ေဘာလံုးကန္ ေတာ္ရံုတင္မကပဲ ေဆာ္လည္းၾကည္တဲ့ ဇင္ခ်န္ကို

ယူကရိန္းနဲ႔ မန္စီးတီး ကစားသမား ဇင္ခ်န္ကိုဟာ လက္ေရြးစင္အသင္းက ဆားဘီးယားကို 5-0 နဲ႔ အႏုိင္ရတဲ့ပြဲအျပီးမွာ အင္တာဗ်ဴးမမကို နမ္းျခင္းနဲ႔အတူ ေအာင္ပြဲခံသြားခဲ့ပါတယ္။

ေဘာလံုးသမားေတြက ပြဲအျပီးမွာ သတင္းေထာက္မေတြကို နမ္းတာမ်ိဳးက ဒါ ပထမဆံုးေတာ့ မဟုတ္ပါဘူး။ 2010 တုန္းက ကမၻာဖလားဗိုလ္လုပြဲမွာ စပိန္ဂိုးသမား ကာဆီးလက္ဟာ ပြဲအင္တာဗ်ဴးမွာ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ့ သတင္းေထာက္မေလး Sara Carbonaro ကို နမ္းျခင္းက အေတာ္ေလး ပြဲက်ရတဲ့ ျဖစ္ရပ္ ျဖစ္ခဲ့ဖူးပါတယ္။

ယူရို 2020 ေျခစစ္ပြဲအတြက္ ယူကရိန္းနဲ႔ ဆားဘီးယားတို႔ ယွဥ္ျပိဳင္ၾကစဥ္ ႏုိင္ပြဲရအျပီးမွာ ဇင္ခ်န္ကိုက သတင္းေထာက္ကို နမ္းခဲ့တာျဖစ္တယ္။ ဇင္ခ်န္ကိုနဲ႔ သတင္းေထာက္ Vlada Sedan တို႔ဟာ အေတာ္ေလး ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြျဖစ္ျပီး ဇင္ခ်န္ကိုရဲ႕ အျပဳအမႈက သူမကို ေပ်ာ္ရႊင္ေစခဲ့တာကိုလည္း ျမင္ခဲ့ရပါေသးတယ္။

ဒါေပမယ့္လို႔ အဆိုပါ အျပဳအမႈအတြက္ ေဝဖန္ခံရမႈေတြ မရွိတာေတာ့ မဟုတ္ပါဘူး။ ဇင္ခ်န္ကိုဟာ သူ႔ရဲ႕ အနမ္းအေပၚ လိင္ပိုင္းဆိုင္ရာ ခ်ိဳးေဖာက္သူအျဖစ္ ေဝဖန္ခံရမႈေတြေတာ့ ရွိေနပါတယ္။ ကြင္းထဲမွာ ေဘာလံုးကန္ေကာင္းတဲ့ ဇင္ခ်န္ကိုဟာ မိန္းကေလးေတြ က်ေလာက္တဲ့ ရုပ္ရည္ရွိသလို သူ႔ရဲ႕ အင္စတာဂရမ္ကေနလည္း အမ်ိဳးသမီး လွလွေေတြနဲ႔တြဲျပီး ပံုအလန္းေတြ တင္ခဲ့ဖူးသူျဖစ္ပါတယ္။

ယူကရိန္းနဲ႔ ဆားဘီးယားပြဲမွာ ဇင္ခ်န္ကိုဟာ သူပံုမွန္ကစားတဲ့ ကြင္းလယ္ေနရာက ပါဝင္ကစားခဲ့တာပါ။ မန္စီးတီးမွာ ဘယ္အစြန္ေနရာအျပင္ လိုအပ္တဲ့ ေနရာတိုင္းမွာ ျဖည့္ကစားေပးေပမယ့္ ဇင္ခ်န္ကိုရဲ႕ အေကာင္းဆံုး ေနရာက ကြင္းလယ္ျဖစ္ျပီး လက္ေရြးစင္အသင္းအတြက္လည္း အဆိုပါေနရာက ေျခစြမ္းျပ ကစားေပးႏုိင္ခဲ့ပါတယ္။

Sports Home Time

[Unicode] ယူကရိန်းနဲ့ မန်စီးတီး ကစားသမား ဇင်ချန်ကိုဟာ လက်ရွေးစင်အသင်းက ဆားဘီးယားကို 5-0 နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ အင်တာဗျူးမမကို နမ်းခြင်းနဲ့အတူ အောင်ပွဲခံသွားခဲ့ပါတယ်။

ဘောလုံးသမားတွေက ပွဲအပြီးမှာ သတင်းထောက်မတွေကို နမ်းတာမျိုးက ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ 2010 တုန်းက ကမ္ဘာဖလားဗိုလ်လုပွဲမှာ စပိန်ဂိုးသမား ကာဆီးလက်ဟာ ပွဲအင်တာဗျူးမှာ သူ့ရဲ့ချစ်သူဖြစ်တဲ့ သတင်းထောက်မလေး Sara Carbonaro ကို နမ်းခြင်းက အတော်လေး ပွဲကျရတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ဖူးပါတယ်။

ယူရို 2020 ခြေစစ်ပွဲအတွက် ယူကရိန်းနဲ့ ဆားဘီးယားတို့ ယှဉ်ပြိုင်ကြစဉ် နိုင်ပွဲရအပြီးမှာ ဇင်ချန်ကိုက သတင်းထောက်ကို နမ်းခဲ့တာဖြစ်တယ်။ ဇင်ချန်ကိုနဲ့ သတင်းထောက် Vlada Sedan တို့ဟာ အတော်လေး ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဇင်ချန်ကိုရဲ့ အပြုအမှုက သူမကို ပျော်ရွှင်စေခဲ့တာကိုလည်း မြင်ခဲ့ရပါသေးတယ်။

ဒါပေမယ့်လို့ အဆိုပါ အပြုအမှုအတွက် ဝေဖန်ခံရမှုတွေ မရှိတာတော့ မဟုတ်ပါဘူး။ ဇင်ချန်ကိုဟာ သူ့ရဲ့ အနမ်းအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်သူအဖြစ် ဝေဖန်ခံရမှုတွေတော့ ရှိနေပါတယ်။ ကွင်းထဲမှာ ဘောလုံးကန်ကောင်းတဲ့ ဇင်ချန်ကိုဟာ မိန်းကလေးတွေ ကျလောက်တဲ့ ရုပ်ရည်ရှိသလို သူ့ရဲ့ အင်စတာဂရမ်ကနေလည်း အမျိုးသမီး လှလှေတွေနဲ့တွဲပြီး ပုံအလန်းတွေ တင်ခဲ့ဖူးသူဖြစ်ပါတယ်။

ယူကရိန်းနဲ့ ဆားဘီးယားပွဲမှာ ဇင်ချန်ကိုဟာ သူပုံမှန်ကစားတဲ့ ကွင်းလယ်နေရာက ပါဝင်ကစားခဲ့တာပါ။ မန်စီးတီးမှာ ဘယ်အစွန်နေရာအပြင် လိုအပ်တဲ့ နေရာတိုင်းမှာ ဖြည့်ကစားပေးပေမယ့် ဇင်ချန်ကိုရဲ့ အကောင်းဆုံး နေရာက ကွင်းလယ်ဖြစ်ပြီး လက်ရွေးစင်အသင်းအတွက်လည်း အဆိုပါနေရာက ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ပါတယ်။

Sports Home Time