ဟန္ေဂရီ လူငယ္ၾကယ္ပြင့္က ရမ္ေဆးရဲ႕ ေနရာကို အစားထိုးႏိူင္မွာလား

[Zawgyi] ရက္ဘူး ဆဲဘတ္ အသင္းရဲ႕ ကြင္းလယ္လူ Dominik Szoboszlai ဟာ ဂ်ဴဗင္တပ္ထံ ထြက္ခြာသြားတဲ့ ရမ္ေဆးရဲ႕ ေနရာ ကြက္လပ္ကို ျဖည့္ဆည္းဖို႔ အာဆင္နယ္ ေစာင့္ၾကည့္ေနတဲ့ ပစ္မွတ္တစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။

သူက အသင္းႀကီးအတြက္ ပြဲ၂၀သာ ကစားေပးခဲ့ေပမယ့္ လံုးဝ အထင္ႀကီးစရာ ျဖစ္ခဲ့တာပါ။ ၾသစတီးရန္း ထိပ္သီးလိဂ္မွာ ၇၁၉ မိနစ္ ကစားခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေျခာက္ဂိုးသြင္းၿပီး သံုးဂိုး ဖန္တီးေပးခဲ့ပါတယ္။ ကြင္းလယ္က သူ႔ရဲ႕ ႐ုန္းအားဟာ ခ်ီးက်ဴးစရာ ေကာင္းခဲ့တာပါ။

ထိပ္သီးအသင္းေတြက သူ႔ကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနခဲ့တာ ျဖစ္ပါတယ္။ Szoboszlai ဟာ ကြင္းလယ္မွာ နံပါတ္ ၈ အေနနဲ႔ လြတ္လြတ္လပ္လပ္ ကစားပါတယ္။ ဒီဘ႐ုိင္းနဲ႔ ေဒးဗစ္ေဆးဗားကို ဂြာဒီယိုလာ ေျပာင္းလဲေပးခဲ့တဲ့ ကစားသမားပံုစံ လိုမ်ိဳးပါ။

သူ႔ရဲ႕ အေကြ႔အေကာက္ ေျပးလႊားမႈေတြနဲ႔ ျမန္ဆန္တဲ့ ေျခေထာက္က ေတာင္ပံကစားသမား တစ္ေယာက္ အတြက္ အလြယ္တကူ မွားေစႏိုင္ၿပီး ပေလးမိတ္ကာ တစ္ေယာက္အတြက္ သူ႔ရဲ႕ အျမင္႐ွိမႈကလဲ ေကာင္းမြန္လွပါတယ္။ ဘာလို႔ အာဆင္နယ္က အသည္းအသန္ လိုခ်င္ေနလဲဆိုတာ လြယ္လြယ္ သိႏိုင္ပါတယ္။ သူ႔ကို စိတ္ဝင္စားေၾကာင္း ျပေနတာ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ တစ္သင္းထဲ ႐ွိတာမဟုတ္ပါဘူး။

အသက္ငယ္ေသးေပမယ့္လဲ ျသစတီးရန္း ဘြန္ဒက္စ္လီဂါမွာ သူက ဆရာ က်က် ကစားေနခဲ့တာပါ။ အေတာ္ဆံုး မဟုတ္ေပမယ့္ dribble ႏွစ္ႀကိမ္ ေအာင္ျမင္တာ၊ မိနစ္ကိုးဆယ္အတြင္း အဓိက ေပးပို႔မႈက 1.75 ႐ွိတာေတြက သူဟာ ေခသူမဟုတ္ဘူးဆိုတာ ျပသတာ ျဖစ္ပါတယ္။

သူက ကိုယ္တိုင္ နဲ႔ သူမ်ားေတြအတြက္ ေနရာလြတ္ ဖန္တီးေပးဖို႔ ေဘာလံုးကိုင္တတ္ပါတယ္။ ၿပီးေတာ့ လံုးဝ အင္အားေလ်ာ့နည္းေနတဲ့ ခံစစ္ေၾကာင္းေတြဆီ ေဘာလံုးကို ေသခ်ာ ေရြးပို႔ႏိုင္ပါတယ္။ အေတာ္မ်ားမ်ားမွာ သူက ရမ္ေဆးနဲ႔ တူေနတာပါ။ အေၾကာက္အလန္႔မ႐ွိတဲ့ ကြင္းလယ္ဆီကေန အားထားရတဲ့ ဂိုးေျခာက္ၿခိမ္းမႈေတြနဲ႔ ၿပိဳင္ဘက္ကို ဒုကၡေပးႏိုင္ပါတယ္။

