ေပၚတူဂီ၊ ေရာ္နယ္ဒိုနဲ႔ ဂြၽာအိုဖီးလစ္တို႔ အေပၚ သံုးသပ္မႈေတြ ျပဳလုပ္လိုက္တဲ့ ဗန္ဒိုက္

နယ္သာလန္ ေနာက္ခံလူ ဗန္ဒိုက္က ေပၚတူဂီနဲ႔ ေန႐ွင္းလိဂ္ ဖိုင္နယ္မွာ တိုက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္ဒို တစ္ေယာက္ထဲကိုပဲ အာရံုစိုက္ ကစားသြားမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

မေန႔က ဆီမီးဖိုင္နယ္ရဲ႕ အခ်ိန္ပိုမွာ နယ္သာလန္က အဂၤလန္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ဗိုလ္လုပြဲ တက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ကမၻာ့အေကာင္းဆံုး ေနာက္ခံလူ တစ္ေယာက္ျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ကမၻာ့အေကာင္းဆံုး ကစားသမား ေရာ္နယ္ဒိုတို႔က တနဂၤေႏြေန႔ ဖိုင္နယ္ပြဲမွာ ထိပ္တိုက္ေတြ႔ဆံုၾကေတာ့မွာပါ။

ဒါေပမယ့္ လီဗာပူး ၾကယ္ပြင့္ကေတာ့ ဆြစ္ဇာလန္နဲ႔ ဆီမီးဖိုင္နယ္မွာ ဟက္ထရစ္ သြင္းယူခဲ့တဲ့ ေရာ္နယ္ဒိုထက္ ေပၚတူဂီတစ္သင္းလံုးကို ပိုၿပီး အာရံုစိုက္ရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ေတြ႔ရေတာ့မွာပါ။ က်ေနာ္တို႔က ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ပဲ ရင္ဆိုင္သြားမွာ မဟုတ္ပါဘူး။ ေပၚတူဂီနဲ႔ ရင္ဆိုင္ရမွာပါ။ ဘာျဖစ္လာမလဲဆိုတာ ျမင္ေတြ႔ရေတာ့မွာပါ။ အဲ့အသင္းနဲ႔ ဖိုင္နယ္ကစားရဖို႔ က်ေနာ္ ေမ်ွာ္လင့္ေနခဲ့တာပါ။ အဆံုးသတ္မွာ ဖလားကိုင္ေျမႇာက္ၿပီး လူတိုင္း ဂုဏ္ယူႏိုင္ဖို႔ ေမ်ွာ္လင့္ခ်က္နဲ႔ က်ေနာ္တို႔ တတ္ႏိုင္သမ်ွ အရာအားလံုး ေပးဆပ္ကစားသြားမွာပါ။ ” လို႔ ဗန္ဒိုက္က ဆိုပါတယ္။

ဆြစ္ဇာလန္နဲ႔ပြဲမွာ ေရာ္နယ္ဒိုက ေတာက္ပႏိုင္ခဲ့တဲ့အခ်ိန္ ေပၚတူဂီ လူငယ္ၾကယ္ပြင့္ ဂြၽာအို ဖီးလစ္ကို ဘင္ဖီကာက သူ႔ေျခစြမ္းေကာင္းေတြလိုမ်ိဳး ျပသဖို႔ ေမ်ွာ္လင့္ခဲ့ၾကတာပါ။ လူငယ္ကစားသမားဟာ ပြဲထြက္ပါဝင္ခဲ့ၿပီး လက္ေရြးစင္အသင္းရဲ႕ ဆီမီးဖိုင္နယ္ ႏိုင္ပြဲမွာ ပါဝင္ကစားခဲ့ပါတယ္။

ဖီလစ္ဟာ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ ဖရန္႔ဖတ္နဲ႔ပြဲမွာ အဆင့္အတန္း ျမင့္မားတဲ့ ဟက္ထရစ္ဂိုးနဲ႔အတူ ဥေရာပမွာ သူ႔အရည္အခ်င္းကို ျပသခဲ့တာျဖစ္ၿပီး ေႏြရာသီမွာ မ်ားျပားတဲ့ပမာဏနဲ႔ အသင္းေျပာင္းဖို႔ ခ်ိတ္ဆက္ခဲ့ပါတယ္။ ဒီရာသီမွာ လီဗာပူးကို ခ်န္ပီယံလိဂ္ ဖလားရေအာင္ ကူညီခဲ့တဲ့ ေနာက္ခံလူ ဗန္ဒိုက္က ဂြၽာအိုဖီးလစ္ကို ေအာင္ျမင္တဲ့ ကစားသမားဘဝ ရ႐ွိဖို႔ ေမ်ွာ္လင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္က ေဘာလံုးပြဲေတြကို ေသခ်ာၾကည့္တာဗ်။ ယူ႐ိုပါလိဂ္ကို ၾကည့္ခဲ့တယ္။ သူ႔အစြမ္းအစကို လူတိုင္း ျမင္ခဲ့မွာပါ။ သူက ႀကီးက်ယ္တဲ့ အရည္အေသြး႐ွိတဲ့သူပါ။ သူ႔အေနနဲ႔ မာန္မတက္ပဲ ေသခ်ာဆက္ႀကိဳးစားမယ္ဆိုရင္ သူ႔ေ႐ွ႕မွာ ေတာက္ပတဲ့ အနာဂတ္ ႐ွိေနပါတယ္။ ဖိုင္နယ္ပြဲမွာ က်ေနာ္တို႔ သူတို႔ကို ရပ္တန္႔ႏိုင္မယ္လို႔ ေမ်ွာ္လင့္တယ္။ က်ေနာ္တို႔ အႏိုင္ရမယ္လို႔ ေမ်ွာ္လင့္ပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးကို ေျပာင္းေရႊ႔ခဲ့ၿပီးေနာက္ ကမၻာ့အေကာင္းဆံုး ေနာက္ခံလူ ျဖစ္လာတဲ့ ဗန္ဒိုက္အတြက္ ကလပ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားအျပင္ လက္ေရြးစင္အသင္းနဲ႔ ေန႐ွင္းလိဂ္ ဖလား ကိုင္ေျမာက္ႏုိင္ဖို႔ဟာ အံ့အားသင့္ဖြယ္ ႏွစ္တစ္ႏွစ္ ျဖစ္ေစပါလိမ့္မယ္။

