ေဆာင္းပါး | အဂၤလန္ရဲ႕ ေဂ်ာ္ဒန္ ဆန္ခ်ိဳ လက္သစ္ ျဖစ္လာတဲ့ အိန္ဂ်ယ္ ဂိုမက္စ္

ၿပီးခဲ့တဲ့ ရာသီမွာ ယူႏိူက္တက္အတြက္ အႀကီးဆံုးနဲ႔ အက်ိဴးအ႐ွိဆံုး ပြဲစဥ္က ပီအက္စ္ဂ်ီနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္ အေဝးကြင္းပြဲ ျဖစ္ပါတယ္။ အဲ့ပြဲမွာ စီနီယာ ကစားသမား အမ်ားစု မပါဝင္ႏိုင္ခဲ့ပါဘူး။ တာဟစ္ေခ်ာင္၊ ေမဆန္ ဂရင္းဝုဒ္တို႔နဲ႔အတူ အိန္ဂ်ယ္ ဂိုမက္စ္ဟာ ပဲရစ္ေျမထံ သြားေရာက္ဖို႔အတြက္ ယူႏုိက္တက္အသင္းရဲ႕ အရန္စာရင္းဝင္ လူငယ္ကစားသမားေတြ ျဖစ္ခဲ့ပါတယ္။

ယူႏိုက္တက္က အံ့အားသင့္ဖြယ္ အႏိုင္ရခဲ့ၿပီး ကြာတားတက္ႏိုင္ခဲ့တာနဲ႔အတူ တာဟစ္ေခ်ာင္နဲ႔ ဂရင္းဝုဒ္ တို႔က လူစားဝင္ ကစားခဲ့ရေပမယ့္ ဂိုမက္စ္ကေတာ့ အရန္ခံုမွာပဲ ထိုင္ေနခဲ့ရတာပါ။ ဒါက အဂၤလန္ ယူ ၁၉ လက္ေရြးစင္ အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ လက္႐ွိ ေနေနရတဲ့ ေနရာကို ျပသခဲ့တာပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ထိပ္ဆံုးေလးသင္း အျပင္ဘက္ ေရာက္ေနခဲ့ၿပီး ဘာမွ မထူးေတာ့တဲ့ အေျခအေန ျဖစ္ေပမယ့္လဲ ရာသီေနာက္ဆံုးႏွစ္ပြဲမွာ ဂိုမက္စ္က ပြဲကစားခ်ိန္ ၂၅ မိနစ္သာ ရခဲ့ပါတယ္။ ဂရင္းဝုဒ္ကေတာ့ ပီအက္စ္ဂ်ီ ၊ အာဆင္နယ္ ၊ ဝက္စ္ဟမ္း တို႔နဲ႔ ပြဲေတြမွာ ပါဝင္ခဲ့ရသလို ရာသီ ေနာက္ဆံုးေန႔က ကာဒစ္ဖ္နဲ႔ပြဲမွာလဲ ပြဲထြက္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။

ဒါေတြေၾကာင့္ပဲ သူ႔အနာဂတ္နဲ႔ ပတ္သက္လို႔ ထင္ေၾကးေပးမႈေတြ ႐ွိလာခဲ့ၿပီး ဘာစီလိုနာ အပါအဝင္ တျခား ကလပ္အနည္းငယ္ဟာ အိုးလ္ထရက္ဖို႔ဒ္က သူ႔အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ ကစားသမားဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ႁပီး စီနီယာ ပြဲထြက္ခြင့္ မရေသးတာနဲ႔အတူ ဂိုမက္စ္ဟာ ဒီေႏြရာသီမွာ ကစားသမားဘဝ အလွည့္အေျပာင္း လုပ္ဖို႔ ႐ွိေနပါတယ္။

ဂိုမက္စ္လိုပဲ တစ္ခ်ိန္က ေပါ့ဘာဟာ ကလပ္ရဲ႕ အလားအလာအ႐ွိဆံုး ကစားသမား တစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။ ဒါေပမယ့္ အသင္းႀကီးအတြက္ အခြင့္အေရး မရခဲ့တာမို႔ ပံုမွန္ကစားခြင့္ ႐ွာေဖြဖို႔ ဂ်ဴဗင္တပ္ကို ထြက္ခြာခဲ့ရပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ ေပါ့ဘာဟာ အီတလီရဲ႕ စူပါစတား ျဖစ္ခဲ့ၿပီး ယူႏိုက္တက္က သူ႔ကို ကမၻာ့ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၈၉ သန္း ေပးၿပီး ျပန္ေခၚခဲ့ရတာ ျဖစ္ပါတယ္။

