ေနရွင္းလိဂ္မွာ ေစာင့္ၾကည့္ခ်င္စရာ အေကာင္းဆုံး လူငယ္ကစားသမား ေလးေယာက္

[Zawgyi] ဂါးဒီးယန္း သတင္းစာက သံုးသပ္ထားတဲ့ ေနရွင္းလိဂ္မွာ ေစာင့္ၾကည့္ခ်င္စရာ အေကာင္းဆုံး လူငယ္ကစားသမား ေလးေယာက္ အေၾကာင္းကို ျပန္လည္ စုစည္းတင္ျပေပးလိုက္ပါတယ္။

ဒြန္နီ ဗန္ဒီဘိခ္ (နယ္သာလန္)

ဒြန္နီဗန္ဒီဘိခ္ဟာ ဒီရာသီမွာ ေအဂ်က္အတြက္ ပုံမွန္ပြဲထြက္သူအျဖစ္ စတင္ခဲ့တာမဟုတ္ပါဘူး။ ဒါေပမယ့္ ေနာက္ပိူင္းမွာေတာ့ ဥေရာပမွာ ၿခိမ္းေျခာက္ႏိုင္ခဲ့တဲ့ အသင္းမွာ အဓိကအျဖစ္ ပါဝင္ခဲ့ၿပီး အဲရစ္ဒီဗီဆီ ဖလားကို ျပန္လည္ရရွိခဲ့ပါတယ္။ အသက္ ၂၂ႏွစ္အ႐ြယ္ ကစားသမားကို ေရာ္နယ္ကိုးမန္းက အရန္အျဖစ္ အသုံးျပဳခဲ့တာ ျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ၀ိုက္နယ္ဒန္က တနလၤာညကမွ အသင္းနဲ႔ လာေရာက္ ပူးေပါင္းခဲ့တာနဲ႔ ေၾကာင့္ ဒီတစ္ပတ္  နယ္သာလန္အသင္း အတြက္ သူက အေရးပါတဲ့ ကစားသမား ျဖစ္ႏိူင္ပါတယ္။

နယ္သာလန္ရဲ႕ ၄-၃-၃ ကစားကြက္မွာ နံပါတ္ ၈ ေနရာအတြက္ လီဗာပူးကစားသမားနဲ႔အတူ ဒြန္နီက ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ ေအဂ်က္အတြက္ ကြင္းလယ္ အဓိက ေနရာကေန ကစားခဲ့ၿပီး ျပည္တြင္း ဖလား ႏွစ္လုံးနဲ႔ ခ်န္ပီယံလိဂ္ ဆီမီးေရာက္ အသင္းအတြက္ ၁၆ဂိုး သြင္းယူ ေပးခဲ့တာပါ။

သူဟာ ပါးနပ္တဲ့ လႈပ္ရွားမႈ၊ အျမင္ေတြနဲ႔ လိဂ္မွာ ဖန္တီးမႈ ၁၀ႀကိမ္ လုပ္ခဲ့တာေၾကာင့္ ၁၂၈.၅ မိနစ္ တိုင္းမွာ ဂိုးတစ္ဂိုးနဲ႔ တိုက္႐ိုက္ ပတ္သက္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ ဖရန္ကီဒီေဂ်ာင္နဲ႔ နားလည္မႈ တိုးတက္လာခဲ့ပါတယ္။ ဒီေဂ်ာင္က ေနရွင္းလိဂ္ ၿပီးရင္ ဘာစီလိုနာကို သြားမွာျဖစ္ၿပီး ဗန္ဒီဘိခ္ အေနနဲ႔လဲ အသင္းေဖာ္ေနာက္ကို မၾကာခင္ လိုက္ႏိုင္ပါတယ္။

ဒီကလန္႐ိုက္စ္ (အဂၤလန္)

