ယူႏုိက္တက္ကေန ထြက္ခြာဖို႔ ေပၚေပၚတင္တင္ပဲ ေျခလွမ္းျပင္လာတဲ့ လူကာကူ

႐ိုမီလူ လူကာကူက ကြန္တီဟာ ကမၻာ့အေကာင္းဆံုး နည္းျပပါလို႔ ၫႊန္းဆိုလိုက္ၿပီး အင္တာမီလန္မွာ အီတလီ နည္းျပနဲ႔အတူ လက္တြဲလုပ္ခြင့္ရဖို႔ ေမ်ွာ္လင့္ေနတယ္လို႔ ေျပာလာပါတယ္။

လူကာကူဟာ ဟိုေဆးေမာ္ရင္ညိဳ လက္ထက္ ၂၀၁၇ ေႏြရာသီမွာ အဲဗာတန္ကေန ေျပာင္းေရႊ႔လာၿပီးကတည္းက မန္ခ်က္စတာ ယူႏိုက္တက္ မွာ ႏွစ္ရာသီ ၾကာခဲ့ၿပီ ျဖစ္ပါတယ္။ သရဲနီေတြအတြက္ ၉၆ ပြဲမွာ ၄၂ ဂိုး သြင္းယူခဲ့ေပမယ့္လဲ လူကာကူဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေနရာရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

ယူႏိုက္တက္ဟာ စိတ္ပ်က္စရာ ၂၀၁၈-၂၀၁၉ ရာသီ ၿပီးတဲ့ေနာက္ ေႏြရာသီမွာ အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ စီစဥ္ေနၿပီး လူကာကူအေနနဲ႔ ေနာက္ရာသီမွာ အင္တာမီလန္ကို ေရာက္႐ွိဖို႔ သတင္းႀကီးေနတာပါ။

” ေကာင္းပါတယ္။ ကြန္တီက အင္တာမီလန္ကို သြားခဲ့တယ္။ က်ေနာ့္အတြက္ သူက ကမၻာ့အေကာင္းဆံုး နည္းျပပါ။ က်ေနာ့္အနာဂတ္နဲ႔ ပတ္သက္လို႔ လက္႐ွိ စာခ်ဳပ္႐ွိေနဆဲ ျဖစ္တဲ့ ယူႏိုက္တက္ကို ေလးစားမႈမ႐ွိသလိုမ်ိဳး က်ေနာ္ ေျပာဆိုမွာ မဟုတ္ပါဘူး ” လို႔ ဘယ္လ္ဂ်ီယမ္သားက ဆိုပါတယ္။

ဆက္လက္ၿပီးေတာ့ လူကာကူက အီတလီ စီးရီးေအကို သေဘာက်ေၾကာင္းလဲ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္ ။

” က်ေနာ္က စီးရီးေအ ပရိသတ္ပါ။ အဂၤလိပ္လိဂ္နဲ႔ အီတလီမွာ ကစားခြင့္ရဖို႔ က်ေနာ္ အျမဲ အလို႐ွိခဲ့တယ္။ အီတလီကို က်ေနာ္ ခ်စ္ပါတယ္။ ၿပီးေတာ့ ခရစၥတီယာႏို ေရာ္နယ္ဒို ႐ွိတယ္။ ဆာရီကလဲ ဂ်ဴဗင္တပ္ကို သြားေတာ့မယ္။ အန္ဆယ္ေလာ့တီကလဲ နာပိုလီမွာပါ။ စီးရီးေအက စိတ္လႈပ္႐ွားစရာ ေကာင္းမွာပါ။

