ေဆာင္းပါး | စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ ရိုဒရီထံက မန္စီးတီးတို႔ ဘာေတြ ေမွ်ာ္လင့္ႏုိင္သလဲ

မန္စီးတီးဟာ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ရိုဒရီအတြက္ စာခ်ဳပ္ပါအတိုင္း ယူရို သန္း ၇၀ ေပးျပီး ေခၚယူဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ျပီျဖစ္ျပီး အျပီးသတ္ကိစၥေတြ ဆက္လက္လုပ္ေဆာင္ႏုိင္ဖုိ႔ အခ်ိန္ေစာင့္ေနတဲ့ အေနအထားကို ေရာက္ေနျပီ ျဖစ္ပါတယ္။

႐ိုဒရီက အက္သလက္တီကို မက္ဒရစ္ကေန ထြက္ခြာလိုတဲ့ သူ႔ဆနၵကို ထုတ္ေဖာ္ခ့ဲၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ မန္ခ်က္စတာ စီးတီးက သူ႔ကို ေခၚယူႏိုင္ဖို႔ အသင့္ေစာင့္ေနခဲ့တယ္။ ႏွစ္သင္းထဲကမွ မန္စီးတီးဟာ ရိုဒရီအတြက္ ေျပာင္းေရႊ႔ေၾကး ယူရို ၇၀ သန္း (ေပါင္ ၆၂.၅ သန္း) ေပးဖို႔ သေဘာတူညီလိုက္တာ ျဖစ္ပါတယ္။

မနွစ္က ေႏြရာသီက ဗီလာရီးရဲကေန ေပါင္ ၂၁.၅ သန္းနဲ႔ အက္သလက္ကို ေရာက္႐ွိခဲ့တဲ့ ႐ိုဒရီဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႔ ရာသီ အနည္းငယ္ကတည္းက ဖာနန္ဒင္ဟို ေနရာ အစားထိုးဖို႔ အလို႐ွိေနတဲ့ စီးတီးရဲ႕ ေစာင့္ၾကည့္စာရင္းထဲ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

႐ုိဒရီဟာ ႐ုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈ မ႐ွိတာေၾကာင့္ ၂၀၁၃ မွာ လက္႐ွိကလပ္ အက္သလက္တီကို မက္ဒရစ္ရဲ႕ ဖယ္ထုတ္ျခင္း ခံခဲ့ရပါတယ္။ ဒါေပမယ့္ ၂၀၁၅ ေႏွာင္းပိုင္းမွာ သူဟာ အေျခအေနဆိုးေတြကေန ျပန္လာႏိုင္ခဲ့ကာ ဗီလာရီးရဲ အသင္းႀကီးကို ေရာက္႐ွိခဲ့ၿပီး ကိုပါဒယ္ေရးက Huesca နဲ႔ ပြဲမွာ သူ႔ရဲ႕ စီနီယာပြဲဦးထြက္ ကစားခြင့္ ရခဲ့တာပါ။

သူ႔ရဲ႕ ပထမဆံုး စီနီယာ သံုးပြဲကို ကိုပါဒယ္ေရးမွာပဲ ကစားခဲ့ရပါတယ္။ ဒါေပမယ့္ မၾကာခင္မွာ သူဟာ လာလီဂါကို ေရာက္႐ွိခဲ့ၿပီး ၂၀၁၆ ဧၿပီမွာ ဗလက္ကာႏိုနဲ႔ပြဲအတြက္ ပြဲဦးထြက္ႏိုင္ခဲ့ကာ ေျခစြမ္းျပခဲ့တာ ျဖစ္တယ္။ ထူးျခားမႈကေတာ့ ရိုဒီရီဟာ အတိတ္တုန္းကလို မဟုတ္ပဲ အရပ္ ၆ ေပ ၃ လက္မရွိကာ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္လြန္းသူ ျဖစ္လာေနပါျပီ။

အဂၤလိပ္နဲ႔ ဂ်ာမန္ခ်န္ပီယံေတြက ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ကစားသမား တစ္ေယာက္နဲ႔ ပတ္သက္ၿပီး Sky Sports သတင္းဌာနရဲ႕ စပိန္ေဘာလံုးေရးရာကြၽမ္းက်င္သူ တယ္ရီဂစ္ဆန္က သူ႔အျမင္ကို ေျပာျပခဲ့ပါတယ္။

