၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို လီဗာပူးနဲ႔ စဖြင့္မႈမွာ ထြက္ေပၚလာတဲ့ ခ်န္ပီယံ နိမိတ္ေကာင္း

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ ပြဲစဥ္ဇယားေတြ ထြက္ေပၚလာေနျပီျဖစ္ျပီး ရာသီစ ပထမဆံုးပြဲကိုေတာ့ ေသာၾကာေန႔ညမွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက ပရီးမီးယားလိဂ္တန္းတက္ ေနာ့ဝစ္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံျခင္းနဲ႔ စဖြင့္မွာျဖစ္တယ္။

ပြဲစဥ္ေရးဆြဲမႈအရ လီဗာပူးဟာ ထိပ္ဆံုးယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္ ၁၀ ပြဲမွာတင္ ၾကီး ၆ ၾကီးထဲက လက္ရွိ ခ်န္ပီယံ မန္စီးတီးကလြဲလို႔ က်န္ျပိဳင္ဘက္အားလံုးနဲ႔ ထိပ္တုိက္ေတြ႔မယ့္ ပြဲေတြ ပါဝင္ေနလို႔ ရာသီစ ပြဲၾကပ္တယ္လို႔ ဆိုႏုိင္ပါတယ္။

ပရီးမီးယားလိဂ္ေျပးလမ္းမွာ အေရးပါတဲ့ ေဘာက္ဆင္ေဒးမွာ လက္စတာနဲ႔ အေဝးကြင္ပြဲ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒီဇင္ဘာပြဲၾကပ္ကာလမွာေတာ့ အသင္းၾကီး တစ္သင္းနဲ႔မွ ထိပ္တိုက္ေတြ႔ဖို႔ မရွိပါဘူး။ ခ်န္ပီယံလိဂ္ရံွဴးထြက္ကို တက္ေရာက္ႏုိင္ဖုိ႔အတြက္ အေရးပါတဲ့ အားသာခ်က္ျဖစ္ပါတယ္။

ဇန္နဝါရီမွာ လီဗာပူးဟာ စပါး၊ မန္ယူ တို႔နဲ႔ ဆက္တုိက္ေတြ႔မယ့္ တစ္ၾကိမ္ကို သတိထားဖို႔ လိုမွာျဖစ္တယ္။ ကံေကာင္းမႈတစ္ခုကေတာ့ ရာသီအပိတ္ပြဲ သံုးပြဲအလိုမွာ ယွဥ္ျပိဳင္ရမယ့္ သံုးသင္းမွာ အာဆင္နယ္နဲ႔ ခ်ယ္ဆီးတို႔ ပါဝင္ေနတာျဖစ္ျပီး အေစာပိုင္းပြဲေတြမွာ ရမွတ္ျဖတ္လာႏုိင္ခဲ့ရင္ အေရးမၾကီးတဲ့ပြဲေတြျဖစ္ႏုိင္ပါတယ္။ မဟုတ္ခဲ့ရင္ေတာ့ ခက္ခဲတဲ့ ရာသီသိမ္းပြဲစဥ္ေတြ ျဖစ္လာမွာပါ။

လီဗာပူးရဲ႕ ပြဲစဥ္ဇယားဟာ ျပည္တြင္းပြဲစဥ္အျဖစ္ အသင္းၾကီးေတြနဲ႔ ႏွစ္ပြဲဆက္ ေတြ႔မႈ သံုးၾကိမ္ထိ ပါဝင္ေပမယ့္ အဆိုပါ ပြဲစဥ္ေတြဟာ ဥေရာပျပိဳင္ပြဲမွာ အေရးၾကီးပြဲေတြ ယွဥ္ျပိဳင္ရဖို႔ ရက္ေတြနဲ႔ေတာ့ အရမ္းၾကီး နီးကပ္မေနဘူးလို႔ သတင္းထြက္ေနပါတယ္။

လီဗာပူးရဲ႕ ကံၾကမၼာတစ္ခုကို အခ်က္အလက္ဆိုင္ရာ ဝဘ္ဆိုဒ္ Opta က ေဖာ္ထုတ္လာတာက။ လီဗာပူးဟာ ရာသီအဖြင့္ပြဲမွာ ေနာ့ဝစ္ကို အိမ္ကြင္းမွာ ရင္ဆိုင္ခဲ့ဖူးတာ တစ္ၾကိမ္ပဲ ရွိဖူးပါတယ္။ အဆိုပါ တစ္ၾကိမ္မွာ လီဗာပူးက ရာသီအသိမ္းမွာ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ျပီး မန္စီးတီးက ဒုတိယေနရာက ရပ္တည္ခဲ့တာပါ။

