နာမည္ၾကီးေတြ လိုအပ္ခ်က္မ်ားျပီး နယ္သာလန္တက္ခဲ့တဲ့ပြဲမွ ႏွစ္ဘက္ စြမ္းေဆာင္ရည္မ်ား

နယ္သာလန္နဲ႔ အဂၤလန္ပြဲမွ ႏွစ္ဘက္အသင္း ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို The Times သတင္းစာမွ အကဲျဖတ္ေပးမႈျဖစ္ပါတယ္။

HOLLAND (4-3-3)

JASPER CILLESSEN – 6
BARCELONA, AGE 30

ေဘာလံုးပိုင္ဆိုင္မႈကို ထိန္းထားေပးႏုိင္ျပီး ျဖန္႔ေဝေပးႏုိင္စြမ္းရွိတယ္။ ရပ္ဖိုဒ့္ရဲ႕ ပင္နယ္တီဂိုးကို မကာကြယ္ႏုိင္ခဲ့ေပမယ့္ အဂၤလန္ရဲ႕ ဂိုးေပါက္ ျခိမ္းေျခာက္မႈကို အခ်ိဳ႕ကို ဟန္႔တားႏုိင္ခဲ့တယ္။

DENZEL DUMFRIES – 5
PSV EINDHOVEN, 23

ရပ္ဖိုဒ့္ကို တစ္ၾကိမ္ စိန္ေခၚမႈေကာင္း လုပ္ႏုိင္ေပမယ့္ မဆင္မျခင္ ကစားမႈေတြနဲ႔အတူ အရိုင္းထည္ပဲ ရွိပါေသးတယ္။

MATTHIJS DE LIGT – 7
AJAX, 19

ေဘာလံုးရလိုေဇာမ်ားျခင္းေၾကာင့္ ပင္နယ္တီ ခြင့္ျပဳခဲ့ရတယ္။ သြင္းဂိုးျပန္ရလိုတဲ့ ဆႏၵေကာင္းေတြ ျပသခဲ့တယ္။ သူ႔ထံက အထင္ၾကီးစရာ ေျခစြမ္းေတြ ျမင္ခဲ့ရပါတယ္။

VIRGIL VAN DIJK – 8
LIVERPOOL, 27

ကြင္းထဲက အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး အဂၤလန္ပရိသတ္ေတြရဲ႕ ဘူး လုပ္ျခင္းခံခဲ့ရတယ္။ ေဘာလံုးကို လံုးဝ မဆံုးရံွဴးေစခဲ့ဘူး။

DALEY BLIND – 7
AJAX, 29

ျပိဳင္ဘက္ေတြကို အခက္ေတြ႔ေစျပီး ပထမပိုင္းမွာ စတာလင္ကို ေကာင္းေကာင္း ကိုင္တြယ္ႏုိင္ခဲ့တယ္။

MARTEN DE ROON – 6
ATALANTA, 28

ရိုးရွင္းတဲ့ ေဘာလံုးကစားဟန္ကိုပဲ ကစားျပႏုိင္လို႔ ေဝဖန္ခံခဲ့ရတယ္။ ခ်ိန္သားကိုက္နဲ႔ ေနရာလြတ္ေတြ အသံုးခ်တာေတာ့ မဆိုးဘူး ေျပာရပါမယ္။

FRENKIE DE JONG – 8
AJAX, 22

သိပ္ေကာင္းတဲ့ ကြင္းလယ္ျဖစ္ျပီး ပါရမီရွင္တစ္ဦးပါ။ တြဲဘက္ေတြနဲ႔အတူ အဂၤလန္ကြင္းလယ္ကို လံုးဝ လႊမ္းမိုးကစားခဲ့ပါတယ္။

GINI WIJNALDUM – 7
LIVERPOOL, 28

လုပ္အားႏႈန္း သိပ္ျပင္းထန္သူျဖစ္ျပီး နယ္သာလန္ရဲ႕ တုိက္စစ္ကို ၾကိဳးစားမႈနဲ႔ အၾကိဳးျဖစ္ေစသူပါ။

