ပရီးမီးယားလိဂ္ကလပ္ေတြ လက္ေႏွးေနတဲ့ ပစ္မွတ္ သံုးခုလံုးကို ေခၚယူေတာ့မယ့္ နာပိုလီ

[Zawgyi] နာပိုလီဟာ ဒီေႏြရာသီမွာ ကိုလံဘီယားသား တုိက္စစ္သမား ဂ်ိမ္းစ္ ႐ိုဒရီဂြက္ဇ္ကို ရီးရဲလ္မက္ဒရစ္ ကေန ေခၚယူဖို႔ ႀကိဳးစား ပါလိမ့္မယ္။ ဒါေပမယ့္ ကားလို႔စ္ အန္ဆယ္ေလာ့တီရဲ႕ ပထမဦးစားေပး ျဖစ္တဲ့ သူ႔ကို မေခၚယူႏိုင္ခဲ့ရင္ ပီအက္စ္ဗီ ၾကယ္ပြင့္ ဟားဗင္း လိုဇာႏိုကို စဥ္းစားသြားမွာ ျဖစ္တယ္လို႔ ဥကၠဌ ဒီေလာ္ရန္းတစ္က ဆိုပါတယ္။

ကိုလမ္ဘီယာ ကြင္းလယ္တိုက္စစ္နဲ႔ ေတာင္ပံကစားသမားဟာ ၂၀၁၄ မွာ ရီးရဲလ္မက္ဒရစ္က သူ႔ကို ေခၚယူခဲ့စဥ္မွာ နည္းျပ အန္ဆယ္ေလာ့တီ နဲ႔ ပထမဆုံး အလုပ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးေတာ့ ၂၀၁၇ မွာ ဘိုင္ယန္ျမဴးနစ္ ထံ ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ အငွါးကစားခဲ့တုန္းကလဲ နည္းျပက အန္ဆယ္ေလာ့တီ ျဖစ္ခဲ့တာပါ။

ျမဴးနစ္မွာ သူတို႔ႏွစ္ေယာက္ဟာ သုံးလသာ အတူရွိခဲ့ပါတယ္။ အဲ့ဒီ့ႏွစ္ စက္တင္ဘာမွာ ဘိုင္ယန္ျမဴးနစ္က နည္းျပ အန္ဆယ္ေလာ့တီကို ထုတ္ပယ္ခဲ့သလို ဟားမက္ကို အၿပီးသတ္ ဝယ္ယူႏိုင္တဲ့ သူတို႔ရဲ႕ ေ႐ြးခ်ယ္ခြင့္ကို မလုပ္ခဲ့ပါဘူး။ အသက္ ၂၇ႏွစ္အ႐ြယ္ ကစားသမားဟာ မက္ဒရစ္ နည္းျပ ဇီဒန္းလက္ေအာက္မွာ ေနရာရမယ့္ပုံ မေပၚပဲ ပရီးမီးယားလိဂ္ နဲ႔ စီးရီးေအက ကလပ္မ်ားစြာနဲ႔ ခ်ိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

နာပိုလီ ဥကၠဌ က သူတို႔ဟာ ေနာက္ရာသီ ဆုဖလားအတြက္ စိန္ေခၚႏိုင္ဖို႔ အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ လုပ္ေနတာနဲ႔အတူ ႐ိုဒရီဂြက္ဇ္က သူတို႔အသင္း လိုအပ္တဲ့ ကစားသမားမ်ိဳး မဟုတ္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။ ဒါေပမယ့္ ဆရာ တပည့္ႏွစ္ေယာက္ ျပန္ဆုံဆည္းေစၿပီး အန္ဆယ္ေလာ့တီ ရဲ႕ ဆႏၵျပည့္ဖို႔ကို သူက ေမွ်ာ္လင့္ေနတာပါ။

” ဂ်ိမ္းစ္ ႐ိုဒရီဂြက္ဇ္က အန္ဆယ္ေလာ့တီ အလိုရွိတာပါ။ က်ေနာ္တို႔ သူ႔ကို ရာႏႈန္းျပည့္ အလိုရွိ မရွိ က်ေနာ္ မသိဘူး။ ဒါေပမယ့္ သူ႔ အရည္အခ်င္းက သံသယ ျဖစ္စရာ မရွိပါဘူး။ က်ေနာ့္နည္းျပကို က်ေနာ္ ကူညီရမယ္။ သူက ႐ိုဒရီဂြက္ဇ္ကို လိုခ်င္တယ္။ တကယ္လို႔ သူက ေဈး အရမ္းႀကီးေနတယ္ ဆိုရင္ေတာင္ က်ေနာ္ တုံ႔ဆိုင္းေနမွာမဟုတ္ပါဘူး။ ” လို႔ သူက ဆိုပါတယ္။

