ၾကာသပေတးေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] မန္စီးတီး တိုက္စစ္သမား ရာဟင္းစတားလင္းဟာ နုိင္ငံအသင္း အဂၤလန္ကို အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူျပီး လာမယ့္ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ နယ္သာလန္နဲ႕ ပြဲကို ယွဥ္ျပိဳင္ ကစားေတာ့မွာ ျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ စပို႔တင္းကြင္းလယ္ ဘရူနို ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ၾကိဳးပမး္မႈ လက္ေလွ်ာ့ ေနာက္ဆုတ္လိုက္ျပီလို႔ ေပၚတူဂီ သတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။ ကနဦးမွာ နွစ္ဘက္အသင္းၾကား ေျပာင္းေရႊ႕ေၾကး ယူရို ၅၅ သန္းနဲ႕ ကစားသမား အလိုက္ေပးမႈ စပို႔တင္းလစၥဘြန္းဘက္က လက္ခံခဲ့ေသာ္လည္း အလိုက္ေပးတဲ့ ကစားသမားမ်ား ျငင္းပယ္လိုက္ျပီး ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၇၀ ထိ တိုးေတာင္းခဲ့တာေၾကာင့္ မန္စီးတီးက ေနာက္ဆုတ္ခဲ့တာလို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဆာေနးကို တရား၀င္ ကမ္းလွမ္းမႈ မျပဳလုုပ္ေသးဘဲ ကစားသမားဘက္က သေဘာထားကို ေစာင့္ၾကည့္ေနဆဲ ျဖစ္တယ္လို႔ ဘိုင္ယန္ဥကၠဌက ေျပာၾကားလိုက္ပါတယ္။

လီဗာပူး ကြင္းလယ္ကစားသမားေဟာင္း ဇာဗီ အလြန္ဆိုက လက္ရွိ လီဗာပူးကြင္းလယ္ ဖာဘင္ညိဳဟာ ၄င္းရွိစဥ္က ကစားတဲ့ေနရာနဲ႕ ဆင္တူ မႈမ်ား ရွိျပီး ဘရာဇီးသားရဲ႕ ပြဲဖတ္နိုင္စြမ္းနဲ႕ ေနရာစံု ကစားနုိင္မႈကို ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။

လီဗာပူးအသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ ရျပီးေနာက္ ထရန္႔အလက္ဇႏၵါး အာနိုးဟာ နိုင္ငံအသင္း အဂၤလန္နဲ႕ အတူ ေနးရွင္းလိဂ္မွာ ဗိုလ္စြဲဖုိ႔ ပစ္မွတ္ထားလာပါတယ္။

ဒီရာသီ လီဗာပူးအတြက္ ကစားခြင့္ရတိုင္း အေရးပါတဲ့ ဂိုးေတြ သြင္းေပးေနတဲ့ တိုက္စစ္မွဴး အိုရီဂီက လာမယ့္ သီတင္းပတ္ေတြ အတြက္ ကလပ္အသင္းနဲ႕ စာခ်ဳပ္သစ္ကိစၥမ်ား ေဆြးေႏြးရျပီး ေကာင္းတဲ့ဘက္ ဦးတည္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ အိုရီဂီက လီဗာပူးအသင္းနဲ႕ ေနာက္နွစ္ ေႏြမွာ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာပါ။

ခ်ယ္ဆီးအသင္းဟာ ဆာရီအတြက္ ေလ်ာ္ေၾကး ေပါင္ ၅.၃ သန္း ေတာင္းဆိုေနတာေၾကာင့္ ဆာရီ ဂ်ဴဗင္တပ္တို႔ ေျပာင္းေရႊ႕မယ့္ ကိစၥ ဆိုင္းငံ့သြားတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး ဂိုးသမား ကီပါက စပိန္သားခ်င္း ျပိဳင္ဘက္ေတြ ျဖစ္ေပမယ့္ ယူနိုက္တက္ ဂိုးသမား ဒီဂီယာနဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိကာ ဖုန္းနဲ႕ မၾကာခဏ ဆက္သြယ္ စကားေျပာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးခံစစ္မွဴး ခရစၥတီယန္ဆန္က ၄င္း အေနနဲ႕ အသင္းနဲ႕ အတူ ဆက္ရွိဖို႔ အနာဂတ္အတြက္ သံသယမ်ား မရွိဘဲ လန္ဒန္မွာ ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

စပါးကြင္းလယ္ကစားသမား အဲရစ္ဆန္က ပထမဆံုးအၾကိမ္ အျဖစ္ ၄င္း စပါးအသင္းကေန ထြက္ခြာရန္ စဥ္းစားေနျပီ ျဖစ္ေၾကာင္း ဖြင့္ဟ ၀န္္ခံမႈ ျပဳလုပ္သြားပါတယ္။ အဲရစ္ဆန္က စိန္ေခၚမႈ အသစ္မ်ား အတြက္ အခ်ိန္က်ျပီ ယူဆေၾကာင္း ေျပာဆိုထားပါတယ္။

