[Zawgyi] စပါးအသင္း မန္ေနဂ်ာ ပိုခ်က္တီနိုက ဘန္ေလကို နုိင္တဲ့ပြဲအျပီးမွာ ပရီးမီးယားလိဂ္ နုိင္ပြဲ ၁၀၀ ျပည့္သြားျပီ ျဖစ္ကာ ယခင္ အာဆင္နယ္ သက္ေတာ္ရွည္ နည္းျပေဟာင္း အာဆင္၀င္ဂါးထက္ နုိင္ပြဲ ၁၀၀ ျမန္ျမန္ ျပည့္ခဲ့တဲ့ မွတ္တမ္းေကာင္း တစ္ခုပါ ပိုင္ဆိုင္သြားပါတယ္။ စပါးအသင္းဟာ ဘန္ေလကို နာက်င္အခ်ိန္ပိုက်မွ အဲရစ္ဆန္သြင္းခဲ့တဲ့ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႕ အနိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။
ပိုခ်က္တီနိုရဲ႕ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ေျမာက္ နုိင္ပြဲကို ၁၆၉ ပြဲ ကစားျပီးခ်ိန္မွာ ရခဲ့တာျဖစ္ျပီး အာဆင္၀င္းဂါး ၁၇၉ ပြဲ ၾကာခဲ့တာထက္ ၁၀ ပြဲေတာင္ ျမန္ခဲ့တာပါ။ ဒါဟာ လန္ဒန္ ျမိဳ႕ခံ ျပိဳင္ဘက္ အာဆင္နယ္အသင္း ပရိသတ္ေတြအတြက္ေတာ့ မခ်င့္မရဲ ျဖစ္စရာပါ။
ဘန္ေလကို နုိင္လိုုက္တာေၾကာင့္ ေတာ့တင္ဟမ္ စပါးက အမွတ္ေပးဇယား ဦးေဆာင္သူ မန္စီးတီးနဲ႕ ၅ မွတ္အကြာမွာ ရွိေနျပီး အမွတ္ေပးဖလားေကာ ထိပ္သီး ၄ သင္းေနရာ အတြက္ပါ ဆက္လက္ဖိအားေပးေနပါတယ္။ ဆုဖလားဆြတ္ခူးမႈေတြ မရွိေသးေပမယ့္ ဒီတေလာနွစ္ေတြမွာ စပါးအသင္းက ပရီးမီးယားလိဂ္ အဆင့္ ၄ ေနရာအတြင္း တစ္ေနရာ အျမဲတမ္းလိုလို ရရွိေအာင္ ယူထားနုိင္ျပီး ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ပါ၀င္ယွဥ္ျပိဳင္ေနရပါတယ္။
ပိုခ်က္တီနိုရဲ႕ စပါးနည္းျပ အျဖစ္ ပထမဆံုး နုိင္ပြဲကို 2014-15 ေဘာလံုးရာသီမွာ ၀က္စ္ဟမ္းကို ၁ဂိုး ဂိုးမရွိ နုိင္ပြဲနဲ႕ စတင္္ခဲ့တာ ျဖစ္ပါတယ္။ ထို ေဘာလံုးရာသီက စပါးအသင္းဟာ အာဆင္နယ္အသင္းေနာက္မွာ ရပ္တည္ျပီး အဆင့္ ၄ အတြင္း မ၀င္ခဲ့ပါဘူး။ ပိုခ်က္တီနို တည္ေဆာက္လာတဲ့ စပါးအသင္းက တစ္ရာသီထက္ တစ္ရာသီ ဟန္ခ်က္ညီျပီး တိုးတက္လာတာကိုေတာ့ ၀န္ခံရမွာ ျဖစ္ပါတယ္။

အာဆင္နယ္ အသင္းအေနနဲ႕လည္း အဆင့္ ၄ အတြင္း တစ္ေနရာကို ျပန္လည္ သိမ္းပိုက္ဖို႔ ၾကိဳးစားလာသလို ပိုခ်က္တီနိုကလည္း လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ေတြကို ေနာက္ေကာက္ခ် ခ်န္ရစ္ဖို႔ တစ္ဆင့္ျပီး တစ္ဆင့္ ေျခလွမ္းမွန္မွန္နဲ႕ ခရီးဆက္ေနတာပါ။
