ နားလည်ခဲ့တယ်။

အားလုံးက အခြေအနေတွေပေါ် မူတည်ပါတယ်။ လက်ရှိ လီဗာပူးထက် အရင် ဒေါ့မွန်တုန်းက ယာဂင်ကလော့ပ်ဟာ ပိုပြီး တိုက်စစ်ကစားပါတယ်။ သူက တစ်ခါတစ်ရံမှာ ပိတ်ကစားသင့်တယ်ဆိုတာ သင်ယူခဲ့တယ်။ ကစားသမား နေရာယူမှုတွေကို စုစည်းပြီး ကောင်တာတိုက်စစ်ပြန်ကစားသင့် ကစားရပါမယ်။

အဲ့တာက ဆာလက်၊ မာနေးနဲ့ ဖာမင်နိုတို့အတွက် ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က ပြိုင်ဘက် ခံစစ်သမားတွေကို ကျော်ဖြတ်ဖို့ရာ နေရာလွတ်တွေကို အသုံးချနိုင်စွမ်း အရမ်းကောင်းလို့ ဖြစ်ပါတယ်။ ဘာစီလိုနာက အဲ့တာကြောင့်ပဲ ခံစားခံရတာပါ။ မက်ဆီက ချန်ပီယံလိဂ်ကို ဒီလောက်အကြာကြီး ဘာလိုများ အနိုင်မရသလဲဆိုတာ ကိုယ်ဘာသာ မေးခွန်းထုတ်နေသင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Sports Home Time