ေနးရွင္းလိဂ္ ဗိုလ္စြဲရင္ အဂၤလန္သားေတြကို ဆုေၾကး ေပါင္ ၉သန္း ေပးဖို႔ အက္ဖ္ေအ ကတိျပဳ

[Zawgyi] လက္ရွိ အဂၤလန္လက္ေရြးစင္ အသင္းအတြက္ စီးပြားေရးကမ္းလွမ္းမႈေတြ ေၾကျငာ၊ စပြန္ဆာမ်ား လက္ခံ ရရွိမႈ မရွိေသးေပမယ့္ ေနးရွင္းလိဂ္မွာ ဗိုလ္စြဲရင္ အဂၤလန္အသင္းသားေတြကို ဆုေၾကး ေပါင္ ၉ သန္း္ထိ ေပးအပ္သြားဖို႔ သေဘာတူ ကတိျပဳလိုက္ပါတယ္။

ဆုေၾကးကိစၥအတြက္ အက္ဖ္ေအဟာ ညွိနိႈင္းမႈမ်ား တစ္နွစ္ေက်ာ္ ျပဳလုပ္ခဲ့ရျပီး 1966 Entertainment နဲ႕လည္း ပူးေပါင္းမႈမ်ား ျပဳလုပ္ရန္ စီစဥ္ခဲ့ပါေသးတယ္။ အဆံုးမွာေတာ့ ကုိယ္ပိုင္ဆံုးျဖတ္မႈနဲ႕ အတူ ကစားသမားေတြကုိ ဆုေၾကးေပးအပ္မယ့္အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

အက္ဖ္ေအဟာ အဂၤလန္အသင္း ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ ေရာက္လာတာေၾကာင့္ ယူအီးအက္ဖ္ေအထံမွာ ေပါင္ ၃.၈ သန္းလက္ခံ ရရွိျပီး ျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္ ပထမအေက်ာ့ကိုေတာ့ ၾကာသပေတးညမွာ ေဟာ္လန္အသင္းနဲ႕ ပထမေအက်ာ့ ယွဥ္ျပိဳင္ ကစားေတာ့မွာ ျဖစ္ျပီး အဂၤလန္သာ ဗိုလ္လုပြဲ ေရာက္ခဲ့ရင္ ေနာက္ထက္ ေပါင္ ၃.၈ သန္းရရွိမွာပါ။ တကယ္လို႔ အဂၤလန္ ဗိုလ္စြဲခဲ့ရင္ေတာ့ ဆုေၾကး ေပါင္ ၅ သန္း ထပ္ေဆာင္း ရရွိဦးမွာ ျဖစ္ပါတယ္။

အက္ဖ္ေအက ကစားသမားေတြထဲက ေခါင္းေဆာင္မ်ား ျဖစ္တဲ့ ကိန္း၊ ဟန္ဒါဆန္၊ မက္ဂြဲယား၊ လင္ဂတ္နဲ႕ ေ၀ၚကာတို႔ကို ေျပာဆို ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ျပီး ရလဒ္အေနနဲ႕ ဆုေၾကး ပမာဏ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

အက္ဖ္ေအက ဂ်ာစီစပြန္စာ Nike ထံမွ ေဘာနပ္စ္ ေပါင္ ၁၀ သန္း၊ ျပီးခဲ့တဲ့ေႏြ ကမၻာ့ဖလား ဆီမီးဖိုင္နယ္ ေရာက္ခဲ့ျပီးေနာက္ လက္ရွိရေနတဲ့ စပြန္စာေၾကးကလည္း တစ္နွစ္ ေပါင္ ၃၃ သန္း ရွိထားတာေၾကာင့္ ေနးရွင္းလိဂ္မွာ ဗိုလ္စြဲခဲ့ရင္ ကစားသမားေတြကို ခ်ီးျမွင့္ဖို႔ စီမံနုိင္ေလာက္တဲ့ လံုေလာက္မႈ ရွိထားပါတယ္။

Sports Home Time

[Unicode] လက်ရှိ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် စီးပွားရေးကမ်းလှမ်းမှုတွေ ကြေငြာ၊ စပွန်ဆာများ လက်ခံ ရရှိမှု မရှိသေးပေမယ့် နေးရှင်းလိဂ်မှာ ဗိုလ်စွဲရင် အင်္ဂလန်အသင်းသားတွေကို ဆုကြေး ပေါင် ၉ သန်းထိ ပေးအပ်သွားဖို့ သဘောတူ ကတိပြုလိုက်ပါတယ်။

ဆုကြေးကိစ္စအတွက် အက်ဖ်အေဟာ ညှိနှိုင်းမှုများ တစ်နှစ်ကျော် ပြုလုပ်ခဲ့ရပြီး 1966 Entertainment နဲ့လည်း ပူးပေါင်းမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ပါသေးတယ်။ အဆုံးမှာတော့ ကိုယ်ပိုင်ဆုံးဖြတ်မှုနဲ့ အတူ ကစားသမားတွေကို ဆုကြေးပေးအပ်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အက်ဖ်အေဟာ အင်္ဂလန်အသင်း နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ရောက်လာတာကြောင့် ယူအီးအက်ဖ်အေထံမှာ ပေါင် ၃.၈ သန်းလက်ခံ ရရှိပြီး ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့ကိုတော့ ကြာသပတေးညမှာ ဟော်လန်အသင်းနဲ့ ပထမအေကျာ့ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပြီး အင်္ဂလန်သာ ဗိုလ်လုပွဲ ရောက်ခဲ့ရင် နောက်ထက် ပေါင် ၃.၈ သန်းရရှိမှာပါ။ တကယ်လို့ အင်္ဂလန် ဗိုလ်စွဲခဲ့ရင်တော့ ဆုကြေး ပေါင် ၅ သန်း ထပ်ဆောင်း ရရှိဦးမှာ ဖြစ်ပါတယ်။

အက်ဖ်အေက ကစားသမားတွေထဲက ခေါင်းဆောင်များ ဖြစ်တဲ့ ကိန်း၊ ဟန်ဒါဆန်၊ မက်ဂွဲယား၊ လင်ဂတ်နဲ့ ဝေါ်ကာတို့ကို ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရလဒ်အနေနဲ့ ဆုကြေး ပမာဏ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အက်ဖ်အေက ဂျာစီစပွန်စာ Nike ထံမှ ဘောနပ်စ် ပေါင် ၁၀ သန်း၊ ပြီးခဲ့တဲ့နွေ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက်ခဲ့ပြီးနောက် လက်ရှိရနေတဲ့ စပွန်စာကြေးကလည်း တစ်နှစ် ပေါင် ၃၃ သန်း ရှိထားတာကြောင့် နေးရှင်းလိဂ်မှာ ဗိုလ်စွဲခဲ့ရင် ကစားသမားတွေကို ချီးမြှင့်ဖို့ စီမံနိုင်လောက်တဲ့ လုံလောက်မှု ရှိထားပါတယ်။

Sports Home Time