Szoboszlai ဟာ သူ႔ရဲ႕ ဖန္တီးႏိုင္စြမ္း႐ွိမႈအေပၚမွာပဲ သာယာမေနပါဘူး။ အရည္အခ်င္း႐ွိတဲ့ ဟန္ေဂရီသားဟာ စိတ္ဓာတ္ျပင္းျပမႈ႐ွိၿပီး ကြင္းလယ္မွာ ေဘာလံုးပိုင္ဆိုင္မႈ ၄.၃ႀကိမ္ ျပန္လည္ဆယ္ယူႏိူင္ၿပီး ခံစစ္ပိုင္းမွာလဲ အားကိုးရသူ ျဖစ္ပါတယ္။

သူ႔ရဲ႕ အခ်က္အလက္ေတြအရ သူဟာ သူ႔ေနရာမွာ ကမၻာ့အေကာင္းဆံုး ကစားသမား တစ္ေယာက္ ျဖစ္ႏိုင္တယ္ဆိုတာ ျပသေနပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ သူဟာ အာဆင္နယ္ အတြက္ ဂိုးသြင္းႏိုင္တဲ့ ကြင္းလယ္လူ အျဖစ္ ရမ္ေဆးကို အစားထိုးဖို႔နဲ႔ အဓိက ပဲ့ကိုင္ေနရာ တာဝန္ယူဖို႔ အစိမ္းသက္သက္ႀကီး ျဖစ္ေနပါတယ္။

ဂန္းနားေတြ အေနနဲ႔ ေစ်းကြက္မွာ ပါးနပ္မႈ႐ွိဖို႔ လိုပါတယ္။ ဒါေပမယ့္ သူတို႔အသင္းရဲ႕ အဆင့္အတန္းနဲ႔ လိဂ္ပြဲ ၂၀ေလာက္သာ ပြဲထြက္ရေသးတဲ့ အသက္ ၁၈ႏွစ္အရြယ္ ကစားသမားတစ္ေယာက္ကို သူတို႔ရဲ႕ ေနာက္ထပ္ ေမ်ွာ္လင့္ခ်က္ အျဖစ္ အားထားေနလို႔ မရပါဘူး။ Szoboszlai ဟာ အသင္းအတြက္ အသံုးဝင္တဲ့ ကစားသမား၊ ကလပ္မွာ ေနာက္ထပ္ ႀကီးက်ယ္တဲ့ နံပါတ္၁ဝ ေနရာ ရေအာင္ တိုးတက္လာႏိူင္တဲ့ ကစားသမား ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အာမေတာ့ မခံပါဘူး။

အူႏိူင္းအမ္မရီဟာ ကမၻာ့အဆင့္ ျဖစ္လာႏိူင္တဲ့ ကစားသမားအတြက္ ထိပ္ဆံူး ၆သင္းနဲ႔ ၿပိဳင္ဆိုင္ရဖို႔ မေမ်ွာ္လင့္ေနႏိုင္ပါဘူး။ ခ်က္ခ်င္း လက္ငင္းကို အသင္းအေပၚ အက်ိဴးျပဳႏိူင္တဲ့ ကစားသမားေတြကိုပဲ လိုအပ္ပါလိမ့္မယ္။

Sports Home Time

[Unicode] ရက်ဘူး ဆဲဘတ် အသင်းရဲ့ ကွင်းလယ်လူ Dominik Szoboszlai ဟာ ဂျူဗင်တပ်ထံ ထွက်ခွာသွားတဲ့ ရမ်ဆေးရဲ့ နေရာ ကွက်လပ်ကို ဖြည့်ဆည်းဖို့ အာဆင်နယ် စောင့်ကြည့်နေတဲ့ ပစ်မှတ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

သူက အသင်းကြီးအတွက် ပွဲ၂၀သာ ကစားပေးခဲ့ပေမယ့် လုံးဝ အထင်ကြီးစရာ ဖြစ်ခဲ့တာပါ။ သြစတီးရန်း ထိပ်သီးလိဂ်မှာ ၇၁၉ မိနစ် ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခြောက်ဂိုးသွင်းပြီး သုံးဂိုး ဖန်တီးပေးခဲ့ပါတယ်။ ကွင်းလယ်က သူ့ရဲ့ ရုန်းအားဟာ ချီးကျူးစရာ ကောင်းခဲ့တာပါ။

ထိပ်သီးအသင်းတွေက သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ Szoboszlai ဟာ ကွင်းလယ်မှာ နံပါတ် ၈ အနေနဲ့ လွတ်လွတ်လပ်လပ် ကစားပါတယ်။ ဒီဘရိုင်းနဲ့ ဒေးဗစ်ဆေးဗားကို ဂွာဒီယိုလာ ပြောင်းလဲပေးခဲ့တဲ့ ကစားသမားပုံစံ လိုမျိုးပါ။

