ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ျပီး အေျခအေနေကာင္းတဲ့ ေရာ့ဘ္ ဟိုးဒင္း

[Zawgyi] ဘယ္ဘက္ဒူး ဒဏ္ရာရသြားလို႔ ခြဲစိတ္မႈ ခံယူခဲ့ရတဲ့ အာဆင္နယ္ ဗဟိုခံစစ္မွဴး ေရာ့ဘ္ဟိုးဒင္းက ကုသမႈ ေအာင္ျမင္ျပီး ဒဏ္ရာကေန ျပန္လည္သက္သာေနျပီလို႔ အာဆင္နယ္ ပရိသတ္ေတြကို အသိေပးလိုက္ပါတယ္။ အသက္ ၂၃ နွစ္အရြယ္ ခံစစ္မွဴးဟာ ဒီဇင္ဘာလ အေစာပိုင္းက ယူနိုက္တက္နဲ႕ပြဲမွာ ထိခိုက္ဒဏ္ရာ ရခဲ့တာျဖစ္ျပီး အေစာပိုင္း သတင္းမ်ား အရ ၆လကေန ၉လထိ အနားယူရမယ္လို႔ သိထားရပါတယ္။

ခြဲစိတ္ကုသမႈ ခံယူျပီးတဲ့ တနဂၤေႏြေန႔ကပဲ ဟုိုးလ္ဒင္းက အင္စတာဂရမ္မွာ သူ႔ပံုတင္ျပီး “ကုသမႈ အေျခအေနေကာင္းတာ ေက်နပ္ေပ်ာ္ရႊင္ျပီး ျပန္လည္သက္သာမႈ စတင္ပါျပီ။” လို႔ တက္ၾကြစြာ ေရးသားထားပါတယ္။

ဟိုးလ္ဒင္း မကစားနုိင္တာက လူအင္အားနည္းေနတဲ့ အာဆင္နယ္ ခံစစ္အတြက္ ထိုးနွက္မႈၾကိီး တစ္ရပ္ျဖစ္ပါတယ္။ ဟိုးလ္ဒင္းအပါအ၀င္ ဆိုကေရးတစ္နဲ႕ မူစတာဖီတို႔ပါ ဒဏ္ရာ ရွိေနတဲ့အတြက္ အမ္မရီက ဇာခါနဲ႕ လစ္ခ်္စတိုင္နာတို႔ကို ဗဟိုခံစစ္ေနရာမွာ ကစားေစခဲ့ရတာပါ။ ကိုစီရယ္နီက ကာလရွည္ဒဏ္ရာက ျပန္လာကာစ ျဖစ္တဲ့အျပင္ ဘယ္လာရင္ကလည္း ေဆာက္သမ္တန္နဲ႕ပြဲမွာ ဒဏ္ရာ ရသြားခဲ့ျပန္ပါတယ္။

“ဘယ္လာရင္ အနည္းငယ္ ထိခို္က္သြားပါတယ္။ သီတင္းပတ္ အနည္းငယ္ေလာက္ နားရမယ္ က်ေနာ္ထင္တယ္။ က်ေနာ္တို႔က ကစားသမားတိုင္းကို အသင္းအတြက္ လိုအပ္ပါတယ္။ မနက္ျဖန္နဲ႕ အဂၤါေန႔မွာ အေျခအေနေစာင့္ၾကည့္ဦးမွာပါ။ ဗုဒၶဟူးေန႔မွာေတာ့ က်ေနာ္တို႔ ပြဲ ကစားဖို႔ရွိတယ္။”