စပါးအသင္းဟာ လိဒ္ယူနုိက္တက္ ေတာင္ပံတိုက္စစ္သမား ဂ်က္ကလိပ္ခ္ကို ေပါင္ သန္း ၂၀ နဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ရန္ ျပင္ဆင္ေနပါတယ္။

ဘာစီလိုနာ ပစ္မွတ္ထားေနတဲ့ ဘယ္ျခမ္းခံစစ္သမားမ်ားထဲမွာ အာဆင္နယ္မွ ကိုလာစီနက္လည္း ပါ၀င္ေနျပီး ခံစစ္ပိုင္း အလံုးစံု ျပန္တည္ေဆာက္လိုေနတဲ့ အာဆင္နယ္ဘက္က ၄င္းတုိ႔ ကစားသမားအတြက္ ယူရို ၂၅ သန္း တန္ေၾကး သတ္မွတ္လိုက္ပါတယ္။

လက္ရွိ အာဆင္နယ္ U23 ကို တာ၀န္ယူေနတဲ့ ဂန္းနားေဟာင္း အသက္ ၄၂ နွစ္အရြယ္ ဆြီဒင္သားၾကီး ယြန္းဘတ္ဟာ အမ္မရီရဲ႕ အသင္းၾကီး နည္းျပ အဖြဲ႕ထဲ ပါ၀င္လာေတာ့မယ္လို႔ သိရပါတယ္။

အာဆင္နယ္ကစားသမား ဇာခါက အင္တာမီလန္က ေခၚယူလိုေနတယ္ ဆိုတဲ့ သတင္းမ်ားကို မ်က္ကြယ္ ျပဳလုပ္ျပီး ေနာက္ရာသီ အသင္းေခါင္းေဆာင္ လက္ပတ္နဲ႕ အာဆင္နယ္အသင္းအတြက္ ကစားေပးရမွာအတြက္ အလြန္ဂုဏ္ယူေနျပီး အသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း ေျပာၾကားလိုက္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ နည္းျပသစ္ ခန္႔အပ္ျပီးရင္ ကစားသမားေဟာင္း ေပါ့ဘာကို ျပန္လည္ ေခၚယူဖို႔ ေျပာဆိုေဆြးေႏြးမွာ ျဖစ္ေၾကာင္း အသင္း အားကစား ဒါရိုက္တာ ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ပရိသတ္ေတြက အသင္းကစားသမားေဟာင္း ေဟာ္လန္သား လိုင္ယြန္မွာ ဒီေပးကို ျပန္လည္ ေခၚယူေပးဖို႔ ေတာင္းဆိုမႈေတြ ျပဳလုပ္ေနၾကပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္က နုိင္ငံအသင္းနဲ႕ အတူရွိစဥ္ ကလပ္အသင္းေတြရဲ႕ အရိပ္ေတြ ရွိေနမွာ မဟုတ္ဘဲ အားလံုး အတူတကြ ေနးရွင္းလိဂ္မွာ ေအာင္ပြဲရဖို႔ ကစားသြားမွာ ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းဟာ နိုင်ငံအသင်း အင်္ဂလန်ကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပြီး လာမယ့် နေးရှင်းလိဂ် ဆီမီးဖိုင်နယ် နယ်သာလန်နဲ့ ပွဲကို ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ စပို့တင်းကွင်းလယ် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု လက်လျှော့ နောက်ဆုတ်လိုက်ပြီလို့ ပေါ်တူဂီ သတင်းများမှာ ဖော်ပြထားပါတယ်။ ကနဦးမှာ နှစ်ဘက်အသင်းကြား ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ ကစားသမား အလိုက်ပေးမှု စပို့တင်းလစ္စဘွန်းဘက်က လက်ခံခဲ့သော်လည်း အလိုက်ပေးတဲ့ ကစားသမားများ ငြင်းပယ်လိုက်ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ထိ တိုးတောင်းခဲ့တာကြောင့် မန်စီးတီးက နောက်ဆုတ်ခဲ့တာလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို တရားဝင် ကမ်းလှမ်းမှု မပြုလုပ်သေးဘဲ ကစားသမားဘက်က သဘောထားကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဘိုင်ယန်ဥက္ကဌက ပြောကြားလိုက်ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမားဟောင်း ဇာဗီ အလွန်ဆိုက လက်ရှိ လီဗာပူးကွင်းလယ် ဖာဘင်ညိုဟာ ၎င်းရှိစဉ်က ကစားတဲ့နေရာနဲ့ ဆင်တူ မှုများ ရှိပြီး ဘရာဇီးသားရဲ့ ပွဲဖတ်နိုင်စွမ်းနဲ့ နေရာစုံ ကစားနိုင်မှုကို ချီးကျူးစကားဆိုလိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ် အောင်မြင်မှု ရပြီးနောက် ထရန့်အလက်ဇန္ဒါး အာနိုးဟာ နိုင်ငံအသင်း အင်္ဂလန်နဲ့ အတူ နေးရှင်းလိဂ်မှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာပါတယ်။

