ေနမာ အ၀င္ ေပါ့ဘာ အထြက္၊ ဒီလစ္၊ တီမို၀ါနာနဲ႕ အျပီးသတ္ ေခၚယူမႈေတြ ပါ၀င္တဲ့ ညေနခင္း ေနာက္ဆံုးရ သတင္းမ်ား

[Zawgyi] မန္စီးတီး အသင္းမန္ေနဂ်ာ ပက္ ဂြာဒီယိုလာဟာ အသက္ ၃၅ နွစ္အရြယ္ အီဘာ ဂိုးသမား Asier Riesgo ကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူဖို႔ ၾကိဳးစားလာပါတယ္။ ၄င္းက ျပီးခဲ့တဲ့ ရာသီ လာလာီဂါပြဲ ၁၄ ပြဲ ပြဲထြက္ကစားထားပါတယ္။

အာဆင္နယ္ ရရွိထားတဲ့ အေျပာင္းအေရႊ႕စရိတ္က အလြန္နည္းပါးေနျပီး ကလပ္အသင္းအတြက္ လံုေလာက္နဲ႕ ပမာဏ မဟုတ္ေၾကာင္း ဂန္းနားေဟာင္းၾကီး ေရာဘတ္ ပီးယာ့စ္က သတိေပးလိုက္ပါတယ္။ အာဆင္နယ္ဟာ သံုးရာသီဆက္ ခ်န္ပီယံလိဂ္ ကစားခြင့္ လြဲေခ်ာ္ထားျပီး ကစားသမားသစ္မ်ား ေခၚယူေရးမွာ ပိုမို အခက္ေတြ႔ေနပါတယ္။

ျပင္သစ္လီဂူး ၀မ္း ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းဟာ ေစ်းကြက္ထဲမွာ ကြင္းလယ္ကစားသမား ရွာေဖြေနျပီး မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ေပါ့ဘာကို ေခၚယူဖို႔ မ်က္စိက်ေနတယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီမွ ရာဘီေရာ့ဘ္ ထြက္ခြာမွာ ျဖစ္လို႔ ေပါ့ဘာကို ၄င္း ေနရာ အစားထိုး လိုေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ ေပါ့ဘာကို ထိန္းထားလိုေပမယ့္ ကစားသမားကို ဆံုးရွံဳးရပါက ပီအက္စ္ဂ်ီမွ ေနမာကို ေခၚဖို႔ ျပန္လည္ ၾကိဳးစား လာဖြယ္ ရွိပါတယ္။ ေပါ့ဘာေရာ ေနမာပါ ၾကယ္ပြင့္ ကစားသမား နွစ္ေယာက္လံုးက လက္ရွိကလပ္အသင္းေတြကေန အသီးသီး ေျပာင္းေရႊ႕ လိုေနပါတယ္။

လီဗာပူးအသင္းဟာ ေအဂ်က္ခံစစ္မွဴး ဒီလစ္ကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္ဆိုိရင္ ေျခလွမ္း ရုပ္သိမ္းသင့္ျပီ ျဖစ္ေၾကာင္းနဲ႕ ဒီလစ္ဟာ တျခားအသင္းကို သြြားဖို႔ ရည္ရြယ္ရင္း ရွိျပီသားလို႔ လီဗာပူးကစားသမားေဟာင္းၾကီး ဂၽြန္ အဲဒရစ္ခ်္က သတိေပး စကား ဆိုလိုက္ပါတယ္။

ခ်ယ္ဆီးလူငယ္တုိက္စစ္သမား Martell Taylor-Crossdale ဟာ ဂ်ာမနီကလပ္ ေဟာ့ဖန္ဟိန္းနဲ႔ ပူးေပါင္းဖို႔ သေဘာတူညီမႈ ရခဲ့တဲ့ေနာက္ ဒီကေန႔မွာပဲ ဂ်ာမနီကို ေဆးစစ္ဖို႔ ထြက္ခြာသြားျပီျဖစ္ပါတယ္။

ဒါဘီဘက္ကေတာ့ ၄င္းတို႔ရဲ႕ မန္ေနဂ်ာျဖစ္သူ လမ္းပတ္အတြက္ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးဘက္ကေန ခ်ဥ္းကပ္မႈေတြ လုပ္မလာေသးဘူး လို႔ ဆိုပါတယ္။

လက္စတာအသင္းဟာ ညာအစြန္လူေနရာအတြက္ လိဂ္ဝမ္းကလပ္ လူတန္အသင္းမွ ဂ်ိမ္းေအာ္စတင္ကို ေခၚယူဖို႔ ၾကိဳးစားေနပါတယ္။ လိဂ္ ဝမ္းရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ခဲ့ျပီး ခ်န္ပီယံရွစ္ကို တန္းတက္လာတဲ့ လူတန္အသင္းရဲ႕ ၾကယ္ပြင့္ကို အက္စတြန္ဗီလာကလည္း ေခၚယူလို႔ ၾကိဳးစားေနပါတယ္။

အက္စတြန္ဗီလာအသင္းဟာ ပရီးမီးယားလိဂ္ ဝုဗ္အသင္းမွ တစ္ရာသီ အငွားလာေရာက္ ကစားေနခဲ့တဲ့ Kortney Hause ကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူခဲ့ျပီျဖစ္ပါတယ္။

ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္းကေတာ့ ၄င္းတို႔ရဲ႕ တုိက္စစ္သမား တီမိုဝါနာကို ကမ္းလွမ္းမႈေတြ မရေသးဘူးလို႔ ထုတ္ေျပာလာပါတယ္။ ၂၀၂၀ ဇြန္လမွာ စာခ်ဳပ္ကုန္မယ့္ ဂ်ာမနီလက္ေရြးစင္ဟာ လိုက္ဇစ္နဲ႔ သက္တမ္းတိုးဖို႔ ျငင္းဆန္ထားလို႔ သူ႔ကို ေရာင္းထုတ္ရဖို႔ ရွိေနတာပါ။

Sports Home Time

[Unicode] မန်စီးတီး အသင်းမန်နေဂျာ ပက်ဂွာဒီယိုလာဟာ အသက် ၃၅ နှစ်အရွယ် အီဘာ ဂိုးသမား Asier Riesgo ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ ၎င်းက ပြီးခဲ့တဲ့ ရာသီ လာလာီဂါပွဲ ၁၄ ပွဲ ပွဲထွက်ကစားထားပါတယ်။

အာဆင်နယ် ရရှိထားတဲ့ အပြောင်းအရွှေ့စရိတ်က အလွန်နည်းပါးနေပြီး ကလပ်အသင်းအတွက် လုံလောက်နဲ့ ပမာဏ မဟုတ်ကြောင်း ဂန်းနားဟောင်းကြီး ရောဘတ် ပီးယာ့စ်က သတိပေးလိုက်ပါတယ်။ အာဆင်နယ်ဟာ သုံးရာသီဆက် ချန်ပီယံလိဂ် ကစားခွင့် လွဲချော်ထားပြီး ကစားသမားသစ်များ ခေါ်ယူရေးမှာ ပိုမို အခက်တွေ့နေပါတယ်။

ပြင်သစ်လီဂူး ဝမ်း ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမား ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီမှ ရာဘီရော့ဘ် ထွက်ခွာမှာ ဖြစ်လို့ ပေါ့ဘာကို ၎င်း နေရာ အစားထိုး လိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဘာကို ထိန်းထားလိုပေမယ့် ကစားသမားကို ဆုံးရှုံးရပါက ပီအက်စ်ဂျီမှ နေမာကို ခေါ်ဖို့ ပြန်လည် ကြိုးစားလာဖွယ် ရှိပါတယ်။ ပေါ့ဘာရော နေမာပါ ကြယ်ပွင့် ကစားသမား နှစ်ယောက်လုံးက လက်ရှိကလပ်အသင်းတွေကနေ အသီးသီး ပြောင်းရွှေ့လိုနေပါတယ်။

လီဗာပူးအသင်းဟာ အေဂျက်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုရင် ခြေလှမ်း ရုပ်သိမ်းသင့်ပြီ ဖြစ်ကြောင်းနဲ့ ဒီလစ်ဟာ တခြားအသင်းကို သွားဖို့ ရည်ရွယ်ရင်း ရှိပြီသားလို့ လီဗာပူးကစားသမားဟောင်းကြီး ဂျွန် အဲဒရစ်ချ်က သတိပေး စကား ဆိုလိုက်ပါတယ်။

ချယ်ဆီးလူငယ်တိုက်စစ်သမား Martell Taylor-Crossdale ဟာ ဂျာမနီကလပ် ဟော့ဖန်ဟိန်းနဲ့ ပူးပေါင်းဖို့ သဘောတူညီမှု ရခဲ့တဲ့နောက် ဒီကနေ့မှာပဲ ဂျာမနီကို ဆေးစစ်ဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒါဘီဘက်ကတော့ ၎င်းတို့ရဲ့ မန်နေဂျာဖြစ်သူ လမ်းပတ်အတွက် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးဘက်ကနေ ချဉ်းကပ်မှုတွေ လုပ်မလာသေးဘူး လို့ ဆိုပါတယ်။

လက်စတာအသင်းဟာ ညာအစွန်လူနေရာအတွက် လိဂ်ဝမ်းကလပ် လူတန်အသင်းမှ ဂျိမ်းအော်စတင်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ လိဂ် ဝမ်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ချန်ပီယံရှစ်ကို တန်းတက်လာတဲ့ လူတန်အသင်းရဲ့ ကြယ်ပွင့်ကို အက်စတွန်ဗီလာကလည်း ခေါ်ယူလို့ ကြိုးစားနေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ဝုဗ်အသင်းမှ တစ်ရာသီ အငှားလာရောက် ကစားနေခဲ့တဲ့ Kortney Hause ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းကတော့ ၎င်းတို့ရဲ့ တိုက်စစ်သမား တီမိုဝါနာကို ကမ်းလှမ်းမှုတွေ မရသေးဘူးလို့ ထုတ်ပြောလာပါတယ်။ ၂၀၂၀ ဇွန်လမှာ စာချုပ်ကုန်မယ့် ဂျာမနီလက်ရွေးစင်ဟာ လိုက်ဇစ်နဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားလို့ သူ့ကို ရောင်းထုတ်ရဖို့ ရှိနေတာပါ။

Sports Home Time