Sports Home Time

[Unicode] နယ်သာလန် နောက်ခံလူ ဗန်ဒိုက်က ပေါ်တူဂီနဲ့ နေရှင်းလိဂ် ဖိုင်နယ်မှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက်ထဲကိုပဲ အာရုံစိုက် ကစားသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မနေ့က ဆီမီးဖိုင်နယ်ရဲ့ အချိန်ပိုမှာ နယ်သာလန်က အင်္ဂလန်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ရော်နယ်ဒိုတို့က တနင်္ဂနွေနေ့ ဖိုင်နယ်ပွဲမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာပါ။

ဒါပေမယ့် လီဗာပူး ကြယ်ပွင့်ကတော့ ဆွစ်ဇာလန်နဲ့ ဆီမီးဖိုင်နယ်မှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ ရော်နယ်ဒိုထက် ပေါ်တူဂီတစ်သင်းလုံးကို ပိုပြီး အာရုံစိုက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ တွေ့ရတော့မှာပါ။ ကျနော်တို့က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ပဲ ရင်ဆိုင်သွားမှာ မဟုတ်ပါဘူး။ ပေါ်တူဂီနဲ့ ရင်ဆိုင်ရမှာပါ။ ဘာဖြစ်လာမလဲဆိုတာ မြင်တွေ့ရတော့မှာပါ။ အဲ့အသင်းနဲ့ ဖိုင်နယ်ကစားရဖို့ ကျနော် မျှော်လင့်နေခဲ့တာပါ။ အဆုံးသတ်မှာ ဖလားကိုင်မြှောက်ပြီး လူတိုင်း ဂုဏ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကျနော်တို့ တတ်နိုင်သမျှ အရာအားလုံး ပေးဆပ်ကစားသွားမှာပါ။ ” လို့ ဗန်ဒိုက်က ဆိုပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲမှာ ရော်နယ်ဒိုက တောက်ပနိုင်ခဲ့တဲ့အချိန် ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဂျွာအို ဖီးလစ်ကို ဘင်ဖီကာက သူ့ခြေစွမ်းကောင်းတွေလိုမျိုး ပြသဖို့ မျှော်လင့်ခဲ့ကြတာပါ။ လူငယ်ကစားသမားဟာ ပွဲထွက်ပါဝင်ခဲ့ပြီး လက်ရွေးစင်အသင်းရဲ့ ဆီမီးဖိုင်နယ် နိုင်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။

ဖီလစ်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ဖရန့်ဖတ်နဲ့ပွဲမှာ အဆင့်အတန်း မြင့်မားတဲ့ ဟက်ထရစ်ဂိုးနဲ့အတူ ဥရောပမှာ သူ့အရည်အချင်းကို ပြသခဲ့တာဖြစ်ပြီး နွေရာသီမှာ များပြားတဲ့ပမာဏနဲ့ အသင်းပြောင်းဖို့ ချိတ်ဆက်ခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးကို ချန်ပီယံလိဂ် ဖလားရအောင် ကူညီခဲ့တဲ့ နောက်ခံလူ ဗန်ဒိုက်က ဂျွာအိုဖီးလစ်ကို အောင်မြင်တဲ့ ကစားသမားဘဝ ရရှိဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

” ကျနော်က ဘောလုံးပွဲတွေကို သေချာကြည့်တာဗျ။ ယူရိုပါလိဂ်ကို ကြည့်ခဲ့တယ်။ သူ့အစွမ်းအစကို လူတိုင်း မြင်ခဲ့မှာပါ။ သူက ကြီးကျယ်တဲ့ အရည်အသွေးရှိတဲ့သူပါ။ သူ့အနေနဲ့ မာန်မတက်ပဲ သေချာဆက်ကြိုးစားမယ်ဆိုရင် သူ့ရှေ့မှာ တောက်ပတဲ့ အနာဂတ် ရှိနေပါတယ်။ ဖိုင်နယ်ပွဲမှာ ကျနော်တို့ သူတို့ကို ရပ်တန့်နိုင်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်လာတဲ့ ဗန်ဒိုက်အတွက် ကလပ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားအပြင် လက်ရွေးစင်အသင်းနဲ့ နေရှင်းလိဂ် ဖလား ကိုင်မြောက်နိုင်ဖို့ဟာ အံ့အားသင့်ဖွယ် နှစ်တစ်နှစ် ဖြစ်စေပါလိမ့်မယ်။

Sports Home Time