ဆာလက္ အ၀င္ ပီပီ အထြက္၊ လူကာကူ၊ ဟီဂူအင္၊ လာကာ အူဘာအတြဲနဲ႕ ညေနခင္း ေနာက္ဆံုးရ အေျပာင္းအေရႊ႕ သတင္းမ်ား

[Zawgyi] ယူနိုက္တက္ တိုက္စစ္မွဴး လူကာကူဟာ အင္တာမီလန္သို႔ ေျပာင္းေရႊ႕ဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္တယ္လို႔ အီတလီ သတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။

အာဆင္နယ္အသင္းဟာ အားထားရတဲ့ တိုက္စစ္မွဴးအတြဲ လာကာဇက္တီနဲ႕ အူဘာမီယန္းတို႔ နွစ္ဦးကို သက္တမ္းတိုး စာခ်ဳပ္သစ္မ်ား ကမ္းလွမ္းဖို႔ ေဆြးေႏြးမႈေတြ စတင္ေတာ့မွ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနုိက္တက္က ထြက္ခြာလာမယ့္ အသင္းေခါင္းေဆာင္ ဗလင္စီယာကို ပရီးမီးယားလိဂ္သို႔ တန္းတက္လာတဲ့ ရွက္ဖီးယူနုိက္တက္က ကမ္းလွမ္းမႈ တစ္ခု ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ အသက္ ၃၃ နွစ္ အရြယ္ ခံစစ္မွဴးဟာ စာခ်ဳပ္ကုန္ဆံုးလုိ႔ အိုးထရက္ဖို႔ဒ္က ထြက္ခြာမွာ ျဖစ္ျပီး ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူနိုင္မွာပါ။

ဂ်ဴဗင္တပ္နဲ႕ ရိုးမားအသင္းတို႔ဟာ ဟီဂူအင္နဲ႕ ေကာ့စတက္ မန္နိုလတ္စ္တို႕ကို အလဲအထပ္နဲ႕ အေျပာင္းအေရႊ႕ ျပဳလုပ္ဖို႔ ၾကံရြယ္လာပါတယ္။ အီတလီသတင္းမ်ားအရ ခ်ယ္ဆီးမွာ အငွား ကစားခဲ့တဲ့တိုက္စစ္မွဴး ဟီဂူအင္ တန္ေၾကးနဲ႕ ရိုးမား ခံစစ္မွဴး မန္နိုလတ္စ္ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ခ်င္းက ယူရို ၃၆ သန္းစီ တူညီေနတယ္လို႔ သိရပါတယ္။

ယူနိုက္တက္ ပစ္မွတ္ထားေနတယ္ သတင္းထြက္ထားတဲ့ ဘာစီလိုနာ အရန္ ဂိုးသမား ဆီလက္ဆန္ကို အဲဗာတန္အသင္းဘက္က ျမန္နုိင္သမွ် ျမန္ျမန္ ေခၚယူလိုေနပါတယ္။ ေဟာ္လန္သား ဂိုးသမားကလည္း နူးကမ့္ကေန ထြက္ခြာလိုေနျပီး အဲဗာတန္ဘက္ကပါ တြန္းအားေပးေနလို႔ သေဘာတူညီမႈ ျမန္ျမန္ရသြားဖြယ္ ရွိပါတယ္။

ျပင္သစ္ဘက္က သတင္းမ်ားအရ လီဗာပူးအသင္းဟာ လိုင္လီတိုက္စစ္သမား နစ္ကိုးလပ္ ပီပီကိုသာ ေခၚယူနုိင္ခဲ့ရင္ တိုက္စစ္မွဴး ဆာလက္ကို ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္နဲ႕ ေရာင္းထုတ္ရန္ ၾကံရြယ္ေနတယ္လို႔ သိရပါတယ္။

လီဗာပူး ကစားသမားေဟာင္းၾကီး စတိဗ္နစ္ကိုးကေတာ့ ေအစီမီလန္က ခ်ိတ္ဆက္ေနတဲ့ ေပါင္ ၂၅သန္းတန္ ခံစစ္မွဴး ဒီဂ်န္ လိုဗရန္ကို ေရာင္းခ်ျပီး ဗန္ဒိုက္နဲ႕ အသင္းေဖာ္တြဲဘက္ ေအဂ်က္ခံစစ္မွဴး ဒီလစ္ကို ေခၚယူရန္ တိုက္တြန္းသြားပါတယ္။

အက္စတြန္ဗီလာဟာ ဘရာဇီးသား တိုက္စစ္မွဴး Wesley ကို ေပါင္ ၂၂ သန္းနဲ႔ ေခၚယူဖို႔ရာ သေဘာတူညီမႈ ရခဲ့ေၾကာင္း အတည္ျပဳသတင္း ထုတ္ျပန္လိုက္ပါျပီ။ အဂၤလန္မွာ ကစားခြင့္ပါမစ္ရဖို႔ ဆက္လက္ ၾကိဳးစားေနျပီျဖစ္ပါတယ္။

