အင်္ဂလန်ကလပ် တစ်သင်းကို ဝယ်ယူတော့မယ့် လီဗာပူး တိုက်စစ်သမားဟောင်း ဒါ့ကောက်

[Zawgyi] နယ်သာလန်နဲ့ လီဗာပူးအသင်း တိုက်စစ်သမားဟောင်း ဒါ့ကောက်က အင်္ဂလိပ် ဘောလုံးကလပ် တစ်ခုမှာ အစုရှယ်ယာ ဝယ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

၂၀၁၈ မှာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်ကလပ် တစ်သင်းကို ဝယ်ယူဖို့ စီမံကိန်း တစ်ခုမှာ ဒတ်ခ်ျ စီးပွားရေးသမား ရောဘတ် ဂျန်ဆန်နဲ့ လက်တွဲဖို့ ပြင်ဆင်နေတဲ့ ကစားသမားများစွာထဲက တစ်ယောက် ဖြစ်ခဲ့တာပါ။

ဂျန်ဆန်က ဘယ်ကလပ်ကို ဝယ်ယူဖို့ စဉ်းစားထားလဲဆိုတာ ပြောပြဖို့ ငြင်းပယ်ခဲ့ပေမယ့် အင်္ဂလန် အဆင့်မြင့်တန်းအဆင့်မှာ ကောင်းကောင်းကြီး ကျင်လည်ခဲ့ဖူးတဲ့ လိဂ်ဝမ်းကလပ် ဘောတန် ဖြစ်တယ်လို့ နယ်သာလန် ကလပ်တွေဘက်က ဖော်ပြထားပါတယ်။



Sports Home Time

[Unicode] နယ်သာလန်နဲ့ လီဗာပူးအသင်း တိုက်စစ်သမားဟောင်း ဒါ့ကောက်က အင်္ဂလိပ် ဘောလုံးကလပ် တစ်ခုမှာ အစုရှယ်ယာ ဝယ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

၂၀၁၈ မှာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်ကလပ် တစ်သင်းကို ဝယ်ယူဖို့ စီမံကိန်း တစ်ခုမှာ ဒတ်ချ် စီးပွားရေးသမား ရောဘတ် ဂျန်ဆန်နဲ့ လက်တွဲဖို့ ပြင်ဆင်နေတဲ့ ကစားသမားများစွာထဲက တစ်ယောက် ဖြစ်ခဲ့တာပါ။

ဂျန်ဆန်က ဘယ်ကလပ်ကို ဝယ်ယူဖို့ စဉ်းစားထားလဲဆိုတာ ပြောပြဖို့ ငြင်းပယ်ခဲ့ပေမယ့် အင်္ဂလန် အဆင့်မြင့်တန်းအဆင့်မှာ ကောင်းကောင်းကြီး ကျင်လယ်ခဲ့ဖူးတဲ့ လိဂ်ဝမ်းကလပ် ဘောတန် ဖြစ်တယ်လို့ နယ်သာလန် ကလပ်တွေဘက်က ဖော်ပြထားပါတယ်။

” ကစားသမားတွေ၊ ကစားသမားဟောင်းတွေ များစွာနဲ့ အတူတကွ ကလပ်တစ်ခုကို ဝယ်ယူဖို့ ကျနော် ဆန္ဒရှိခဲ့တာ ကြာပါပြီ။ ကစားသမားတွေနဲ့ ကျနော့်မှာ ကလပ်တစ်ခုကို ဘယ်လိုဦးဆောင်သင့်တယ်။ ဘာက အမြင့်ဆုံး အောင်မြင်မှု ရစေနိုင်တယ် ဆိုပြီး စိတ်ကူးယဉ်ထားတာ ရှိတယ်။ ဒီစွန့်စားမှုကို အကောင်အထည်ဖော်ဖို့ ကျနော် တကယ် မျှော်လင့်နေပါတယ် ” လို့ ဂျန်ဆန်က ပြောခဲ့တာပါ။

ဘောတန်ဟာ ငွေကြေးအရှုပ်အထွေးတွေကြောင့် မနှစ်က ချန်ပီယံရှစ်ကနေ တန်းဆင်းခဲ့ရပြီး ဒီလအစောပိုင်းမှာ အုပ်ချုပ်ရေးမှူး ခန့်အပ်ခဲ့ပြီးနောက် ၁၂ မှတ် အလျော့နဲ့ ရာသီသစ် စတင်မှာ ဖြစ်ပါတယ်။ ယခင် ပရီးမီးယားလိဂ် ကလပ်ဟောင်းဟာ Wycombe Wanderers အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကစားပြီး လိဂ်ဝမ်းရာသီကို စတင်မှာပါ။

Sports Home Time