လမ္းပတ္အတြက္ ခ်ယ္ဆီးအသင္းထံ ဒါဘီအသင္းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဆုိင္ရာ ေတာင္းဆိုႏုိင္မႈ

ခ်ယ္ဆီးအသင္းက နည္းျပေနရာ အတြက္ ဖရန္႔လမ္းပတ္ကို တရားဝင္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာ ျဖစ္သလို ဒါဘီအသင္းက လမ္းပတ္ အတြက္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄ သန္း ကို ေတာင္းဆိုမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္လူေဟာင္းက စတန္းဖို႔ဒ္ဘရစ္ခ်္ထံ စိတ္လႈပ္႐ွားဖြယ္ ျပန္လာဖို႔ ႐ွိေနတာနဲ႔အတူ လက္႐ွိနည္းျပ ဆာရီ ထြက္ခြာဖို႔ အတည္ျပဳလိုက္ခ်ိန္မွာ နည္းျပသစ္ ေနရာအတြက္ လမ္းပတ္က ထိပ္ဆံုးက ဦးေဆာင္ေနတာပါ။

အသက္ ၄၀ အရြယ္ နည္းျပဟာ စတန္းဖို႔ဒ္ဘရစ္ခ်္ ကစားသမားဘဝအတြင္း ပရီးမီးယားလိဂ္ဖလား သံုးလံုး၊ အက္ဖ္ေအဖလား ေလးလံုးနဲ႔ ခ်န္ပီယံလိဂ္တို႔ကို ကိုင္ေျမႇာက္ႏိူင္ခဲ့တာျဖစ္ပါတယ္။ အခုအခါ နည္းျပ ေလာကထဲ ဝင္ေရာက္လာၿပီးေနာက္ ၁၂ လ အတြင္းမွာပဲ ခ်ယ္ဆီးနည္းျပ ျဖစ္လာဖို႔ ေရပန္းစားေနတာပါ။

ပ႐ိုက္ပတ္ခ္မွာ လမ္းပတ္ရဲ႕ စာခ်ဳပ္က ႏွစ္ႏွစ္ က်န္ေသးၿပီး ဒါဘီ အသင္းကေန ထြက္ခြာေစဖို႔ဆို ေလ်ာ္ေၾကးအျဖစ္ ေပါင္ ၄ သန္း ေပးေခ်ရမွာလဲ ျဖစ္ပါတယ္။ လက္႐ွိ အေျခအေနနဲ႔ ပတ္သက္လို႔ ဒါဘီက စိတ္ခ်လက္ခ် ႐ွိေနၿပီး လမ္းပတ္ရဲ႕ ပထမ ပြဲဦးထြက္ ရာသီမွာ ပေလးေအာ့ဖ္ ဖိုင္နယ္အထိ ေရာက္႐ွိခဲ့ၿပီးေနာက္ ရာသီႀကိဳ အတြက္ အစီအစဥ္ ဆြဲေနဆဲပါပဲ။

ၿပီးခဲ့တဲ့ လက ဝင္ဘေလမွာ အက္စ္တြန္ဗီလာကို ႐ွံုးနိမ့္ခဲ့ၿပီးေနာက္ လမ္းပတ္ဟာ ကစားသမားသစ္ ေခၚယူေရး၊ လက္႐ွိ ကစားသမား ေတြရဲ႕ စာခ်ဳပ္ကိစၥ ေတြနဲ႔ ပတ္သက္လို႔ ဥကၠဌ မိုရစ္၊ အလုပ္အမႈေဆာင္ စတီဖင္ တို႔နဲ႔ အႀကိမ္မ်ားစြာ ေတြ႔ဆံုေဆြးေႏြး ခဲ့ပါတယ္။ ေနာက္ဆံုး ေတြ႔ဆံုခဲ့တာကေတာ့ ၾကာသပေတးေန႔ လန္ဒန္မွာ ျဖစ္ပါတယ္။