အီသီဟဒ္မွာ တိုးတက္ဖို႔ လမ္းမျမင္ခဲ့လို႔ ေဒါ့မြန္ကို ထြက္ခြာခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ေဂ်ဒြန္ ဆန္ခ်ိဳကို ဥပမာယူဖို႔ လိုပါတယ္။ အခုခ်ိန္မွာ ဆန္ခ်ိဳဟာ ကလပ္အတြက္ေရာ ႏိုင္ငံအသင္းမွာပါ ပထမ ဦးစားေပး ေနရာရခဲ့ၿပီး ဥေရာပမွာ စိတ္လႈပ္႐ွားစရာ အေကာင္းဆံုး လူငယ္ကစားသမား ျဖစ္လာပါတယ္။

အကယ္ဒမီကေန ေပၚထြက္လာျပီး ယူႏိုက္တက္ အသင္းႀကီးမွာ ေနရာရခဲ့တဲ့ ေနာက္ဆံုး ကစားသမားဟာ ရက္႐ွ္ဖို႔ဒ္ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲ့မတိုင္ခင္ လင္ဂတ္နဲ႔ သူေတာင္ အငွါးခ် ကစားရဖို႔ တြန္းအားေပးခံခဲ့ရပါတယ္။

အဂၤလိပ္ ကစားသမား မ်ားစြာဟာ အလားအလာ႐ွိတဲ့ အဆင့္ကေန အေမႊးအေတာင္စံုတဲ့သူ အျဖစ္ေရာက္ေအာင္ အေရးပါတဲ့ တိုးတက္မႈေတြ လုပ္ေဆာင္ဖို႔ ျပည္ပကိုပဲ စဥ္းစားေနတာ အနည္းငယ္ အံ့ၾသစရာ ေကာင္းပါတယ္။ အဂၤလိပ္ေဘာလံုးေလာကဟာ ပါရမီ႐ွင္ လူငယ္ေတြ ေမြးထုတ္ေပးရာမွာ ျပသနာ မ႐ွိခဲ့ပါဘူး။ ဒါေပမယ့္ အခ်ိတ္အဆက္ လြဲေခ်ာ္မႈေတြက ႐ွိခဲ့တာပါ။ လူငယ္အဆင့္နဲ႔ စီနီယာအဆင့္ ၾကားမွာ လြဲသြားတဲ့ ကစားသမားေတြ မ်ားစြာ ႐ွိပါတယ္။ ဂိုမက္စ္က အဲ့လို ေနာက္ထပ္ တစ္ေယာက္ ျဖစ္ႏိုင္ပါတယ္။

အသက္ ငယ္ငယ္မွာ ျပည္ပထြက္ကစားခ်င္တာဟာ ဒီဘက္ေခတ္ အဂၤလန္မွာ ေခတ္စားလာပါတယ္။ ဘရာဟင္ ဒိုင္ရက္ဇ္က မန္စီးတီး ကေန ရီးရဲလ္မက္ဒရစ္ထံ ဇန္နဝါရီမွာ ေျပာင္းေရႊ႔သြားတာကို ၾကည့္လိုက္ပါ။ လူငယ္ ကြင္းလယ္လူဟာ ဂြာဒီယိုလာ လက္ေအာက္မွာ သူရခဲ့တဲ့ ကစားခ်ိန္ထက္ စပိန္မွာ ပထမလ အနည္းငယ္အတြင္း ပိုရခဲ့ပါတယ္။ ၾကယ္စင္စု ကလပ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ေလာက္ေတာင္ လူငယ္ကစားသမား တစ္ေယာက္ကို အခြင့္အေရး မေပးႏိုင္တဲ့ ပရီးမီးယားလိဂ္ပါ။

ေဂ်ဒြန္ ဆန္ခ်ိဴရဲ႕ ေအာင္ျမင္မႈေၾကာင့္ ျပည္ပထြက္ကစားဖို႔ ႀကိဳးစားမွာလားလို႔ ေမးျမန္းခဲ့ရာ ဂိုမက္စ္က အခုလို ႐ွင္းျပခဲ့ပါတယ္။

