ေဆာင္းပါး | ယာဂင္ကေလာ့ပ္ အသံုးျပဳခဲ့တဲ့ ေျပာင္းေရႊ႔ေၾကး ေပါင္ ၄၀၀ သန္းက ဘယ္ကရသလဲ

ယာဂင္ကေလာ့ပ္ဟာ အေျပာင္းအေရႊ႔ေတြမွာ ေငြသံုးစြဲမႈနည္းျပီး လူငယ္ေသြးသစ္ေတြကို ထိပ္တန္းအဆင့္ေရာက္ဖုိ႔ စင္တင္ေပးရာမွာ ထူးခၽြန္သူအျဖစ္ ထင္ရွားတဲ့ မန္ေနဂ်ာတစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္လို႔ လူတိုင္းက ဒါကို လက္ခံၾကတာေတာ့ မဟုတ္ပါဘူး။

ေဒါ့မြန္နဲ႔ လီဗာပူးအသင္းအတြက္ေတာ့ ယာဂင္ကေလာ့ပ္ဟာ ေရႊဥဥေပးတဲ့ ငန္းဆိုတာထက္ေတာင္ ပိုပါတယ္။ ကလပ္ႏွစ္သင္းလံုးဟာ ကေလာ့ပ္ရဲ႕ ကြင္းတြင္းရလဒ္ေကာင္ေတြ ထြက္ေပၚေစမႈ၊ ေလ့က်င့္ေရးကြင္းက အက်ိဳးထူးေတြ ရွာေဖြေပးႏုိင္မႈေၾကာင့္ ကမၻာေဘာလံုးေလာကမွာ ထိပ္တန္းအဆင့္ေတြကို ျပန္ရပ္တည္လာေစႏုိင္တာျဖစ္တယ္။

ျပိဳင္ဘက္ ပရိသတ္ေတြအတြက္ကေတာ့ ဒါက သိပ္မမွန္ပါဘူး။ ဥပမာအားျဖင့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႔ဆံုခဲ့ၾကစဥ္ ျပိဳင္ဘက္မန္ေနဂ်ာက ယာဂင္ကေလာ့ပ္ဟာ အေျပာင္းအေရႊ႔မွာ ယူရို ၅၀၀ သန္းထိ အသံုးျပဳထားျပီး ဂ်ာမနီခ်န္ပီယံအသင္းကေတာင္ အဆုိပါေငြေၾကး မသံုးႏုိင္ဘူးလို႔ ဆိုပါတယ္။ သူေျပာတာကလည္း မွားတယ္လို႔ေတာ့ မဆိုသာပါဘူး။

ယာဂင္ကေလာ့ပ္ဟာ လက္ရွိ အေကာင္းဆံုးဆိုတဲ့ လူစာရင္းရဖို႔ အေျပာင္းအေရႊ႔ ေျခာက္ခုအတြင္း အသံုးစရိတ္ ယူရို ၅၀၀ သန္း အသံုးျပဳထားျပီျဖစ္ပါတယ္။ အဲ့သည္ထဲမွာေတာ့ ဗန္ဒိုက္ကို ကမၻာစံခ်ိန္တင္ေၾကး၊ အယ္လီဆန္အတြက္ စံခ်ိန္တင္ေၾကး၊ ကိတ္တာ၊ ဖာဘင္ညိဳ၊ ခ်ိန္ဘာလိန္တို႔အတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကး ေပးေခ်ရမႈေတြလည္း ပါဝင္ပါတယ္။

