တတိယေျမာက္ ေခၚယူမႈ ျပဳလုပ္ႏုိင္ဖို႔ သတင္းေကာင္း စတင္ကာ ၾကားရလာတဲ့ ယူႏုိက္တက္

ယူႏိုက္တက္က အလိုရွိေနတဲ့ ဝက္ဟမ္းအသင္းမွ ခံစစ္မွဴး ဒီေအာ့ဟာ အနာဂတ္ကိစၥေတြအေပၚ ပက္သက္ျပီး လန္ဒန္ကလပ္အသင္း တာဝန္ရွိသူေတြနဲ႔ စကားေျပာေတာ့မယ္လို႔ Sky Sports က ေဖာ္ျပသြားပါတယ္။

လြန္ခဲ့တဲ့ႏွစ္ကမွ ျပင္သစ္လိဂ္ကေန ေပါင္ ၂၂ သန္းေပးျပီး ေခၚယူခဲ့ရတဲ့ ဒီေအာ့ဟာ လန္ဒန္မွာ အဆင္ေျပေနျပီး ေပ်ာ္ရႊင္ေနဆဲျဖစ္တယ္။ သူဟာ ငါးႏွစ္စာခ်ဳပ္နဲ႔အတူ ဝက္ဟမ္းကို ေရာက္လာခဲ့တာျဖစ္ျပီး တိုးတက္လာတဲ့ ပံုစံေကာင္းေတြေၾကာင့္ ခံစစ္မွဴး အရွာထြက္ေနတဲ့ ယူႏိုက္တက္ရဲ႕ ခ်ိန္ရြယ္မႈထဲ ဝင္ေရာက္လာပါတယ္။

ယူႏုိက္တက္ဟာ ဒီေအာ့ကို ေပါင္ ၄၅ သန္းထိ ေပးျပီး ေခၚယူလိုေနခဲ့ေပမယ့္ ဝက္ဟမ္းဘက္က ေရာင္းထုတ္ဖို႔ စိတ္မဝင္စားပါဘူး။ ဝက္ဟမ္းဘက္ကေတာ့ ဒီေအာ့က ဘယ္လို ခံစစ္သမားေကာင္းလည္းဆိုတာ ယူႏုိက္တက္ဘက္က သိဖို႔ရာ မာကက္တင္းေကာင္းေကာင္းေတြ လုပ္လာခဲ့ျပီး မေန႔ကပဲ ၄င္းတို႔ရဲ႕ တရားဝင္ တြစ္တာကေန ဒီေအာ့ရဲ႕ ဖ်က္ထုတ္မႈေကာင္းေတြနဲ႔ သြင္းဂိုးေတြကို ဗီဒီယိုနဲ႔ စုစည္း ေဖာ္ျပခဲ့ပါတယ္။

ဝက္ဟမ္းဟာ ဒီေအာ့ကို ေရာင္းထုတ္ဖို႔ စိတ္မဝင္စားေပမယ့္ ယူႏုိက္တက္ဘက္က တရားဝင္ ကမ္းလွမ္းမႈေတြ ထပ္လာမလား မသိရေသးပါဘူး။ ယူႏုိက္တက္ဘက္က ဒီေအာ့ကို ေခၚယူလိုတယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၇၅ သန္း (သို႔) ယူႏုိက္တက္ ကစားသမား တစ္ဦးကို ျပန္လည္ေရာင္းထုတ္ေပးဖို႔ အစရွိတဲ့ ေတာင္းဆိုမႈမ်ိဳးေတြကို သတင္းျပန္ခဲ့ပါတယ္။

အေစာတုန္းက ဝက္ဟမ္းဘက္က ေတာင္းဆိုတဲ့ ကစားသမားနာမည္ကို မသိရေပမယ့္ Sky Sports ကေတာ့ လန္ဒန္ကလပ္ဟာ ယူႏုိက္တက္ အကယ္ဒမီထြက္ ကြင္းလယ္ၾကယ္ပြင့္ ေတာ္မီေနးကို ျပန္ေရာင္းေပးဖို႔ ေမးျမန္းခဲ့တယ္လို႔ ၄င္းသတင္းဌာနက ေဖာ္ျပခဲ့တာျဖစ္တယ္။

ျပင္သစ္သား ခံစစ္သမားရဲ႕ ကိုယ္စားလွယ္ေတြကေတာ့ လန္ဒန္အသင္း တာဝန္ရွိသူေတြနဲ႔ ဒီရက္ေတြထဲမွာ အနာဂတ္ကိစၥ စကားေျပာမွာျဖစ္ျပီး အဲ့သည္ကေန ထြက္ရွိလာတဲ့ သက္ေရာက္မႈဟာ ယူႏုိက္တက္တို႔ ေနာက္တစ္ၾကိမ္ ကမ္းလွမ္းမႈ လုပ္မလားအတြက္ အေျဖ ျဖစ္လာေစပါမယ္။