ေဂ်ာ္ဒန္ဟန္ဒါဆန္၊ ဒယ္လီအလီ နဲ႔ အဲရစ္ဒိုင္ယာတို႔ဟာ ခ်န္ပီယံလိဂ္ဖိုင္နယ္အၿပီး ေနာက္က်မွ ႏိုင္ငံ အသင္းနဲ႔ ပူးေပါင္းခဲ့ၿပီး ဟယ္ရီဝင့္ကိုလဲ မေခၚထားတာေၾကာင့္ ဒီတစ္ပတ္မွာ အဂၤလန္အတြက္ ဒီကလန္႐ိုက္စ္က အေရးပါႏိုင္ပါတယ္။ ကြင္းလယ္ကေန ေဘာလုံးကို ျမန္ျမန္ေဆာ့တတ္တဲ့ နယ္သာလန္ အသင္းနဲ႔ ေတြ႕ဆုံရာမွာ ဝက္စ္ဟမ္း လူငယ္ကစားသမားဟာ ထိုးေဖာက္ကစားတဲ့ပုံစံမွာ အေရးပါတဲ့ ေနရာကေန ပါဝင္ပါတယ္။

အသက္ ၂၀အ႐ြယ္ ကစားသမားဟာ ဒီရာသီ ဝက္စ္ဟမ္းမွာ ဒါမ်ိဳးကို ထိပ္တန္းအဆင့္ လုပ္ျပခဲ့တာ ျဖစ္ၿပီး ေဘာလုံးလုတဲ့ ေနရာမွာလဲ အထင္ႀကီးေလာက္စရာပါပဲ။ ပရီးမီးယားလိဂ္မွာ ေဘာလုံးလုတာ အမ်ားဆုံးထိပ္တန္းအျဖစ္ ၉၈ႀကိမ္ ရရွိထားေပမယ့္ တစ္ရာသီလုံး ၁၇ႀကိမ္သာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာမို႔ သူ႔ရဲ႕အခ်ိန္ကိုက္မႈက ေလးစားစရာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ကြင္းလယ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၁၆၁ႀကိမ္ရထားတဲ့ ဒီကလန္႐ိုက္စ္ထက္ မ်ားတဲ့သူ ဆိုလို႔ သုံးေယာက္သာ ရွိပါတယ္။ ဒါေၾကာင့္ သူဟာ လာမယ့္ႏွစ္ေတြမွာ အဂၤလန္ခံစစ္အတြက္ ဒိုင္းကာ တစ္ခု ျဖစ္ႏိူင္ပါတယ္။ ေဘာလုံးေပးပို႔ရာမွာ တိက်မႈကလဲ ၈၆.၄ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ေဘာလုံး ျပန္လုႏိုင္တဲ့ သူ႔အရည္အခ်င္းကလဲ ေဆာက္ဂိတ္အတြက္ အတူတူ အေရးပါပါလိမ့္မယ္။

ဂြၽာအို ဖီးလစ္ (ေပၚတူဂီ)

ဖိလစ္ရဲ႕ ေပၚတူဂီကေတာ့ ညက ဆီမီးဖိုင္နယ္ပြဲမွာ ေရာ္နယ္ဒိုရဲ႕ ဟက္ထရစ္ ဂိုးနဲ႕ ဆြစ္ဇာလန္ကို ၃-၁ နဲ႕ နိုင္ျပီး ေနးရွင္းလိဂ္ ဗိုလ္လုပြဲ တက္ေရာက္သြားပါျပီ။

ယူ႐ို ၂၀၀၄ကို ေပၚတူဂီ လက္ခံက်င္းပတုန္းက ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ၁၉ ႏွစ္သာ ရွိေသးၿပီး ဖိုင္နယ္ ေရာက္ခဲ့ပါတယ္။ အဲ့ဒီ့ၿပိဳင္ပြဲမွာ ေရာ္နယ္ဒိုဟာ ႏိုင္ငံအတြက္ သူ႔ရဲ႕ပထမဆုံး ဂိုးကို သြင္းယူ ခဲ့တာပါ။ အုပ္စုအဆင့္မွာ ဂရိကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေနာက္ဆုံးမိနစ္ ႏွစ္သိမ့္ဂိုးကို ေခါင္းတိုက္ ရယူခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုက အခုခ်ိန္မွာ အသက္၃၄ႏွစ္ရွိၿပီျဖစ္ၿပီး ဥေရာပ ခ်န္ပီယံ၊ ႏိုင္ငံရဲ႕ ပြဲအမ်ားဆုံး ကစားသမားနဲ႔ ထာဝရ သြင္းဂိုးအမ်ားဆုံးလဲ ျဖစ္ပါတယ္။