“ျပည္ပထြက္ၿပီး ေအာင္ျမင္ေနတဲ့ ကစားသမားမ်ားစြာက စြန္႔စားမႈတစ္ခု ေအာင္ျမင္သလိုပါပဲ။ ဒါေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူႏိူင္ဘူးေလ။ လူတိုင္းက တစ္ခုခုကို ေအာင္ျမင္ႏိုင္တဲ့အခါ သူတို႔မွာ ကိုယ္ပိုင္ ေရြးခ်ယ္မႈ ႐ွိတယ္။ ေဂ်ဆီလင္ဂတ္က အဲ့လိုမ်ိဳးပါ။ သူ႔အသက္အရြယ္တန္းက တျခားကစားသမား အခ်ိဳ႕ထက္ အနည္းငယ္ ေနာက္က်ၿပီး သူ ေအာင္ျမင္ခဲ့တယ္။ ဒါေပမယ့္ အခု သူေအာင္ျမင္ခဲ့တာေတြကို ၾကည့္လိုက္ပါ။ အမ်ားႀကီးပါပဲ။ ”

“ေဂ်ဒြန္ ဆန္ခ်ိဳကလဲ ေနာက္တစ္ေယာက္ပါ။ အဂၤလန္အတြင္း က်ေနာ့တို႔ အတူတူ ခဏတာ တြဲကစားခဲ့ဖူးတယ္။ သူက ပထမအသင္းအတြက္ ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ယံုၾကည္မႈ ႐ွိခဲ့ၿပီး သူဘာလုပ္ႏိုင္တယ္ဆိုတာ လူတိူင္းကို ျပသခဲ့တယ္။ ဒါက သူတို႔ရဲ႕ ေရြးခ်ယ္မႈေတြ အေၾကာင္းပါ။ က်ေနာ္ကေတာ့ ဘယ္မွာ ကစားကစား ယူႏိုက္တက္မွာ အခြင့္အေရး ရတဲ့အခါ အဆင္သင့္ ျဖစ္ေနခ်င္တယ္။ ” လို႔ မၾကာေသးမီက အင္တာဗ်ဴး တစ္ခုမွာ ေျပာခဲ့တာပါ။

လင္ဂတ္နဲ႔ ပတ္သက္ၿပီး သူ႔မွတ္ခ်က္နဲ႔ အခြင့္အေရး ရဖို႔ ေစာင့္ေနတယ္ ဆိုတာေတြက ဂိုမက္စ္ဟာ ယူႏိုက္တက္မွာ ဆက္ေနလိုပံုပါပဲ။ ဒါေပမယ့္ ဒီလို ပါရမီ႐ွင္ လူငယ္တစ္ေယာက္ကို ေဘးထုတ္ထားဖို႔ ယူႏုိက္တက္လို ကလပ္အသင္းေတာင္မွ ၾကာၾကာတတ္ႏိုင္မွာ မဟုတ္ပါဘူး။

တကယ္လို႔ ဆိုး႐ွားဟာ လူငယ္ကစားသမားေတြကို အသင္းႀကီးမွာ တကယ္ပဲ အသံုးျပဳမယ္ဆိုရင္ ဂိုမက္စ္ အေနနဲ႔ ေနာက္ရာသီ အသင္းမွာ ပိုၿပီး အေရးပါတဲ့ ေနရာကို ရပါလိမ့္မယ္။ ဒါမွ မဟုတ္ရင္ေတာ့ ဂိုမက္စ္ဟာ ေပါ့ဘာ နဲ႔ ဆန္ခ်ိဴတို႔ရဲ႕ ေျခရာအတိုင္း နင္းသြားမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ပြီးခဲ့တဲ့ ရာသီမှာ ယူနိူက်တက်အတွက် အကြီးဆုံးနဲ့ အကျိူးအရှိဆုံး ပွဲစဉ်က ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် အဝေးကွင်းပွဲ ဖြစ်ပါတယ်။ အဲ့ပွဲမှာ စီနီယာ ကစားသမား အများစု မပါဝင်နိုင်ခဲ့ပါဘူး။ တာဟစ်ချောင်၊ မေဆန် ဂရင်းဝုဒ်တို့နဲ့အတူ အိန်ဂျယ် ဂိုမက်စ်ဟာ ပဲရစ်မြေထံ သွားရောက်ဖို့အတွက် ယူနိုက်တက်အသင်းရဲ့ အရန်စာရင်းဝင် လူငယ်ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်က အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး ကွာတားတက်နိုင်ခဲ့တာနဲ့အတူ တာဟစ်ချောင်နဲ့ ဂရင်းဝုဒ် တို့က လူစားဝင် ကစားခဲ့ရပေမယ့် ဂိုမက်စ်ကတော့ အရန်ခုံမှာပဲ ထိုင်နေခဲ့ရတာပါ။ ဒါက အင်္ဂလန် ယူ ၁၉ လက်ရွေးစင် အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လက်ရှိ နေနေရတဲ့ နေရာကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်း အပြင်ဘက် ရောက်နေခဲ့ပြီး ဘာမှ မထူးတော့တဲ့ အခြေအနေ ဖြစ်ပေမယ့်လဲ ရာသီနောက်ဆုံးနှစ်ပွဲမှာ ဂိုမက်စ်က ပွဲကစားချိန် ၂၅ မိနစ်သာ ရခဲ့ပါတယ်။ ဂရင်းဝုဒ်ကတော့ ပီအက်စ်ဂျီ ၊ အာဆင်နယ် ၊ ဝက်စ်ဟမ်း တို့နဲ့ ပွဲတွေမှာ ပါဝင်ခဲ့ရသလို ရာသီ နောက်ဆုံးနေ့က ကာဒစ်ဖ်နဲ့ပွဲမှာလဲ ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဒါတွေကြောင့်ပဲ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ထင်ကြေးပေးမှုတွေ ရှိလာခဲ့ပြီး ဘာစီလိုနာ အပါအဝင် တခြား ကလပ်အနည်းငယ်ဟာ အိုးလ်ထရက်ဖို့ဒ်က သူ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ပြီး စီနီယာ ပွဲထွက်ခွင့် မရသေးတာနဲ့အတူ ဂိုမက်စ်ဟာ ဒီနွေရာသီမှာ ကစားသမားဘဝ အလှည့်အပြောင်း လုပ်ဖို့ ရှိနေပါတယ်။