တကယ္လို႔ အသင္းမွာ လမ္းပတ္ ဆက္ေနမယ္ ဆိုရင္ အေျပာင္းအေရႊ႔ ေစ်းကြက္မွာ လႈပ္႐ွားမႈ မ်ားစြာ ခြင့္ျပဳေပးမယ့္ အနာဂတ္ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ပတ္သက္လို႔ လူအခ်ိဳ႕နဲ႔ ေမာရစ္က ေဆြးေႏြးေျပာဆိုခဲ့တယ္လုိ႔ ယံုၾကည္ရပါတယ္။ ဒါေပမယ့္လဲ တကယ္လို႔ ခ်ယ္ဆီးဘက္က တရားဝင္ ကမ္းလွမ္းလာရင္ လမ္းပတ္ အေနနဲ႔ ပယ္ခ်ဖို႔ ခက္ခဲမယ္ ဆိုတာကို ဒါဘီအသင္းဘက္က နားလည္ထားပါတယ္။

အခုခ်ိန္ထိေတာ့ စတန္းဖို႔ဒ္ဘရစ္ခ်္ ကလပ္ထံက တရားဝင္ ကမ္းလွမ္းမႈေတြ မရ႐ွိေသးေပမယ့္ ပေလးေအာ့ဖ္ ဖိုင္နယ္ မတိုင္ခင္ အင္တာဗ်ဴး တစ္ခုမွာ ေမာရစ္က လမ္းပတ္ဟာ ေနာက္ဆံုးမွာေတာ့ ေသခ်ာေပါက္ ခ်ယ္ဆီးနည္းျပ ျဖစ္လာမွာပဲ ဆိုတာကို ဝန္ခံခဲ့ပါတယ္။

“အဲ့ဒါက တစ္ခ်ိန္ခ်ိန္မွာ ျဖစ္လာမွာပဲလို႔ က်ေနာ္ ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ကစားသမား တစ္ေယာက္ အေနနဲ႔ အဲ့မွာ ဂႏၱဝင္ ျဖစ္ခဲ့တာေလ။ ဒါဘီမွာ သူ ပိုၿပီး ေအာင္ျမင္ေလေလ အဲ့ဒီ့ကို ေရာက္သြားဖို႔ ပိုျဖစ္ႏိူင္ေလေလပါ။ ဘာလို႔လဲဆိုရင္ ခ်ယ္ဆီးက ႀကီးက်ယ္တဲ့ ေမ်ွာ္လင့္ခ်က္ေတြနဲ႔ အသင္းႀကီး တစ္သင္းေလ။ ”

“က်ေနာ္တို႔ သူ႔ကို အခြင့္အေရး ေပးခဲ့တာ အတြက္ က်ေနာ္ အျမဲ ေက်နပ္ေနမွာပါ။ က်ေနာ္တို႔နဲ႔အတူ သူ ေအာင္ျမင္ခဲ့တာ ေတြကိုလဲ ဂုဏ္ယုေနမွာပါ။ မၾကာခင္ အခ်ိန္မွာ အေျပာင္းအေရႊ႔ ျဖစ္ေျမာက္ခဲ့ရင္လဲ သူ႔အတြက္ အလုပ္ျဖစ္ဖို႔ က်ေနာ္တို႔ ေမ်ွာ္လင့္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဝမ္းနည္းေနမွာ မဟုတ္ပါဘူး။ အဲ့ဒါက သူ မျငင္းပယ္ႏိုင္တဲ့ အခြင့္အေရးဆိုတာ က်ေနာ္တို႔ နားလည္ပါတယ္။ ” လို႔ သူက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးအသင်းက နည်းပြနေရာ အတွက် ဖရန့်လမ်းပတ်ကို တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်သလို ဒါဘီအသင်းက လမ်းပတ် အတွက် စာချုပ်လျော်ကြေး ပေါင် ၄ သန်း ကို တောင်းဆိုမှာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်လူဟောင်းက စတန်းဖို့ဒ်ဘရစ်ချ်ထံ စိတ်လှုပ်ရှားဖွယ် ပြန်လာဖို့ ရှိနေတာနဲ့အတူ လက်ရှိနည်းပြ ဆာရီ ထွက်ခွာဖို့ အတည်ပြုလိုက်ချိန်မှာ နည်းပြသစ် နေရာအတွက် လမ်းပတ်က ထိပ်ဆုံးက ဦးဆောင်နေတာပါ။

အသက် ၄၀ အရွယ် နည်းပြဟာ စတန်းဖို့ဒ်ဘရစ်ချ် ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ်ဖလား သုံးလုံး၊ အက်ဖ်အေဖလား လေးလုံးနဲ့ ချန်ပီယံလိဂ်တို့ကို ကိုင်မြှောက်နိူင်ခဲ့တာဖြစ်ပါတယ်။ အခုအခါ နည်းပြ လောကထဲ ဝင်ရောက်လာပြီးနောက် ၁၂ လ အတွင်းမှာပဲ ချယ်ဆီးနည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတာပါ။

