ခ်ယ္ဆီးဟာ မန္ေနဂ်ာသစ္အတြက္ လမ္းပတ္ကလြဲလို႔ အျခားသူမရွိ အေနအထားကို ရင္ဆိုင္လာရပါျပီ

ေမာ္ရီဇီယို ဆာရီက ဂ်ဴဗင္တပ္နဲ႔အတူ အီတလီကို ျပန္ဖို႔ သေဘာတူညီမႈ ရထားျပီးေနာက္မွာ ခ်ယ္ဆီးဟာ သူ႔ေနရာကို အစားထိုးဖို႔ ႐ွာေဖြရေတာ့မွာပါ။ ဒါေပမယ့္လဲ ခ်ယ္ဆီး နည္းျပေနရာအတြက္ အျခားသူေတြကို ဒီေႏြမွာ ေခၚယူဖို႔ မရႏိုင္ေတာ့တာမို႔ စတန္းဖို႔ဒ္ဘရစ္ခ်္ ကလပ္အေနနဲ႔ ဒုကၡေတြ႔ေနပါတယ္။

ခ်ယ္ဆီးဟာ ဂႏၱဝင္ ကစားသမား ဖရန္႔လမ္းပတ္ကို ကလပ္ရဲ႕ အနာဂတ္မန္ေနဂ်ာအျဖစ္ ေမ်ွာ္လင့္ခဲ့ၾကေပမယ့္ ခ်န္ပီယံ႐ွစ္ကလပ္ ဒါဘီမွာ မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ေနသူ လမ္းပတ္ကို မန္ေနဂ်ာသက္တမ္း တစ္ႏွစ္ထက္ ပိုၾကာၿပီးမွ ခ်ဥ္းကပ္ဖို႔လည္း ခ်ယ္ဆီးဘက္က ရည္ရြယ္ထားပါတယ္။

ေအဂ်က္နည္းျပ အဲရစ္တန္ဟက္ကို စတန္းဖို႔ဒ္ဘရစ္ခ်္ အႀကီးအကဲေတြက သေဘာက်ခဲ့တာပါ။ ဒါေပမယ့္ နယ္သာလန္ သတင္းရင္းျမစ္ေတြအရ သူဟာ ေအဂ်က္ကို ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ႃပီးေနာက္ အမ္စတာဒန္မွာ ဆက္ေနဖို႔ ေမ်ွာ္လင့္ရပါတယ္။

ဂ်ဴဗင္တပ္ ကေန ထြက္ခြာၿပီးေနာက္ မက္စ္အယ္လီဂရီက အသင္းလက္မဲ့ ျဖစ္ေနပါတယ္။ သူက ေနာက္အလုပ္အတြက္ ျပင္ဆင္ဖို႔ ခဏ အနားယူလိုေနတယ္ ေျပာဆိုလာတာေၾကာင့္ ခ်ယ္ဆီးမွာ သံုးေယာက္ဆက္ အီတလီသားနည္းျပ ခန္႔အပ္ဖို႔နဲ႔ ပတ္သက္ၿပီး သံသယေတြ ႐ွိေနပါလိမ့္မယ္။

အဂၤလန္ နည္းျပ ေဆာက္ဂိတ္က သူ႔လက္ေထာက္ စတိဗ္ ေဟာ္လန္ဟာ ေနာက္ ေႏြရာသီရဲ႕ ဥေရာပ ခ်န္ပီယံ႐ွစ္ မတိုင္ခင္ တျခား ဘယ္ကိုမွ သြားမွာ မဟုတ္ဘူးဆိုတာ ယံုၾကည္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဝက္ဖို႔ဒ္ကလဲ သူတို႔ နည္းျပ ဂ်ာဗီ ဂေရစီယာကို ဆက္ထိန္းထားဖို႔ ယံုၾကည္မႈ ႐ွိေနပါတယ္။ ဂ်ာဗီဂေရစီယာဟာ ႏိုဝင္ဘာမွာ ဝက္ဖို႔ဒ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာေၾကာင့္ အသက္ ၄၉ ႏွစ္အရြယ္ နည္းျပအေနနဲ႔ ေႏြရာသီမွာ အသင္းကေန ထြက္ခြာမယ္ ဆိုရင္ ေလ်ာ္ေၾကး ေပးရပါလိမ့္မယ္။