က်ေနာ့္ ကလပ္နဲ႔ ေအးဂ်င့္က အေျပာင္းအေရႊ႔ ကိစၥ အတြက္ စကားေျပာမွာ ျဖစ္ေပမယ့္ က်ေနာ္က ဆံုးျဖတ္ခ်က္ ခ်ခဲ့ၿပီးပါၿပီ။ က်ေနာ္က မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္႐ွိတယ္။ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ ခ်ဖို႔ ကလပ္နဲ႔ ေအးဂ်င့္ကို က်ေနာ္ စကားေျပာသြားမွာပါ။ ဘာပဲ ျဖစ္ျဖစ္၊ ဒီေႏြရာသီက အေတာ္ အလုပ္႐ႈပ္လိမ့္မယ္ ဆိုတာ ေသခ်ာပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ရိုမီလူ လူကာကူက ကွန်တီဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြပါလို့ ညွှန်းဆိုလိုက်ပြီး အင်တာမီလန်မှာ အီတလီ နည်းပြနဲ့အတူ လက်တွဲလုပ်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ပြောလာပါတယ်။

လူကာကူဟာ ဟိုဆေးမော်ရင်ညို လက်ထက် ၂၀၁၇ နွေရာသီမှာ အဲဗာတန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာ ယူနိုက်တက် မှာ နှစ်ရာသီ ကြာခဲ့ပြီ ဖြစ်ပါတယ်။ သရဲနီတွေအတွက် ၉၆ ပွဲမှာ ၄၂ ဂိုး သွင်းယူခဲ့ပေမယ့်လဲ လူကာကူဟာ အိုးလ်ထရက်ဖို့ဒ်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ စိတ်ပျက်စရာ ၂၀၁၈-၂၀၁၉ ရာသီ ပြီးတဲ့နောက် နွေရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စီစဉ်နေပြီး လူကာကူအနေနဲ့ နောက်ရာသီမှာ အင်တာမီလန်ကို ရောက်ရှိဖို့ သတင်းကြီးနေတာပါ။

” ကောင်းပါတယ်။ ကွန်တီက အင်တာမီလန်ကို သွားခဲ့တယ်။ ကျနော့်အတွက် သူက ကမ္ဘာ့အကောင်းဆုံး နည်းပြပါ။ ကျနော့်အနာဂတ်နဲ့ ပတ်သက်လို့ လက်ရှိ စာချုပ်ရှိနေဆဲ ဖြစ်တဲ့ ယူနိုက်တက်ကို လေးစားမှုမရှိသလိုမျိုး ကျနော် ပြောဆိုမှာ မဟုတ်ပါဘူး ” လို့ ဘယ်လ်ဂျီယမ်သားက ဆိုပါတယ်။

ဆက်လက်ပြီးတော့ လူကာကူက အီတလီ စီးရီးအေကို သဘောကျကြောင်းလဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။

” ကျနော်က စီးရီးအေ ပရိသတ်ပါ။ အင်္ဂလိပ်လိဂ်နဲ့ အီတလီမှာ ကစားခွင့်ရဖို့ ကျနော် အမြဲ အလိုရှိခဲ့တယ်။ အီတလီကို ကျနော် ချစ်ပါတယ်။ ပြီးတော့ ခရစ္စတီယာနို ရော်နယ်ဒို ရှိတယ်။ ဆာရီကလဲ ဂျူဗင်တပ်ကို သွားတော့မယ်။ အန်ဆယ်လော့တီကလဲ နာပိုလီမှာပါ။ စီးရီးအေက စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။

ကျနော့် ကလပ်နဲ့ အေးဂျင့်က အပြောင်းအရွှေ့ ကိစ္စ အတွက် စကားပြောမှာ ဖြစ်ပေမယ့် ကျနော်က ဆုံးဖြတ်ချက် ချခဲ့ပြီးပါပြီ။ ကျနော်က မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ရှိတယ်။ အကောင်းဆုံး ဆုံးဖြတ်ချက် ချဖို့ ကလပ်နဲ့ အေးဂျင့်ကို ကျနော် စကားပြောသွားမှာပါ။ ဘာပဲ ဖြစ်ဖြစ်၊ ဒီနွေရာသီက အတော် အလုပ်ရှုပ်လိမ့်မယ် ဆိုတာ သေချာပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time