ဒီနေ့ မဲခွဲမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် မဲခွဲပွဲ အကြောင်းနဲ့ သိထားစရာ အချက်များ

[Zawgyi] ယနေ့ ဒီဇင်ဘာလ 17 ရက် တနင်္လာနေ့မှာ ဆွစ်ဇလန်နိုင်ငံ နီယွန်မြို့မှာပဲ မဲခွဲပွဲလုပ်မှာဖြစ်ပြီး စကိုင်းစပေါ့ကနေ မဲခွဲမှုကို တိုက်ရိုက်ကြည့်လို့ ရပါမယ်။ အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲက စမှာပါ။ ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပ ပြိုင်ပွဲ နှစ်ခုလုံးအတွက် ဆက်တိုက် မဲခွဲသွားမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်

ချန်ပီယံလိဂ် 16 သင်း အဆင့်မှာတော့ အုပ်စုဗိုလ်တွေက အခြားသော အုပ်စုတွေမှာ အုပ်စု ဒုတိယဖြစ်လည်ကောင်း၊ အုပ်စု ဒုတိယတွေက အခြားသော အုပ်စုတွေမှ အုပ်စုဗိုလ်နဲ့လည်ကောင်း ထိပ်တိုက်တွေ့ကြမှာပါ။ ဒါပေမယ့်လို့ ပြည်တွင်းပြိုင်ဘက်တွေ အချင်းချင်း ထိပ်တိုက်တွေ့မှုတွေတော့ ပါဝင်လာမှာ မဟုတ်ပါဘူး။ ရှူံးထွက်ပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်မှာဖြစ်ပြီး အဝေးဂိုး စည်းမျဉ်းနဲ့ အဆုံးအဖြတ် ပေးသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေက ဘယ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရနိုင်လဲ?

  • အင်္ဂလန်ကလပ်တွေထဲမှာ တစ်သင်းတည်းသော အုပ်စုဗိုလ်ဖြစ်တဲ့ မန်စီးတီးကတော့ အုပ်စုတွင်းပြိုင်ဘက် လိုင်ယွန်အပြင် အင်္ဂလန်ပြိုင်ဘက်တွေနဲ့လည်း ရှူံးထွက်မှာ တွေ့ဆုံရဖို့ မရှိပါဘူး။ ဒါကြောင့် အက်သလက်တီကို၊ ရှော်ကေး၊ အေးဂျက်နဲ့ ရိုးမားတို့ထဲက တစ်သင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး အနည်းငယ် ပွဲချော်ဖွယ်ရှိပါတယ်။
  • တော်တင်ဟမ်က အုပ်စုတွင်းပြိုင်ဘက် ဘာစီလိုနာနဲ့ ပြည်တွင်းပြိုင်ဘက် မန်စီးတီးတို့ကို ရှောင်လွဲနိုင်မှာဖြစ်ပြီး ကျန် ဂရု 6 ခုမှ အုပ်စုဗိုလ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ပီအက်ဂျီ၊ ပေါ်တို၊ ဘိုင်ယန်မြူနစ်၊ ရီးရဲမက်ဒရစ်နဲ့ မနှစ်က တွေ့ထားတဲ့ ဂျူဗင်တပ်တို့ထဲက တစ်သင်းနဲ့ တွေ့ဆုံရပါမယ်။
  • လီဗာပူးအသင်းကတော့ အုပ်စုတွင်းပြိုင်ဘက် ပီအက်ဂျီ၊ ပြည်တွင်းပြိုင်ဘက် မန်စီးတီး တို့နဲ့ တွေ့ဆုံရဖို့ မရှိပါဘူး။ ဒေါ့မွန်၊ ဘာစီလိုနာ၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ထဲက တစ်သင်းနဲ့ တွေ့ပါမယ်။
  • ဗလန်စီယာကို အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒေါ့မွန်၊ ဘာစီလိုနာ၊ ပီအက်ဂျီ၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲမက်ဒရစ်တို့ထဲ တစ်သင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

16 သင်းအဆင့်ကို ဘယ်အချိန်မှာ စတင်ယှဉ်ပြိုင်မလဲ?

ပထမအကျော့တွေကို ဖေဖော်ဝါရီ 12/13 ရက် (သို့) ဖေဖော်ဝါရီလ 19/20 ရက်။ ဒုတိယအကျော့တွေကို မတ်လ 5/6 ရက် (သို့) 12/13 ရက်တွေမှာ ကျင်းပသွားပါမယ်။

ယူရိုပါလိဂ်

ပရီးမီးယားလိဂ်ကလပ်တွေက အုပ်စုတွင်း ရှူံးပွဲမရှိသလို အုပ်စုဗိုလ်တွေအနေနဲ့ နောက်တစ်ဆင့်ကို တက်ခဲ့တာပါ။ ချယ်ဆီး၊ အာဆင်နယ် နှစ်သင်းလုံးက 5 ပွဲနိုင်ပြီး 1 ပွဲ သရေရလဒ်တွေ ထွက်ပေါ်ခဲ့တာဖြစ်တယ်။

ဘယ်လိုတွေမဲခွဲမလဲ?