ဒါေပမယ့္လို႔ အေရးပါတဲ့ အခ်က္ကေတာ့ ေျပာင္းေရႊ႔ေၾကး ေပါင္ ၄၀၀ သန္းရဖို႔ ယာဂင္ကေလာ့ပ္ဟာ လီဗာပူးပိုင္ရွင္ေတြထံက အသံုးစရိတ္ တစ္လံုးတည္း မရခဲ့ပဲ အသင္းက သူမလိုတဲ့ ကစားသမားေတြကို တစ္ႏွစ္ခ်င္း ေရာင္းထုတ္ျခင္းကေန အသံုးစရိတ္ ရွာေဖြခဲ့တာပဲျဖစ္တယ္။ ယာဂင္ကေလာ့ပ္ဟာ ေပါင္ ၄၀၀ သန္းနဲ႔ ကစားသမား အေယာက္ ၂၀ ဝယ္ခဲ့ျပီး အဲ့သည္အတြက္ လီဗာပူးအသင္းသား ၂၆ ဦးကို သူျပန္ေရာင္းခဲ့ရတာျဖစ္တယ္။

နာမည္ေက်ာ္ လီဗာပူးဝဘ္ဆိုဒ္ TIA က ေဖာ္ျပမႈအရ ေကာ္တင္ညိဳကို ေရာင္းထုတ္မႈကေတာ့ ေပါင္ ၁၄၂ သန္းထိ ရခဲ့ေပမယ့္ ေဂ်ာ္ဒန္အိုဘ္၊ ဒန္နီဝတ္၊ ဆိုလန္ကီ၊ စတီးဝပ္၊ စမစ္၊ ဘန္တီကီ၊ ဆာခို အစရွိတဲ့ ကစားသမားေတြကို ေစ်းေကာင္းေတြရဖို႔ ေနရာေပးမႈေတြ ျပဳလုပ္ျပီးမွ ျပန္ေရာင္းထုတ္ကာ ျမင့္မားတဲ့ အသံုးစရိတ္ေတြ ျပန္ရွာခဲ့တာျဖစ္တယ္။ ယာဂင္ကေလာပ့္ဟာ ႏွစ္တုိင္းမွာ အသာတင္အသံုးစရိတ္ ေပါင္ ၂၀ သန္းေက်ာ္ပဲ သံုးစြဲခဲ့ပါတယ္။

အဂၤလန္အဆင့္ျမင့္တန္းမွာ လီဗာပူးဟာ အသာတင္ အသံုးစရိတ္ထုတ္မႈ ေပါင္ ၁၂၅ သန္း ဝန္းက်င္နဲ႔ နံပါတ္ ခုႏွစ္မွာ ရွိျပီး လီဗာပူးရဲ႕ အထက္မွာေတာ့ မန္စီးတီး(ေပါင္ ၄၉၆ သန္း)၊ ယူႏုိက္တက္(ေပါင္ ၃၅၃ သန္း)၊ ခ်ယ္ဆီး(ေပါင္ ၂၀၅ သန္း)၊ အဲဗာတန္(ေပါင္ ၁၈၉ သန္း)၊ အာဆင္နယ္(ေပါင္ ၁၆၆ သန္း)၊ ဘုန္းေမာက္(ေပါင္ ၁၅၀ သန္း) တုိ႔ ရွိေနပါတယ္။

ဥေရာပ အသင္းေတြထဲမွာလဲ ပီအက္ဂ်ီ၊ ေအစီမီလန္၊ အင္တာမီလန္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္တို႔ထက္ လီဗာပူးရဲ႕ အသာတင္ အသံုးစရိတ္က နည္းပါးေနတာျဖစ္တယ္။ ဒါေတြက ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း အသံုးစရိတ္ေတြကို တြက္ခ်က္ျပထားတာျဖစ္ျပီး လီဗာပူးဟာ ဥေရာပ ဟယ္ဗီးဝိတ္ေတြထဲမွာေတာ့ ဝင္ေငြသံုးစြဲမႈ ဟန္ခ်က္အညီဆံုး အသင္းျဖစ္ေနခဲ့ပါတယ္။

