အန္ဖီးကြင္းကို ပရိသတ္ ေျခာက္ေသာင္းေက်ာ္ထိ ဝင္ဆံ့ေစဖို႔ စီစဥ္လာတဲ့ လီဗာပူးပိုင္ရွင္

လီဗာပူးအသင္းဟာ အန္ဖီးကြင္းကို ပရိသတ္ ဝင္ဆံ့မႈ 60,000 ေက်ာ္ေစဖို႔ ၾကီးမားတဲ့ ပေရာ္ဂ်က္ကို အရွိန္ျမင့္လာခဲ့ျပီး စက္တင္ဘာလ မကုန္ခင္ တိုးခ်ဲ႔မႈကိစၥကို စီစဥ္ႏုိင္ဖို႔ လုပ္ေဆာင္လာခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ႏုိင္ပြဲရအျပီး မာေဆးဆိုဒ္မွာ ေအာင္ပြဲခံရမွာ ပရိသတ္ 750,000 ေက်ာ္ လမ္းမေတြမွာ အျပည့္ အားေပးခဲ့ၾကတာက လီဗာပူးအားေပးသူေတြနဲ႔ ကလပ္အသင္းရဲ႕ အင္အားကို ျပသႏုိင္ခဲ့ျခင္းျဖစ္တယ္။ ကလပ္အသင္း တာဝန္ရွိသူေတြက ဒီလံု႔ေဆာ္မႈေၾကာင့္ပဲ ကြင္းတိုးခ်ဲ႔မႈ အစီအစဥ္ေတြကို အရွိန္ျမင့္ဖို႔ ၾကံရြယ္လာခဲ့တာျဖစ္ပါတယ္။

အၾကမ္းဖ်င္း အစီအစဥ္အရေတာ့ အန္ဖီးကြင္းက ပြဲၾကည့္စင္ ေလးခုအနက္ the Anfield Road ပြဲၾကည့္စင္ကို ေနာက္ထပ္ ခံုေပါင္း 5,000 ေက်ာ္ တိုးခ်ဲ႔ကာ ကြင္းအတြင္း ပရိသတ္ဝင္ဆံ့မႈကို 59,000 ထိ ထားရွိဖို႔ျဖစ္တယ္။ အဲ့သည္အတြက္ ေဆာက္လုပ္ေရးနဲ႔ ကုန္က်စရိတ္ဆိုင္ရာ အၾကမ္းဖ်င္း တြက္ခ်က္မႈေတြကို အသက္သြင္းေတာ့မွာလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ မႏွစ္က ေဘာလံုးရာသီကေန စတင္လုိ႔ အကယ္ဒမီရွိရာ ကရာဘီေလ့က်င့္ေရးမွာ ေပါင္ သန္း 50 တန္တဲ့ ေဆာက္လုပ္ေရး အစီအစဥ္ေတြကို လုပ္ေဆာင္ေနျပီး စီနီယာအသင္းသားေတြကုိ အကယ္ဒမီ အသင္းနဲ႔ ပူးေပါင္း ေလ့က်င့္ဖို႔ လုပ္ေဆာင္ေနပါတယ္။ တည္ေဆာက္မႈေတြ ျပီးစီးခဲ့ရင္ လီဗာပူး စီနီယာအသင္း ကာလရွည္ အသံုးျပဳခဲ့တဲ့ မဲဝုဒ္ေလ့က်င့္ေရးကြင္းကို စြန္႔ခြာျပီး ကရာဘီကို ေျပာင္းေရႊ႔မွာျဖစ္ပါတယ္။

ေလ့က်င့္ေရးကြင္း တည္ေဆာက္မႈကိုေတာ့ လာမယ့္ႏွစ္ ေမလမွာ စတင္ကာ ဖြင့္လွစ္မွာျဖစ္ျပီး အန္ဖီးကြင္းကိုေတာ့ အဆိုပါ ေလ့က်င့္ေရးကြင္းျပီးမွ တည္ေဆာက္မယ္လို႔ ယူဆရေပမယ့္ ေမွ်ာ္လင့္ထားတာထက္ ခပ္ျမန္ျမန္ အေကာင္အထည္ေဖာ္ဖို႔ကလည္း ျဖစ္ႏုိင္ပါတယ္။ ကြင္းတိုးခ်ဲ႔မႈ ေနာက္ဆံုး အဆိုတင္သြင္းမႈနဲ႔ အျပီးသတ္ လုပ္ေဆာင္မႈၾကား ၾကာျမင့္ခ်ိန္ကေတာ့ ႏွစ္ႏွစ္ခြဲမွ သံုးႏွစ္ခြဲ ၾကာျမင့္ႏုိင္ပါတယ္။