STEVEN BERGWIJN – 5
PSV EINDHOVEN, 21

လက္ေရြးစင္ပြဲ ကစားေနတာကုိ ေမ့ေလ်ာ့ေနသလားပါပဲ။ ပထမပိုင္းမွာ လံုးဝ ေျပာက္ထြက္ေနေပမယ့္ ေနာက္ပိုင္း ပိုေကာင္းလာပါတယ္။

MEMPHIS DEPAY – 6
LYONS, 25

အေတာ္ေလး အထေႏွးခဲ့ပါတယ္။ အေစာပိုင္း သူေျခစြမ္းက မေကာင္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေျချပန္တက္လာခဲ့တယ္။

RYAN BABEL – 5
FULHAM, 32

နယ္သာလန္ေတာင္ပံသမားက ဒီႏွစ္ေတြမွာ ထူးခၽြန္းခဲ့ပါတယ္။ ဒီေန႔ပြဲကေတာ့ သူ႔အတြက္ ပြဲေကာင္း မဟုတ္ပါဘူး။

Substitutions
Quincy Promes (for Babel 68min, 5)

ေဝၚကာကို ဒုကၡေပးခဲ့ႏုိင္သလို ဘာကေလရဲ႕ အမွားကို အသံုးခ်ျပီး ရိုးရွင္းစြာ သြင္းဂိုး ရယူခဲ့ပါတယ္။

Donny van de Beek, (for De Roon 68, 5)

ေအဂ်က္အသင္းမွာ သူေကာင္းသေလာက္ေတာ့ ဒီပြဲမွာ ကစားျပႏုိင္ျခင္း မရွိခဲ့ဘူး။

Davy Propper (for Bergwijn 91)
Kevin Strootman (for De Jong 114).

ENGLAND (4-3-3)

JORDAN PICKFORD – 6
EVERTON, 25

မိနစ္ 90 လံုး အဂၤလန္အသင္းအတြက္ ကာကြယ္မႈေကာင္းေတြ လုပ္ခဲ့ေပမယ့္ အခ်ိန္ပိုေတြမွာ ဂိုးေတြေပးခဲ့ရတယ္။

KYLE WALKER – 5
MAN CITY, 29

ေဘာလံုးအပ်က္မ်ားသလို သူဟာ အဂၤလန္အသင္းရဲ႕ ညာအစြန္မွာ ဦးစားေပးမဟုတ္မွန္း သိေနေလာက္ပါျပီ။ ဒုတိယဂိုးက ကံမေကာင္းခဲ့ပါဘူး။

JOHN STONES – 4
MAN CITY, 25

ပပ္ဂြာဒီယိုလာရဲ႕ မန္စီးတီးမွာ ေျခစြမ္းပိုင္း တိုးတက္မလာဆံုး ကစားသမားပါ။ သြင္းဂိုး သံုးဂိုးလံုးမွာ ညံ့ဖ်င္းခဲ့ပါတယ္။

HARRY MAGUIRE – 5
LEICESTER CITY, 26

အျမင့္ေဘာေတြ ေကာင္းေပမယ့္ ေဘာလံုးပိုင္ဆုိင္မႈမွာ ေႏွးေကြးပါတယ္။ အျခားေသာ တြဲဘက္ခံစစ္ေတြလိုပဲ ညံ့ဖ်င္းခဲ့တယ္။

BEN CHILWELL – 6
LEICESTER CITY, 22

ေျပးႏႈန္းေတြ၊ ျဖတ္တင္ေဘာေတြနဲ႔ အသင္းကို ေထာက္ပံ့ႏုိင္သလို ေဘာလံုးျပန္ဆယ္ယူမႈလည္း ေကာင္းပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ေဘာလံုးျဖတ္တင္မႈ 6 ၾကိမ္မွာ တစ္ၾကိမ္ပဲ ပစ္မွတ္ကို ေရာက္ခဲတယ္။

