ေရာ္နယ္ဒိုက ဒီကမၻာကမဟုတ္ဘူး၊ အျခားကမၻာကလာတာဆိုတဲ့ ကြင္းလယ္လူ ရွာကာ

ဆြစ္ဇလန္ကြင္းလယ္လူ ရွာကာဟာ ေပၚတူဂီအသင္းနဲ႔ ယွဥ္ျပိဳင္ကစားအျပီးမွာ ေရာ္နယ္ဒိုရဲ႕ လႊမ္းမိုးမႈကို နားလည္ခဲ့ဟန္ရွိျပီး သူ႔ကို ကမၻာအေကာင္းဆံုးအျဖစ္ နာမည္တပ္ခဲ့ပါတယ္။

ကြင္းလယ္လူ ရွာကာကပဲ ေရာ္နယ္ဒိုဟာ ဒီကမၻာေပၚက ကစားသမား မဟုတ္ပါဘူးဆိုျပီး ေပၚတူဂီသားကို ခ်ီးက်ဴးမႈလည္း ျပဳလုပ္ခဲ့တယ္။ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ 53 ၾကိမ္ေျမာက္ hat-trick ဂိုးကို ဆြစ္ဇလန္နဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ ေရာ္နယ္ဒိုဟာ မိခင္ႏိုင္ငံအသင္းကို ဗိုလ္လုပြဲေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ပါတယ္။

ရွာကာက ေျပာရာမွာ ” က်ေန္ာတုိ႔ အရမ္းေကာင္းတဲ့ပြဲ ကစားခဲ့တယ္လို႔ ထင္ပါတယ္။ က်ေနာ္အျမင္မွာ က်ေန္ာတုိ႔က ပိုေကာင္းတဲ့အသင္း ျဖစ္ေပမယ့္ သူတို႔မွာ ေရာ္နယ္ဒို ရွိေနခဲ့တယ္။ တကယ္ကို မယံုႏုိင္တဲ့ ကစားသမားပါပဲ။ သူက ကမၻာေပၚက အေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္ပါတယ္။

ေရာ္နယ္ဒိုက အရမ္းကို ထူးခၽြန္သူပါ။ ဘယ္ေနရာမွာ ဘာလုပ္ရမယ္ဆိုတာ အျမဲတမ္း သိသူပါ။ က်ေနာ္တုိ႔က သူ႔ကို ခ်ဳပ္ကိုင္ႏုိင္ျပီလို႔ ထင္ခဲ့ေပမယ့္ အဆံုးမွာေတာ့ သူသံုးဂိုးသြင္းခဲ့ျပီး က်ေန္ာတုိ႔ အေရးနိမ့္ခဲ့တယ္။ အရမ္းေကာင္းတဲ့ အသင္းနဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္လုိ႔ က်ေန္ာတုိ႔ရဲ႕ ကစားပံုကို ဂုဏ္ယူႏုိင္တယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ျဖစ္ပါတယ္။

ဒီပြဲမတိုင္ခင္တုန္းက ရွာကာဟာ ေရာ္နယ္ဒိုကို ထိန္းႏုိင္မယ္လို႔ ထင္ခဲ့ပါေသးတယ္။ အခုခ်ိန္မွာေတာ့ အသက္ 26 ႏွစ္အရြယ္ ကစားသမားက ေဝဝါးေနမႈေတြကေန ႏိုးထလာခဲ့ဟန္ရွိတယ္။ သူကပဲ ေရာ္နယ္ဒိုနဲ႔ မက္ဆီဟာ ဒီကမၻာေပၚက ကစားသမားေတြ မျဖစ္ႏုိင္ဘူးလုိ႔ ဆိုပါတယ္။

” ႏွစ္ေယာက္ထဲက တစ္ေယာက္။ က်ေနာ္ အျမင္အရေတာ့ ႏွစ္ေယာက္လံုးက ဒီကမၻာက မျဖစ္ႏိုင္ဘူး။ ဒီႏွစ္ဦးက အျခား ကစားသမားေတြနဲ႔ ျခားနားလြန္းေနတယ္။ အသက္ 34 ႏွစ္အရြယ္မွာေတာင္ ဒီလို ကစားႏုိင္ေသးရင္ အမ်ားၾကီး ေလးစားခံရဖို႔ ထိုက္တန္ပါတယ္။