” ဗီလာရီးရဲမွာ သူ႔ရဲ႕ ပြဲဦးထြက္ မိနစ္ ၂၀ ေလာက္နဲ႔ သူဟာ တကယ့္ ကစားသမားေကာင္းဆိုတာ က်ေနာ္ လက္ခံလို႔ ရခဲ့ပါတယ္။ သူ႔ရဲ႕ လႈပ္႐ွားမႈနဲ႔ ခံစစ္အေျခအေနမွာ လက္ဦးမႈ ရယူတတ္တာက ႐ွင္းလင္းခဲ့ပါတယ္။ သူက ဆာဂ်ီယို ဘတ္စ္ကြက္ အငယ္စားေလး လိုပါပဲ။ ပရီးမီးယားလိဂ္ ကလပ္တစ္ခုခုက သူ႔ကို ဘာလို႔ မေခၚခဲ့လဲဆိုတာ က်ေနာ္ နားမလည္ဘူး ” လို႔ ဂစ္ဆန္က ၾကိဳတင္ သံုးသပ္သရား ဆိုခဲ့ပါတယ္။

ဗီလာရီးရဲမွာ သံုးရာသီ ၾကာၿပီးေနာက္ ႐ိုဒရီဟာ လြန္ခဲ့တဲ့ သံုးႏွစ္က သူ႔ကို ဖယ္႐ွားခဲ့တဲ့ အက္သလက္တီကို မက္ဒရစ္ထံ ယူ႐ို သန္း ၂၀ နဲ႔ ေရာက္႐ွိခဲ့ပါတယ္။ အက္သလက္ကို စေရာက္တုန္းက သူဟာ ႏိုင္ငံပြဲ တစ္ပြဲသာ ကစားခဲ့ဖူးေပမယ့္ ကလပ္သစ္နဲ႔ ႏိုင္ငံအသင္းအတြက္ အထင္ႀကီးေလာက္စရာ ေျခစြမ္းျပခဲ့ၿပီး ေနာက္ထပ္ ငါးပြဲ ကစားခြင့္ ရခဲ့ပါတယ္။

ဂစ္ဆန္ကပဲ ” ကစားသမားသစ္ေတြ အထိုင္က်ဖို႔က ဘယ္ေတာ့မွ မလြယ္ကူပါဘူး။ အက္သလက္တီကိုမွာ ကစားသမားသစ္ မ်ားစြာက ေခ်ာင္ထိုးခံခဲ့ရေပမယ့္ သူက အသင္းအတြက္ သင့္ေတာ္မွန္ကန္တဲ့သူဆိုတာ ဆီႁမြန္နီကို ယံုၾကည္ေစခဲ့ၿပီး ပထမေန႔ ကတည္းကစလို႔ တည္ၿငိမ္တဲ့ ေျခစြမ္း႐ွိခဲ့တာ ျဖစ္ပါတယ္။ ”

“အခု က်ေနာ္တို႔ သူ႔ရဲ႕ ယူ႐ို သန္း ၆၀ ေျပာင္းေရႊ႔ေၾကး အေၾကာင္း ေျပာၾကတယ္။ ဒီပမာဏက သူ႔လို အရည္အခ်င္းနဲ႔ ကစားသမား တစ္ေယာက္ တြက္ နည္းပါးတဲ့ ပမာဏပါ။ ေအတီကိုကေန သူ ထြက္ခြာခ်င္ရင္ ဥေ႐ာပ အသင္းႀကီး တစ္သင္းက အဲ့ပမာဏကို ေပးၿပီး ေခၚပါလိမ့္မယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဖာနန္ဒင္ဟိုက မၾကာေသးမီက အသက္ ၃၄ ျပည့္ခဲ့တာနဲ႔အတူ သူ႔အတြက္ ေရ႐ွည္ အစားထိုးႏိူင္မယ့္သူ ရ႐ွိဖို႔က စီးတီးအတြက္ ဖိအားေပးေနပါတယ္။ ႐ိုဒရီမွာ စီးတီး႐ွာေဖြေနတဲ့ အရည္အေသြးေတြ ႐ွိတယ္လို႔ ဂစ္ဆန္က ျမင္ေနတာပါ။

” ဖာနန္ဒင္ဟိုကို အစားထိုးဖို႔က ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ ဥေရာပတစ္ခြင္ကို ၾကည့္လုိက္ရင္ ႐ိုဒရီက အထင္႐ွားဆံုး ၿပိဳင္ဘက္ တစ္ေယာက္ပါ။ ေယဘုယ်အားျဖင့္ ပရီးမီးယားလိဂ္ ကလပ္ေတြဟာ ဥေရာပက သူတို႔နဲ႔ အဆင့္အတန္းတူေတြထက္ ေငြအမ်ားႀကီး ပို႐ွိပါတယ္။ ၿပီးေတာ့ ရာႏႉန္းျပည့္ ယံုၾကည္စိတ္ခ်ရဖို႔အတြက္ နည္းနည္း ထပ္ေစာင့္ဖို႔ ျပင္ဆင္ထားတယ္။

