နည္းျပပိုင္းမွာ အေျပာင္းအလဲေတြ ျပဳလုပ္ဖို႔ စီစဥ္လာတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ယြန္းဘတ္နဲ႔ စတိဗ္ဘိုလ္းတို႔ကို ကလပ္အသင္းရဲ႕ နည္းျပအဖြဲ႔ဝင္သစ္ေတြအျဖစ္ ထည့္သြင္းမႈေတြ ျပဳလုပ္ျပီး အမ္မရီရဲ႕ နည္းျပပိုင္းကို အေျပာင္းအလဲေတြ ျပဳလုပ္ဖုိ႔ စီစဥ္လာပါတယ္။

အသက္ 42 ႏွစ္အရြယ္ ဂန္းနားေဟာင္းၾကီး ယြန္းဘတ္ဟာ အမ္မရီလက္ေအာင္မွာ ယူ-23 အသင္းကို တာဝန္ယူ ကိုင္တြယ္ေနသူျဖစ္တယ္။ မႏွစ္တုန္းကေတာ့ ပရီးမီးယားလိဂ္ လူငယ္ျပိဳင္ပြဲဝင္ ယူ-23 အသင္းကို အေကာင္းဆံုး လမ္းညႊန္ေပးခဲ့ျပီး ခ်န္ပီယံ အဲဗာတန္ေနာက္ ေလးမွတ္အကြာ ဒုတိယေနရာက ရာသီသိမ္းႏုိင္ေအာင္ ဦးေဆာင္ေပးခဲ့ပါတယ္။

ယြန္းဘက္ဟာ အာဆင္နယ္အတြက္ ကိုးႏွစ္ၾကာ ကစားခဲ့သူျဖစ္ျပီး ပြဲေပါင္း 285 ပြဲ ကစားေပးခဲ့သူပါ။ သူဟာ အမ္မရီအတြက္ လူငယ္ကစားသမားေတြ တိုးတက္မႈပိုင္းမွာ အၾကံေကာင္း ေပးႏုိင္သူျဖစ္တယ္။ လာမယ့္ရာသီမွာေတာ့ တာဝန္ယူရမယ့္အပိုင္းကို တိုးျမင့္ေပးမွာျဖစ္ျပီး စီနီယာအသင္းမွာ မန္ေနဂ်ာအမ္မရီ၊ လက္ေထာက္နည္းျပ ကာဆီဒို တုိ႔နဲ႔ တြဲဘက္ကာ တာဝန္ယူေပးရမွာျဖစ္တယ္။

ယြန္းဘတ္ရဲ႕ ပထမအသင္းအတြက္ တိုးတက္ပါဝင္မႈဟာ ကလပ္အသင္း အုပ္ခ်ဳပ္မႈပိုင္းမွာ ပိုမိုက်ယ္ျပန္႔တဲ့ စြမ္းေဆာင္ရည္နဲ႔ ပါဝင္မႈေတြအျဖစ္ အကူအညီျဖစ္ေစဖို႔လည္း အာဆင္နယ္ဘက္က ရည္ရြယ္ေနပါတယ္။

မႏွစ္ကရာသီမွာ အမ္မရီရဲ႕ နည္းျပအဖြဲ႔ဝင္ေတြထဲက တစ္ဦးအျဖစ္ ပါဝင္ထားတဲ့ ဘိုလ္းကေတာ့ ရာသီသစ္မွာ မတူညီတဲ့ ေနရာေတြကို တာဝန္ယူရမယ္လို႔ သိထားရတယ္။ ၄င္းဟာ မန္ေနဂ်ာအာဆင္ဝင္းဂါးရဲ႕ နည္းျပ အဖြဲ႔ဝင္ေတြထဲက တစ္ဦးျဖစ္ျပီး ျပင္သစ္သား ထြက္ခြာသြားခ်ိန္မွာ က်န္ရစ္ခဲ့တဲ့ နည္းျပအဖြဲ႔ဝင္ အခ်ိဳ႕ထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

