အဂၤလန္အတြက္ စကားေျပာ ေဆြးေႏြးစရာ ျဖစ္လာေစခဲ့သူ ထရန္႔ အလက္ဇႏၵား အာႏိုး

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ႏွစ္ႏွစ္ဆက္ တက္ေရာက္ႏုိင္ခဲ့ျပီး ေနးရွင္းလိဂ္မွာ အဂၤလန္အသင္းနဲ႔အတူ တတိယရခဲ့သူ ညာအစြန္လူ ထရန္႔ဟာ အနာဂတ္ အဂၤလန္အသင္းအတြက္ ေမးခြန္းထုတ္ခံရသူတစ္ဦး ျဖစ္လာခဲ့ပါျပီ။

ထရန္႔ဟာ ကစားသမားဘဝ အေကာင္းဆံုး တိုးတက္ႏုိင္တဲ့ အေနအထားကို ေရာက္လာခဲ့ျပီျဖစ္ျပီး သူ႔ရဲ႕ ရည္ရြယ္ခ်က္ကလည္း အဂၤလန္အသိုင္းအဝိုင္းအတြက္ သတိထားစရာ ျဖစ္လာေနခဲ့တယ္။ ညာအစြန္လူေနရာအတြက္ ေဝၚကာ၊ ထရစ္ပီယာတို႔ကို စိန္ေခၚလာတဲ့ ထရန္႔ဟာ ျပင္းထန္တဲ့ ရည္မွန္းခ်က္ရွိသူျဖစ္တယ္။

မာေဆးဆိုဒ္သားရဲ႕ ရည္ရြယ္ခ်က္က “ ကမၻာအေကာင္းဆံုး လူငယ္ေတြထဲက တစ္ဦးနဲ႔ အေကာင္းဆံုး အစြန္လူေတြထဲက တစ္ဦး ျဖစ္လိုတယ္။ ပြဲထြက္လူစာရင္းေတြမွာ နာမည္ေရးထိုးခံရသူ ျဖစ္လိုျပီး လီဗာပူး အသင္းေခါင္းေဆာင္ ျဖစ္လာဖို႔နဲ႔ အဂၤလန္အသင္းေခါင္းေဆာင္ ျဖစ္လာဖို႔ ေမွ်ာ္လင့္တယ္ ” လို႔ ဆိုထားပါတယ္။

အသက္ 20 အရြယ္ အစြန္လူဟာ လက္ေရြးစင္အသင္းမွာ အရမ္း အာရံုစိုက္ခံရသူ မဟုတ္ခဲ့ေသးေပမယ့္ မေန႔က ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ လီဗာပူးကစားသမားဟာ ေကာင္းမြန္တဲ့ ေဘာလံုးရာသီကို ထိုက္တန္စြာ ပိုင္ဆိုင္ထားသူလို႔ ဂရုစိုက္ျခင္း ခံလာခဲ့ရတယ္။

မန္ေနဂ်ာေဆာက္ဂိတ္ရဲ႕ အသင္းအတြက္ မိနစ္ 90 အသာစီးရေစမယ့္ အခြင့္အေရး အမ်ားအျပားက ညာျခမ္းကေန ေပၚထြက္လာတာျဖစ္ျပီး ျဖတ္တင္ေပးမႈ တစ္ၾကိမ္ကို အလီ အသံုးမခ်ႏုိင္ခဲ့သလို၊ ေနာက္တစ္ၾကိမ္ကို ဆြစ္ဇလန္ ဂိုးသမား ကာကြယ္ႏုိင္ခဲ့လို႔သာ ဆြစ္ဇလန္တို႔ အဖြင့္ဂိုး မေပးခဲ့ရတာပါ။