DECLAN RICE – 5
WEST HAM UTD, 20

ခံစစ္ေလးေယာက္တန္းေရွ႔မွာ သူ႔ရဲ႕ ေဘာလံုးထိန္းပံုက ရိုးရွင္းလြန္းလွတဲ့ ခံစစ္သမားပံုစဲပါပဲ။ ေဘာလံုးျပန္ဆယ္မႈ ေလးၾကိမ္ပဲရွိျပီး နယ္သာလန္ကြင္းလယ္ေအာက္မွာ ျမဳပ္ေနခဲ့တယ္။

FABIAN DELPH – 6
MAN CITY, 29

ကြင္းလယ္ဖန္တီးရွင္ တစ္ဦးအေနနဲ႔ ထိေတြ႔မႈ 43 ၾကိမ္ပဲ လုပ္ႏုိင္ခဲ့တာေတာ့ မေကာင္းပါဘူး။ ဇြဲၾကီးတဲ့ ကစားသမား ျဖစ္ေပမယ့္လည္း မန္ေနဂ်ာေဆာက္ဂိတ္အၾကိဳက္ ကစားသမားေတာ့ ျဖစ္လာမယ္ မထင္ရဘူး။

ROSS BARKLEY – 5
CHELSEA, 25

အဂၤလန္ရဲ႕ ညံ့ဖ်င္းခဲ့တဲ့ ညမွာ သူ႔ေၾကာင့္လည္း ဆိုင္ပါတယ္။ ကြင္းလယ္မွာ ၾကိဳးစားေပမယ့္လည္း အရမ္း မေအာင္ျမင္ခဲ့ပဲ နယ္သာလန္ရဲ႕ လႊမ္းမိုးျခင္း ခံခဲ့ရတယ္။

JADON SANCHO – 6
DORTMUND, 19

ပထမပိုင္းမွာ ဆန္ခ်ိဳ ရုန္းကန္ေနရေပမယ့္ ဒုတိယပိုင္းမွာေတာ့ သူ႔ရဲ႕ ကစားႏုိင္အားေတြကို ျပသခဲ့ျပီး ပိုေကာင္းလာခဲ့တယ္။ ဆီလန္ဆန္ကို ျခိမ္းေျခာက္မႈက ပိုေကာင္းခဲ့သင့္ပါတယ္။

MARCUS RASHFORD – 7
MAN UNITED, 21

သူ႔ရဲ႕ အရွိန္ေၾကာင့္ ပင္နယ္တီ အႏုိင္ရခဲ့တယ္။ တုိက္စစ္သမားတစ္ေယာက္အေနနဲ႔ တည္ျငိမ္မႈလည္းရွိတယ္။ ဒါေပမယ့္ ပြဲအႏုိင္ရေအာင္ေတာ့ မလံုေလာက္ခဲ့ဘူး။

RAHEEM STERLING – 5
MAN CITY, 24

အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ကစားႏုိင္စြမ္းေတာ့ မေကာင္းခဲ့ဘူး။ ပထမပိုင္းမွာ ေဘာလံုးထိမႈ 8 ၾကိမ္ပဲ ရွိခဲ့ျပီး ေနာက္ပိုင္းမွာ ပိုေကာင္းလာခဲ့တယ္။

Substitutions

Harry Kane (for Rashford 46)

အသင္းေခါင္းေဆာင္တာဝန္ကို ရယူျပီး တိုက္စစ္ကို ဦးေဆာင္ေပးဖို႔ ၾကိဳးစားခဲ့တယ္။ သူ႔ရဲ႕ ဂိုးေပါက္ ျခိမ္းေျခာက္မႈေတြက စိတ္လႈပ္ရွားစရာ အေနအထားထိ ေရာက္ခဲ့ပါတယ္။

Jesse Lingard (for Sancho 61)