တကယ္လို႔ စီးတီး၊ ယူႏိုက္တက္နဲ႔ ဥေရာပ အသင္းႀကီးေတြကို ဆြဲေဆာင္ႏိုင္ဖို႔ အက္သလက္တီကိုထံ ေျပာင္းေရႊ႔ခဲ့တာဆိုရင္ သူတို႔ရဲ႕ စိတ္ဝင္စားမႈ တစ္ႏွစ္ ေနာက္က်သြားတယ္ဆိုတာ နားလည္ႏိုင္ပါတယ္။ ” လို႔ ဂစ္ဆန္က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ရိုဒရီအတွက် စာချုပ်ပါအတိုင်း ယူရို သန်း ၇၀ ပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီဖြစ်ပြီး အပြီးသတ်ကိစ္စတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အချိန်စောင့်နေတဲ့ အနေအထားကို ရောက်နေပြီ ဖြစ်ပါတယ်။

ရိုဒရီက အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာလိုတဲ့ သူ့ဆန္ဒကို ထုတ်ဖော်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နဲ့အတူ မန်ချက်စတာ စီးတီးက သူ့ကို ခေါ်ယူနိုင်ဖို့ အသင့်စောင့်နေခဲ့တယ်။ နှစ်သင်းထဲကမှ မန်စီးတီးဟာ ရိုဒရီအတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀ သန်း (ပေါင် ၆၂.၅ သန်း) ပေးဖို့ သဘောတူညီလိုက်တာ ဖြစ်ပါတယ်။

မနှစ်က နွေရာသီက ဗီလာရီးရဲကနေ ပေါင် ၂၁.၅ သန်းနဲ့ အက်သလက်ကို ရောက်ရှိခဲ့တဲ့ ရိုဒရီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ရာသီ အနည်းငယ်ကတည်းက ဖာနန်ဒင်ဟို နေရာ အစားထိုးဖို့ အလိုရှိနေတဲ့ စီးတီးရဲ့ စောင့်ကြည့်စာရင်းထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မရှိတာကြောင့် ၂၀၁၃ မှာ လက်ရှိကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ ဖယ်ထုတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၅ နှောင်းပိုင်းမှာ သူဟာ အခြေအနေဆိုးတွေကနေ ပြန်လာနိုင်ခဲ့ကာ ဗီလာရီးရဲ အသင်းကြီးကို ရောက်ရှိခဲ့ပြီး ကိုပါဒယ်ရေးက Huesca နဲ့ ပွဲမှာ သူ့ရဲ့ စီနီယာပွဲဦးထွက် ကစားခွင့် ရခဲ့တာပါ။

သူ့ရဲ့ ပထမဆုံး စီနီယာ သုံးပွဲကို ကိုပါဒယ်ရေးမှာပဲ ကစားခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာ သူဟာ လာလီဂါကို ရောက်ရှိခဲ့ပြီး ၂၀၁၆ ဧပြီမှာ ဗလက်ကာနိုနဲ့ပွဲအတွက် ပွဲဦးထွက်နိုင်ခဲ့ကာ ခြေစွမ်းပြခဲ့တာ ဖြစ်တယ်။ ထူးခြားမှုကတော့ ရိုဒီရီဟာ အတိတ်တုန်းကလို မဟုတ်ပဲ အရပ် ၆ ပေ ၃ လက်မရှိကာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လွန်းသူ ဖြစ်လာနေပါပြီ။

အင်္ဂလိပ်နဲ့ ဂျာမန်ချန်ပီယံတွေက ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစားသမား တစ်ယောက်နဲ့ ပတ်သက်ပြီး Sky Sports သတင်းဌာနရဲ့ စပိန်ဘောလုံးရေးရာကျွမ်းကျင်သူ တယ်ရီဂစ်ဆန်က သူ့အမြင်ကို ပြောပြခဲ့ပါတယ်။

” ဗီလာရီးရဲမှာ သူ့ရဲ့ ပွဲဦးထွက် မိနစ် ၂၀ လောက်နဲ့ သူဟာ တကယ့် ကစားသမားကောင်းဆိုတာ ကျနော် လက်ခံလို့ ရခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုနဲ့ ခံစစ်အခြေအနေမှာ လက်ဦးမှု ရယူတတ်တာက ရှင်းလင်းခဲ့ပါတယ်။ သူက ဆာဂျီယို ဘတ်စ်ကွက် အငယ်စားလေး လိုပါပဲ။ ပရီးမီးယားလိဂ် ကလပ်တစ်ခုခုက သူ့ကို ဘာလို့ မခေါ်ခဲ့လဲဆိုတာ ကျနော် နားမလည်ဘူး ” လို့ ဂစ်ဆန်က ကြိုတင် သုံးသပ်သရား ဆိုခဲ့ပါတယ်။