သူ့ရဲ့ အကွေ့အကောက် ပြေးလွှားမှုတွေနဲ့ မြန်ဆန်တဲ့ ခြေထောက်က တောင်ပံကစားသမား တစ်ယောက် အတွက် အလွယ်တကူ မှားစေနိုင်ပြီး ပလေးမိတ်ကာ တစ်ယောက်အတွက် သူ့ရဲ့ အမြင်ရှိမှုကလဲ ကောင်းမွန်လှပါတယ်။ ဘာလို့ အာဆင်နယ်က အသည်းအသန် လိုချင်နေလဲဆိုတာ လွယ်လွယ် သိနိုင်ပါတယ်။ သူ့ကို စိတ်ဝင်စားကြောင်း ပြနေတာ ပရီးမီးယားလိဂ်မှာ အာဆင်နယ် တစ်သင်းထဲ ရှိတာမဟုတ်ပါဘူး။

အသက်ငယ်သေးပေမယ့်လဲ သြစတီးရန်း ဘွန်ဒက်စ်လီဂါမှာ သူက ဆရာကျကျ ကစားနေခဲ့တာပါ။ အတော်ဆုံး မဟုတ်ပေမယ့် dribble နှစ်ကြိမ် အောင်မြင်တာ၊ မိနစ်ကိုးဆယ်အတွင်း အဓိက ပေးပို့မှုက 1.75ရှိတာတွေက သူဟာ ခေသူမဟုတ်ဘူးဆိုတာ ပြသတာ ဖြစ်ပါတယ်။

သူက ကိုယ်တိုင် နဲ့ သူများတွေအတွက် နေရာလွတ် ဖန်တီးပေးဖို့ ဘောလုံးကိုင်တတ်ပါတယ်။ ပြီးတော့ လုံးဝ အင်အားလျော့နည်းနေတဲ့ ခံစစ်ကြောင်းတွေဆီ ဘောလုံးကို သေချာ ရွေးပို့နိုင်ပါတယ်။ အတော်များများမှာ သူက ရမ်ဆေးနဲ့ တူနေတာပါ။ အကြောက်အလန့်မရှိတဲ့ ကွင်းလယ်ဆီကနေ အားထားရတဲ့ ဂိုးခြောက်ခြိမ်းမှုတွေနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ပါတယ်။

Szoboszlai ဟာ သူ့ရဲ့ ဖန်တီးနိုင်စွမ်းရှိမှုအပေါ်မှာပဲ သာယာမနေပါဘူး။ အရည်အချင်းရှိတဲ့ ဟန်ဂေရီသားဟာ စိတ်ဓာတ်ပြင်းပြမှုရှိပြီး ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု ၄.၃ကြိမ် ပြန်လည်ဆယ်ယူနိူင်ပြီး ခံစစ်ပိုင်းမှာလဲ အားကိုးရသူ ဖြစ်ပါတယ်။

သူ့ရဲ့ အချက်အလက်တွေအရ သူဟာ သူ့နေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာ ပြသနေပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူဟာ အာဆင်နယ် အတွက် ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်လူ အဖြစ် ရမ်ဆေးကို အစားထိုးဖို့နဲ့ အဓိက ပဲ့ကိုင်နေရာ တာဝန်ယူဖို့ အစိမ်းသက်သက်ကြီး ဖြစ်နေပါတယ်။

ဂန်းနားတွေ အနေနဲ့ ဈေးကွက်မှာ ပါးနပ်မှုရှိဖို့ လိုပါတယ်။ ဒါပေမယ့် သူတို့အသင်းရဲ့ အဆင့်အတန်းနဲ့ လိဂ်ပွဲ ၂၀လောက်သာ ပွဲထွက်ရသေးတဲ့ အသက် ၁၈နှစ်အရွယ် ကစားသမားတစ်ယောက်ကို သူတို့ရဲ့ နောက်ထပ် မျှော်လင့်ချက် အဖြစ် အားထားနေလို့ မရပါဘူး။ Szoboszlaiဟာ အသင်းအတွက် အသုံးဝင်တဲ့ ကစားသမား၊ ကလပ်မှာ နောက်ထပ် ကြီးကျယ်တဲ့ နံပါတ်၁ဝ နေရာ ရအောင် တိုးတက်လာနိူင်တဲ့ ကစားသမား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။

အူနိူင်းအမ်မရီဟာ ကမ္ဘာ့အဆင့် ဖြစ်လာနိူင်တဲ့ ကစားသမားအတွက် ထိပ်ဆူံး ၆သင်းနဲ့ ပြိုင်ဆိုင်ရဖို့ မမျှော်လင့်နေနိုင်ပါဘူး။ ချက်ချင်း လက်ငင်းကို အသင်းအပေါ် အကျိူးပြုနိူင်တဲ့ ကစားသမားတွေကိုပဲ လိုအပ်ပါလိမ့်မယ်။

Sports Home Time