ေပၚတူဂီဟာ ေနရွင္းလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့အသင္းပါ။ သူတို႔က အိမ္ရွင္ျဖစ္သလို ေရာ္နယ္ဒို ရွိတာက အားသာခ်က္ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔မွာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ လူငယ္ ကစားသမားေတြလဲ ရွိပါတယ္။ ၂၄ႏွစ္သာရွိေသးတဲ့ ဘာနာဒိုေဆးဗားဟာ ကမာၻ႔အဆင့္ ကစားသမား ျဖစ္ၿပီး လာမယ့္ႏွစ္ေတြမွာ ႏိုင္ငံရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ထမ္း႐ြက္ပါလိမ့္မယ္။ ဒါေပမယ့္ ဖီးလစ္က လက္ရွိ အခ်ိန္မွာ ေပၚတူဂီ ေဘာလုံးေလာကရဲ႕ နာမည္ေက်ာ္ အဖိုးတန္ေလး ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ ကစားသမားဟာ ပရီးမီးယား လီဂါ ခ်န္ပီယံ ဘင္ဖီကာနဲ႔ အံ့အားသင့္ဖြယ္ ရာသီကို ျဖတ္ေက်ာ္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ ႏိုင္ငံအသင္းရဲ႕ ေခၚယူျခင္းခံခဲ့ရပါတယ္။ ဒီရာသီ လိဂ္ပြဲ ၂၆ပြဲမွာ ၁၅ဂိုး သြင္း ၇ဂိုး ဖန္တီးခဲ့ၿပီး မိနစ္၈၀တိုင္းမွာ ဂိုးတစ္ဂိုးနဲ႔ တိုက္႐ိုက္ ပါဝင္ပတ္သက္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ ဥေရာပမွာ နာမည္အႀကီးဆုံး လူငယ္ကစားသမား ျဖစ္လာတာပါ။
လက္ေတြ႕ဆန္တဲ့ ဖာနန္ဒို ဆန္းတို႔စ္ဟာ လူငယ္ကစားသမားဆီကေန အေကာင္းဆုံး ပုံစံကို ရမလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ဖီးလစ္က ဒီရာသီ သူ႔ကန္ခ်က္ ၂၂.၄ ရာခိုင္ႏႈန္းနဲ႔ ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ကယ္ဗင္ အမ္ဘာဘူ ( ဆြစ္ဇာလန္ )

ကယ္ဗင္ အမ္ဘာဘူဟာ ဝါရင့္ႏိုင္ငံလက္ေ႐ြးစင္ဆီကေန တာဝန္လႊဲယူဖို႔ ျပင္ဆင္ေနပါတယ္။ အာဆင္နယ္ အသင္းကေန ထြက္ခြာလာၿပီးေနာက္ ႏိုင္ငံအသင္းကေန ခ်န္ထားခံခဲ့ရတဲ့ အသက္ ၃၅ႏွစ္အ႐ြယ္ စတီဖန္ လစ္ခ်္စတိန္နာ ေနရာကို သူက အစားဝင္ရဖို႔ ေရပန္းစားေနတာပါ။ လစ္ခ်္စတိန္နာက စိတ္ပ်က္စရာ ရာသီျဖစ္ခဲ့ေပမယ့္ အမ္ဘာဘူကေတာ့ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