ပြဲအျပီးမွာေတာ့ ထရန္႔ဟာ အခြင့္အေရး ဖန္တီးမႈ 7 ၾကိမ္ လုပ္ႏိုင္ခဲ့ျပီး အဂၤလန္အသင္းေဖာ္ေတြထဲ အျမင့္ဆံုးျဖစ္သလို 2014 ခုႏွစ္ ေအာက္တိုဘာလက ဥေရာပပြဲမွာ ဆန္မာရီယိုဘက္ကို ရင္ဆိုင္ကစားစဥ္ ဂ်ိမ္းမီလ္နာ လုပ္ႏုိင္ခဲ့တဲ့ အခြင့္အေရး ဖန္တီးမႈ 9 ၾကိမ္ေနာက္ပိုင္း အျမင့္ဆံုးလည္း ျဖစ္ခဲ့တယ္။

ထရန္႔ဟာ ျဖတ္တင္ေဘာ လုပ္ႏုိင္ဖုိ႔ 18 ၾကိမ္ ျပဳလုပ္ခဲ့ျပီူ 2009 ခုႏွစ္က အန္ဒိုရာပြဲမွာ ေဒးဗစ္ဘမ္ခမ္း လုပ္ႏုိင္ခဲ့တဲ့ ျဖတ္တင္ေဘာ 19 ၾကိမ္ထက္ တစ္ၾကိမ္ပဲ ေလ်ာ့နည္းပါတယ္။ မႏွစ္ကရာသီ လီဗာပူးအသင္းအတြက္ ဂိုးေထာက္ပံ့မႈ 15 ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့တဲ့ ထရန္႔ဟာ သူ႔ရဲ႕ထိေရာက္တဲ့ တုိက္စစ္ပံ့ပိုးမႈကို အေသအခ်ာျပသခဲ့တာျဖစ္ျပီး အဂၤလန္ ညာျခမ္းအတြက္ သတိျပဳစရာ ျဖစ္ခဲ့ပါတယ္။

လက္ရွိ ထရန္႔ရဲ႕ ေျခစြမ္းဟာ ထရစ္ပီယာ၊ ေဝၚကာတို႔ထက္ တည္ျငိမ္မႈရွိေနျပီး သူ႔ကို စိန္ေခၚႏုိင္မယ့္ ကစားသမားက ပဲေလစ့္မွ ဝမ္ဘစ္ဆာကာ ရွိေနေသးေပမယ့္ အျမင့္ဆံုး ျပိဳင္ပြဲေတြမွာ ကစားျပႏုိင္မႈအရ ထရန္႔ဟာ အဂၤလန္ရဲ႕ ညာျခမ္း ဦးစားေပးျဖစ္သင့္ေနျပီလို႔ The Times သတင္းစာက ေဖာ္ျပသြားပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပြီး နေးရှင်းလိဂ်မှာ အင်္ဂလန်အသင်းနဲ့အတူ တတိယရခဲ့သူ ညာအစွန်လူ ထရန့်ဟာ အနာဂတ် အင်္ဂလန်အသင်းအတွက် မေးခွန်းထုတ်ခံရသူတစ်ဦး ဖြစ်လာခဲ့ပါပြီ။

ထရန့်ဟာ ကစားသမားဘဝ အကောင်းဆုံး တိုးတက်နိုင်တဲ့ အနေအထားကို ရောက်လာခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကလည်း အင်္ဂလန်အသိုင်းအဝိုင်းအတွက် သတိထားစရာ ဖြစ်လာနေခဲ့တယ်။ ညာအစွန်လူနေရာအတွက် ဝေါ်ကာ၊ ထရစ်ပီယာတို့ကို စိန်ခေါ်လာတဲ့ ထရန့်ဟာ ပြင်းထန်တဲ့ ရည်မှန်းချက်ရှိသူဖြစ်တယ်။

မာဆေးဆိုဒ်သားရဲ့ ရည်ရွယ်ချက်က “ ကမ္ဘာအကောင်းဆုံး လူငယ်တွေထဲက တစ်ဦးနဲ့ အကောင်းဆုံး အစွန်လူတွေထဲက တစ်ဦး ဖြစ်လိုတယ်။ ပွဲထွက်လူစာရင်းတွေမှာ နာမည်ရေးထိုးခံရသူ ဖြစ်လိုပြီး လီဗာပူး အသင်းခေါင်းဆောင် ဖြစ်လာဖို့နဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာဖို့ မျှော်လင့်တယ် ” လို့ ဆိုထားပါတယ်။