လာမယ့္ရာသီဟာ လီဗာပူးရဲ႕ အႏွစ္ ၃၀ ေျမာက္ ပရီးမီးယားလိဂ္ျပိဳင္ပြဲထံ ပါဝင္ယွဥ္ျပိဳင္မႈျဖစ္ျပီး ႏွစ္ ၃၀ ၾကာ နိမ့္က်ခဲ့တဲ့ အမွတ္ေပး ခ်န္ပီယံေလာင္းဘြဲ႔ကို တစ္ၾကိမ္ျပန္ယူႏုိင္ဖုိ႔ ကံၾကမၼာေလလားလို႔ Opta က ေမးခြန္းထုတ္ခဲ့ပါတယ္။

Sports Home Time

[Unicode] ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာနေပြီဖြစ်ပြီး ရာသီစ ပထမဆုံးပွဲကိုတော့ သောကြာနေ့ညမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းက ပရီးမီးယားလိဂ်တန်းတက် နော့ဝစ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံခြင်းနဲ့ စဖွင့်မှာဖြစ်တယ်။

ပွဲစဉ်ရေးဆွဲမှုအရ လီဗာပူးဟာ ထိပ်ဆုံးယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၁၀ ပွဲမှာတင် ကြီး ၆ ကြီးထဲက လက်ရှိ ချန်ပီယံ မန်စီးတီးကလွဲလို့ ကျန်ပြိုင်ဘက်အားလုံးနဲ့ ထိပ်တိုက်တွေ့မယ့် ပွဲတွေ ပါဝင်နေလို့ ရာသီစ ပွဲကြပ်တယ်လို့ ဆိုနိုင်ပါတယ်။

ပရီးမီးယားလိဂ်ပြေးလမ်းမှာ အရေးပါတဲ့ ဘောက်ဆင်ဒေးမှာ လက်စတာနဲ့ အဝေးကွင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာပွဲကြပ်ကာလမှာတော့ အသင်းကြီး တစ်သင်းနဲ့မှ ထိပ်တိုက်တွေ့ဖို့ မရှိပါဘူး။ ချန်ပီယံလိဂ်ရံှူးထွက်ကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ အားသာချက်ဖြစ်ပါတယ်။

ဇန်နဝါရီမှာ လီဗာပူးဟာ စပါး၊ မန်ယူ တို့နဲ့ ဆက်တိုက်တွေ့မယ့် တစ်ကြိမ်ကို သတိထားဖို့ လိုမှာဖြစ်တယ်။ ကံကောင်းမှုတစ်ခုကတော့ ရာသီအပိတ်ပွဲ သုံးပွဲအလိုမှာ ယှဉ်ပြိုင်ရမယ့် သုံးသင်းမှာ အာဆင်နယ်နဲ့ ချယ်ဆီးတို့ ပါဝင်နေတာဖြစ်ပြီး အစောပိုင်းပွဲတွေမှာ ရမှတ်ဖြတ်လာနိုင်ခဲ့ရင် အရေးမကြီးတဲ့ပွဲတွေဖြစ်နိုင်ပါတယ်။ မဟုတ်ခဲ့ရင်တော့ ခက်ခဲတဲ့ ရာသီသိမ်းပွဲစဉ်တွေ ဖြစ်လာမှာပါ။

လီဗာပူးရဲ့ ပွဲစဉ်ဇယားဟာ ပြည်တွင်းပွဲစဉ်အဖြစ် အသင်းကြီးတွေနဲ့ နှစ်ပွဲဆက် တွေ့မှု သုံးကြိမ်ထိ ပါဝင်ပေမယ့် အဆိုပါ ပွဲစဉ်တွေဟာ ဥရောပပြိုင်ပွဲမှာ အရေးကြီးပွဲတွေ ယှဉ်ပြိုင်ရဖို့ ရက်တွေနဲ့တော့ အရမ်းကြီး နီးကပ်မနေဘူးလို့ သတင်းထွက်နေပါတယ်။

လီဗာပူးရဲ့ ကံကြမ္မာတစ်ခုကို အချက်အလက်ဆိုင်ရာ ဝဘ်ဆိုဒ် Opta က ဖော်ထုတ်လာတာက။ လီဗာပူးဟာ ရာသီအဖွင့်ပွဲမှာ နော့ဝစ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ဖူးတာ တစ်ကြိမ်ပဲ ရှိဖူးပါတယ်။ အဆိုပါ တစ်ကြိမ်မှာ လီဗာပူးက ရာသီအသိမ်းမှာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီး မန်စီးတီးက ဒုတိယနေရာက ရပ်တည်ခဲ့တာပါ။

လာမယ့်ရာသီဟာ လီဗာပူးရဲ့ အနှစ် ၃၀ မြောက် ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပါဝင်ယှဉ်ပြိုင်မှုဖြစ်ပြီး နှစ် ၃၀ ကြာ နိမ့်ကျခဲ့တဲ့ အမှတ်ပေး ချန်ပီယံလောင်းဘွဲ့ကို တစ်ကြိမ်ပြန်ယူနိုင်ဖို့ ကံကြမ္မာလေလားလို့ Opta က မေးခွန်းထုတ်ခဲ့ပါတယ်။

Sports Home Time