ပြဲရဲ႕ ဟီးရိုးျဖစ္ဖုိ႔ နီးစပ္ခဲ့ပါတယ္။ အျခားေသာ တုိက္စစ္သမားေတြလိုပဲ ေဘာလံုးေကာင္းေကာင္း မကိုင္လိုက္ရဘူး။

Jordan Henderson (for Delph 77)

သူ႔ရဲ႕ ကစားႏုိင္စြမ္းနဲ႔ ဆာေလာင္မႈက အဂၤလန္ကြင္းလယ္ကို အက်ိဳးျဖစ္ေစပါတယ္။ အဆံုးမွာေတာ့ ျခားနားေအာင္ မလုပ္ႏုိင္ခဲ့ဘူး။

Dele Alli (for Rice 106).

Sports Home Time

[Unicode] နယ်သာလန်နဲ့ အင်္ဂလန်ပွဲမှ နှစ်ဘက်အသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို The Times သတင်းစာမှ အကဲဖြတ်ပေးမှုဖြစ်ပါတယ်။

HOLLAND (4-3-3)

JASPER CILLESSEN – 6
BARCELONA, AGE 30

ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထားပေးနိုင်ပြီး ဖြန့်ဝေပေးနိုင်စွမ်းရှိတယ်။ ရပ်ဖိုဒ့်ရဲ့ ပင်နယ်တီဂိုးကို မကာကွယ်နိုင်ခဲ့ပေမယ့် အင်္ဂလန်ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုကို အချို့ကို ဟန့်တားနိုင်ခဲ့တယ်။

DENZEL DUMFRIES – 5
PSV EINDHOVEN, 23

ရပ်ဖိုဒ့်ကို တစ်ကြိမ် စိန်ခေါ်မှုကောင်း လုပ်နိုင်ပေမယ့် မဆင်မခြင် ကစားမှုတွေနဲ့အတူ အရိုင်းထည်ပဲ ရှိပါသေးတယ်။

MATTHIJS DE LIGT – 7
AJAX, 19

ဘောလုံးရလိုဇောများခြင်းကြောင့် ပင်နယ်တီ ခွင့်ပြုခဲ့ရတယ်။ သွင်းဂိုးပြန်ရလိုတဲ့ ဆန္ဒကောင်းတွေ ပြသခဲ့တယ်။ သူ့ထံက အထင်ကြီးစရာ ခြေစွမ်းတွေ မြင်ခဲ့ရပါတယ်။

VIRGIL VAN DIJK – 8
LIVERPOOL, 27

ကွင်းထဲက အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အင်္ဂလန်ပရိသတ်တွေရဲ့ ဘူး လုပ်ခြင်းခံခဲ့ရတယ်။ ဘောလုံးကို လုံးဝ မဆုံးရံှူးစေခဲ့ဘူး။

DALEY BLIND – 7
AJAX, 29

ပြိုင်ဘက်တွေကို အခက်တွေ့စေပြီး ပထမပိုင်းမှာ စတာလင်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။

MARTEN DE ROON – 6
ATALANTA, 28

ရိုးရှင်းတဲ့ ဘောလုံးကစားဟန်ကိုပဲ ကစားပြနိုင်လို့ ဝေဖန်ခံခဲ့ရတယ်။ ချိန်သားကိုက်နဲ့ နေရာလွတ်တွေ အသုံးချတာတော့ မဆိုးဘူး ပြောရပါမယ်။

FRENKIE DE JONG – 8
AJAX, 22

သိပ်ကောင်းတဲ့ ကွင်းလယ်ဖြစ်ပြီး ပါရမီရှင်တစ်ဦးပါ။ တွဲဘက်တွေနဲ့အတူ အင်္ဂလန်ကွင်းလယ်ကို လုံးဝ လွှမ်းမိုးကစားခဲ့ပါတယ်။