ပရိုက်ပတ်ခ်မှာ လမ်းပတ်ရဲ့ စာချုပ်က နှစ်နှစ် ကျန်သေးပြီး ဒါဘီ အသင်းကနေ ထွက်ခွာစေဖို့ဆို လျော်ကြေးအဖြစ် ပေါင် ၄ သန်း ပေးချေရမှာလဲ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ဒါဘီက စိတ်ချလက်ချ ရှိနေပြီး လမ်းပတ်ရဲ့ ပထမ ပွဲဦးထွက် ရာသီမှာ ပလေးအော့ဖ် ဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီးနောက် ရာသီကြို အတွက် အစီအစဉ် ဆွဲနေဆဲပါပဲ။

ပြီးခဲ့တဲ့ လက ဝင်ဘလေမှာ အက်စ်တွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် လမ်းပတ်ဟာ ကစားသမားသစ် ခေါ်ယူရေး၊ လက်ရှိ ကစားသမား တွေရဲ့ စာချုပ်ကိစ္စ တွေနဲ့ ပတ်သက်လို့ ဥက္ကဌ မိုရစ်၊ အလုပ်အမှုဆောင် စတီဖင် တို့နဲ့ အကြိမ်များစွာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တာကတော့ ကြာသပတေးနေ့ လန်ဒန်မှာ ဖြစ်ပါတယ်။

တကယ်လို့ အသင်းမှာ လမ်းပတ် ဆက်နေမယ် ဆိုရင် အပြောင်းအရွှေ့ ဈေးကွက်မှာ လှုပ်ရှားမှု များစွာ ခွင့်ပြုပေးမယ့် အနာဂတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ လူအချို့နဲ့ မောရစ်က ဆွေးနွေးပြောဆိုခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့်လဲ တကယ်လို့ ချယ်ဆီးဘက်က တရားဝင် ကမ်းလှမ်းလာရင် လမ်းပတ် အနေနဲ့ ပယ်ချဖို့ ခက်ခဲမယ် ဆိုတာကို ဒါဘီအသင်းဘက်က နားလည်ထားပါတယ်။

အခုချိန်ထိတော့ စတန်းဖို့ဒ်ဘရစ်ချ် ကလပ်ထံက တရားဝင် ကမ်းလှမ်းမှုတွေ မရရှိသေးပေမယ့် ပလေးအော့ဖ် ဖိုင်နယ် မတိုင်ခင် အင်တာဗျူး တစ်ခုမှာ မောရစ်က လမ်းပတ်ဟာ နောက်ဆုံးမှာတော့ သေချာပေါက် ချယ်ဆီးနည်းပြ ဖြစ်လာမှာပဲ ဆိုတာကို ဝန်ခံခဲ့ပါတယ်။

“အဲ့ဒါက တစ်ချိန်ချိန်မှာ ဖြစ်လာမှာပဲလို့ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက ကစားသမား တစ်ယောက် အနေနဲ့ အဲ့မှာ ဂန္တဝင် ဖြစ်ခဲ့တာလေ။ ဒါဘီမှာ သူ ပိုပြီး အောင်မြင်လေလေ အဲ့ဒီ့ကို ရောက်သွားဖို့ ပိုဖြစ်နိူင်လေလေပါ။ ဘာလို့လဲဆိုရင် ချယ်ဆီးက ကြီးကျယ်တဲ့ မျှော်လင့်ချက်တွေနဲ့ အသင်းကြီး တစ်သင်းလေ။ ”

“ကျနော်တို့ သူ့ကို အခွင့်အရေး ပေးခဲ့တာ အတွက် ကျနော် အမြဲ ကျေနပ်နေမှာပါ။ ကျနော်တို့နဲ့အတူ သူ အောင်မြင်ခဲ့တာ တွေကိုလဲ ဂုဏ်ယုနေမှာပါ။ မကြာခင် အချိန်မှာ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင်လဲ သူ့အတွက် အလုပ်ဖြစ်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ အဲ့ဒါက သူ မငြင်းပယ်နိုင်တဲ့ အခွင့်အရေးဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ” လို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time