မုဒိမ္းမႈ စြပ္စြဲခ်က္ေၾကာင့္ ကိုပါအေမရိကျပိဳင္ပြဲကို ေနမာ လြဲေခ်ာ္ဖြယ္ရွိေန

ေနမာကို မုဒိမ္းမႈနဲ႔ စြဲခ်က္တင္ထားတာေၾကာင့္ ဘရာဇီးလ္ တိုက္စစ္မွဴး ဟာ ကိုပါအေမရိကကို လြဲေခ်ာ္ရႏိုင္တယ္လို႔ ဘရာဇီးေဘာလံုးအဖြဲ႔ခ်ဳပ္ (CBF) ရဲ႕ ဒုတိယဥကၠဌ ဖရန္စစၥကို ႏိုဗယ္လက္တိုက ဆိုပါတယ္။

အဆိုပါျဖစ္ရပ္ဟာ ေနမာနဲ႔ ပဲရစ္မွာေတြ႔ဆံုခဲ့တဲ့ ဘရာဇီးအမ်ိဳးသမီးတစ္ေယာက္ကေန တိုင္ၾကားခဲ့တာျဖစ္တယ္လို႔ ေဆာေပၚလို ရဲတပ္ဖြဲ႔က အတည္ျပဳခဲ့ပါတယ္။ ေမလ ၃၁ ရက္မွာ အဆိုပါ အမ်ိဳးသမီးက တိုင္ၾကားခဲ့ၿပီးေနာက္ ဆက္လက္စံုစမ္းစစ္ေဆးတဲ့ ကိစၥကိုေတာ့ ရဲတပ္ဖြဲ႔က အေသးစိတ္ ေျပာမျပခဲ့ပါဘူး။

A

ဘရာဇီးလ္ဝဘ္ဆိုက္တစ္ခုျဖစ္တဲ့ UOL က ဒီအမႈကို ပထမဆံုး တင္ျပခဲ့တာျဖစ္ၿပီး အာဏာပိုင္ေတြထံ ထြက္ဆိုခ်က္ေတြကို လ်ိႈ့ဝွက္ထားတယ္လို႔ ဆိုခဲ့ပါတယ္။ ဒီစြဲခ်က္ကို ေနမာက ျငင္းပယ္ေနၿပီး သူဟာ အျပစ္မ႐ွိေၾကာင္းနဲ႔ ၿခိမ္းေျခာက္အက်ပ္ကိုင္ဖို႔ ႀကိဳးစားသူရဲ႕ ပစ္မွတ္သာ ျဖစ္ခဲ့ေၾကာင္း ေျပာပါတယ္။

ကစားသမားရဲ႕ ဖခင္ကလဲ အဆိုပါ အမ်ိဳးသမီးကေန သူ႔သားရဲ႕ဖုန္းဆီ ပို႔ခဲ့တဲ့ WhatsApp မက္ေဆ့ေတြက ေနမာရဲ႕နာမည္ကို ကာကြယ္ဖို႔ အကူအညီျဖစ္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။

ဘရာဇီး အသင္း ၂၀၀၇ေနာက္ပိုင္း သူတို႔မေအာင္ျမင္ခဲ့တဲ့ ကိုပါအေမရိက ၿပိဳင္ပြဲကို လက္ခံကစားေနတာနဲ႔အတူ ႏိုင္ငံအသင္းမွာ ေနမာက အဓိကေနရာကေန မပါဝင္ခင္ ရက္အနည္းငယ္အလိုမွာ ဒီကိစၥေတြ ျဖစ္လာတာပါ။
ဒီျပႆနာေၾကာင့္ ေနမာဟာ ဇြန္၁၄ရက္ေန႔မွာ ကစားမယ့္ ၿပိဳင္ပြဲမစခင္ အသင္းကေန ထုတ္ပယ္ခံရလိမ့္မယ္လို႔ ႏိုဗယ္လက္တိုက ယံုၾကည္ေနပါတယ္။

“က်ေနာ္ ေလာင္းလို႔ရရင္ေလ တကယ္လို႔ က်ေနာ့္မွာ တိုကင္ျပား ၁၀ျပား႐ွိၿပီး ဘာကိုေလာင္းမလဲလို႔ က်ေနာ့္ကို ေမးလို႔႐ွိရင္ ေနမာ လာမွာမဟုတ္ပဲ ထြက္ခြာဖို႔ ေျပာခံရလိမ့္မယ္လို႔ ေလာင္းလိုက္မွာ။ ကိုပါအေမရိကနဲ႔ ဂ်ာနယ္လစ္တပ္ရင္းႀကီးကို သူရင္ဆိုင္ႏိုင္မွာမဟုတ္ဘူး။ ” လို႔ ေျပာပါတယ္။

ဘရာဇီးနည္းျပကေတာ့ ” ဒါက ကိုယ္ေရးကိုယ္တာ ကိစၥျဖစ္ၿပီး အခ်က္အလက္ေတြကို အခ်ိန္က ဆံုးျဖတ္ေပးသြားပါလိမ့္မယ္။ အခုခ်ိန္မွာေတာ့ က်ေနာ္ ဆံုးျဖတ္မွာမဟုတ္ဘူး။ က်ေနာ္ေျပာႏိုင္တာက အတူ႐ွိခဲ့တဲ့ သံုးႏွစ္အတြင္း ပုဂၢိဳလ္ေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးရာမွာ သူက အျမဲ သစၥာ႐ွိၿပီး မွန္ကန္တဲ့သူ ျဖစ္ပါတယ္။

