Player Scout | တိုက္စစ္အတြက္ ယူႏုိက္တက္က ေက်ာက္ေကာင္းတစ္ပြင့္ ပိုင္ဆိုင္ထားႏွင့္ေနပါျပီ

ဆုဖလားေတြကို အႏုိင္ရတဲ့ အသင္းတသင္းကို ကာလရွည္ ေအာင္ျမင္ေအာင္ တည္ေဆာက္ႏိုင္ခဲ့တဲ့ ဆာအဲလက္စ္ေျပာခဲ့တဲ့ နာမည္ေက်ာ္ စကားတခြန္းရွိတယ္။ အဲ့တာက ” တိုက္စစ္က ပြဲေတြကို ေအာင္ႏုိင္ေစေပမယ့္၊ ခံစစ္ကေတာ့ ဆုဖလားေတြကို ေအာင္ျမင္ေစပါလိမ့္မယ္ ” ဆိုတဲ့ စကားျဖစ္တယ္။

ဆာအဲလက္စ္ေခတ္မွာ ဖာဒီနန္၊ ဗီဒစ္၊ ဗန္ဒါးဆား အစရွိတဲ့ တိုက္စစ္သမားေတြ ထိန္႔လန္႔ရတဲ့ ခံစစ္သမားေတြကို ပိုင္ဆိုင္ခဲ့လို႔ သူ႔ေခတ္မွာေတာ့ ေအာင္ျမင္တဲ့ လူစာရင္းတည္ေဆာက္မႈနဲ႔ မွန္ကန္တဲ့ ဒႆနလည္း ျဖစ္ခဲ့ပါတယ္။ လက္ရွိ ယူႏုိက္တက္ဟာ ဆုဖလားေတြကို စိန္ေခၚႏုိင္စြမ္း မရွိဘူးလို႔ သံုးသပ္ၾကမႈေတြရွိထားေတာ့ ပြဲေတြကို အႏုိင္ရဖို႔ အဓိကက်တဲ့ တုိက္စစ္အေၾကာင္း ေျပာဖို႔ လိုလာမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ႏွစ္သင္းလို႔ ေျပာၾကတဲ့ မန္စီးတီးနဲ႔ လီဗာပူးဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ သြင္းဂိုး ၉၅ ဂိုးနဲ႔ ၈၉ ဂိုးထိ သြင္းယူႏုိင္ခဲ့ၾကတယ္။ ယူႏုိက္တက္ရဲ႕ တိုက္စစ္ကေတာ့ အင္အားျဖည့္မႈေတြ အမ်ားအျပား လိုအပ္ေနခဲ့လို႔ ေလာေလာဆယ္မွာ ဂ်ိမ္းကို ေခၚယူထားရပါတယ္။

မန္ခ်က္စတာ သတင္းဌာနျဖစ္တဲ့ MEN က သံုးသပ္ျပရာမွာ တိုက္စစ္မွဴး လူကာကူလည္း အသင္းကေန ထြက္ခြာႏုိင္ျပီး အားလံုးက သတိမမႈမိတာကေတာ့ ယူႏုိက္တက္မွာ ထိပ္တန္းအဆင့္ကို ေရာက္ႏုိင္တဲ့ ေက်ာက္ေကာင္းတစ္ပြင့္ ရွိေနျခင္းပဲျဖစ္ပါတယ္။

ေနာက္ရာသီအတြက္ ယူႏိုက္တက္ရဲ႕ ပြဲထြက္စာရင္းမွာ အသက္ ၁၈ ႏွစ္ အရြယ္ ေကာင္ေလးကို ေနရာေပးသင့္တယ္လို႔ အၾကံေပးရင္ ထူးဆန္းေနမွာပါ။ ဒါေပမယ့္ ဂရင္းဝုဒ္ဟာ ပြဲကစားခြင့္နဲ႔ ထိုက္တန္တယ္ ဆိုတာကို ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ လိုတာထက္ ပိုၿပီး သက္ေသျပခဲ့ပါတယ္။ ဆိုး႐ွားက ‘ဂရင္းဝုဒ္ဟာ က်ေနာ့္ကစားသမားပါ’ လို႔ ဆိုခဲ့တာေၾကာင့္ သူ႔စကားကိုတည္ၿပီး ေနာက္ရာသီမွာ အစြမ္းျပဖို႔ လူငယ္ကစားသမားကို အခြင့္အေရးေတြ ေပးပါလိမ့္မယ္။