ဒါေပမယ့္ အသက္ ၂၃ႏွစ္အ႐ြယ္ မကၠဆီကန္ ေတာင္ပံကစားသမား လိုဇာႏိုကိုလဲ သူတို႔ ေစာင့္ၾကည့္ေနတာနဲ႔အတူ စီးရီးေအ အဆင့္၂ အသင္းဟာ ေနာက္ထပ္ ေ႐ြးခ်ယ္စရာေတြ ရွိေနပါတယ္။ ကလပ္ဟာ Raul Albiol ကို အစားထိုးဖို႔အတြက္ ႐ိုးမားကေန မန္ႏိုလက္ကို ေခၚယူၿပီး သူတို႔ခံစစ္ကို အားျဖည့္သြားဖို႔ စဥ္းစားေနတာပါ။ဒါေပမယ့္ အသက္ ၂၈ႏွစ္အ႐ြယ္ ကစားသမားနဲ႔ ပတ္သက္ၿပီး ဒီေလာ္ရန္းတစ္ စိုးရိမ္ေနတာ ရွိပါတယ္။

“Albiol က ထြက္ခြာဖို႔ ဆႏၵရွိတဲ့အေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ က်ေနာ္တို႔က မန္ႏိုလက္ကို ေစာင့္ၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ အက်င့္ စ႐ိုက္နဲ႔ ပတ္သက္လို႔ ျပသနာေတြ ရွိေနတယ္။ က်ေနာ္တို႔က ကစားသမားေတြ တည္ၿငိမ္မႈရွိတာကို လိုအပ္တယ္။ ႐ိုးမားက ေနာက္ထပ္ ျပသနာတစ္ခုပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က သူတို႔ရဲ႕ အားကစား ဒါ႐ိုက္တာကို ေျပာင္းလဲခဲ့တယ္ေလ။ သူ႔ကို သင့္တင့္တဲ့ ေဈးႏႈန္းနဲ႔ က်ေနာ္တို႔ ေခၚယူႏိုင္မလားဆိုတာ သိရဖို႔ စစ္ေဆးေနပါတယ္။ ”

“မန္ႏိုလက္က အသက္ႀကီးေနၿပီ။ သူ႔ကို ဝယ္ၿပီးရင္ ျပန္ေရာင္းလို႔ မရဘူး။ က်ေနာ့္အတြက္ သူက အဆင္ေျပပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ပိုက္ဆံ မျဖဳန္းရဘူး။ သူက လစာမ်ားတဲ့ ကစားသမားပါ။ ” လို႔ ေလာ္ရန္းတစ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] နာပိုလီဟာ ဒီနွေရာသီမှာ ကိုလံဘီယားသား တိုက်စစ်သမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ရီးရဲလ်မက်ဒရစ် ကနေ ခေါ်ယူဖို့ ကြိုးစား ပါလိမ့်မယ်။ ဒါပေမယ့် ကားလို့စ် အန်ဆယ်လော့တီရဲ့ ပထမဦးစားပေး ဖြစ်တဲ့ သူ့ကို မခေါ်ယူနိုင်ခဲ့ရင် ပီအက်စ်ဗီ ကြယ်ပွင့် ဟားဗင်း လိုဇာနိုကို စဉ်းစားသွားမှာ ဖြစ်တယ်လို့ ဥက္ကဌ ဒီလော်ရန်းတစ်က ဆိုပါတယ်။

ကိုလမ်ဘီယာ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားဟာ ၂၀၁၄ မှာ ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ယူခဲ့စဉ်မှာ နည်းပြ အန်ဆယ်လော့တီ နဲ့ ပထမဆုံး အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ၂၀၁၇ မှာ ဘိုင်ယန်မြူးနစ် ထံ နှစ်နှစ်စာချုပ်နဲ့ အငှါးကစားခဲ့တုန်းကလဲ နည်းပြက အန်ဆယ်လော့တီ ဖြစ်ခဲ့တာပါ။