မႏွစ္ကရာသီမွာ ယာဂင္ကေလာ့ပ္ဟာ ဗန္ဒိုက္အတြက္ ေပါင္ ၇၅ သန္း၊ ဂိုးသမား အယ္လီဆန္အတြက္ ေပါင္ ၆၂ သန္းတို႔ကို သံုးစြဲခဲ့တဲ့ေနာက္ လီဗာပူးဟာ ေငြမသံုးတဲ့အသင္း မဟုတ္ပဲ အေျပာင္းအေရႊ႔မွာ ေငြသံုးစြဲမႈ အရမ္းျမင့္တယ္လို႔ ျပိဳင္ဘက္ မန္ေနဂ်ာေတြက ေဝဖန္ခဲ့ၾကတယ္။ ဒါေပမယ့္လည္း လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ေပၚလစီကေတာ့ အဂၤလန္လိဂ္ရဲ႕ စံျပအသင္းအျဖစ္ ေရွ႔ဆံုးကို ေနရာပိုရလာခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က သူ႔ရဲ႕ အေကာင္းဆံုး အသင္းျဖစ္လာဖို႔ အေျပာင္းအေရႊ႔ တစ္ခုတည္းနဲ႔ ဖန္တီးခြင့္မရပဲ ႏွစ္ရွည္ စီမံခ်က္ေတြနဲ႔ တည္ေဆာက္လာခဲ့ရတာျဖစ္တယ္။ မာေနး၊ ဆာလက္၊ ဖာမင္ႏိုဆိုတဲ့ အတြဲအဖက္ကိုရဖို႔ ယာဂင္ကေလာ့ပ္ဟာ ၃ ႏွစ္ၾကာ အခ်ိန္ေစာင့္ခဲ့ရျပီး ေနာက္ထပ္ တစ္ႏွစ္ၾကာမွ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကို လီဗာပူးအတြက္ ေခၚယူႏုိင္ခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ဟာ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႔ေတြမွာ အသံုးစရိတ္ ေပါင္ ၄၀၀ သန္း သံုးစြဲႏုိင္ဖို႔ အဓိက ကစားသမားေတြ ေရာင္းထုတ္ရတာပါ။ ဒီေႏြမွာလည္း ဂရုဂ်စ္၊ ကလိုင္း ပါဝင္တဲ့ ပြဲထြက္ခြင့္ မေပးႏုိင္တဲ့ စီနီယာကစားသမားေတြနဲ႔ လူငယ္ေတြကို ေရာင္းထုတ္မႈကေန အသံုးစရိတ္ေတြ ရွာေဖြဦးမွာျဖစ္ျပီး အဆိုပါ အသံုးစရိတ္နဲ႔ပဲ လူသစ္ေတြ ထပ္ေခၚမယ္လို႔ တြက္ခ်က္ထားၾကပါတယ္။

Sports Home Time

[Unicode] ယာဂင်ကလော့ပ်ဟာ အပြောင်းအရွှေ့တွေမှာ ငွေသုံးစွဲမှုနည်းပြီး လူငယ်သွေးသစ်တွေကို ထိပ်တန်းအဆင့်ရောက်ဖို့ စင်တင်ပေးရာမှာ ထူးချွန်သူအဖြစ် ထင်ရှားတဲ့ မန်နေဂျာတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လို့ လူတိုင်းက ဒါကို လက်ခံကြတာတော့ မဟုတ်ပါဘူး။

ဒေါ့မွန်နဲ့ လီဗာပူးအသင်းအတွက်တော့ ယာဂင်ကလော့ပ်ဟာ ရွှေဥဥပေးတဲ့ ငန်းဆိုတာထက်တောင် ပိုပါတယ်။ ကလပ်နှစ်သင်းလုံးဟာ ကလော့ပ်ရဲ့ ကွင်းတွင်းရလဒ်ကောင်တွေ ထွက်ပေါ်စေမှု၊ လေ့ကျင့်ရေးကွင်းက အကျိုးထူးတွေ ရှာဖွေပေးနိုင်မှုကြောင့် ကမ္ဘာဘောလုံးလောကမှာ ထိပ်တန်းအဆင့်တွေကို ပြန်ရပ်တည်လာစေနိုင်တာဖြစ်တယ်။