ဂိုမက်စ်လိုပဲ တစ်ချိန်က ပေါ့ဘာဟာ ကလပ်ရဲ့ အလားအလာအရှိဆုံး ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် အသင်းကြီးအတွက် အခွင့်အရေး မရခဲ့တာမို့ ပုံမှန်ကစားခွင့် ရှာဖွေဖို့ ဂျူဗင်တပ်ကို ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ ပေါ့ဘာဟာ အီတလီရဲ့ စူပါစတား ဖြစ်ခဲ့ပြီး ယူနိုက်တက်က သူ့ကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်း ပေးပြီး ပြန်ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။

အီသီဟဒ်မှာ တိုးတက်ဖို့ လမ်းမမြင်ခဲ့လို့ ဒေါ့မွန်ကို ထွက်ခွာခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဂျေဒွန် ဆန်ချိုကို ဥပမာယူဖို့ လိုပါတယ်။ အခုချိန်မှာ ဆန်ချိုဟာ ကလပ်အတွက်ရော နိုင်ငံအသင်းမှာပါ ပထမ ဦးစားပေး နေရာရခဲ့ပြီး ဥရောပမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်ကစားသမား ဖြစ်လာပါတယ်။

အကယ်ဒမီကနေ ပေါ်ထွက်လာပြီး ယူနိုက်တက် အသင်းကြီးမှာ နေရာရခဲ့တဲ့ နောက်ဆုံး ကစားသမားဟာ ရက်ရှ်ဖို့ဒ် ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင် လင်ဂတ်နဲ့ သူတောင် အငှါးချ ကစားရဖို့ တွန်းအားပေးခံခဲ့ရပါတယ်။

အင်္ဂလိပ် ကစားသမား များစွာဟာ အလားအလာရှိတဲ့ အဆင့်ကနေ အမွှေးအတောင်စုံတဲ့သူ အဖြစ်ရောက်အောင် အရေးပါတဲ့ တိုးတက်မှုတွေ လုပ်ဆောင်ဖို့ ပြည်ပကိုပဲ စဉ်းစားနေတာ အနည်းငယ် အံ့သြစရာ ကောင်းပါတယ်။ အင်္ဂလိပ်ဘောလုံးလောကဟာ ပါရမီရှင် လူငယ်တွေ မွေးထုတ်ပေးရာမှာ ပြသနာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အချိတ်အဆက် လွဲချော်မှုတွေက ရှိခဲ့တာပါ။ လူငယ်အဆင့်နဲ့ စီနီယာအဆင့် ကြားမှာ လွဲသွားတဲ့ ကစားသမားတွေ များစွာ ရှိပါတယ်။ ဂိုမက်စ်က အဲ့လို နောက်ထပ် တစ်ယောက် ဖြစ်နိုင်ပါတယ်။

