[Zawgyi] ေဆာက္သမ္တန္နဲ႕ပြဲ ပထမပိုင္းအျပီးမွာ အာဆင္နယ္ကစားသမား ဘယ္လာရင္က ေထာင့္နင္းေထာ့နင္းနဲ႕ ကြင္းထဲက ထြက္ခြာ သြားခဲ့ရတာပါ။ ပြဲအျပီးမွာေတာ့ အာဆင္နယ္နည္းျပ အမ္မရီက ဘယ္လာရင္ရဲ႕ အေျခအေနကို ေျဖၾကားခဲ့ပါတယ္။
“ဘယ္လာရင္ အနည္းငယ္ ထိခို္က္သြားပါတယ္။ သီတင္းပတ္ အနည္းငယ္ေလာက္ နားရမယ္ က်ေနာ္ထင္တယ္။ က်ေနာ္တို႔က ကစားသမားတိုင္းကို အသင္းအတြက္ လိုအပ္ပါတယ္။ မနက္ျဖန္နဲ႕ အဂၤါေန႔မွာ အေျခအေနေစာင့္ၾကည့္ဦးမွာပါ။ ဗုဒၶဟူးေန႔မွာေတာ့ က်ေနာ္တို႔ ပြဲ ကစားဖို႔ရွိတယ္။”
“ဆိုကေရးတစ္ကလည္း ျပန္ေကာင္းလာေနပါျပီ။ မူစတာဖီနက္နဲ႕ ကိုလာစီနက္တို႔ ကစားနုိင္မလားလဲ ၾကည့္ရဦးမွာပါ။ လာမယ့္ပြဲေတြအတြက္ ကိုစီရယ္နီေတာ့ က်ေန္ာတို႔နဲ႕ ကစားနိုင္ဖို႔ ရွိေနတာ သတင္းေကာင္းပါ။ ပြဲရလဒ္က မေကာင္းဘူး ဒါေပပမယ့္ အသင္းအတြက္ ကစားသမားေတြ ျပန္ေကာင္းလာဖို႔ သိပ္အေရးၾကီးေနပါတယ္။” လို႔ အမ္မရီက ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာ သြင္းသြားတဲ့ ခ်ာလီ ေအာ္စတင္ ရဲ႕ ေနာက္က် ေခါင္းတုိက္ဂုိးေၾကာင့္ အာဆင္နယ္ရဲ႕ ၂၂ ပြဲ ဆက္ ရွံဳးပြဲ မရွိ မွတ္တမ္းက စိန္႔ေမရီကြင္းမွာ ကစားတဲ့ ၂၃ ပြဲေျမာက္မွာ ရပ္တန္႔သြားခဲ့ရပါျပီ။ ေအာ္စတင္ရဲ႕ ဂိုးကို မကာကြယ္နုိင္ခဲ့တဲ့ ဂိုးသမား လီႏိုအေပၚလည္း ပရိသတ္ေတြက ေ၀ဖန္မႈေတြ ရွိေနၾကပါတယ္။
Sports Home Time
[Unicode] ဆောက်သမ်တန်နဲ့ပွဲ ပထမပိုင်းအပြီးမှာ အာဆင်နယ်ကစားသမား ဘယ်လာရင်က ထောင့်နင်းထော့နင်းနဲ့ ကွင်းထဲက ထွက်ခွာ သွားခဲ့ရတာပါ။ ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အမ်မရီက ဘယ်လာရင်ရဲ့ အခြေအနေကို ဖြေကြားခဲ့ပါတယ်။
“ဘယ်လာရင် အနည်းငယ် ထိခိုက်သွားပါတယ်။ သီတင်းပတ် အနည်းငယ်လောက် နားရမယ် ကျနော်ထင်တယ်။ ကျနော်တို့က ကစားသမားတိုင်းကို အသင်းအတွက် လိုအပ်ပါတယ်။ မနက်ဖြန်နဲ့ အင်္ဂါနေ့မှာ အခြေအနေစောင့်ကြည့်ဦးမှာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ ကျနော်တို့ ပွဲ ကစားဖို့ရှိတယ်။”

“ဆိုကရေးတစ်ကလည်း ပြန်ကောင်းလာနေပါပြီ။ မူစတာဖီနက်နဲ့ ကိုလာစီနက်တို့ ကစားနိုင်မလားလဲ ကြည့်ရဦးမှာပါ။ လာမယ့်ပွဲတွေအတွက် ကိုစီရယ်နီတော့ ကျနေ်ာတို့နဲ့ ကစားနိုင်ဖို့ ရှိနေတာ သတင်းကောင်းပါ။ ပွဲရလဒ်က မကောင်းဘူး ဒါပေပမယ့် အသင်းအတွက် ကစားသမားတွေ ပြန်ကောင်းလာဖို့ သိပ်အရေးကြီးနေပါတယ်။” လို့ အမ်မရီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ပွဲချိန် ၈၅ မိနစ်မှာ သွင်းသွားတဲ့ ချာလီ အော်စတင် ရဲ့ နောက်ကျ ခေါင်းတိုက်ဂိုးကြောင့် အာဆင်နယ်ရဲ့ ၂၂ ပွဲ ဆက် ရှုံးပွဲ မရှိ မှတ်တမ်းက စိန့်မေရီကွင်းမှာ ကစားတဲ့ ၂၃ ပွဲမြောက်မှာ ရပ်တန့်သွားခဲ့ရပါပြီ။ အော်စတင်ရဲ့ ဂိုးကို မကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား လီနိုအပေါ်လည်း ပရိသတ်တွေက ဝေဖန်မှုတွေ ရှိနေကြပါတယ်။
Sports Home Time