ဆိုးရွားဟာ လူကာကူလို တိုက္စစ္သမားကို ႏွစ္သက္သူ မဟုတ္ပါဘူး။ သူဟာ ေတာင္ပံကေန ေမႊေႏွာက္ႏုိင္စြမ္းရွိျပီး ဧရိယာထဲဝင္ေရာက္ အဆံုးသတ္ဖို႔ရာ ပါးနပ္မႈပိုရွိတဲ့ တိုက္စစ္သမားကို အလိုရွိသူျဖစ္တယ္။ လူငယ္အသင္းပြဲမွာ ဂရင္းဝုဒ္ရဲ႕ စံခ်ိန္တင္ ဂိုးသြင္းႏုိင္မႈက သူဟာ အသင္းႀကီးမွာ ကစားခြင့္ရဖို႔ လိုအပ္တဲ့ သတ္မွတ္အရည္အခ်င္းနဲ႔ ျပည့္စုံၿပီလို႔ ေျပာလို႔ရပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္ ဘယ္လို ဆယ္ေက်ာ္သက္ကစားသမားကုိမ်ား သူတုိ႔အသင္းက သြင္းဂိုးေတြလိုအပ္ေနတဲ့ ခ်န္ပီယံလိဂ္ ႐ႈံးထြက္ပြဲစဥ္မွာ ပြဲထြက္ခြင့္ ယံုယံုၾကည္ၾကည္ ေပးအပ္ခဲ့ဖူးပါသလဲ? နည္းျပ ဆိုး႐ွားအတြက္ ေမဆန္ဂရင္းဝုဒ္ဟာ အဲဒီလို ယံုၾကည္ျခင္းခံခဲ့ရဖို႔ ၂ ခါျပန္ မစဥ္းစားခဲ့တဲ့ လူငယ္ၾကယ္ပြင့္ ကစားသမားပါ။

ဘယ္ေျခေကာ ညာေျခကုိပါ ေကာင္းေကာင္းအသံုးျပဳႏိုင္ၿပီး ခ်ယ္ဆီးနဲ႔ အက္ဖ္ေအလူငယ္ပြဲစဥ္က Hat-trick သြင္းဂိုးအပါအ၀င္ လူငယ္အသင္းစံခ်ိန္တင္ဂိုးေတြ သြင္းယူထားႏိုင္တဲ့ ဒီလူငယ္ေလးဟာ လက္႐ွိ ယူႏိုက္တက္လူငယ္ေတြထဲမွာ အေတာက္ပဆံုးအျဖစ္ သတ္မွတ္ျခင္း ခံေနရတာ ျဖစ္ပါတယ္။

အခုအခ်ိန္က ထူးခၽြန္တဲ့ တည္ကန္ေဘာ အရည္အခ်င္းနဲ႔အတူ တိုက္စစ္ပိုင္း စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားတဲ့ ယူႏိုက္တက္ရဲ႕ ေနာက္ထပ္ အလားအလာရွိသူေလးကို တစ္ကမာၻလုံးသိေအာင္ ဘယ္အခ်ိန္မွာ ျပသမလဲဆိုတာ ဆိုးရွား ဆုံးျဖတ္ရေတာ့မယ့္ အခ်ိန္ပါပဲ။

Sports Home Time

[Unicode] ဆုဖလားတွေကို အနိုင်ရတဲ့ အသင်းတသင်းကို ကာလရှည် အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တဲ့ ဆာအဲလက်စ်ပြောခဲ့တဲ့ နာမည်ကျော် စကားတခွန်းရှိတယ်။ အဲ့တာက ” တိုက်စစ်က ပွဲတွေကို အောင်နိုင်စေပေမယ့်၊ ခံစစ်ကတော့ ဆုဖလားတွေကို အောင်မြင်စေပါလိမ့်မယ် ” ဆိုတဲ့ စကားဖြစ်တယ်။

ဆာအဲလက်စ်ခေတ်မှာ ဖာဒီနန်၊ ဗီဒစ်၊ ဗန်ဒါးဆား အစရှိတဲ့ တိုက်စစ်သမားတွေ ထိန့်လန့်ရတဲ့ ခံစစ်သမားတွေကို ပိုင်ဆိုင်ခဲ့လို့ သူ့ခေတ်မှာတော့ အောင်မြင်တဲ့ လူစာရင်းတည်ဆောက်မှုနဲ့ မှန်ကန်တဲ့ ဒဿနလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်ကြမှုတွေရှိထားတော့ ပွဲတွေကို အနိုင်ရဖို့ အဓိကကျတဲ့ တိုက်စစ်အကြောင်း ပြောဖို့ လိုလာမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နှစ်သင်းလို့ ပြောကြတဲ့ မန်စီးတီးနဲ့ လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သွင်းဂိုး ၉၅ ဂိုးနဲ့ ၈၉ ဂိုးထိ သွင်းယူနိုင်ခဲ့ကြတယ်။ ယူနိုက်တက်ရဲ့ တိုက်စစ်ကတော့ အင်အားဖြည့်မှုတွေ အများအပြား လိုအပ်နေခဲ့လို့ လောလောဆယ်မှာ ဂျိမ်းကို ခေါ်ယူထားရပါတယ်။