ဘိုလ္းဟာ အကယ္ဒမီမန္ေနဂ်ာ မာတီဆက္ကာနဲ႔ တြဲဘက္ျပီး လူငယ္ပိုင္း တိုးတက္မႈေတြကို အဓိက တာဝန္ယူရဖြယ္ရွိတယ္လို႔လည္း သိရတယ္။ အမ္မရီဟာ မစ္လန္ေနး၊ ဝဲလ္ေလာ့တို႔ကို စီနီယာအသင့္ေတြမွာ ပြဲထြက္ခြင့္ေတြ ေပးခဲ့ျပီး လူငယ္ကစားသမားေတြျဖစ္တဲ့ နလ္ဆန္နဲ႔ စမတ္ရိုဝီတုိ႔ကိုေတာ့ ဂ်ာမနီလိဂ္ထဲ အငွားခ်ထားခဲ့ပါတယ္။

Sports Home Time

[Unicode] အာဆင်နယ်အသင်းဟာ ယွန်းဘတ်နဲ့ စတိဗ်ဘိုလ်းတို့ကို ကလပ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်သစ်တွေအဖြစ် ထည့်သွင်းမှုတွေ ပြုလုပ်ပြီး အမ်မရီရဲ့ နည်းပြပိုင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ စီစဉ်လာပါတယ်။

အသက် 42 နှစ်အရွယ် ဂန်းနားဟောင်းကြီး ယွန်းဘတ်ဟာ အမ်မရီလက်အောင်မှာ ယူ-23 အသင်းကို တာဝန်ယူ ကိုင်တွယ်နေသူဖြစ်တယ်။ မနှစ်တုန်းကတော့ ပရီးမီးယားလိဂ် လူငယ်ပြိုင်ပွဲဝင် ယူ-23 အသင်းကို အကောင်းဆုံး လမ်းညွှန်ပေးခဲ့ပြီး ချန်ပီယံ အဲဗာတန်နောက် လေးမှတ်အကွာ ဒုတိယနေရာက ရာသီသိမ်းနိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။

ယွန်းဘက်ဟာ အာဆင်နယ်အတွက် ကိုးနှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း 285 ပွဲ ကစားပေးခဲ့သူပါ။ သူဟာ အမ်မရီအတွက် လူငယ်ကစားသမားတွေ တိုးတက်မှုပိုင်းမှာ အကြံကောင်း ပေးနိုင်သူဖြစ်တယ်။ လာမယ့်ရာသီမှာတော့ တာဝန်ယူရမယ့်အပိုင်းကို တိုးမြင့်ပေးမှာဖြစ်ပြီး စီနီယာအသင်းမှာ မန်နေဂျာအမ်မရီ၊ လက်ထောက်နည်းပြ ကာဆီဒို တို့နဲ့ တွဲဘက်ကာ တာဝန်ယူပေးရမှာဖြစ်တယ်။

ယွန်းဘတ်ရဲ့ ပထမအသင်းအတွက် တိုးတက်ပါဝင်မှုဟာ ကလပ်အသင်း အုပ်ချုပ်မှုပိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ စွမ်းဆောင်ရည်နဲ့ ပါဝင်မှုတွေအဖြစ် အကူအညီဖြစ်စေဖို့လည်း အာဆင်နယ်ဘက်က ရည်ရွယ်နေပါတယ်။

မနှစ်ကရာသီမှာ အမ်မရီရဲ့ နည်းပြအဖွဲ့ဝင်တွေထဲက တစ်ဦးအဖြစ် ပါဝင်ထားတဲ့ ဘိုလ်းကတော့ ရာသီသစ်မှာ မတူညီတဲ့ နေရာတွေကို တာဝန်ယူရမယ်လို့ သိထားရတယ်။ ၎င်းဟာ မန်နေဂျာအာဆင်ဝင်းဂါးရဲ့ နည်းပြ အဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်ပြီး ပြင်သစ်သား ထွက်ခွာသွားချိန်မှာ ကျန်ရစ်ခဲ့တဲ့ နည်းပြအဖွဲ့ဝင် အချို့ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဘိုလ်းဟာ အကယ်ဒမီမန်နေဂျာ မာတီဆက်ကာနဲ့ တွဲဘက်ပြီး လူငယ်ပိုင်း တိုးတက်မှုတွေကို အဓိက တာဝန်ယူရဖွယ်ရှိတယ်လို့လည်း သိရတယ်။ အမ်မရီဟာ မစ်လန်နေး၊ ဝဲလ်လော့တို့ကို စီနီယာအသင့်တွေမှာ ပွဲထွက်ခွင့်တွေ ပေးခဲ့ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ နလ်ဆန်နဲ့ စမတ်ရိုဝီတို့ကိုတော့ ဂျာမနီလိဂ်ထဲ အငှားချထားခဲ့ပါတယ်။

Sports Home Time