ယူရိုပါလိဂ် အုပ်စု 12 ခုမှ ထိပ်ဆုံး 2 သင်းတွေနဲ့ ချန်ပီယံလိဂ် အုပ်စု 8 ခုမှ တတိယရတဲ့ အသင်းတွေ။ စုစုပေါင်း 32 သင်းကို မဲခွဲမှာဖြစ်ပါတယ်။

ဦးစားပေးအသင်းများ

  • Arsenal
  • Benfica
  • Betis
  • Chelsea
  • Dinamo Zagreb
  • Dynamo Kiev
  • Frankfurt
  • Genk
  • Inter Milan
  • Leverkusen
  • Napoli
  • Salzburg
  • Sevilla
  • Valencia
  • Villarreal
  • Zenit St Petersburg

ကျန်အသင်းများ

  • BATE Borisov
  • Celtic
  • Club Brugge
  • Fenerbahce
  • Galatasaray
  • Krasnodar
  • Lazio
  • Malmo
  • Olympiakos
  • Rapid Vienna
  • Rennes
  • Slavia Prague
  • Sporting Lisbon
  • Shakhtar Donetsk
  • Viktoria Plzen
  • Zurich

ဘယ်လို ထိပ်တိုက်တွေ့မလဲ?

အုပ်စု 12 ခုရဲ့ အုပ်စုဗိုလ်တွေနဲ့ ချန်ပီယံလိဂ်မှာ အကောင်းဆုံး တတိယရတဲ့ လေးသင်းတို့ဟာ ဦးစားပေးစာရင်း (Seeded teams) တွေအဖြစ် သက်မှတ်ခံရပါမယ်။ ဒုတိယရတဲ့အသင်း 12 သင်းနဲ့ ကျန် ချန်ပီယံလိဂ် တတိယနေရာရ လေးသင်းတို့ကတော့ (Unseeded teams) တွေအဖြစ် ဦးစားပေးစာရင်းထဲ မပါပါဘူး။

ဦးစားပေးအသင်းနဲ့ ကျန်အသင်းတွေကို မဲခွဲပေးမှာဖြစ်ပြီး ပထမအကျော့ကိုတော့ (Unseeded teams) အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ (Seeded teams) အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ ဦးစားပေးအသင်းတွေအတွက် အားသာချက်ဖြစ်စေပါတယ်။

32 သင်း ရှူံးထွက်အဆင့်မှာ တစ်နိုင်ငံတည်း ပြိုင်ဘက်တွေ မတွေ့ဆုံရပါဘူး။ ဒါပေမယ့် ဆဲလ်တစ်က အာဆင်နယ်၊ ချယ်ဆီးတို့နဲ့ ထိပ်တိုက်ပြန်တွေ့တာမျိုး ဖြစ်ခွင့်ရှိပါတယ်။

ဘယ်အချိန်မှာ ယှဉ်ပြိုင်မှာလဲ?

ပထမအကျော့ကိုတော့ ဖေဖော်ဝါရီ 14 ရက်နေ့မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဒုတိယအကျော့က ဖေဖော်ဝါရီ 21 ရက်နေ့ ဖြစ်ပါတယ်။

32 သင်းအဆင့်ပြီးရင် ဘာဖြစ်လာမလဲ?

16 သင်းအဆင့် ရှူံးထွက်ဖြစ်ပြီး ဘယ်အသင်းတွေ ယှဉ်ပြိုင်ရမယ်ကတော့ ဖေဖော်ဝါရီလ 22 ရက်နေ့မှာ သိရပါမယ်။ ယှဉ်ပြိုင်မှာကတော့ မတ်လ 7 ရက်နဲ့ 14 ရက်နေ့တွေမှာပါ။

ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် ကျရောက်မယ့်အသင်းတွေကို မတ်လ 15 ရက်မှာ သိရမှာဖြစ်ပြီး ကွာတားဖိုင်နယ်ကို ဧပြီလ 11 ရက်နဲ့ 18 ရက်။ ဆီမီးဖိုင်နယ်ကို မေလ 2 ရက်နဲ့ 9 ရက်တွေမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ အဇာဘိုင်ဂျန်မှ ဘာကူကွင်းကြီးမှာ မေလ 29 ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။