Sports Home Time
[Unicode] စပါးအသင်း မန်နေဂျာ ပိုချက်တီနိုက ဘန်လေကို နိုင်တဲ့ပွဲအပြီးမှာ ပရီးမီးယားလိဂ် နိုင်ပွဲ ၁၀၀ ပြည့်သွားပြီ ဖြစ်ကာ ယခင် အာဆင်နယ် သက်တော်ရှည် နည်းပြဟောင်း အာဆင်ဝင်ဂါးထက် နိုင်ပွဲ ၁၀၀ မြန်မြန် ပြည့်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုပါ ပိုင်ဆိုင်သွားပါတယ်။ စပါးအသင်းဟာ ဘန်လေကို နာကျင်အချိန်ပိုကျမှ အဲရစ်ဆန်သွင်းခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ ပရီးမီးယားလိဂ် ပွဲ ၁၀၀ မြောက် နိုင်ပွဲကို ၁၆၉ ပွဲ ကစားပြီးချိန်မှာ ရခဲ့တာဖြစ်ပြီး အာဆင်ဝင်းဂါး ၁၇၉ ပွဲ ကြာခဲ့တာထက် ၁၀ ပွဲတောင် မြန်ခဲ့တာပါ။ ဒါဟာ လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်း ပရိသတ်တွေအတွက်တော့ မချင့်မရဲ ဖြစ်စရာပါ။

ဘန်လေကို နိုင်လိုက်တာကြောင့် တော့တင်ဟမ် စပါးက အမှတ်ပေးဇယား ဦးဆောင်သူ မန်စီးတီးနဲ့ ၅ မှတ်အကွာမှာ ရှိနေပြီး အမှတ်ပေးဖလားကော ထိပ်သီး ၄ သင်းနေရာ အတွက်ပါ ဆက်လက်ဖိအားပေးနေပါတယ်။ ဆုဖလားဆွတ်ခူးမှုတွေ မရှိသေးပေမယ့် ဒီတလောနှစ်တွေမှာ စပါးအသင်းက ပရီးမီးယားလိဂ် အဆင့် ၄ နေရာအတွင်း တစ်နေရာ အမြဲတမ်းလိုလို ရရှိအောင် ယူထားနိုင်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေရပါတယ်။
ပိုချက်တီနိုရဲ့ စပါးနည်းပြ အဖြစ် ပထမဆုံး နိုင်ပွဲကို 2014-15 ဘောလုံးရာသီမှာ ဝက်စ်ဟမ်းကို ၁ဂိုး ဂိုးမရှိ နိုင်ပွဲနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ထို ဘောလုံးရာသီက စပါးအသင်းဟာ အာဆင်နယ်အသင်းနောက်မှာ ရပ်တည်ပြီး အဆင့် ၄ အတွင်း မဝင်ခဲ့ပါဘူး။ ပိုချက်တီနို တည်ဆောက်လာတဲ့ စပါးအသင်းက တစ်ရာသီထက် တစ်ရာသီ ဟန်ချက်ညီပြီး တိုးတက်လာတာကိုတော့ ဝန်ခံရမှာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းအနေနဲ့လည်း အဆင့် ၄ အတွင်း တစ်နေရာကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားလာသလို ပိုချက်တီနိုကလည်း လန်ဒန်မြို့ခံ ပြိုင်ဘက်တွေကို နောက်ကောက်ချ ချန်ရစ်ဖို့ တစ်ဆင့်ပြီး တစ်ဆင့် ခြေလှမ်းမှန်မှန်နဲ့ ခရီးဆက်နေတာပါ။
Sports Home Time