သူက မ႐ွိမျဖစ္လုိ႔ ေျပာလို႔ရတယ္။ သူ႔ကို အစားမထိုးႏိုင္ဘူးလို႔ေတာ့ က်ေနာ္တို႔ မေျပာပါဘူး။ သူက မ႐ွိမျဖစ္ပါ။ ဒါေပမယ့္ အစားထိုးလို႔ေတာ့ ရပါတယ္ ” လို႔ တနလၤာေန႔က သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဘရာဇီးဟာ ဇြန္လ ၁၄ ရက္မွာ ဘိုလီးဗီးယားနဲ႔ စတင္ ကစားမွာျဖစ္ၿပီး ၁၈ရက္ေန႔နဲ႔ ၂၂ရက္ေန႔တို႔မွာ ဗင္နီဇြဲလား၊ ပီ႐ူးတို႔နဲ႔ အသီးသီး ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] နေမာကို မုဒိမ်းမှုနဲ့ စွဲချက်တင်ထားတာကြောင့် ဘရာဇီးလ် တိုက်စစ်မှူး ဟာ ကိုပါအမေရိကကို လွဲချော်ရနိုင်တယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) ရဲ့ ဒုတိယဥက္ကဌ ဖရန်စစ္စကို နိုဗယ်လက်တိုက ဆိုပါတယ်။

အဆိုပါဖြစ်ရပ်ဟာ နေမာနဲ့ ပဲရစ်မှာတွေ့ဆုံခဲ့တဲ့ ဘရာဇီးအမျိုးသမီးတစ်ယောက်ကနေ တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဆောပေါ်လို ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ မေလ ၃၁ ရက်မှာ အဆိုပါ အမျိုးသမီးက တိုင်ကြားခဲ့ပြီးနောက် ဆက်လက်စုံစမ်းစစ်ဆေးတဲ့ ကိစ္စကိုတော့ ရဲတပ်ဖွဲ့က အသေးစိတ် ပြောမပြခဲ့ပါဘူး။

ဘရာဇီးလ်ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ UOL က ဒီအမှုကို ပထမဆုံး တင်ပြခဲ့တာဖြစ်ပြီး အာဏာပိုင်တွေထံ ထွက်ဆိုချက်တွေကို လျှို့ဝှက်ထားတယ်လို့ ဆိုခဲ့ပါတယ်။ ဒီစွဲချက်ကို နေမာက ငြင်းပယ်နေပြီး သူဟာ အပြစ်မရှိကြောင်းနဲ့ ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ကြိုးစားသူရဲ့ ပစ်မှတ်သာ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

ကစားသမားရဲ့ ဖခင်ကလဲ အဆိုပါ အမျိုးသမီးကနေ သူ့သားရဲ့ဖုန်းဆီ ပို့ခဲ့တဲ့ WhatsApp မက်ဆေ့တွေက နေမာရဲ့နာမည်ကို ကာကွယ်ဖို့ အကူအညီဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘရာဇီး အသင်း ၂၀၀၇နောက်ပိုင်း သူတို့မအောင်မြင်ခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲကို လက်ခံကစားနေတာနဲ့အတူ နိုင်ငံအသင်းမှာ နေမာက အဓိကနေရာကနေ မပါဝင်ခင် ရက်အနည်းငယ်အလိုမှာ ဒီကိစ္စတွေ ဖြစ်လာတာပါ။
ဒီပြဿနာကြောင့် နေမာဟာ ဇွန်၁၄ရက်နေ့မှာ ကစားမယ့် ပြိုင်ပွဲမစခင် အသင်းကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ နိုဗယ်လက်တိုက ယုံကြည်နေပါတယ်။

“ကျနော် လောင်းလို့ရရင်လေ တကယ်လို့ ကျနော့်မှာ တိုကင်ပြား ၁၀ပြားရှိပြီး ဘာကိုလောင်းမလဲလို့ ကျနော့်ကို မေးလို့ရှိရင် နေမာ လာမှာမဟုတ်ပဲ ထွက်ခွာဖို့ ပြောခံရလိမ့်မယ်လို့ လောင်းလိုက်မှာ။ ကိုပါအမေရိကနဲ့ ဂျာနယ်လစ်တပ်ရင်းကြီးကို သူရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ” လို့ ပြောပါတယ်။

ဘရာဇီးနည်းပြကတော့ ” ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး အချက်အလက်တွေကို အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ အခုချိန်မှာတော့ ကျနော် ဆုံးဖြတ်မှာမဟုတ်ဘူး။ ကျနော်ပြောနိုင်တာက အတူရှိခဲ့တဲ့ သုံးနှစ်အတွင်း ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ သူက အမြဲ သစ္စာရှိပြီး မှန်ကန်တဲ့သူ ဖြစ်ပါတယ်။

သူက မရှိမဖြစ်လို့ ပြောလို့ရတယ်။ သူ့ကို အစားမထိုးနိုင်ဘူးလို့တော့ ကျနော်တို့ မပြောပါဘူး။ သူက မရှိမဖြစ်ပါ။ ဒါပေမယ့် အစားထိုးလို့တော့ ရပါတယ် ” လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဘရာဇီးဟာ ဇွန်လ ၁၄ ရက်မှာ ဘိုလီးဗီးယားနဲ့ စတင် ကစားမှာဖြစ်ပြီး ၁၈ရက်နေ့နဲ့ ၂၂ရက်နေ့တို့မှာ ဗင်နီဇွဲလား၊ ပီရူးတို့နဲ့ အသီးသီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Sports Home Time