အသက် ငယ်ငယ်မှာ ပြည်ပထွက်ကစားချင်တာဟာ ဒီဘက်ခေတ် အင်္ဂလန်မှာ ခေတ်စားလာပါတယ်။ ဘရာဟင် ဒိုင်ရက်ဇ်က မန်စီးတီး ကနေ ရီးရဲလ်မက်ဒရစ်ထံ ဇန်နဝါရီမှာ ပြောင်းရွှေ့သွားတာကို ကြည့်လိုက်ပါ။ လူငယ် ကွင်းလယ်လူဟာ ဂွာဒီယိုလာ လက်အောက်မှာ သူရခဲ့တဲ့ ကစားချိန်ထက် စပိန်မှာ ပထမလ အနည်းငယ်အတွင်း ပိုရခဲ့ပါတယ်။ ကြယ်စင်စု ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်လောက်တောင် လူငယ်ကစားသမား တစ်ယောက်ကို အခွင့်အရေး မပေးနိုင်တဲ့ ပရီးမီးယားလိဂ်ပါ။

ဂျေဒွန် ဆန်ချိူရဲ့ အောင်မြင်မှုကြောင့် ပြည်ပထွက်ကစားဖို့ ကြိုးစားမှာလားလို့ မေးမြန်းခဲ့ရာ ဂိုမက်စ်က အခုလို ရှင်းပြခဲ့ပါတယ်။

“ပြည်ပထွက်ပြီး အောင်မြင်နေတဲ့ ကစားသမားများစွာက စွန့်စားမှုတစ်ခု အောင်မြင်သလိုပါပဲ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူနိူင်ဘူးလေ။ လူတိုင်းက တစ်ခုခုကို အောင်မြင်နိုင်တဲ့အခါ သူတို့မှာ ကိုယ်ပိုင် ရွေးချယ်မှု ရှိတယ်။ ဂျေဆီလင်ဂတ်က အဲ့လိုမျိုးပါ။ သူ့အသက်အရွယ်တန်းက တခြားကစားသမား အချို့ထက် အနည်းငယ် နောက်ကျပြီး သူ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် အခု သူအောင်မြင်ခဲ့တာတွေကို ကြည့်လိုက်ပါ။ အများကြီးပါပဲ။ ”

“ဂျေဒွန် ဆန်ချိုကလဲ နောက်တစ်ယောက်ပါ။ အင်္ဂလန်အတွင်း ကျနော့တို့ အတူတူ ခဏတာ တွဲကစားခဲ့ဖူးတယ်။ သူက ပထမအသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်မှု ရှိခဲ့ပြီး သူဘာလုပ်နိုင်တယ်ဆိုတာ လူတိူင်းကို ပြသခဲ့တယ်။ ဒါက သူတို့ရဲ့ ရွေးချယ်မှုတွေ အကြောင်းပါ။ ကျနော်ကတော့ ဘယ်မှာ ကစားကစား ယူနိုက်တက်မှာ အခွင့်အရေး ရတဲ့အခါ အဆင်သင့် ဖြစ်နေချင်တယ်။ ” လို့ မကြာသေးမီက အင်တာဗျူး တစ်ခုမှာ ပြောခဲ့တာပါ။

လင်ဂတ်နဲ့ ပတ်သက်ပြီး သူ့မှတ်ချက်နဲ့ အခွင့်အရေး ရဖို့ စောင့်နေတယ် ဆိုတာတွေက ဂိုမက်စ်ဟာ ယူနိုက်တက်မှာ ဆက်နေလိုပုံပါပဲ။ ဒါပေမယ့် ဒီလို ပါရမီရှင် လူငယ်တစ်ယောက်ကို ဘေးထုတ်ထားဖို့ ယူနိုက်တက်လို ကလပ်အသင်းတောင်မှ ကြာကြာတတ်နိုင်မှာ မဟုတ်ပါဘူး။

တကယ်လို့ ဆိုးရှားဟာ လူငယ်ကစားသမားတွေကို အသင်းကြီးမှာ တကယ်ပဲ အသုံးပြုမယ်ဆိုရင် ဂိုမက်စ် အနေနဲ့ နောက်ရာသီ အသင်းမှာ ပိုပြီး အရေးပါတဲ့ နေရာကို ရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင်တော့ ဂိုမက်စ်ဟာ ပေါ့ဘာ နဲ့ ဆန်ချိူတို့ရဲ့ ခြေရာအတိုင်း နင်းသွားမှာ ဖြစ်ပါတယ်။

Sports Home Time