GINI WIJNALDUM – 7
LIVERPOOL, 28

လုပ်အားနှုန်း သိပ်ပြင်းထန်သူဖြစ်ပြီး နယ်သာလန်ရဲ့ တိုက်စစ်ကို ကြိုးစားမှုနဲ့ အကြိုးဖြစ်စေသူပါ။

STEVEN BERGWIJN – 5
PSV EINDHOVEN, 21

လက်ရွေးစင်ပွဲ ကစားနေတာကို မေ့လျော့နေသလားပါပဲ။ ပထမပိုင်းမှာ လုံးဝ ပြောက်ထွက်နေပေမယ့် နောက်ပိုင်း ပိုကောင်းလာပါတယ်။

MEMPHIS DEPAY – 6
LYONS, 25

အတော်လေး အထနှေးခဲ့ပါတယ်။ အစောပိုင်း သူခြေစွမ်းက မကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေပြန်တက်လာခဲ့တယ်။

RYAN BABEL – 5
FULHAM, 32

နယ်သာလန်တောင်ပံသမားက ဒီနှစ်တွေမှာ ထူးချွန်းခဲ့ပါတယ်။ ဒီနေ့ပွဲကတော့ သူ့အတွက် ပွဲကောင်း မဟုတ်ပါဘူး။

Substitutions
Quincy Promes (for Babel 68min, 5)

ဝေါ်ကာကို ဒုက္ခပေးခဲ့နိုင်သလို ဘာကလေရဲ့ အမှားကို အသုံးချပြီး ရိုးရှင်းစွာ သွင်းဂိုး ရယူခဲ့ပါတယ်။

Donny van de Beek, (for De Roon 68, 5)

အေဂျက်အသင်းမှာ သူကောင်းသလောက်တော့ ဒီပွဲမှာ ကစားပြနိုင်ခြင်း မရှိခဲ့ဘူး။

Davy Propper (for Bergwijn 91)
Kevin Strootman (for De Jong 114).

ENGLAND (4-3-3)

JORDAN PICKFORD – 6
EVERTON, 25

မိနစ် 90 လုံး အင်္ဂလန်အသင်းအတွက် ကာကွယ်မှုကောင်းတွေ လုပ်ခဲ့ပေမယ့် အချိန်ပိုတွေမှာ ဂိုးတွေပေးခဲ့ရတယ်။

KYLE WALKER – 5
MAN CITY, 29

ဘောလုံးအပျက်များသလို သူဟာ အင်္ဂလန်အသင်းရဲ့ ညာအစွန်မှာ ဦးစားပေးမဟုတ်မှန်း သိနေလောက်ပါပြီ။ ဒုတိယဂိုးက ကံမကောင်းခဲ့ပါဘူး။

JOHN STONES – 4
MAN CITY, 25

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးမှာ ခြေစွမ်းပိုင်း တိုးတက်မလာဆုံး ကစားသမားပါ။ သွင်းဂိုး သုံးဂိုးလုံးမှာ ညံ့ဖျင်းခဲ့ပါတယ်။

HARRY MAGUIRE – 5
LEICESTER CITY, 26

အမြင့်ဘောတွေ ကောင်းပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာ နှေးကွေးပါတယ်။ အခြားသော တွဲဘက်ခံစစ်တွေလိုပဲ ညံ့ဖျင်းခဲ့တယ်။

BEN CHILWELL – 6
LEICESTER CITY, 22

ပြေးနှုန်းတွေ၊ ဖြတ်တင်ဘောတွေနဲ့ အသင်းကို ထောက်ပံ့နိုင်သလို ဘောလုံးပြန်ဆယ်ယူမှုလည်း ကောင်းပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘောလုံးဖြတ်တင်မှု 6 ကြိမ်မှာ တစ်ကြိမ်ပဲ ပစ်မှတ်ကို ရောက်ခဲတယ်။