Sports Home Time

[Unicode] ယူနိုက်တက်က အလိုရှိနေတဲ့ ဝက်ဟမ်းအသင်းမှ ခံစစ်မှူး ဒီအော့ဟာ အနာဂတ်ကိစ္စတွေအပေါ် ပက်သက်ပြီး လန်ဒန်ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ စကားပြောတော့မယ်လို့ Sky Sports က ဖော်ပြသွားပါတယ်။

လွန်ခဲ့တဲ့နှစ်ကမှ ပြင်သစ်လိဂ်ကနေ ပေါင် ၂၂ သန်းပေးပြီး ခေါ်ယူခဲ့ရတဲ့ ဒီအော့ဟာ လန်ဒန်မှာ အဆင်ပြေနေပြီး ပျော်ရွှင်နေဆဲဖြစ်တယ်။ သူဟာ ငါးနှစ်စာချုပ်နဲ့အတူ ဝက်ဟမ်းကို ရောက်လာခဲ့တာဖြစ်ပြီး တိုးတက်လာတဲ့ ပုံစံကောင်းတွေကြောင့် ခံစစ်မှူး အရှာထွက်နေတဲ့ ယူနိုက်တက်ရဲ့ ချိန်ရွယ်မှုထဲ ဝင်ရောက်လာပါတယ်။

ယူနိုက်တက်ဟာ ဒီအော့ကို ပေါင် ၄၅ သန်းထိ ပေးပြီး ခေါ်ယူလိုနေခဲ့ပေမယ့် ဝက်ဟမ်းဘက်က ရောင်းထုတ်ဖို့ စိတ်မဝင်စားပါဘူး။ ဝက်ဟမ်းဘက်ကတော့ ဒီအော့က ဘယ်လို ခံစစ်သမားကောင်းလည်းဆိုတာ ယူနိုက်တက်ဘက်က သိဖို့ရာ မာကက်တင်းကောင်းကောင်းတွေ လုပ်လာခဲ့ပြီး မနေ့ကပဲ ၎င်းတို့ရဲ့ တရားဝင် တွစ်တာကနေ ဒီအော့ရဲ့ ဖျက်ထုတ်မှုကောင်းတွေနဲ့ သွင်းဂိုးတွေကို ဗီဒီယိုနဲ့ စုစည်း ဖော်ပြခဲ့ပါတယ်။

ဝက်ဟမ်းဟာ ဒီအော့ကို ရောင်းထုတ်ဖို့ စိတ်မဝင်စားပေမယ့် ယူနိုက်တက်ဘက်က တရားဝင် ကမ်းလှမ်းမှုတွေ ထပ်လာမလား မသိရသေးပါဘူး။ ယူနိုက်တက်ဘက်က ဒီအော့ကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း (သို့) ယူနိုက်တက် ကစားသမား တစ်ဦးကို ပြန်လည်ရောင်းထုတ်ပေးဖို့ အစရှိတဲ့ တောင်းဆိုမှုမျိုးတွေကို သတင်းပြန်ခဲ့ပါတယ်။

အစောတုန်းက ဝက်ဟမ်းဘက်က တောင်းဆိုတဲ့ ကစားသမားနာမည်ကို မသိရပေမယ့် Sky Sports ကတော့ လန်ဒန်ကလပ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကွင်းလယ်ကြယ်ပွင့် တော်မီနေးကို ပြန်ရောင်းပေးဖို့ မေးမြန်းခဲ့တယ်လို့ ၎င်းသတင်းဌာနက ဖော်ပြခဲ့တာဖြစ်တယ်။

ပြင်သစ်သား ခံစစ်သမားရဲ့ ကိုယ်စားလှယ်တွေကတော့ လန်ဒန်အသင်း တာဝန်ရှိသူတွေနဲ့ ဒီရက်တွေထဲမှာ အနာဂတ်ကိစ္စ စကားပြောမှာဖြစ်ပြီး အဲ့သည်ကနေ ထွက်ရှိလာတဲ့ သက်ရောက်မှုဟာ ယူနိုက်တက်တို့ နောက်တစ်ကြိမ် ကမ်းလှမ်းမှု လုပ်မလားအတွက် အဖြေ ဖြစ်လာစေပါမယ်။

Sports Home Time