2016 ခုႏွစ္မွာ လီဗာပူးအသင္းဟာ အဓိက ပြဲၾကည့္စင္ျဖစ္တဲ့ the Main Stand ကို တုိးခ်ဲ႔တည္ေဆာက္ခဲ့ျပီး ခံုေပါင္း 8,500 ထည့္သြင္းခဲ့တယ္။ အဆိုပါ တိုးခ်ဲ႔မႈအတြက္ ေပါင္သန္း 100 ေက်ာ္ အသံုးျပဳခဲ့ရျပီး တစ္ႏွစ္ကို ပြဲေန႔ ဝင္ေငြေတြကေန ေပါင္ 12 သန္းတိုးျမင့္ရရွိေနတယ္လို႔ သိရပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ အန်ဖီးကွင်းကို ပရိသတ် ဝင်ဆံ့မှု 60,000 ကျော်စေဖို့ ကြီးမားတဲ့ ပရော်ဂျက်ကို အရှိန်မြင့်လာခဲ့ပြီး စက်တင်ဘာလ မကုန်ခင် တိုးချဲ့မှုကိစ္စကို စီစဉ်နိုင်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။

ချန်ပီယံလိဂ်နိုင်ပွဲရအပြီး မာဆေးဆိုဒ်မှာ အောင်ပွဲခံရမှာ ပရိသတ် 750,000 ကျော် လမ်းမတွေမှာ အပြည့် အားပေးခဲ့ကြတာက လီဗာပူးအားပေးသူတွေနဲ့ ကလပ်အသင်းရဲ့ အင်အားကို ပြသနိုင်ခဲ့ခြင်းဖြစ်တယ်။ ကလပ်အသင်း တာဝန်ရှိသူတွေက ဒီလုံ့ဆော်မှုကြောင့်ပဲ ကွင်းတိုးချဲ့မှု အစီအစဉ်တွေကို အရှိန်မြင့်ဖို့ ကြံရွယ်လာခဲ့တာဖြစ်ပါတယ်။

အကြမ်းဖျင်း အစီအစဉ်အရတော့ အန်ဖီးကွင်းက ပွဲကြည့်စင် လေးခုအနက် the Anfield Road ပွဲကြည့်စင်ကို နောက်ထပ် ခုံပေါင်း 5,000 ကျော် တိုးချဲ့ကာ ကွင်းအတွင်း ပရိသတ်ဝင်ဆံ့မှုကို 59,000 ထိ ထားရှိဖို့ဖြစ်တယ်။ အဲ့သည်အတွက် ဆောက်လုပ်ရေးနဲ့ ကုန်ကျစရိတ်ဆိုင်ရာ အကြမ်းဖျင်း တွက်ချက်မှုတွေကို အသက်သွင်းတော့မှာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မနှစ်က ဘောလုံးရာသီကနေ စတင်လို့ အကယ်ဒမီရှိရာ ကရာဘီလေ့ကျင့်ရေးမှာ ပေါင် သန်း 50 တန်တဲ့ ဆောက်လုပ်ရေး အစီအစဉ်တွေကို လုပ်ဆောင်နေပြီး စီနီယာအသင်းသားတွေကို အကယ်ဒမီ အသင်းနဲ့ ပူးပေါင်း လေ့ကျင့်ဖို့ လုပ်ဆောင်နေပါတယ်။ တည်ဆောက်မှုတွေ ပြီးစီးခဲ့ရင် လီဗာပူး စီနီယာအသင်း ကာလရှည် အသုံးပြုခဲ့တဲ့ မဲဝုဒ်လေ့ကျင့်ရေးကွင်းကို စွန့်ခွာပြီး ကရာဘီကို ပြောင်းရွှေ့မှာဖြစ်ပါတယ်။

လေ့ကျင့်ရေးကွင်း တည်ဆောက်မှုကိုတော့ လာမယ့်နှစ် မေလမှာ စတင်ကာ ဖွင့်လှစ်မှာဖြစ်ပြီး အန်ဖီးကွင်းကိုတော့ အဆိုပါ လေ့ကျင့်ရေးကွင်းပြီးမှ တည်ဆောက်မယ်လို့ ယူဆရပေမယ့် မျှော်လင့်ထားတာထက် ခပ်မြန်မြန် အကောင်အထည်ဖော်ဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ကွင်းတိုးချဲ့မှု နောက်ဆုံး အဆိုတင်သွင်းမှုနဲ့ အပြီးသတ် လုပ်ဆောင်မှုကြား ကြာမြင့်ချိန်ကတော့ နှစ်နှစ်ခွဲမှ သုံးနှစ်ခွဲ ကြာမြင့်နိုင်ပါတယ်။

2016 ခုနှစ်မှာ လီဗာပူးအသင်းဟာ အဓိက ပွဲကြည့်စင်ဖြစ်တဲ့ the Main Stand ကို တိုးချဲ့တည်ဆောက်ခဲ့ပြီး ခုံပေါင်း 8,500 ထည့်သွင်းခဲ့တယ်။ အဆိုပါ တိုးချဲ့မှုအတွက် ပေါင်သန်း 100 ကျော် အသုံးပြုခဲ့ရပြီး တစ်နှစ်ကို ပွဲနေ့ ဝင်ငွေတွေကနေ ပေါင် 12 သန်းတိုးမြင့်ရရှိနေတယ်လို့ သိရပါတယ်။

Sports Home Time