သူဟာ ဒီေႏြရာသီမွာ ယန္းဘြိဳင္းအသင္းကေန ဝုဖ္ဘတ္ဆီ ေပါင္၈သန္းနဲ႔ ေျပာင္းေ႐ႊ႕ၿပီးသားျဖစ္ၿပီး ဒီပမာဏဟာ သူ႔ေျခစြမ္းနဲ႔စာရင္ အလကားေလာက္ နီးပါးသာ ရွိတယ္ဆိုတာ သက္ေသျပႏိူင္ခဲ့ပါတယ္။
အသက္ ၂၄ႏွစ္အ႐ြယ္ ကစားသမားဟာ ေနရွင္းလိဂ္ အုပ္စုအဆင့္မွာ ဆြစ္ဇာလန္နဲ႔အတူ ႏွစ္ပြဲ ပါဝင္ကစားခဲ့ၿပီး ေနာက္တန္းအတြက္ ပုံမွန္ပြဲထြက္သူ ျဖစ္ဖို႔ အလားအလာရွိေနပါတယ္။ သူဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ အသင္းႀကီးေတြနဲ႔ေတြ႕ဆုံတဲ့အခါ ယန္းဘြိဳင္းအသင္းအတြက္ ခ်ီးက်ဴးဖြယ္ရာ ကစားျပခဲ့ၿပီး ငါးပြဲမွာ အခြင့္အေရး ၁၂ႀကိမ္ ဖန္တီးခဲ့ကာ အသင္းေဖာ္ေတြထက္ ႏွစ္ဆ မ်ားခဲ့ပါတယ္။

Sports home Time

[Unicode] ဂါးဒီးယန်း သတင်းစာက သုံးသပ်ထားတဲ့ နေရှင်းလိဂ်မှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံး လူငယ်ကစားသမား လေးယောက် အကြောင်းကို ပြန်လည် စုစည်းတင်ပြပေးလိုက်ပါတယ်။

ဒွန်နီ ဗန်ဒီဘိခ် (နယ်သာလန်)

ဒွန်နီဗန်ဒီဘိခ်ဟာ ဒီရာသီမှာ အေဂျက်အတွက် ပုံမှန်ပွဲထွက်သူအဖြစ် စတင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိူင်းမှာတော့ ဥရောပမှာ ခြိမ်းခြောက်နိုင်ခဲ့တဲ့ အသင်းမှာ အဓိကအဖြစ် ပါဝင်ခဲ့ပြီး အဲရစ်ဒီဗီဆီ ဖလားကို ပြန်လည်ရရှိခဲ့ပါတယ်။ အသက် ၂၂နှစ်အရွယ် ကစားသမားကို ရော်နယ်ကိုးမန်းက အရန်အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပေမယ့် ချန်ပီယံလိဂ် ချန်ပီယံ ဝိုက်နယ်ဒန်က တနင်္လာညကမှ အသင်းနဲ့ လာရောက် ပူးပေါင်းခဲ့တာနဲ့ ကြောင့် ဒီတစ်ပတ် နယ်သာလန်အသင်း အတွက် သူက အရေးပါတဲ့ ကစားသမား ဖြစ်နိူင်ပါတယ်။

နယ်သာလန်ရဲ့ ၄-၃-၃ ကစားကွက်မှာ နံပါတ် ၈ နေရာအတွက် လီဗာပူးကစားသမားနဲ့အတူ ဒွန်နီက ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ အေဂျက်အတွက် ကွင်းလယ် အဓိက နေရာကနေ ကစားခဲ့ပြီး ပြည်တွင်း ဖလား နှစ်လုံးနဲ့ ချန်ပီယံလိဂ် ဆီမီးရောက် အသင်းအတွက် ၁၆ဂိုး သွင်းယူ ပေးခဲ့တာပါ။

သူဟာ ပါးနပ်တဲ့ လှုပ်ရှားမှု၊ အမြင်တွေနဲ့ လိဂ်မှာ ဖန်တီးမှု ၁၀ကြိမ် လုပ်ခဲ့တာကြောင့် ၁၂၈.၅ မိနစ် တိုင်းမှာ ဂိုးတစ်ဂိုးနဲ့ တိုက်ရိုက် ပတ်သက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဖရန်ကီဒီဂျောင်နဲ့ နားလည်မှု တိုးတက်လာခဲ့ပါတယ်။ ဒီဂျောင်က နေရှင်းလိဂ် ပြီးရင် ဘာစီလိုနာကို သွားမှာဖြစ်ပြီး ဗန်ဒီဘိခ် အနေနဲ့လဲ အသင်းဖော်နောက်ကို မကြာခင် လိုက်နိုင်ပါတယ်။

ဒီကလန်ရိုက်စ် (အင်္ဂလန်)