မြူးနစ်မှာ သူတို့နှစ်ယောက်ဟာ သုံးလသာ အတူရှိခဲ့ပါတယ်။ အဲ့ဒီ့နှစ် စက်တင်ဘာမှာ ဘိုင်ယန်မြူးနစ်က နည်းပြ အန်ဆယ်လော့တီကို ထုတ်ပယ်ခဲ့သလို ဟားမက်ကို အပြီးသတ် ဝယ်ယူနိုင်တဲ့ သူတို့ရဲ့ ရွေးချယ်ခွင့်ကို မလုပ်ခဲ့ပါဘူး။ အသက် ၂၇နှစ်အရွယ် ကစားသမားဟာ မက်ဒရစ် နည်းပြ ဇီဒန်းလက်အောက်မှာ နေရာရမယ့်ပုံ မပေါ်ပဲ ပရီးမီးယားလိဂ် နဲ့ စီးရီးအေက ကလပ်များစွာနဲ့ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

နာပိုလီ ဥက္ကဌ က သူတို့ဟာ နောက်ရာသီ ဆုဖလားအတွက် စိန်ခေါ်နိုင်ဖို့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ လုပ်နေတာနဲ့အတူ ရိုဒရီဂွက်ဇ်က သူတို့အသင်း လိုအပ်တဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဆရာ တပည့်နှစ်ယောက် ပြန်ဆုံဆည်းစေပြီး အန်ဆယ်လော့တီ ရဲ့ ဆန္ဒပြည့်ဖို့ကို သူက မျှော်လင့်နေတာပါ။

” ဂျိမ်းစ် ရိုဒရီဂွက်ဇ်က အန်ဆယ်လော့တီ အလိုရှိတာပါ။ ကျနော်တို့ သူ့ကို ရာနှုန်းပြည့် အလိုရှိ မရှိ ကျနော် မသိဘူး။ ဒါပေမယ့် သူ့ အရည်အချင်းက သံသယ ဖြစ်စရာ မရှိပါဘူး။ ကျနော့်နည်းပြကို ကျနော် ကူညီရမယ်။ သူက ရိုဒရီဂွက်ဇ်ကို လိုချင်တယ်။ တကယ်လို့ သူက ဈေး အရမ်းကြီးနေတယ် ဆိုရင်တောင် ကျနော် တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး။ ” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် အသက် ၂၃နှစ်အရွယ် မက္ကဆီကန် တောင်ပံကစားသမား လိုဇာနိုကိုလဲ သူတို့ စောင့်ကြည့်နေတာနဲ့အတူ စီးရီးအေ အဆင့်၂ အသင်းဟာ နောက်ထပ် ရွေးချယ်စရာတွေ ရှိနေပါတယ်။ ကလပ်ဟာ Raul Albiol ကို အစားထိုးဖို့အတွက် ရိုးမားကနေ မန်နိုလက်ကို ခေါ်ယူပြီး သူတို့ခံစစ်ကို အားဖြည့်သွားဖို့ စဉ်းစားနေတာပါ။ဒါပေမယ့် အသက် ၂၈နှစ်အရွယ် ကစားသမားနဲ့ ပတ်သက်ပြီး ဒီလော်ရန်းတစ် စိုးရိမ်နေတာ ရှိပါတယ်။

“Albiol က ထွက်ခွာဖို့ ဆန္ဒရှိတဲ့အကြောင်း ကြေညာခဲ့ပြီးနောက် ကျနော်တို့က မန်နိုလက်ကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ အကျင့် စရိုက်နဲ့ ပတ်သက်လို့ ပြသနာတွေ ရှိနေတယ်။ ကျနော်တို့က ကစားသမားတွေ တည်ငြိမ်မှုရှိတာကို လိုအပ်တယ်။ ရိုးမားက နောက်ထပ် ပြသနာတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့ အားကစား ဒါရိုက်တာကို ပြောင်းလဲခဲ့တယ်လေ။ သူ့ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ကျနော်တို့ ခေါ်ယူနိုင်မလားဆိုတာ သိရဖို့ စစ်ဆေးနေပါတယ်။ ”

“မန်နိုလက်က အသက်ကြီးနေပြီ။ သူ့ကို ဝယ်ပြီးရင် ပြန်ရောင်းလို့ မရဘူး။ ကျနော့်အတွက် သူက အဆင်ပြေပါတယ်။ ဒါပေမယ့် ကျနော်တို့ ပိုက်ဆံ မဖြုန်းရဘူး။ သူက လစာများတဲ့ ကစားသမားပါ။ ” လို့ လော်ရန်းတစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time