ဝက္ဟမ္းအသင္းဟာ ဗီလာရီးရဲအသင္းမွ စပိန္လက္ေရြးစင္ ပါဘလို ေဖာ္နယ္ကို ၅ ႏွစ္စာခ်ဳပ္ျဖင့္ အျပီးသတ္ လက္မွတ္ထိုးႏုိင္ခဲ့ပါျပီ။ ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၅ သန္း ျဖစ္ပါတယ္။

စတုတ္စီးတီး ဂိုးသမား ဘတ္လန္းကို အက္စတြန္ဗီလာနဲ႕ ဘုန္းေမာက္အသင္းတို႔ အျပိဳင္အဆိုင္ ေခၚယူရန္ ၾကိဳးစားေနၾကျပီး အဂၤလန္သား ဂိုးသမားဟာ ဒီေႏြမွာ အသင္းေျပာင္းဖြယ္ ရွိေနပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်သို့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်တယ်လို့ အီတလီ သတင်းများမှာ ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းဟာ အားထားရတဲ့ တိုက်စစ်မှူးအတွဲ လာကာဇက်တီနဲ့ အူဘာမီယန်းတို့ နှစ်ဦးကို သက်တမ်းတိုး စာချုပ်သစ်များ ကမ်းလှမ်းဖို့ ဆွေးနွေးမှုတွေ စတင်တော့မှ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ထွက်ခွာလာမယ့် အသင်းခေါင်းဆောင် ဗလင်စီယာကို ပရီးမီးယားလိဂ်သို့ တန်းတက်လာတဲ့ ရှက်ဖီးယူနိုက်တက်က ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ခံစစ်မှူးဟာ စာချုပ်ကုန်ဆုံးလို့ အိုးထရက်ဖို့ဒ်က ထွက်ခွာမှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

ဂျူဗင်တပ်နဲ့ ရိုးမားအသင်းတို့ဟာ ဟီဂူအင်နဲ့ ကော့စတက် မန်နိုလတ်စ်တို့ကို အလဲအထပ်နဲ့ အပြောင်းအရွှေ့ ပြုလုပ်ဖို့ ကြံရွယ်လာပါတယ်။ အီတလီသတင်းများအရ ချယ်ဆီးမှာ အငှား ကစားခဲ့တဲ့တိုက်စစ်မှူး ဟီဂူအင် တန်ကြေးနဲ့ ရိုးမား ခံစစ်မှူး မန်နိုလတ်စ်ရဲ့ စာချုပ် ဖျက်သိမ်းကြေး ချင်းက ယူရို ၃၆ သန်းစီ တူညီနေတယ်လို့ သိရပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတယ် သတင်းထွက်ထားတဲ့ ဘာစီလိုနာ အရန် ဂိုးသမား ဆီလက်ဆန်ကို အဲဗာတန်အသင်းဘက်က မြန်နိုင်သမျှ မြန်မြန် ခေါ်ယူလိုနေပါတယ်။ ဟော်လန်သား ဂိုးသမားကလည်း နူးကမ့်ကနေ ထွက်ခွာလိုနေပြီး အဲဗာတန်ဘက်ကပါ တွန်းအားပေးနေလို့ သဘောတူညီမှု မြန်မြန်ရသွားဖွယ် ရှိပါတယ်။

ပြင်သစ်ဘက်က သတင်းများအရ လီဗာပူးအသင်းဟာ လိုင်လီတိုက်စစ်သမား နစ်ကိုးလပ် ပီပီကိုသာ ခေါ်ယူနိုင်ခဲ့ရင် တိုက်စစ်မှူး ဆာလက်ကို ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ရောင်းထုတ်ရန် ကြံရွယ်နေတယ်လို့ သိရပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး စတိဗ်နစ်ကိုးကတော့ အေစီမီလန်က ချိတ်ဆက်နေတဲ့ ပေါင် ၂၅သန်းတန် ခံစစ်မှူး ဒီဂျန် လိုဗရန်ကို ရောင်းချပြီး ဗန်ဒိုက်နဲ့ အသင်းဖော်တွဲဘက် အေဂျက်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူရန် တိုက်တွန်းသွားပါတယ်။

အက်စတွန်ဗီလာဟာ ဘရာဇီးသား တိုက်စစ်မှူး Wesley ကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူဖို့ရာ သဘောတူညီမှု ရခဲ့ကြောင်း အတည်ပြုသတင်း ထုတ်ပြန်လိုက်ပါပြီ။ အင်္ဂလန်မှာ ကစားခွင့်ပါမစ်ရဖို့ ဆက်လက် ကြိုးစားနေပြီဖြစ်ပါတယ်။

ဝက်ဟမ်းအသင်းဟာ ဗီလာရီးရဲအသင်းမှ စပိန်လက်ရွေးစင် ပါဘလို ဖော်နယ်ကို ၅ နှစ်စာချုပ်ဖြင့် အပြီးသတ် လက်မှတ်ထိုးနိုင်ခဲ့ပါပြီ။ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဖြစ်ပါတယ်။

စတုတ်စီးတီး ဂိုးသမား ဘတ်လန်းကို အက်စတွန်ဗီလာနဲ့ ဘုန်းမောက်အသင်းတို့ အပြိုင်အဆိုင် ခေါ်ယူရန် ကြိုးစားနေကြပြီး အင်္ဂလန်သား ဂိုးသမားဟာ ဒီနွေမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

Sports Home Time