ဂျော်ဒန်ဟန်ဒါဆန်၊ ဒယ်လီအလီ နဲ့ အဲရစ်ဒိုင်ယာတို့ဟာ ချန်ပီယံလိဂ်ဖိုင်နယ်အပြီး နောက်ကျမှ နိုင်ငံ အသင်းနဲ့ ပူးပေါင်းခဲ့ပြီး ဟယ်ရီဝင့်ကိုလဲ မခေါ်ထားတာကြောင့် ဒီတစ်ပတ်မှာ အင်္ဂလန်အတွက် ဒီကလန်ရိုက်စ်က အရေးပါနိုင်ပါတယ်။ ကွင်းလယ်ကနေ ဘောလုံးကို မြန်မြန်ဆော့တတ်တဲ့ နယ်သာလန် အသင်းနဲ့ တွေ့ဆုံရာမှာ ဝက်စ်ဟမ်း လူငယ်ကစားသမားဟာ ထိုးဖောက်ကစားတဲ့ပုံစံမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။

အသက် ၂၀အရွယ် ကစားသမားဟာ ဒီရာသီ ဝက်စ်ဟမ်းမှာ ဒါမျိုးကို ထိပ်တန်းအဆင့် လုပ်ပြခဲ့တာ ဖြစ်ပြီး ဘောလုံးလုတဲ့ နေရာမှာလဲ အထင်ကြီးလောက်စရာပါပဲ။ ပရီးမီးယားလိဂ်မှာ ဘောလုံးလုတာ အများဆုံးထိပ်တန်းအဖြစ် ၉၈ကြိမ် ရရှိထားပေမယ့် တစ်ရာသီလုံး ၁၇ကြိမ်သာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာမို့ သူ့ရဲ့အချိန်ကိုက်မှုက လေးစားစရာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု ၁၆၁ကြိမ်ရထားတဲ့ ဒီကလန်ရိုက်စ်ထက် များတဲ့သူ ဆိုလို့ သုံးယောက်သာ ရှိပါတယ်။ ဒါကြောင့် သူဟာ လာမယ့်နှစ်တွေမှာ အင်္ဂလန်ခံစစ်အတွက် ဒိုင်းကာ တစ်ခု ဖြစ်နိူင်ပါတယ်။ ဘောလုံးပေးပို့ရာမှာ တိကျမှုကလဲ ၈၆.၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဘောလုံး ပြန်လုနိုင်တဲ့ သူ့အရည်အချင်းကလဲ ဆောက်ဂိတ်အတွက် အတူတူ အရေးပါပါလိမ့်မယ်။

ဂျွာအို ဖီးလစ် (ပေါ်တူဂီ)

ဖိလစ်ရဲ့ ပေါ်တူဂီကတော့ ညက ဆီမီးဖိုင်နယ်ပွဲမှာ ရော်နယ်ဒိုရဲ့ ဟက်ထရစ် ဂိုးနဲ့ ဆွစ်ဇာလန်ကို ၃-၁ နဲ့ နိုင်ပြီး နေးရှင်းလိဂ် ဗိုလ်လုပွဲ တက်ရောက်သွားပါပြီ။

ယူရို ၂၀၀၄ကို ပေါ်တူဂီ လက်ခံကျင်းပတုန်းက ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၁၉ နှစ်သာ ရှိသေးပြီး ဖိုင်နယ် ရောက်ခဲ့ပါတယ်။ အဲ့ဒီ့ပြိုင်ပွဲမှာ ရော်နယ်ဒိုဟာ နိုင်ငံအတွက် သူ့ရဲ့ပထမဆုံး ဂိုးကို သွင်းယူ ခဲ့တာပါ။ အုပ်စုအဆင့်မှာ ဂရိကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နောက်ဆုံးမိနစ် နှစ်သိမ့်ဂိုးကို ခေါင်းတိုက် ရယူခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက အခုချိန်မှာ အသက်၃၄နှစ်ရှိပြီဖြစ်ပြီး ဥရောပ ချန်ပီယံ၊ နိုင်ငံရဲ့ ပွဲအများဆုံး ကစားသမားနဲ့ ထာဝရ သွင်းဂိုးအများဆုံးလဲ ဖြစ်ပါတယ်။