အသက် 20 အရွယ် အစွန်လူဟာ လက်ရွေးစင်အသင်းမှာ အရမ်း အာရုံစိုက်ခံရသူ မဟုတ်ခဲ့သေးပေမယ့် မနေ့က ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် လီဗာပူးကစားသမားဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ထိုက်တန်စွာ ပိုင်ဆိုင်ထားသူလို့ ဂရုစိုက်ခြင်း ခံလာခဲ့ရတယ်။

မန်နေဂျာဆောက်ဂိတ်ရဲ့ အသင်းအတွက် မိနစ် 90 အသာစီးရစေမယ့် အခွင့်အရေး အများအပြားက ညာခြမ်းကနေ ပေါ်ထွက်လာတာဖြစ်ပြီး ဖြတ်တင်ပေးမှု တစ်ကြိမ်ကို အလီ အသုံးမချနိုင်ခဲ့သလို၊ နောက်တစ်ကြိမ်ကို ဆွစ်ဇလန် ဂိုးသမား ကာကွယ်နိုင်ခဲ့လို့သာ ဆွစ်ဇလန်တို့ အဖွင့်ဂိုး မပေးခဲ့ရတာပါ။

ပွဲအပြီးမှာတော့ ထရန့်ဟာ အခွင့်အရေး ဖန်တီးမှု 7 ကြိမ် လုပ်နိုင်ခဲ့ပြီး အင်္ဂလန်အသင်းဖော်တွေထဲ အမြင့်ဆုံးဖြစ်သလို 2014 ခုနှစ် အောက်တိုဘာလက ဥရောပပွဲမှာ ဆန်မာရီယိုဘက်ကို ရင်ဆိုင်ကစားစဉ် ဂျိမ်းမီလ်နာ လုပ်နိုင်ခဲ့တဲ့ အခွင့်အရေး ဖန်တီးမှု 9 ကြိမ်နောက်ပိုင်း အမြင့်ဆုံးလည်း ဖြစ်ခဲ့တယ်။

ထရန့်ဟာ ဖြတ်တင်ဘော လုပ်နိုင်ဖို့ 18 ကြိမ် ပြုလုပ်ခဲ့ပြီူ 2009 ခုနှစ်က အန်ဒိုရာပွဲမှာ ဒေးဗစ်ဘမ်ခမ်း လုပ်နိုင်ခဲ့တဲ့ ဖြတ်တင်ဘော 19 ကြိမ်ထက် တစ်ကြိမ်ပဲ လျော့နည်းပါတယ်။ မနှစ်ကရာသီ လီဗာပူးအသင်းအတွက် ဂိုးထောက်ပံ့မှု 15 ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ထရန့်ဟာ သူ့ရဲ့ထိရောက်တဲ့ တိုက်စစ်ပံ့ပိုးမှုကို အသေအချာပြသခဲ့တာဖြစ်ပြီး အင်္ဂလန် ညာခြမ်းအတွက် သတိပြုစရာ ဖြစ်ခဲ့ပါတယ်။

လက်ရှိ ထရန့်ရဲ့ ခြေစွမ်းဟာ ထရစ်ပီယာ၊ ဝေါ်ကာတို့ထက် တည်ငြိမ်မှုရှိနေပြီး သူ့ကို စိန်ခေါ်နိုင်မယ့် ကစားသမားက ပဲလေစ့်မှ ဝမ်ဘစ်ဆာကာ ရှိနေသေးပေမယ့် အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ကစားပြနိုင်မှုအရ ထရန့်ဟာ အင်္ဂလန်ရဲ့ ညာခြမ်း ဦးစားပေးဖြစ်သင့်နေပြီလို့ The Times သတင်းစာက ဖော်ပြသွားပါတယ်။

Sports Home Time