ပြိုင်ဘက် ပရိသတ်တွေအတွက်ကတော့ ဒါက သိပ်မမှန်ပါဘူး။ ဥပမာအားဖြင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့ကြစဉ် ပြိုင်ဘက်မန်နေဂျာက ယာဂင်ကလော့ပ်ဟာ အပြောင်းအရွှေ့မှာ ယူရို ၅၀၀ သန်းထိ အသုံးပြုထားပြီး ဂျာမနီချန်ပီယံအသင်းကတောင် အဆိုပါငွေကြေး မသုံးနိုင်ဘူးလို့ ဆိုပါတယ်။ သူပြောတာကလည်း မှားတယ်လို့တော့ မဆိုသာပါဘူး။

ယာဂင်ကလော့ပ်ဟာ လက်ရှိ အကောင်းဆုံးဆိုတဲ့ လူစာရင်းရဖို့ အပြောင်းအရွှေ့ ခြောက်ခုအတွင်း အသုံးစရိတ် ယူရို ၅၀၀ သန်း အသုံးပြုထားပြီဖြစ်ပါတယ်။ အဲ့သည်ထဲမှာတော့ ဗန်ဒိုက်ကို ကမ္ဘာစံချိန်တင်ကြေး၊ အယ်လီဆန်အတွက် စံချိန်တင်ကြေး၊ ကိတ်တာ၊ ဖာဘင်ညို၊ ချိန်ဘာလိန်တို့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရမှုတွေလည်း ပါဝင်ပါတယ်။

ဒါပေမယ့်လို့ အရေးပါတဲ့ အချက်ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၄၀၀ သန်းရဖို့ ယာဂင်ကလော့ပ်ဟာ လီဗာပူးပိုင်ရှင်တွေထံက အသုံးစရိတ် တစ်လုံးတည်း မရခဲ့ပဲ အသင်းက သူမလိုတဲ့ ကစားသမားတွေကို တစ်နှစ်ချင်း ရောင်းထုတ်ခြင်းကနေ အသုံးစရိတ် ရှာဖွေခဲ့တာပဲဖြစ်တယ်။ ယာဂင်ကလော့ပ်ဟာ ပေါင် ၄၀၀ သန်းနဲ့ ကစားသမား အယောက် ၂၀ ဝယ်ခဲ့ပြီး အဲ့သည်အတွက် လီဗာပူးအသင်းသား ၂၆ ဦးကို သူပြန်ရောင်းခဲ့ရတာဖြစ်တယ်။

နာမည်ကျော် လီဗာပူးဝဘ်ဆိုဒ် TIA က ဖော်ပြမှုအရ ကော်တင်ညိုကို ရောင်းထုတ်မှုကတော့ ပေါင် ၁၄၂ သန်းထိ ရခဲ့ပေမယ့် ဂျော်ဒန်အိုဘ်၊ ဒန်နီဝတ်၊ ဆိုလန်ကီ၊ စတီးဝပ်၊ စမစ်၊ ဘန်တီကီ၊ ဆာခို အစရှိတဲ့ ကစားသမားတွေကို ဈေးကောင်းတွေရဖို့ နေရာပေးမှုတွေ ပြုလုပ်ပြီးမှ ပြန်ရောင်းထုတ်ကာ မြင့်မားတဲ့ အသုံးစရိတ်တွေ ပြန်ရှာခဲ့တာဖြစ်တယ်။ ယာဂင်ကလောပ့်ဟာ နှစ်တိုင်းမှာ အသာတင်အသုံးစရိတ် ပေါင် ၂၀ သန်းကျော်ပဲ သုံးစွဲခဲ့ပါတယ်။