ဒီရာသီ လီဗာပူးအတွက် ကစားခွင့်ရတိုင်း အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေတဲ့ တိုက်စစ်မှူး အိုရီဂီက လာမယ့် သီတင်းပတ်တွေ အတွက် ကလပ်အသင်းနဲ့ စာချုပ်သစ်ကိစ္စများ ဆွေးနွေးရပြီး ကောင်းတဲ့ဘက် ဦးတည်မယ်လို့ မျှော်လင့်နေပါတယ်။ အိုရီဂီက လီဗာပူးအသင်းနဲ့ နောက်နှစ် နွေမှာ စာချုပ် ကုန်ဆုံးတော့မှာပါ။

ချယ်ဆီးအသင်းဟာ ဆာရီအတွက် လျော်ကြေး ပေါင် ၅.၃ သန်း တောင်းဆိုနေတာကြောင့် ဆာရီ ဂျူဗင်တပ်တို့ ပြောင်းရွှေ့မယ့် ကိစ္စ ဆိုင်းငံ့သွားတယ်လို့ သိရပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါက စပိန်သားချင်း ပြိုင်ဘက်တွေ ဖြစ်ပေမယ့် ယူနိုက်တက် ဂိုးသမား ဒီဂီယာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကာ ဖုန်းနဲ့ မကြာခဏ ဆက်သွယ် စကားပြောဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးခံစစ်မှူး ခရစ္စတီယန်ဆန်က ၎င်း အနေနဲ့ အသင်းနဲ့ အတူ ဆက်ရှိဖို့ အနာဂတ်အတွက် သံသယများ မရှိဘဲ လန်ဒန်မှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

စပါးကွင်းလယ်ကစားသမား အဲရစ်ဆန်က ပထမဆုံးအကြိမ် အဖြစ် ၎င်း စပါးအသင်းကနေ ထွက်ခွာရန် စဉ်းစားနေပြီ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံမှု ပြုလုပ်သွားပါတယ်။ အဲရစ်ဆန်က စိန်ခေါ်မှု အသစ်များ အတွက် အချိန်ကျပြီ ယူဆကြောင်း ပြောဆိုထားပါတယ်။

စပါးအသင်းဟာ လိဒ်ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဂျက်ကလိပ်ခ်ကို ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။

ဘာစီလိုနာ ပစ်မှတ်ထားနေတဲ့ ဘယ်ခြမ်းခံစစ်သမားများထဲမှာ အာဆင်နယ်မှ ကိုလာစီနက်လည်း ပါဝင်နေပြီး ခံစစ်ပိုင်း အလုံးစုံ ပြန်တည်ဆောက်လိုနေတဲ့ အာဆင်နယ်ဘက်က ၎င်းတို့ ကစားသမားအတွက် ယူရို ၂၅ သန်း တန်ကြေး သတ်မှတ်လိုက်ပါတယ်။

လက်ရှိ အာဆင်နယ် U23 ကို တာဝန်ယူနေတဲ့ ဂန်းနားဟောင်း အသက် ၄၂ နှစ်အရွယ် ဆွီဒင်သားကြီး ယွန်းဘတ်ဟာ အမ်မရီရဲ့ အသင်းကြီး နည်းပြ အဖွဲ့ထဲ ပါဝင်လာတော့မယ်လို့ သိရပါတယ်။

အာဆင်နယ်ကစားသမား ဇာခါက အင်တာမီလန်က ခေါ်ယူလိုနေတယ် ဆိုတဲ့ သတင်းများကို မျက်ကွယ် ပြုလုပ်ပြီး နောက်ရာသီ အသင်းခေါင်းဆောင် လက်ပတ်နဲ့ အာဆင်နယ်အသင်းအတွက် ကစားပေးရမှာအတွက် အလွန်ဂုဏ်ယူနေပြီး အသင်းမှာ ပျော်ရွှင်နေကြောင်း ပြောကြားလိုက်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ နည်းပြသစ် ခန့်အပ်ပြီးရင် ကစားသမားဟောင်း ပေါ့ဘာကို ပြန်လည် ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှာ ဖြစ်ကြောင်း အသင်း အားကစား ဒါရိုက်တာ ဖြစ်သူက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေက အသင်းကစားသမားဟောင်း ဟော်လန်သား လိုင်ယွန်မှာ ဒီပေးကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က နိုင်ငံအသင်းနဲ့ အတူရှိစဉ် ကလပ်အသင်းတွေရဲ့ အရိပ်တွေ ရှိနေမှာ မဟုတ်ဘဲ အားလုံး အတူတကွ နေးရှင်းလိဂ်မှာ အောင်ပွဲရဖို့ ကစားသွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

Sports Home Time