ဒါေတြေၾကာင့္ ခ်ယ္ဆီးအေနနဲ႔ ေအဂ်က္နည္းျပ အဲရစ္တန္ဟက္ကို စိတ္ေျပာင္းေအာင္ မလုပ္ႏိုင္ရင္ ဒါမွမဟုတ္ အယ္လီဂရီကို မႀကိဳးစားႏိုင္ရင္ လမ္းပတ္အတြက္ အျဖစ္ႏိုင္ဆံုး ၿပိဳင္ဘက္ေတြက ဝုလ္ဗ္ရဲ႕ ဆန္တို ဒါမွမဟုတ္ အသင္းလက္မဲ့ ေလာ္ရန္႔ ဘလန္႔စ္ တို႔ပဲ ျဖစ္ပါတယ္။

နည္းျပသက္တမ္း အေတြ႔အၾကံဳက စိုးရိမ္စရာ ျဖစ္ေပမယ့္လဲ ဖရန္႔လမ္းပတ္ကို ခန္႔အပ္တာက ခ်ယ္ဆီးပရိသတ္ မ်ားစြာအတြက္ အေတာ္ေလး သေဘာက်စရာ ျဖစ္ပါလိမ့္မယ္။ ဒါကို လမ္းပတ္ရဲ႕ အလားအလာေတြနဲ႔ ပတ္သက္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္လႈပ္႐ွားစြာ စာပို႔ ေျပာဆိုခဲ့ၾကတဲ့ လူငယ္ၾကယ္ပြင့္ေတြကလဲ အားရဝမ္းသာ ႀကိဳဆိုၾကမွာပါ။

အေျပာင္းအေရႊ႔ ပိတ္ပင္ခံရႏိုင္တာနဲအတူ ခ်ယ္ဆီးဟာ ေနာက္ရာသီမွာ အကယ္ဒမီ ၾကယ္ပြင့္ေတြအေပၚပဲ အားကိုးရေတာ့မွာ ျဖစ္ၿပီး ဒါကို ဦးေဆာင္ႀကီးၾကပ္ဖို႔ လူငယ္ကစားသမားေတြ ၾကားမွာ လမ္းပတ္ကို ၿပီးျပည့္စံုတဲ့ နည္းျပအျဖစ္ ျမင္ေနမွာပါ။

လမ္းပတ္ဟာ ခ်ယ္ဆီးကြင္းလယ္လူ ေမဆန္ေမာင့္နဲ႔ ေနာက္ခံလူ ဖီကာယို တိုမိုရီတို႔ကို မႏွစ္တုန္း ဒါဘီအသင္းထံ ေခၚယူခဲ့ၿပီး ႏွစ္ေယာက္လံုးကလဲ ခ်န္ပီယံ႐ွစ္မွာ အငွါးကစား ေနစဥ္အတြင္း ေျခစြမ္းျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] မော်ရီဇီယို ဆာရီက ဂျူဗင်တပ်နဲ့အတူ အီတလီကို ပြန်ဖို့ သဘောတူညီမှု ရထားပြီးနောက်မှာ ချယ်ဆီးဟာ သူ့နေရာကို အစားထိုးဖို့ ရှာဖွေရတော့မှာပါ။ ဒါပေမယ့်လဲ ချယ်ဆီး နည်းပြနေရာအတွက် အခြားသူတွေကို ဒီနွေမှာ ခေါ်ယူဖို့ မရနိုင်တော့တာမို့ စတန်းဖို့ဒ်ဘရစ်ချ် ကလပ်အနေနဲ့ ဒုက္ခတွေ့နေပါတယ်။

ချယ်ဆီးဟာ ဂန္တဝင် ကစားသမား ဖရန့်လမ်းပတ်ကို ကလပ်ရဲ့ အနာဂတ်မန်နေဂျာအဖြစ် မျှော်လင့်ခဲ့ကြပေမယ့် ချန်ပီယံရှစ်ကလပ် ဒါဘီမှာ မန်နေဂျာအဖြစ် ကိုင်တွယ်နေသူ လမ်းပတ်ကို မန်နေဂျာသက်တမ်း တစ်နှစ်ထက် ပိုကြာပြီးမှ ချဉ်းကပ်ဖို့လည်း ချယ်ဆီးဘက်က ရည်ရွယ်ထားပါတယ်။

