ျပင္သစ္လက္ေရြးစင္အသင္းကေန လွည့္ျပန္ရေတာ့မယ့္ ကန္ေတ

[Zawgyi] ခ်ယ္ဆီးၾကယ္ပြင့္ ကစားသမား ကန္ေတဟာ ဒဏ္ရာ ရွိေနခဲ့ေပမယ့္ ကလပ္အသင္းနဲ႕ အတူ ယူရိုပါလိဂ္ ဗိုလ္လုပြဲကို ရေအာင္ ကစားနုိင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း နိုင္ငံအသင္း ျပင္သစ္နဲ႕ အတူ ယူရို ေျခစစ္ပြဲ ပြဲစဥ္မ်ား မပါ၀င္နုိင္ေတာ့ဘဲ ေစာေစာစီးစီး လွည့္ျပန္ရမယ့္ ကိစၥ ရွိလာခဲ့ပါျပီ။

ကြင္းလယ္ကစားသမား ကန္ေတ ညာဘက္ ဒူးဒဏ္ရာ ရွိေနတာေၾကာင့္ ျပင္သစ္ လက္ေရြးစင္ အသင္းက ျပန္လႊတ္မွာ ျဖစ္ေၾကာင္း ျပင္သစ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ဘက္က ေၾကျငာသြားလိုက္ပါတယ္။

ကန္ေတဟာ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ အာဆင္နယ္ကို 4-1 နဲ႔ အႏုိင္ရ ခ်ယ္ဆီးအသင္းအတြက္ ဒဏ္ရာရေနတဲ့ၾကားက ပြဲခ်ိန္ျပည့္ ပါဝင္ကစားေပးခဲ့တာျဖစ္တယ္။ ဗုိလ္လုပြဲျပီးေနာက္ သူ႔ရဲ႕ ၾကံ႕ခိုင္မႈက တိုးတက္လာျခင္း မရွိပဲ လက္ေရြးစင္အသင္းရဲ႕ ခ်စ္ၾကည္ေရးပြဲမွာ ပါဝင္ေပးဖို႔ရာ လံုေလာက္တဲ့ ၾကံ႕ခိုင္မႈ မရွိဘူးလို႔ ဆံုးျဖတ္ခံခဲ့ရတာပါ။ ဒီဆံုးျဖတ္ခ်က္ေၾကာင့္ ခ်စ္ၾကည္ေရပြဲ ႏွစ္ပြဲလံုးကေန ကန္ေတကို ထုတ္ပယ္ေပးမွာ ျဖစ္ပါတယ္။

ျပင္သစ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ထုတ္ျပန္မႈမွာေတာ့ “ ကန္ေတဟာ တူရကီနဲ႔ အန္ဒိုရာကို ထြက္ခြာတဲ့ ျပင္သစ္အသင္း ခရီးစဥ္မွာ ပါဝင္သြားေတာ့မွာ မဟုတ္ပါဘူး။ သူ႔ရဲ႕ ညာဘက္ဒူးဒဏ္ရာနဲ႔ ပက္သက္ျပီး ေဆးအဖြဲ႔နဲ႔ ေတြ႔ဆံုမႈအျပီးမွာေတာ့ ဒီဆံုးျဖတ္ခ်က္ ျဖစ္ေပၚလာတာပါ။ မန္ေနဂ်ာဒမ္းခ်မ့္က ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္လူကို လက္ေရြးစင္အသင္း ခရီစဥ္မတိုင္ခင္ ျပန္လြတ္ဖို႔ ဆံုးျဖတ္လုိက္ပါတယ္ ” လို႔ ေဖာ္ျပထားပါတယ္။