ပေါ်တူဂီဟာ နေရှင်းလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းပါ။ သူတို့က အိမ်ရှင်ဖြစ်သလို ရော်နယ်ဒို ရှိတာက အားသာချက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ် ကစားသမားတွေလဲ ရှိပါတယ်။ ၂၄နှစ်သာရှိသေးတဲ့ ဘာနာဒိုဆေးဗားဟာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ပြီး လာမယ့်နှစ်တွေမှာ နိုင်ငံရဲ့မျှော်လင့်ချက်တွေကို ထမ်းရွက်ပါလိမ့်မယ်။ ဒါပေမယ့် ဖီးလစ်က လက်ရှိ အချိန်မှာ ပေါ်တူဂီ ဘောလုံးလောကရဲ့ နာမည်ကျော် အဖိုးတန်လေး ဖြစ်ပါတယ်။

ဆယ်ကျော်သက် ကစားသမားဟာ ပရီးမီးယား လီဂါ ချန်ပီယံ ဘင်ဖီကာနဲ့ အံ့အားသင့်ဖွယ် ရာသီကို ဖြတ်ကျော်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံအသင်းရဲ့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဒီရာသီ လိဂ်ပွဲ ၂၆ပွဲမှာ ၁၅ဂိုး သွင်း ၇ဂိုး ဖန်တီးခဲ့ပြီး မိနစ်၈၀တိုင်းမှာ ဂိုးတစ်ဂိုးနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဥရောပမှာ နာမည်အကြီးဆုံး လူငယ်ကစားသမား ဖြစ်လာတာပါ။
လက်တွေ့ဆန်တဲ့ ဖာနန်ဒို ဆန်းတို့စ်ဟာ လူငယ်ကစားသမားဆီကနေ အကောင်းဆုံး ပုံစံကို ရမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ဖီးလစ်က ဒီရာသီ သူ့ကန်ချက် ၂၂.၄ ရာခိုင်နှုန်းနဲ့ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ကယ်ဗင် အမ်ဘာဘူ ( ဆွစ်ဇာလန် )

ကယ်ဗင် အမ်ဘာဘူဟာ ဝါရင့်နိုင်ငံလက်ရွေးစင်ဆီကနေ တာဝန်လွှဲယူဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ် အသင်းကနေ ထွက်ခွာလာပြီးနောက် နိုင်ငံအသင်းကနေ ချန်ထားခံခဲ့ရတဲ့ အသက် ၃၅နှစ်အရွယ် စတီဖန် လစ်ချ်စတိန်နာ နေရာကို သူက အစားဝင်ရဖို့ ရေပန်းစားနေတာပါ။ လစ်ချ်စတိန်နာက စိတ်ပျက်စရာ ရာသီဖြစ်ခဲ့ပေမယ့် အမ်ဘာဘူကတော့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ဒီနွေရာသီမှာ ယန်းဘွိုင်းအသင်းကနေ ဝုဖ်ဘတ်ဆီ ပေါင်၈သန်းနဲ့ ပြောင်းရွှေ့ပြီးသားဖြစ်ပြီး ဒီပမာဏဟာ သူ့ခြေစွမ်းနဲ့စာရင် အလကားလောက် နီးပါးသာ ရှိတယ်ဆိုတာ သက်သေပြနိူင်ခဲ့ပါတယ်။
အသက် ၂၄နှစ်အရွယ် ကစားသမားဟာ နေရှင်းလိဂ် အုပ်စုအဆင့်မှာ ဆွစ်ဇာလန်နဲ့အတူ နှစ်ပွဲ ပါဝင်ကစားခဲ့ပြီး နောက်တန်းအတွက် ပုံမှန်ပွဲထွက်သူ ဖြစ်ဖို့ အလားအလာရှိနေပါတယ်။ သူဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အသင်းကြီးတွေနဲ့တွေ့ဆုံတဲ့အခါ ယန်းဘွိုင်းအသင်းအတွက် ချီးကျူးဖွယ်ရာ ကစားပြခဲ့ပြီး ငါးပွဲမှာ အခွင့်အရေး ၁၂ကြိမ် ဖန်တီးခဲ့ကာ အသင်းဖော်တွေထက် နှစ်ဆ များခဲ့ပါတယ်။

Sports home Time