ဗီလာရီးရဲမှာ သုံးရာသီ ကြာပြီးနောက် ရိုဒရီဟာ လွန်ခဲ့တဲ့ သုံးနှစ်က သူ့ကို ဖယ်ရှားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်ထံ ယူရို သန်း ၂၀ နဲ့ ရောက်ရှိခဲ့ပါတယ်။ အက်သလက်ကို စရောက်တုန်းက သူဟာ နိုင်ငံပွဲ တစ်ပွဲသာ ကစားခဲ့ဖူးပေမယ့် ကလပ်သစ်နဲ့ နိုင်ငံအသင်းအတွက် အထင်ကြီးလောက်စရာ ခြေစွမ်းပြခဲ့ပြီး နောက်ထပ် ငါးပွဲ ကစားခွင့် ရခဲ့ပါတယ်။

ဂစ်ဆန်ကပဲ ” ကစားသမားသစ်တွေ အထိုင်ကျဖို့က ဘယ်တော့မှ မလွယ်ကူပါဘူး။ အက်သလက်တီကိုမှာ ကစားသမားသစ် များစွာက ချောင်ထိုးခံခဲ့ရပေမယ့် သူက အသင်းအတွက် သင့်တော်မှန်ကန်တဲ့သူဆိုတာ ဆီမြွန်နီကို ယုံကြည်စေခဲ့ပြီး ပထမနေ့ ကတည်းကစလို့ တည်ငြိမ်တဲ့ ခြေစွမ်းရှိခဲ့တာ ဖြစ်ပါတယ်။ ”

“အခု ကျနော်တို့ သူ့ရဲ့ ယူရို သန်း ၆၀ ပြောင်းရွှေ့ကြေး အကြောင်း ပြောကြတယ်။ ဒီပမာဏက သူ့လို အရည်အချင်းနဲ့ ကစားသမား တစ်ယောက် တွက် နည်းပါးတဲ့ ပမာဏပါ။ အေတီကိုကနေ သူ ထွက်ခွာချင်ရင် ဥရောပ အသင်းကြီး တစ်သင်းက အဲ့ပမာဏကို ပေးပြီး ခေါ်ပါလိမ့်မယ် ” လို့ ဆိုခဲ့ပါတယ်။

ဖာနန်ဒင်ဟိုက မကြာသေးမီက အသက် ၃၄ ပြည့်ခဲ့တာနဲ့အတူ သူ့အတွက် ရေရှည် အစားထိုးနိူင်မယ့်သူ ရရှိဖို့က စီးတီးအတွက် ဖိအားပေးနေပါတယ်။ ရိုဒရီမှာ စီးတီးရှာဖွေနေတဲ့ အရည်အသွေးတွေ ရှိတယ်လို့ ဂစ်ဆန်က မြင်နေတာပါ။

” ဖာနန်ဒင်ဟိုကို အစားထိုးဖို့က ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဥရောပတစ်ခွင်ကို ကြည့်လိုက်ရင် ရိုဒရီက အထင်ရှားဆုံး ပြိုင်ဘက် တစ်ယောက်ပါ။ ယေဘုယျအားဖြင့် ပရီးမီးယားလိဂ် ကလပ်တွေဟာ ဥရောပက သူတို့နဲ့ အဆင့်အတန်းတူတွေထက် ငွေအများကြီး ပိုရှိပါတယ်။ ပြီးတော့ ရာနှူန်းပြည့် ယုံကြည်စိတ်ချရဖို့အတွက် နည်းနည်း ထပ်စောင့်ဖို့ ပြင်ဆင်ထားတယ်။

တကယ်လို့ စီးတီး၊ ယူနိုက်တက်နဲ့ ဥရောပ အသင်းကြီးတွေကို ဆွဲဆောင်နိုင်ဖို့ အက်သလက်တီကိုထံ ပြောင်းရွှေ့ခဲ့တာဆိုရင် သူတို့ရဲ့ စိတ်ဝင်စားမှု တစ်နှစ် နောက်ကျသွားတယ်ဆိုတာ နားလည်နိုင်ပါတယ်။ ” လို့ ဂစ်ဆန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Sports Home Time