“ဆိုကေရးတစ္ကလည္း ျပန္ေကာင္းလာေနပါျပီ။ မူစတာဖီနက္နဲ႕ ကိုလာစီနက္တို႔ ကစားနုိင္မလားလဲ ၾကည့္ရဦးမွာပါ။ လာမယ့္ပြဲေတြအတြက္ ကိုစီရယ္နီေတာ့ က်ေန္ာတို႔နဲ႕ ကစားနိုင္ဖို႔ ရွိေနတာ သတင္းေကာင္းပါ။ ပြဲရလဒ္က မေကာင္းဘူး ဒါေပပမယ့္ အသင္းအတြက္ ကစားသမားေတြ ျပန္ေကာင္းလာဖို႔ သိပ္အေရးၾကီးေနပါတယ္။” လို႔ အမ္မရီက ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] ဘယ်ဘက်ဒူး ဒဏ်ရာရသွားလို့ ခွဲစိတ်မှု ခံယူခဲ့ရတဲ့ အာဆင်နယ် ဗဟိုခံစစ်မှူး ရော့ဘ်ဟိုးဒင်းက ကုသမှု အောင်မြင်ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီလို့ အာဆင်နယ် ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ခံစစ်မှူးဟာ ဒီဇင်ဘာလ အစောပိုင်းက ယူနိုက်တက်နဲ့ပွဲမှာ ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အစောပိုင်း သတင်းများ အရ ၆လကနေ ၉လထိ အနားယူရမယ်လို့ သိထားရပါတယ်။

ခွဲစိတ်ကုသမှု ခံယူပြီးတဲ့ တနင်္ဂနွေနေ့ကပဲ ဟိုးလ်ဒင်းက အင်စတာဂရမ်မှာ သူ့ပုံတင်ပြီး “ကုသမှု အခြေအနေကောင်းတာ ကျေနပ်ပျော်ရွှင်ပြီး ပြန်လည်သက်သာမှု စတင်ပါပြီ။” လို့ တက်ကြွစွာ ရေးသားထားပါတယ်။

ဟိုးလ်ဒင်း မကစားနိုင်တာက လူအင်အားနည်းနေတဲ့ အာဆင်နယ် ခံစစ်အတွက် ထိုးနှက်မှုကြီး တစ်ရပ်ဖြစ်ပါတယ်။ ဟိုးလ်ဒင်းအပါအဝင် ဆိုကရေးတစ်နဲ့ မူစတာဖီတို့ပါ ဒဏ်ရာ ရှိနေတဲ့အတွက် အမ်မရီက ဇာခါနဲ့ လစ်ချ်စတိုင်နာတို့ကို ဗဟိုခံစစ်နေရာမှာ ကစားစေခဲ့ရတာပါ။ ကိုစီရယ်နီက ကာလရှည်ဒဏ်ရာက ပြန်လာကာစ ဖြစ်တဲ့အပြင် ဘယ်လာရင်ကလည်း ဆောက်သမ်တန်နဲ့ပွဲမှာ ဒဏ်ရာ ရသွားခဲ့ပြန်ပါတယ်။

“ဘယ်လာရင် အနည်းငယ် ထိခိုက်သွားပါတယ်။ သီတင်းပတ် အနည်းငယ်လောက် နားရမယ် ကျနော်ထင်တယ်။ ကျနော်တို့က ကစားသမားတိုင်းကို အသင်းအတွက် လိုအပ်ပါတယ်။ မနက်ဖြန်နဲ့ အင်္ဂါနေ့မှာ အခြေအနေစောင့်ကြည့်ဦးမှာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ ကျနော်တို့ ပွဲ ကစားဖို့ရှိတယ်။”

“ဆိုကရေးတစ်ကလည်း ပြန်ကောင်းလာနေပါပြီ။ မူစတာဖီနက်နဲ့ ကိုလာစီနက်တို့ ကစားနိုင်မလားလဲ ကြည့်ရဦးမှာပါ။ လာမယ့်ပွဲတွေအတွက် ကိုစီရယ်နီတော့ ကျနေ်ာတို့နဲ့ ကစားနိုင်ဖို့ ရှိနေတာ သတင်းကောင်းပါ။ ပွဲရလဒ်က မကောင်းဘူး ဒါပေပမယ့် အသင်းအတွက် ကစားသမားတွေ ပြန်ကောင်းလာဖို့ သိပ်အရေးကြီးနေပါတယ်။” လို့ အမ်မရီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Sports Home Time