စေနေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] မန္စီးတီး ဂိုးသမား အီဒါဆန္ဟာ ကြင္းလယ္မွာေတာင္ ေဘာလံုးကိုင္ျပီး ၀င္ေရာက္ ကစားနုိင္သူ ျဖစ္တယ္လို႔ ဘာနာဒို ေဆးလ္ဗားက အသင္းေဖာ္ကို ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

မန္စီးတီးဟာ ဂ်ဴဗင္တပ္မွ ကန္ဆယ္လိုကို ေခၚယူဖို႔ ၾကိဳးစားေနေပမယ့္လို႔ အသင္း လက္ရွိခံစစ္မွဴး ေ၀ၚကာနဲ႕ ၂နွစ္ သက္တမ္းတိုး စာခ်ဳပ္ ထပ္မံခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။ ေ၀ၚကာက ၂၀၁၇ ေႏြမွာ မန္စီးတီးထံ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၅၀ နဲ႕ ေရာက္ရွိလာတာ ျဖစ္ျပီး လက္ရွိ စာခ်ဳပ္မွာတင္ ၃ နွစ္ သက္တမ္း က်န္ရွိပါေသးတယ္။

CIES အဖြဲ႕ က ေနာက္ဆံုးထုတ္ျပန္တဲ့ စာရင္းအရ လီဗာပူး ခံစစ္မွဴး ထရန္႔ အလက္ဇႏၵါးအာနိုးရဲ႕ တန္ေၾကးဟာ ေပါင္ ၁၁၅.၉ သန္းထိ ေရာက္သြားျပီး ကမၻာ့ေစ်းအၾကီးဆံုး ခံစစ္မွဴး ျဖစ္လာခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ဗိုလ္စြဲျပီးေနာက္ ဆုဖလားေအာင္ျမင္မႈေတြ ရယူဖို႔ ပိုမို ဆာေလာင္လာခဲ့ျပီလို႔ ခံစစ္မွဴး ဗန္ဒိုက္က ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လမ္းပတ္ကို ဆာရီေနရာ ဆက္ခံမယ့္ နည္းျပအျဖစ္ ခန္႔အပ္လိုပါက ဒါဘီအသင္းဘက္က ၄င္းတို႔ မန္ေနဂ်ာ အတြက္ ေလ်ာ္ေၾကး ေပါင္ ၄ သန္း ေတာင္းဆိုသြားေတာ့မွာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ရာသီ၀က္ အငွားလာကစားသြားတဲ့ တိုက္စစ္မွဴး ဟီဂူအင္ဟာ ခ်ယ္ဆီးအသင္းက အျပီးသတ္၀ယ္ယူမႈ မျပဳလုပ္ေတာ့တာေၾကာင့္ မိခင္ကလပ္ ဂ်ဴဗင္တပ္ဆီ ျပန္သြားရဖို႔ ရွိေနျပီး ၄င္းကို ဂ်ဴဗင္တပ္ကလည္း ရိုးမားခံစစ္မွဴး မန္နိုလက္စ္နဲ႕ တိုက္ရိုက္ အလဲအထပ္ ျပဳလုပ္လိုေနပါတယ္။

စပါးနည္းျပ ပိုခ်က္တီနိုဟာ အသင္း ဥကၠဌ Levy ထံ ၄င္း ၀ယ္ယူလိုတဲ့ ကစားသမား စာရင္းကို ေပးအပ္လိုက္ျပီ ျဖစ္ကာ အသင္းဘက္က ေထာက္ပံ့မႈအျပည့္နဲ႕ ေခၚယူေပးနုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ပိုခ်က္တီနို ၀ယ္ယူလိုတဲ့ ကစားသမားေတြထဲမွာ အမ္ ဒြမ္ဘီလီ၊ ဗန္ဒါဘိ၊ ဇန္နီယိုလို၊ ဆီဂတ္ဆန္တို႔ ပါ၀င္ေနျပီး ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးမ်ား သံုးကာ ေခၚယူရဖြယ္ ရွိပါတယ္။

အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ ဘုန္းေမာက္ေတာင္ပံကစားသမား ရိုင္ယန္ ဖေရဇာက ၄င္းကို တရား၀င္ ကမ္းလွမ္းမႈ မရွိေသးေၾကာင္း ၀န္ခံေျပာဆိုလိုက္ျပီး ေနာက္ရာသီ ဘုန္းေမာက္မွာပဲ ဆက္ရွိသြားနုိင္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ား ျဖစ္တဲ့ အာဆင္နယ္၊ ၀ုဗ္နဲ႕ လက္စတာအသင္းတို႔ဟာ အင္တာမီလန္ တိုက္စစ္သမား ပါရီဆစ္ကို ေခၚယူဖို႔ အျပိဳင္အဆိုင္ စိတ္၀င္စားလာပါတယ္။ အင္တာ နည္းျပသစ္ ကြန္တီကလည္း လူစာရင္း အေျပာင္းအလဲေတြ ျပဳလုုပ္ခ်င္ေနတာေၾကာင့္ ပါရီဆစ္ကို ေရာင္းလိုေနျပီး ယူရို သန္း ၃၀ -၃၅ ၀န္းက်င္နဲ႕ ေခၚယူနုိင္မွာပါ။

ယူနိုက္တက္ နဲ႔ လီဗာပူးတို႔ဟာ လာမယ့္ရာသီ ယူ-၂၁ အသင္းသားေတြ အဓိက ပါဝင္ယွဥ္ျပိဳင္ၾကတဲ့ U-21 EFL ဆုဖလားကို ပါဝင္ယွဥ္ျပိဳင္ဖုိ႔ အတည္ျပဳခဲ့ပါျပီ။ လူငယ္ျခံေပါက္ ကစားသမားေတြကို ပြဲထြက္ခြင့္ ပိုေပးႏုိင္ဖုိ႔ ပြဲစဥ္တစ္ခု ထပ္တိုးလာျခင္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဘက္က စပို႔တင္းလစၥဘြန္း ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ကို ကနဦး ေျပာင္းေရႊ႔ေၾကး ယူရို သန္း ၆၀ နဲ႔ ညိႏိႈင္းထားျပီး စြမး္ေဆာင္ရည္ အလိုက္ ယူရို ၇၅ သန္းထိ ေရာက္ႏုိင္တဲ့ ကမ္းလွမ္းမႈျဖစ္တယ္လုိ႔ သတင္းထြက္ေနပါတယ္။ ဒီသတင္းကို အဂၤလန္ သတင္းဌာနၾကီးေတြကေတာ့ အတည္ျပဳမလာေသးပါဘူး။

ယူနိုက္တက္ဟာ ကလပ္အသင္း လူငယ္ကစားသမားေတြျဖစ္တဲ့ တြမ္ဇမ္ဘီ၊ တာဟစ္ေခ်င္၊ ေမဆန္ဂရင္းဝုဒ္ အပါအဝင္ လူငယ္ကစားသမား အမ်ားအျပားကို လာမယ့္ရာသီ အငွားခ်ဖို႔ စီစဥ္ေနပါတယ္။

Sports Home Time

[Unicode] မန်စီးတီး ဂိုးသမား အီဒါဆန်ဟာ ကွင်းလယ်မှာတောင် ဘောလုံးကိုင်ပြီး ဝင်ရောက် ကစားနိုင်သူ ဖြစ်တယ်လို့ ဘာနာဒို ဆေးလ်ဗားက အသင်းဖော်ကို ချီးကျူးစကား ဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ဂျူဗင်တပ်မှ ကန်ဆယ်လိုကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့်လို့ အသင်း လက်ရှိခံစစ်မှူး ဝေါ်ကာနဲ့ ၂နှစ် သက်တမ်းတိုး စာချုပ် ထပ်မံချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ ဝေါ်ကာက ၂၀၁၇ နွေမှာ မန်စီးတီးထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး လက်ရှိ စာချုပ်မှာတင် ၃ နှစ် သက်တမ်း ကျန်ရှိပါသေးတယ်။

