ခ်ယ္ဆီးဘက္က ေတာင္းဆိုထားတဲ့ စာခ်ဳပ္ေၾကးကို ဂ်ဴဗင္တပ္မေပးလို႔ ဆာရီအထြက္ကိစၥ ဆိုင္းငံ့

မန္ေနဂ်ာဆာရီအတြက္ ခ်ယ္ဆီးနဲ႔ ဂ်ဴဗင္တပ္တို႔ရဲ႕ ညိႏိႈင္းမႈဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ 5.3 သန္းေပးဖို႔ သေဘာတူညီမႈ မရရွိတာေၾကာင့္ ေႏွာင့္ေႏွးသြားဖို႔ ရွိေနပါတယ္။

အသက္ 60 အရြယ္ အီတလီ မန္ေနဂ်ာဟာ ခ်ယ္ဆီးမွာ 12 လ စာခ်ဳပ္ က်န္ရွိေနေသးျပီး ဂ်ဴဗင္တပ္က မန္ေနဂ်ာသစ္အတြက္ ကမ္းလွမ္းလာတာပါ။ ဆာရီကိုယ္တိုင္ကလည္း ခ်ယ္ဆီးတာဝန္ရွိသူေတြအား စီးရီးေအကလပ္ရဲ႕ ကမ္းလွမ္းမႈကို နားေထာင္ေပးဖို႔ ေမတၱာရပ္ခံထားေပမယ့္ ကလပ္ႏွစ္သင္း စကားေျပာမႈက အဆင္မေျပမႈအခ်ိဳ႕ ေပၚထြက္လာတာျဖစ္ပါတယ္။

ယူရိုပါလိဂ္ဗိုလ္လုပြဲအျပီး ဒီကိစၥကို စတင္လာခဲ့တာျဖစ္ျပီး ေဆြးေႏြးမႈေတြ အဆင္ေျပရင္ လာမယ့္အပတ္ထဲမွာ ဆာရီကို မန္ေနဂ်ာအျဖစ္ ခန္႔အပ္ေၾကာင္းကို တရားဝင္ ေၾကညာဖို႔ထိ ဂ်ဴဗင္တပ္က စီစဥ္ထားခဲ့ပါတယ္။ ဂ်ဴဗင္တပ္ဟာ ကလပ္အသင္းကို ငါးရာသီဆက္ အမွတ္ေပးဖလား အႏုိင္ရေစျပီး ေမလကမွ ထြက္ခြာသြားတဲ့ မန္ေနဂ်ာ အယ္လီဂရီေနရာ အစားထိုးဖို႔ရာ ဆာရီကို တာဝန္ယူေစလိုတာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ အားကစားဒါရိုက္တာ Fabio Paratici က ” ေစ်းကြက္ကို ဂရုစိုက္ေနရသလို မန္ေနဂ်ာသစ္ ခန္႔အပ္ဖို႔ က်ေန္ာတုိ႔ ေစာင့္ေနပါတယ္။ ေၾကညာမႈလုပ္ျပီးမွပဲ လိုအပ္တာေတြကို ဆက္လက္ လုပ္ေဆာင္မွာပါ။ ေပါ့ဘာကိစၥလည္း အတူတူပါပဲ။ မန္ေနဂ်ာသစ္နဲ႔ က်ေနာ္တုိ႔ စကားေျပာၾကည့္ပါဦးမယ္ ” လို႔ ဆိုထားပါတယ္။

ဂ်ဴဗင္တပ္ဘက္ကေတာ့ မန္ေနဂ်ာသစ္ ခန္႔အပ္ဖို႔ကို ဦးစားေပးအျဖစ္ သက္မွတ္ထားျပီး ကစားသမား ေခၚယူမႈကို မန္ေနဂ်ာသစ္နဲ႔ တိုင္ပင္ျပီးမွ လုပ္ေဆာင္ဖြယ္ ရွိေနပါတယ္။ ဒါေၾကာင့္ ေနာက္အပတ္ မတိုင္ခင္ ဆာရီကို ေခၚယူဖို႔ ဆိုင္းငံ့အေနအထားကို အျမန္ဆံုး အေျဖရွာေပးလာဖို႔ ရွိေနပါတယ္။

Sports Home Time

[Unicode] မန်နေဂျာဆာရီအတွက် ချယ်ဆီးနဲ့ ဂျူဗင်တပ်တို့ရဲ့ ညိနှိုင်းမှုဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် 5.3 သန်းပေးဖို့ သဘောတူညီမှု မရရှိတာကြောင့် နှောင့်နှေးသွားဖို့ ရှိနေပါတယ်။

အသက် 60 အရွယ် အီတလီ မန်နေဂျာဟာ ချယ်ဆီးမှာ 12 လ စာချုပ် ကျန်ရှိနေသေးပြီး ဂျူဗင်တပ်က မန်နေဂျာသစ်အတွက် ကမ်းလှမ်းလာတာပါ။ ဆာရီကိုယ်တိုင်ကလည်း ချယ်ဆီးတာဝန်ရှိသူတွေအား စီးရီးအေကလပ်ရဲ့ ကမ်းလှမ်းမှုကို နားထောင်ပေးဖို့ မေတ္တာရပ်ခံထားပေမယ့် ကလပ်နှစ်သင်း စကားပြောမှုက အဆင်မပြေမှုအချို့ ပေါ်ထွက်လာတာဖြစ်ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး ဒီကိစ္စကို စတင်လာခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေ အဆင်ပြေရင် လာမယ့်အပတ်ထဲမှာ ဆာရီကို မန်နေဂျာအဖြစ် ခန့်အပ်ကြောင်းကို တရားဝင် ကြေညာဖို့ထိ ဂျူဗင်တပ်က စီစဉ်ထားခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ကလပ်အသင်းကို ငါးရာသီဆက် အမှတ်ပေးဖလား အနိုင်ရစေပြီး မေလကမှ ထွက်ခွာသွားတဲ့ မန်နေဂျာ အယ်လီဂရီနေရာ အစားထိုးဖို့ရာ ဆာရီကို တာဝန်ယူစေလိုတာ ဖြစ်ပါတယ်။

ဂျူဗင်တပ် အားကစားဒါရိုက်တာ Fabio Paratici က ” ဈေးကွက်ကို ဂရုစိုက်နေရသလို မန်နေဂျာသစ် ခန့်အပ်ဖို့ ကျနေ်ာတို့ စောင့်နေပါတယ်။ ကြေညာမှုလုပ်ပြီးမှပဲ လိုအပ်တာတွေကို ဆက်လက် လုပ်ဆောင်မှာပါ။ ပေါ့ဘာကိစ္စလည်း အတူတူပါပဲ။ မန်နေဂျာသစ်နဲ့ ကျနော်တို့ စကားပြောကြည့်ပါဦးမယ် ” လို့ ဆိုထားပါတယ်။

ဂျူဗင်တပ်ဘက်ကတော့ မန်နေဂျာသစ် ခန့်အပ်ဖို့ကို ဦးစားပေးအဖြစ် သက်မှတ်ထားပြီး ကစားသမား ခေါ်ယူမှုကို မန်နေဂျာသစ်နဲ့ တိုင်ပင်ပြီးမှ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် နောက်အပတ် မတိုင်ခင် ဆာရီကို ခေါ်ယူဖို့ ဆိုင်းငံ့အနေအထားကို အမြန်ဆုံး အဖြေရှာပေးလာဖို့ ရှိနေပါတယ်။

Sports Home Time