မန်ချက်စတာ သတင်းဌာနဖြစ်တဲ့ MEN က သုံးသပ်ပြရာမှာ တိုက်စစ်မှူး လူကာကူလည်း အသင်းကနေ ထွက်ခွာနိုင်ပြီး အားလုံးက သတိမမှုမိတာကတော့ ယူနိုက်တက်မှာ ထိပ်တန်းအဆင့်ကို ရောက်နိုင်တဲ့ ကျောက်ကောင်းတစ်ပွင့် ရှိနေခြင်းပဲဖြစ်ပါတယ်။

နောက်ရာသီအတွက် ယူနိုက်တက်ရဲ့ ပွဲထွက်စာရင်းမှာ အသက် ၁၈ နှစ် အရွယ် ကောင်လေးကို နေရာပေးသင့်တယ်လို့ အကြံပေးရင် ထူးဆန်းနေမှာပါ။ ဒါပေမယ့် ဂရင်းဝုဒ်ဟာ ပွဲကစားခွင့်နဲ့ ထိုက်တန်တယ် ဆိုတာကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုတာထက် ပိုပြီး သက်သေပြခဲ့ပါတယ်။ ဆိုးရှားက ‘ဂရင်းဝုဒ်ဟာ ကျနော့်ကစားသမားပါ’ လို့ ဆိုခဲ့တာကြောင့် သူ့စကားကိုတည်ပြီး နောက်ရာသီမှာ အစွမ်းပြဖို့ လူငယ်ကစားသမားကို အခွင့်အရေးတွေ ပေးပါလိမ့်မယ်။

ဆိုးရှားဟာ လူကာကူလို တိုက်စစ်သမားကို နှစ်သက်သူ မဟုတ်ပါဘူး။ သူဟာ တောင်ပံကနေ မွှေနှောက်နိုင်စွမ်းရှိပြီး ဧရိယာထဲဝင်ရောက် အဆုံးသတ်ဖို့ရာ ပါးနပ်မှုပိုရှိတဲ့ တိုက်စစ်သမားကို အလိုရှိသူဖြစ်တယ်။ လူငယ်အသင်းပွဲမှာ ဂရင်းဝုဒ်ရဲ့ စံချိန်တင် ဂိုးသွင်းနိုင်မှုက သူဟာ အသင်းကြီးမှာ ကစားခွင့်ရဖို့ လိုအပ်တဲ့ သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံပြီလို့ ပြောလို့ရပါတယ်။

အသက် ၁၇ နှစ်အရွယ် ဘယ်လို ဆယ်ကျော်သက်ကစားသမားကိုများ သူတို့အသင်းက သွင်းဂိုးတွေလိုအပ်နေတဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ ပွဲထွက်ခွင့် ယုံယုံကြည်ကြည် ပေးအပ်ခဲ့ဖူးပါသလဲ? နည်းပြ ဆိုးရှားအတွက် မေဆန်ဂရင်းဝုဒ်ဟာ အဲဒီလို ယုံကြည်ခြင်းခံခဲ့ရဖို့ ၂ ခါပြန် မစဉ်းစားခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမားပါ။

ဘယ်ခြေကော ညာခြေကိုပါ ကောင်းကောင်းအသုံးပြုနိုင်ပြီး ချယ်ဆီးနဲ့ အက်ဖ်အေလူငယ်ပွဲစဉ်က Hat-trick သွင်းဂိုးအပါအဝင် လူငယ်အသင်းစံချိန်တင်ဂိုးတွေ သွင်းယူထားနိုင်တဲ့ ဒီလူငယ်လေးဟာ လက်ရှိ ယူနိုက်တက်လူငယ်တွေထဲမှာ အတောက်ပဆုံးအဖြစ် သတ်မှတ်ခြင်း ခံနေရတာ ဖြစ်ပါတယ်။

အခုအချိန်က ထူးချွန်တဲ့ တည်ကန်ဘော အရည်အချင်းနဲ့အတူ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ယူနိုက်တက်ရဲ့ နောက်ထပ် အလားအလာရှိသူလေးကို တစ်ကမ္ဘာလုံးသိအောင် ဘယ်အချိန်မှာ ပြသမလဲဆိုတာ ဆိုးရှား ဆုံးဖြတ်ရတော့မယ့် အချိန်ပါပဲ။

Sports Home Time