ယူႏုိက္တက္၊ လီဗာပူးနဲ႔ သတင္းၾကီးေနသူ ဒီလစ္ကို ဘာစီလိုနာမွာ တြဲကစားဖို႔ ဒီေဂ်ာင္း တိုက္တြန္း

နယ္သာလန္ကြင္းလယ္လူ ဒီေဂ်ာင္းကေတာ့ ေအဂ်က္အသင္းမွ အသင္းေဖာ္ေဟာင္း ဒီလစ္ကို ေႏြမွာ ဘာစီလိုနာကိုပဲ ေျပာင္းလာျပီး အတူတြဲကစားႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အေျပာင္းအေရႊ႔မွာ ထိပ္တန္းအသင္းေတြရဲ႕ အလိုရွိျခင္း အခံရဆံုးေသာ ခံစစ္သမားဟာ ေအဂ်က္နဲ႔အတူ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏုိင္ဖုိ႔ အဓိက က်ခဲ့သူပါ။ သူ႔ကိုေတာ့ လာလီဂါခ်န္ပီယံ ဘာစီလိုနာ၊ ျပင္သစ္လီဂူးခ်န္ပီယံ ပီအက္ဂ်ီ၊ ပရီးမီးယားလိန္ခ်န္ပီယံ မန္စီးတီး၊ ခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူး၊ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္နဲ႔ ယူႏုိက္တက္တုိ႔က အဓိက စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ရာသီသစ္မွာ ဘာစီလိုနာကို ေျပာင္းကစားဖို႔ သေဘာတူညီမႈ ရထားခဲ့ျပီျဖစ္တဲ့ ဒီေဂ်ာင္းကေတာ့ အသင္းေဖာ္ေဟာင္းကို ဘာစီလိုနာမွာလည္း အတူတဲျပီး ကစားခြင့္ရခ်င္တယ္လို႔ ဆိုပါတယ္။ အဂၤလန္ကို 3-1 နဲ႔ အေရးနိမ့္ေစခဲ့အျပီး ဒီေဂ်ာင္းက သတင္းသမားေတြရဲ႕ အေမးကို အေျဖျပန္ရာမွာ

” ဆံုးျဖတ္ခ်က္ေတြကို သူကိုယ္တုိင္ပဲ လုပ္ရမွာပါ။ က်ေနာ္ကေတာ့ ဘာစီလိုနာကို သူေရာက္လာမွာကို သေဘာက်တာေပါ့။ ဒါေပမယ့္ ဘာျဖစ္လာမယ္ဆိုတာ ၾကည့္ရပါမယ္။ ဆံုးျဖတ္ခ်က္ေတြက သူနဲ႔ပဲ သက္ဆုိင္ပါတယ္။ သူဘယ္ကို ေျပာင္းမယ္ဆိုတာ က်ေနာ္ မသိပါဘူး။ အားလံုးက သူ႔ဆံုးျဖတ္ခ်က္အတိုင္းပါပဲ။ ဘယ္အသင္းကို ေရြးခ်ယ္မယ္ဆိုတာ ခင္ဗ်ားတို႔ ေမးၾကည့္ၾကေပါ့။ က်ေနာ္ကေတာ့ ဘာစီလိုနာကို လာဖို႔ ေမွ်ာ္လင့္တာပါပဲ။

ဟုတ္ပါတယ္။ ဒီလစ္ကို ဘာစီလိုနာကို ေျပာင္းလာဖို႔ စည္းရံုးခဲ့ပါတယ္။ သူဘယ္လိုေတြးမလဲ၊ ဆံုးျဖတ္မလဲဆိုတာက က်ေနာ္နဲ႔ေတာ့ မဆုိင္ပါဘူး။ သူ႔ရဲ႕ေရြးခ်ယ္မႈမွာ က်ေနာ္က လႊမ္းမိုးမႈ ရွိမွာလည္း မဟုတ္ဘူး။ ဆံုးျဖတ္ခ်က္ေတြကို သူနဲ႔ သူ႔မိသားစုကပဲ လုပ္ရမွာပါ ” လို႔ ဒီေဂ်ာင္းက ေျဖဆိုခဲ့ပါတယ္။