အေဂျက်နည်းပြ အဲရစ်တန်ဟက်ကို စတန်းဖို့ဒ်ဘရစ်ချ် အကြီးအကဲတွေက သဘောကျခဲ့တာပါ။ ဒါပေမယ့် နယ်သာလန် သတင်းရင်းမြစ်တွေအရ သူဟာ အေဂျက်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီးနောက် အမ်စတာဒန်မှာ ဆက်နေဖို့ မျှော်လင့်ရပါတယ်။

ဂျူဗင်တပ် ကနေ ထွက်ခွာပြီးနောက် မက်စ်အယ်လီဂရီက အသင်းလက်မဲ့ ဖြစ်နေပါတယ်။ သူက နောက်အလုပ်အတွက် ပြင်ဆင်ဖို့ ခဏ အနားယူလိုနေတယ် ပြောဆိုလာတာကြောင့် ချယ်ဆီးမှာ သုံးယောက်ဆက် အီတလီသားနည်းပြ ခန့်အပ်ဖို့နဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေပါလိမ့်မယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်က သူ့လက်ထောက် စတိဗ် ဟော်လန်ဟာ နောက် နွေရာသီရဲ့ ဥရောပ ချန်ပီယံရှစ် မတိုင်ခင် တခြား ဘယ်ကိုမှ သွားမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဝက်ဖို့ဒ်ကလဲ သူတို့ နည်းပြ ဂျာဗီ ဂရေစီယာကို ဆက်ထိန်းထားဖို့ ယုံကြည်မှု ရှိနေပါတယ်။ ဂျာဗီဂရေစီယာဟာ နိုဝင်ဘာမှာ ဝက်ဖို့ဒ်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် အသက် ၄၉ နှစ်အရွယ် နည်းပြအနေနဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ် ဆိုရင် လျော်ကြေး ပေးရပါလိမ့်မယ်။

ဒါတွေကြောင့် ချယ်ဆီးအနေနဲ့ အေဂျက်နည်းပြ အဲရစ်တန်ဟက်ကို စိတ်ပြောင်းအောင် မလုပ်နိုင်ရင် ဒါမှမဟုတ် အယ်လီဂရီကို မကြိုးစားနိုင်ရင် လမ်းပတ်အတွက် အဖြစ်နိုင်ဆုံး ပြိုင်ဘက်တွေက ဝုလ်ဗ်ရဲ့ ဆန်တို ဒါမှမဟုတ် အသင်းလက်မဲ့ လော်ရန့် ဘလန့်စ် တို့ပဲ ဖြစ်ပါတယ်။

နည်းပြသက်တမ်း အတွေ့အကြုံက စိုးရိမ်စရာ ဖြစ်ပေမယ့်လဲ ဖရန့်လမ်းပတ်ကို ခန့်အပ်တာက ချယ်ဆီးပရိသတ် များစွာအတွက် အတော်လေး သဘောကျစရာ ဖြစ်ပါလိမ့်မယ်။ ဒါကို လမ်းပတ်ရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်လှုပ်ရှားစွာ စာပို့ ပြောဆိုခဲ့ကြတဲ့ လူငယ်ကြယ်ပွင့်တွေကလဲ အားရဝမ်းသာ ကြိုဆိုကြမှာပါ။

အပြောင်းအရွှေ့ ပိတ်ပင်ခံရနိုင်တာနဲအတူ ချယ်ဆီးဟာ နောက်ရာသီမှာ အကယ်ဒမီ ကြယ်ပွင့်တွေအပေါ်ပဲ အားကိုးရတော့မှာ ဖြစ်ပြီး ဒါကို ဦးဆောင်ကြီးကြပ်ဖို့ လူငယ်ကစားသမားတွေ ကြားမှာ လမ်းပတ်ကို ပြီးပြည့်စုံတဲ့ နည်းပြအဖြစ် မြင်နေမှာပါ။

လမ်းပတ်ဟာ ချယ်ဆီးကွင်းလယ်လူ မေဆန်မောင့်နဲ့ နောက်ခံလူ ဖီကာယို တိုမိုရီတို့ကို မနှစ်တုန်း ဒါဘီအသင်းထံ ခေါ်ယူခဲ့ပြီး နှစ်ယောက်လုံးကလဲ ချန်ပီယံရှစ်မှာ အငှါးကစား နေစဉ်အတွင်း ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

Sports Home Time