လက္ေရြးစင္ပြဲေကာ ဂ်ဴဗင္တပ္ပြဲမွာပါ။ သူက မယံုႏုိင္ေလာက္တဲ့ အရည္အခ်င္းရွိသူဆုိတာ ျပသထားတယ္။ သူ႔ကို ရပ္တန္႔ဖို႔က ခက္ခဲ့ပါတယ္။ က်ေနာ္တုိ႔အတြက္ ေကာင္းမြန္တဲ့ အေျခအေနေတြ မဟုတ္ဘူးဆိုတာ ေရာ္နယ္ဒိုက ျပသခဲ့ပါတယ္ ” လို႔ ရွာကာက ေရာ္နယ္ဒိုနဲ႔ မက္ဆီကို ကမၻာအေကာင္းဆံုး ကစားသမားအျဖစ္ ညႊန္းဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ဆွစ်ဇလန်ကွင်းလယ်လူ ရှာကာဟာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားအပြီးမှာ ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုကို နားလည်ခဲ့ဟန်ရှိပြီး သူ့ကို ကမ္ဘာအကောင်းဆုံးအဖြစ် နာမည်တပ်ခဲ့ပါတယ်။

ကွင်းလယ်လူ ရှာကာကပဲ ရော်နယ်ဒိုဟာ ဒီကမ္ဘာပေါ်က ကစားသမား မဟုတ်ပါဘူးဆိုပြီး ပေါ်တူဂီသားကို ချီးကျူးမှုလည်း ပြုလုပ်ခဲ့တယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ 53 ကြိမ်မြောက် hat-trick ဂိုးကို ဆွစ်ဇလန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ မိခင်နိုင်ငံအသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။

ရှာကာက ပြောရာမှာ ” ကျနေ်ာတို့ အရမ်းကောင်းတဲ့ပွဲ ကစားခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်အမြင်မှာ ကျနေ်ာတို့က ပိုကောင်းတဲ့အသင်း ဖြစ်ပေမယ့် သူတို့မှာ ရော်နယ်ဒို ရှိနေခဲ့တယ်။ တကယ်ကို မယုံနိုင်တဲ့ ကစားသမားပါပဲ။ သူက ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပါတယ်။

ရော်နယ်ဒိုက အရမ်းကို ထူးချွန်သူပါ။ ဘယ်နေရာမှာ ဘာလုပ်ရမယ်ဆိုတာ အမြဲတမ်း သိသူပါ။ ကျနော်တို့က သူ့ကို ချုပ်ကိုင်နိုင်ပြီလို့ ထင်ခဲ့ပေမယ့် အဆုံးမှာတော့ သူသုံးဂိုးသွင်းခဲ့ပြီး ကျနေ်ာတို့ အရေးနိမ့်ခဲ့တယ်။ အရမ်းကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လို့ ကျနေ်ာတို့ရဲ့ ကစားပုံကို ဂုဏ်ယူနိုင်တယ်လို့ ထင်ပါတယ် ” ဆိုပြီး ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်တုန်းက ရှာကာဟာ ရော်နယ်ဒိုကို ထိန်းနိုင်မယ်လို့ ထင်ခဲ့ပါသေးတယ်။ အခုချိန်မှာတော့ အသက် 26 နှစ်အရွယ် ကစားသမားက ဝေဝါးနေမှုတွေကနေ နိုးထလာခဲ့ဟန်ရှိတယ်။ သူကပဲ ရော်နယ်ဒိုနဲ့ မက်ဆီဟာ ဒီကမ္ဘာပေါ်က ကစားသမားတွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

” နှစ်ယောက်ထဲက တစ်ယောက်။ ကျနော် အမြင်အရတော့ နှစ်ယောက်လုံးက ဒီကမ္ဘာက မဖြစ်နိုင်ဘူး။ ဒီနှစ်ဦးက အခြား ကစားသမားတွေနဲ့ ခြားနားလွန်းနေတယ်။ အသက် 34 နှစ်အရွယ်မှာတောင် ဒီလို ကစားနိုင်သေးရင် အများကြီး လေးစားခံရဖို့ ထိုက်တန်ပါတယ်။

လက်ရွေးစင်ပွဲကော ဂျူဗင်တပ်ပွဲမှာပါ။ သူက မယုံနိုင်လောက်တဲ့ အရည်အချင်းရှိသူဆိုတာ ပြသထားတယ်။ သူ့ကို ရပ်တန့်ဖို့က ခက်ခဲ့ပါတယ်။ ကျနော်တို့အတွက် ကောင်းမွန်တဲ့ အခြေအနေတွေ မဟုတ်ဘူးဆိုတာ ရော်နယ်ဒိုက ပြသခဲ့ပါတယ် ” လို့ ရှာကာက ရော်နယ်ဒိုနဲ့ မက်ဆီကို ကမ္ဘာအကောင်းဆုံး ကစားသမားအဖြစ် ညွှန်းဆိုခဲ့ပါတယ်။

Sports Home Time