အင်္ဂလန်အဆင့်မြင့်တန်းမှာ လီဗာပူးဟာ အသာတင် အသုံးစရိတ်ထုတ်မှု ပေါင် ၁၂၅ သန်း ဝန်းကျင်နဲ့ နံပါတ် ခုနှစ်မှာ ရှိပြီး လီဗာပူးရဲ့ အထက်မှာတော့ မန်စီးတီး(ပေါင် ၄၉၆ သန်း)၊ ယူနိုက်တက်(ပေါင် ၃၅၃ သန်း)၊ ချယ်ဆီး(ပေါင် ၂၀၅ သန်း)၊ အဲဗာတန်(ပေါင် ၁၈၉ သန်း)၊ အာဆင်နယ်(ပေါင် ၁၆၆ သန်း)၊ ဘုန်းမောက်(ပေါင် ၁၅၀ သန်း) တို့ ရှိနေပါတယ်။

ဥရောပ အသင်းတွေထဲမှာလဲ ပီအက်ဂျီ၊ အေစီမီလန်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့ထက် လီဗာပူးရဲ့ အသာတင် အသုံးစရိတ်က နည်းပါးနေတာဖြစ်တယ်။ ဒါတွေက ၂၀၁၅ ခုနှစ်နောက်ပိုင်း အသုံးစရိတ်တွေကို တွက်ချက်ပြထားတာဖြစ်ပြီး လီဗာပူးဟာ ဥရောပ ဟယ်ဗီးဝိတ်တွေထဲမှာတော့ ဝင်ငွေသုံးစွဲမှု ဟန်ချက်အညီဆုံး အသင်းဖြစ်နေခဲ့ပါတယ်။

မနှစ်ကရာသီမှာ ယာဂင်ကလော့ပ်ဟာ ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်း၊ ဂိုးသမား အယ်လီဆန်အတွက် ပေါင် ၆၂ သန်းတို့ကို သုံးစွဲခဲ့တဲ့နောက် လီဗာပူးဟာ ငွေမသုံးတဲ့အသင်း မဟုတ်ပဲ အပြောင်းအရွှေ့မှာ ငွေသုံးစွဲမှု အရမ်းမြင့်တယ်လို့ ပြိုင်ဘက် မန်နေဂျာတွေက ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့်လည်း လီဗာပူးရဲ့ အပြောင်းအရွှေ့ ပေါ်လစီကတော့ အင်္ဂလန်လိဂ်ရဲ့ စံပြအသင်းအဖြစ် ရှေ့ဆုံးကို နေရာပိုရလာခဲ့ပါတယ်။

ယာဂင်ကလော့ပ်က သူ့ရဲ့ အကောင်းဆုံး အသင်းဖြစ်လာဖို့ အပြောင်းအရွှေ့ တစ်ခုတည်းနဲ့ ဖန်တီးခွင့်မရပဲ နှစ်ရှည် စီမံချက်တွေနဲ့ တည်ဆောက်လာခဲ့ရတာဖြစ်တယ်။ မာနေး၊ ဆာလက်၊ ဖာမင်နိုဆိုတဲ့ အတွဲအဖက်ကိုရဖို့ ယာဂင်ကလော့ပ်ဟာ ၃ နှစ်ကြာ အချိန်စောင့်ခဲ့ရပြီး နောက်ထပ် တစ်နှစ်ကြာမှ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကို လီဗာပူးအတွက် ခေါ်ယူနိုင်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ အသုံးစရိတ် ပေါင် ၄၀၀ သန်း သုံးစွဲနိုင်ဖို့ အဓိက ကစားသမားတွေ ရောင်းထုတ်ရတာပါ။ ဒီနွေမှာလည်း ဂရုဂျစ်၊ ကလိုင်း ပါဝင်တဲ့ ပွဲထွက်ခွင့် မပေးနိုင်တဲ့ စီနီယာကစားသမားတွေနဲ့ လူငယ်တွေကို ရောင်းထုတ်မှုကနေ အသုံးစရိတ်တွေ ရှာဖွေဦးမှာဖြစ်ပြီး အဆိုပါ အသုံးစရိတ်နဲ့ပဲ လူသစ်တွေ ထပ်ခေါ်မယ်လို့ တွက်ချက်ထားကြပါတယ်။

Sports Home Time