DECLAN RICE – 5
WEST HAM UTD, 20

ခံစစ်လေးယောက်တန်းရှေ့မှာ သူ့ရဲ့ ဘောလုံးထိန်းပုံက ရိုးရှင်းလွန်းလှတဲ့ ခံစစ်သမားပုံစဲပါပဲ။ ဘောလုံးပြန်ဆယ်မှု လေးကြိမ်ပဲရှိပြီး နယ်သာလန်ကွင်းလယ်အောက်မှာ မြုပ်နေခဲ့တယ်။

FABIAN DELPH – 6
MAN CITY, 29

ကွင်းလယ်ဖန်တီးရှင် တစ်ဦးအနေနဲ့ ထိတွေ့မှု 43 ကြိမ်ပဲ လုပ်နိုင်ခဲ့တာတော့ မကောင်းပါဘူး။ ဇွဲကြီးတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း မန်နေဂျာဆောက်ဂိတ်အကြိုက် ကစားသမားတော့ ဖြစ်လာမယ် မထင်ရဘူး။

ROSS BARKLEY – 5
CHELSEA, 25

အင်္ဂလန်ရဲ့ ညံ့ဖျင်းခဲ့တဲ့ ညမှာ သူ့ကြောင့်လည်း ဆိုင်ပါတယ်။ ကွင်းလယ်မှာ ကြိုးစားပေမယ့်လည်း အရမ်း မအောင်မြင်ခဲ့ပဲ နယ်သာလန်ရဲ့ လွှမ်းမိုးခြင်း ခံခဲ့ရတယ်။

JADON SANCHO – 6
DORTMUND, 19

ပထမပိုင်းမှာ ဆန်ချို ရုန်းကန်နေရပေမယ့် ဒုတိယပိုင်းမှာတော့ သူ့ရဲ့ ကစားနိုင်အားတွေကို ပြသခဲ့ပြီး ပိုကောင်းလာခဲ့တယ်။ ဆီလန်ဆန်ကို ခြိမ်းခြောက်မှုက ပိုကောင်းခဲ့သင့်ပါတယ်။

MARCUS RASHFORD – 7
MAN UNITED, 21

သူ့ရဲ့ အရှိန်ကြောင့် ပင်နယ်တီ အနိုင်ရခဲ့တယ်။ တိုက်စစ်သမားတစ်ယောက်အနေနဲ့ တည်ငြိမ်မှုလည်းရှိတယ်။ ဒါပေမယ့် ပွဲအနိုင်ရအောင်တော့ မလုံလောက်ခဲ့ဘူး။

RAHEEM STERLING – 5
MAN CITY, 24

အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကစားနိုင်စွမ်းတော့ မကောင်းခဲ့ဘူး။ ပထမပိုင်းမှာ ဘောလုံးထိမှု 8 ကြိမ်ပဲ ရှိခဲ့ပြီး နောက်ပိုင်းမှာ ပိုကောင်းလာခဲ့တယ်။

Substitutions

Harry Kane (for Rashford 46)

အသင်းခေါင်းဆောင်တာဝန်ကို ရယူပြီး တိုက်စစ်ကို ဦးဆောင်ပေးဖို့ ကြိုးစားခဲ့တယ်။ သူ့ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေက စိတ်လှုပ်ရှားစရာ အနေအထားထိ ရောက်ခဲ့ပါတယ်။

Jesse Lingard (for Sancho 61)

ပွဲရဲ့ ဟီးရိုးဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။ အခြားသော တိုက်စစ်သမားတွေလိုပဲ ဘောလုံးကောင်းကောင်း မကိုင်လိုက်ရဘူး။

Jordan Henderson (for Delph 77)

သူ့ရဲ့ ကစားနိုင်စွမ်းနဲ့ ဆာလောင်မှုက အင်္ဂလန်ကွင်းလယ်ကို အကျိုးဖြစ်စေပါတယ်။ အဆုံးမှာတော့ ခြားနားအောင် မလုပ်နိုင်ခဲ့ဘူး။

Dele Alli (for Rice 106).

Sports Home Time