နယ္သာလန္ခံစစ္သမားဟာ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္မွာ အဂၤလန္ဘက္ကို ေခါင္းတိုက္ဂိုးသြင္းခဲ့ျပီး လက္ေရြးစင္အသင္းကို ဗိုလ္လုပြဲထံ ပို႔ေပးဖို႔ရာ အဓိက က်ခဲ့ပါတယ္။ တနဂၤေႏြေန႔မွာေတာ့ နယ္သာလန္ဟာ ေပၚတူဂီအသင္းနဲ႔ ဗိုလ္လုပြဲ ကစားရမွာျဖစ္ျပီး အဆိုပါ ပြဲအျပီးမွာ ဒီလစ္ရဲ႕ အနာဂတ္ကို ေၾကညာေပးလာတာမ်ိဳး ျမင္ေတြ႔ရမယ္လို႔ သိထားရတာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်းကတော့ အေဂျက်အသင်းမှ အသင်းဖော်ဟောင်း ဒီလစ်ကို နွေမှာ ဘာစီလိုနာကိုပဲ ပြောင်းလာပြီး အတူတွဲကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

အပြောင်းအရွှေ့မှာ ထိပ်တန်းအသင်းတွေရဲ့ အလိုရှိခြင်း အခံရဆုံးသော ခံစစ်သမားဟာ အေဂျက်နဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အဓိက ကျခဲ့သူပါ။ သူ့ကိုတော့ လာလီဂါချန်ပီယံ ဘာစီလိုနာ၊ ပြင်သစ်လီဂူးချန်ပီယံ ပီအက်ဂျီ၊ ပရီးမီးယားလိန်ချန်ပီယံ မန်စီးတီး၊ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူး၊ စီးရီးအေချန်ပီယံ ဂျူဗင်တပ်နဲ့ ယူနိုက်တက်တို့က အဓိက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ရာသီသစ်မှာ ဘာစီလိုနာကို ပြောင်းကစားဖို့ သဘောတူညီမှု ရထားခဲ့ပြီဖြစ်တဲ့ ဒီဂျောင်းကတော့ အသင်းဖော်ဟောင်းကို ဘာစီလိုနာမှာလည်း အတူတဲပြီး ကစားခွင့်ရချင်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်ကို 3-1 နဲ့ အရေးနိမ့်စေခဲ့အပြီး ဒီဂျောင်းက သတင်းသမားတွေရဲ့ အမေးကို အဖြေပြန်ရာမှာ

” ဆုံးဖြတ်ချက်တွေကို သူကိုယ်တိုင်ပဲ လုပ်ရမှာပါ။ ကျနော်ကတော့ ဘာစီလိုနာကို သူရောက်လာမှာကို သဘောကျတာပေါ့။ ဒါပေမယ့် ဘာဖြစ်လာမယ်ဆိုတာ ကြည့်ရပါမယ်။ ဆုံးဖြတ်ချက်တွေက သူနဲ့ပဲ သက်ဆိုင်ပါတယ်။ သူဘယ်ကို ပြောင်းမယ်ဆိုတာ ကျနော် မသိပါဘူး။ အားလုံးက သူ့ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဘယ်အသင်းကို ရွေးချယ်မယ်ဆိုတာ ခင်ဗျားတို့ မေးကြည့်ကြပေါ့။ ကျနော်ကတော့ ဘာစီလိုနာကို လာဖို့ မျှော်လင့်တာပါပဲ။

ဟုတ်ပါတယ်။ ဒီလစ်ကို ဘာစီလိုနာကို ပြောင်းလာဖို့ စည်းရုံးခဲ့ပါတယ်။ သူဘယ်လိုတွေးမလဲ၊ ဆုံးဖြတ်မလဲဆိုတာက ကျနော်နဲ့တော့ မဆိုင်ပါဘူး။ သူ့ရဲ့ရွေးချယ်မှုမှာ ကျနော်က လွှမ်းမိုးမှု ရှိမှာလည်း မဟုတ်ဘူး။ ဆုံးဖြတ်ချက်တွေကို သူနဲ့ သူ့မိသားစုကပဲ လုပ်ရမှာပါ ” လို့ ဒီဂျောင်းက ဖြေဆိုခဲ့ပါတယ်။

နယ်သာလန်ခံစစ်သမားဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ဘက်ကို ခေါင်းတိုက်ဂိုးသွင်းခဲ့ပြီး လက်ရွေးစင်အသင်းကို ဗိုလ်လုပွဲထံ ပို့ပေးဖို့ရာ အဓိက ကျခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ နယ်သာလန်ဟာ ပေါ်တူဂီအသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အဆိုပါ ပွဲအပြီးမှာ ဒီလစ်ရဲ့ အနာဂတ်ကို ကြေညာပေးလာတာမျိုး မြင်တွေ့ရမယ်လို့ သိထားရတာ ဖြစ်ပါတယ်။

Sports Home Time