ျပင္သစ္ေဘာလံုးအဖြဲ႔ခ်ဳပ္ကပဲ ကန္ေတေနရာ အစားထိုးဖို႔ ကစားသမား ျပန္လည္အစားထိုးမႈ လုပ္သြားမွာ မဟုတ္ဘူးလို႔လည္း ေၾကညာထားတယ္။ ကြင္လယ္လူဟာ ဒီအပတ္မွာပဲ အျခားေသာ ျပင္သစ္ အသင္းေဖာ္ေတြနဲ႔အတူ ျပင္သစ္ ႏုိင္ငံသားေကာင္းဆုကို လက္ခံရရွိထားသူျဖစ္ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္လူဟာ မန္ေနဂ်ာဆာရီရဲ႕ လန္ဒန္အသင္းအတြက္ အဓိက ကစားသမားလည္းျဖစ္ျပီး ဒီရာသီ လန္ဒန္အသင္းအတြက္ ကိုယ္တိုင္ 4 ဂိုးသြင္းကာ၊ ေလးၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ေပးႏုိင္ခဲ့တယ္။ သူဟာ ျပင္သစ္အသင္းအတြက္ေကာ၊ ခ်ယ္ဆီးအသင္းအတြက္ပါ အဓိက ေက်ာရိုး ကစားသမားလည္း ျဖစ္ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးကြယ်ပွင့် ကစားသမား ကန်တေဟာ ဒဏ်ရာ ရှိနေခဲ့ပေမယ့် ကလပ်အသင်းနဲ့ အတူ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံအသင်း ပြင်သစ်နဲ့ အတူ ယူရို ခြေစစ်ပွဲ ပွဲစဉ်များ မပါဝင်နိုင်တော့ဘဲ စောစောစီးစီး လှည့်ပြန်ရမယ့် ကိစ္စ ရှိလာခဲ့ပါပြီ။

ကွင်းလယ်ကစားသမား ကန်တေ ညာဘက် ဒူးဒဏ်ရာ ရှိနေတာကြောင့် ပြင်သစ် လက်ရွေးစင် အသင်းက ပြန်လွှတ်မှာ ဖြစ်ကြောင်း ပြင်သစ် ဘောလုံး အဖွဲ့ချုပ်ဘက်က ကြေငြာသွားလိုက်ပါတယ်။

ကန်တေဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်ကို 4-1 နဲ့ အနိုင်ရ ချယ်ဆီးအသင်းအတွက် ဒဏ်ရာရနေတဲ့ကြားက ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့တာဖြစ်တယ်။ ဗိုလ်လုပွဲပြီးနောက် သူ့ရဲ့ ကြံ့ခိုင်မှုက တိုးတက်လာခြင်း မရှိပဲ လက်ရွေးစင်အသင်းရဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ပေးဖို့ရာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိဘူးလို့ ဆုံးဖြတ်ခံခဲ့ရတာပါ။ ဒီဆုံးဖြတ်ချက်ကြောင့် ချစ်ကြည်ရေပွဲ နှစ်ပွဲလုံးကနေ ကန်တေကို ထုတ်ပယ်ပေးမှာ ဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်မှုမှာတော့ “ ကန်တေဟာ တူရကီနဲ့ အန်ဒိုရာကို ထွက်ခွာတဲ့ ပြင်သစ်အသင်း ခရီးစဉ်မှာ ပါဝင်သွားတော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ညာဘက်ဒူးဒဏ်ရာနဲ့ ပက်သက်ပြီး ဆေးအဖွဲ့နဲ့ တွေ့ဆုံမှုအပြီးမှာတော့ ဒီဆုံးဖြတ်ချက် ဖြစ်ပေါ်လာတာပါ။ မန်နေဂျာဒမ်းချမ့်က ချယ်ဆီးအသင်းရဲ့ ကွင်းလယ်လူကို လက်ရွေးစင်အသင်း ခရီစဉ်မတိုင်ခင် ပြန်လွတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ” လို့ ဖော်ပြထားပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကပဲ ကန်တေနေရာ အစားထိုးဖို့ ကစားသမား ပြန်လည်အစားထိုးမှု လုပ်သွားမှာ မဟုတ်ဘူးလို့လည်း ကြေညာထားတယ်။ ကွင်လယ်လူဟာ ဒီအပတ်မှာပဲ အခြားသော ပြင်သစ် အသင်းဖော်တွေနဲ့အတူ ပြင်သစ် နိုင်ငံသားကောင်းဆုကို လက်ခံရရှိထားသူဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်လူဟာ မန်နေဂျာဆာရီရဲ့ လန်ဒန်အသင်းအတွက် အဓိက ကစားသမားလည်းဖြစ်ပြီး ဒီရာသီ လန်ဒန်အသင်းအတွက် ကိုယ်တိုင် 4 ဂိုးသွင်းကာ၊ လေးကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ပေးနိုင်ခဲ့တယ်။ သူဟာ ပြင်သစ်အသင်းအတွက်ကော၊ ချယ်ဆီးအသင်းအတွက်ပါ အဓိက ကျောရိုး ကစားသမားလည်း ဖြစ်ပါတယ်။

Sports Home Time