CIES အဖွဲ့ က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးရဲ့ တန်ကြေးဟာ ပေါင် ၁၁၅.၉ သန်းထိ ရောက်သွားပြီး ကမ္ဘာ့ဈေးအကြီးဆုံး ခံစစ်မှူး ဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်စွဲပြီးနောက် ဆုဖလားအောင်မြင်မှုတွေ ရယူဖို့ ပိုမို ဆာလောင်လာခဲ့ပြီလို့ ခံစစ်မှူး ဗန်ဒိုက်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ လမ်းပတ်ကို ဆာရီနေရာ ဆက်ခံမယ့် နည်းပြအဖြစ် ခန့်အပ်လိုပါက ဒါဘီအသင်းဘက်က ၎င်းတို့ မန်နေဂျာ အတွက် လျော်ကြေး ပေါင် ၄ သန်း တောင်းဆိုသွားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီဝက် အငှားလာကစားသွားတဲ့ တိုက်စစ်မှူး ဟီဂူအင်ဟာ ချယ်ဆီးအသင်းက အပြီးသတ်ဝယ်ယူမှု မပြုလုပ်တော့တာကြောင့် မိခင်ကလပ် ဂျူဗင်တပ်ဆီ ပြန်သွားရဖို့ ရှိနေပြီး ၎င်းကို ဂျူဗင်တပ်ကလည်း ရိုးမားခံစစ်မှူး မန်နိုလက်စ်နဲ့ တိုက်ရိုက် အလဲအထပ် ပြုလုပ်လိုနေပါတယ်။

စပါးနည်းပြ ပိုချက်တီနိုဟာ အသင်း ဥက္ကဌ Levy ထံ ၎င်း ဝယ်ယူလိုတဲ့ ကစားသမား စာရင်းကို ပေးအပ်လိုက်ပြီ ဖြစ်ကာ အသင်းဘက်က ထောက်ပံ့မှုအပြည့်နဲ့ ခေါ်ယူပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပိုချက်တီနို ဝယ်ယူလိုတဲ့ ကစားသမားတွေထဲမှာ အမ် ဒွမ်ဘီလီ၊ ဗန်ဒါဘိ၊ ဇန်နီယိုလို၊ ဆီဂတ်ဆန်တို့ ပါဝင်နေပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးများ သုံးကာ ခေါ်ယူရဖွယ် ရှိပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဘုန်းမောက်တောင်ပံကစားသမား ရိုင်ယန် ဖရေဇာက ၎င်းကို တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း ဝန်ခံပြောဆိုလိုက်ပြီး နောက်ရာသီ ဘုန်းမောက်မှာပဲ ဆက်ရှိသွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များ ဖြစ်တဲ့ အာဆင်နယ်၊ ဝုဗ်နဲ့ လက်စတာအသင်းတို့ဟာ အင်တာမီလန် တိုက်စစ်သမား ပါရီဆစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလာပါတယ်။ အင်တာ နည်းပြသစ် ကွန်တီကလည်း လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ချင်နေတာကြောင့် ပါရီဆစ်ကို ရောင်းလိုနေပြီး ယူရို သန်း ၃၀ -၃၅ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာပါ။

ယူနိုက်တက် နဲ့ လီဗာပူးတို့ဟာ လာမယ့်ရာသီ ယူ-၂၁ အသင်းသားတွေ အဓိက ပါဝင်ယှဉ်ပြိုင်ကြတဲ့ U-21 EFL ဆုဖလားကို ပါဝင်ယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့ပါပြီ။ လူငယ်ခြံပေါက် ကစားသမားတွေကို ပွဲထွက်ခွင့် ပိုပေးနိုင်ဖို့ ပွဲစဉ်တစ်ခု ထပ်တိုးလာခြင်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဘက်က စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ညိနှိုင်းထားပြီး စွမ်းဆောင်ရည် အလိုက် ယူရို ၇၅ သန်းထိ ရောက်နိုင်တဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်းကို အင်္ဂလန် သတင်းဌာနကြီးတွေကတော့ အတည်ပြုမလာသေးပါဘူး။

ယူနိုက်တက်ဟာ ကလပ်အသင်း လူငယ်ကစားသမားတွေဖြစ်တဲ့ တွမ်ဇမ်ဘီ၊ တာဟစ်ချေင်၊ မေဆန်ဂရင်းဝုဒ် အပါအဝင် လူငယ်ကစားသမား အများအပြားကို လာမယ့်ရာသီ အငှားချဖို့ စီစဉ်နေပါတယ်။

Sports Home Time