ယူႏုိက္တက္မွာ စိတ္ဓါတ္ေကာင္းေတြ လုိသလို ကမၻာအဆင့္ ကစားသမားေတြလည္း လိုေနတယ္

မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ နဲ႔ ဥေရာပမွာ စိန္ေခၚလိုတယ္ ဆိုရင္ ကမၻာ့အဆင့္ကစားသမားေတြ ပိုၿပီးလိုအပ္တယ္လို႔ ယူႏိုက္တက္ တိုက္စစ္သမားေဟာင္း နာနီက အၾကံျပဳ စကား ဆိုလိုက္ပါတယ္။

နာနီဟာ ၂၀၁၂-၂၀၁၃ ပရီးမီးယားလိဂ္ ဖလား ေအာင္ျမင္ခဲ့တဲ့ ယူႏုိုက္တက္အသင္းရဲ႕ အစိတ္အပိုင္း ျဖစ္ခဲ့ၿပီး ေပၚတူဂီစတားဟာ ကလပ္ရဲ႕ ႐ုန္းကန္ရမႈေတြေၾကာင့္ အသင္းအတြက္ စိတ္မေကာင္းျဖစ္ေနပါတယ္။

“ယူႏိုက္တက္ဟာ ကမၻာ့အဆင့္ ကစားသမားေတြ ပိုလိုအပ္တယ္။ ကြင္းတြင္းက စိတ္ဓာတ္ကိုလဲ ေျပာင္းလဲရမယ္။ ဆာအဲလက္စ္ ဖာဂူဆန္နဲ႔တုန္းက အခ်ိန္ေတြကို ျပန္သတိရပါတယ္။ ပြဲမ်ားစြာကို က်ေနာ္တို႔ ေကာင္းေကာင္းမကစားႏိုင္ခဲ့ဘူး။ လွလွပပ မကစားႏိုင္ခဲ့ဘူး။ ဒါေပမယ့္ ေနာက္ဆံုး ၁၅ မိနစ္မွာ က်ေနာ္တို႔က စိတ္ဓာတ္အျပည့္နဲ႔ ကစားၿပီး ဂိုးေတြသြင္းခဲ့တယ္။

ေဘာလံုးရဖို႔အတြက္ က်ေနာ္တို႔ ေျပးတယ္။ တိုက္ခိုက္တယ္။ ဒီလိုနည္းနဲ႔ က်ေနာ္တို႔ ေအာင္ျမင္ခဲ့တာပါ။ သူတို႔အေနနဲ႔ ကြင္းထဲက တိုက္ပြဲတိုင္း၊ ေဘာလံုးတိုင္း၊ စိန္ေခၚမႈတိုင္းကို ေအာင္ျမင္ဖို႔ စိတ္ဓာတ္ျပင္းျပရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့လိုလုပ္မွ သူတို႔တိုးတက္လာမွာပါ။ ” လို႔ နာနီက ေျပာပါတယ္။

၂၀၁၅ မွာ ယူႏိုက္တက္ကေန အၿပီးသတ္ မထြက္ခြာခင္ ပရီးမီးယားလိဂ္ဖလား ေလးလံုးနဲ႔ ခ်န္ပီယံလိဂ္တို႔ကို ရ႐ွိခဲ့တဲ့ နာနီက

” အတိတ္ကို ျပန္သတိရေနဆဲဆိုရင္ ေကာင္းေကာင္းလုပ္ဖို႔ ခက္ခဲပါတယ္။ ကလပ္ကို ဖလားမ်ားစြာ ေအာင္ျမင္ေအာင္ လုပ္ေပးခဲ့တဲ့ နာမည္ႀကီးေတြနဲ႔ အေရးပါတဲ့ ကစားသမားေတြအားလံုးက ထြက္ခြာသြားၿပီ။ ”

” အခုခ်ိန္မွာ အမ်ားစုက ဒီပတ္ဝန္းက်င္မွာ ႐ွိေနဆဲဆိုေပမယ့္ နည္းျပေနတာ မဟုတ္သလို ကစားေနတာလဲ မဟုတ္ဘူး။ အခုလက္႐ွိ လူေတြအေနနဲ႔ ေတာင့္တင္းတဲ့ အသင္းသစ္၊ ခိုင္မာတဲ့ စိတ္ဓာတ္အသစ္ကို တည္ေဆာက္ဖို႔ လိုအပ္တယ္။ ဒါက အခ်ိန္လိုအပ္တယ္။ ဒါက လက္႐ွိ မန္ခ်က္စတာယူႏိုက္တက္မွာ ၾကံဳေနရတဲ့ ျပသနာပါ။”

” က်ေနာ္ ကလပ္ကို ေစာင့္ၾကည့္ေနတာ။ ႐ုန္းကန္ေနရတာကိုျမင္ရေတာ့ ကလပ္အတြက္ေရာ ကစားသမားေတြအတြက္ပါ စိတ္မေကာင္းဘူး။ အခုခ်ိန္က ယူႏိုက္တက္ရဲ႕ အခ်ိန္မဟုတ္ဘူး။ ေနာက္ႏွစ္ေတာ့ ျဖစ္ႏိူင္ပါတယ္။ သူတို႔ ပိုေကာင္းေအာင္ လုပ္ႏိုင္ပါတယ္။”

” သူတို႔က အင္အားေတာင့္တင္းတဲ့ အသင္းမဟုတ္ဘူး။ ဒါကိုသူတို႔ သိရမယ္။ အသင္းက ငယ္ရြယ္လြန္းၿပီး ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ ၊ ခ်ယ္ဆီး၊ မန္ခ်က္စတာစီးတီး ၊ လီဗာပူးတို႔နဲ႔အတူ ကမၻာ့အေကာင္းဆံုး ကလပ္ေတြထဲ အပါအဝင္ျဖစ္ဖို႔ အေတြ႔အၾကံဳ႐ွိတဲ့ ထိပ္တန္းကစားသမားေတြ ေခၚယူဖို႔ လိုအပ္ပါတယ္။ ”

“ဘာေၾကာင့္လဲဆိုေတာ့ လက္႐ွိအခ်ိန္မွာ သူတို႔ကို က်ေနာ္တို႔ မယွဥ္ႏိူင္ဘူး။ သူတို႔က ေတာင့္တင္းလြန္းတယ္ေလ။ ဒါေပမယ့္ တစ္ရာသီမွာေတာ့ အရာအားလံုး ေျပာင္းလဲႏိုင္ပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နဲ့ ဥရောပမှာ စိန်ခေါ်လိုတယ် ဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတွေ ပိုပြီးလိုအပ်တယ်လို့ ယူနိုက်တက် တိုက်စစ်သမားဟောင်း နာနီက အကြံပြု စကား ဆိုလိုက်ပါတယ်။

နာနီဟာ ၂၀၁၂-၂၀၁၃ ပရီးမီးယားလိဂ် ဖလား အောင်မြင်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ပေါ်တူဂီစတားဟာ ကလပ်ရဲ့ ရုန်းကန်ရမှုတွေကြောင့် အသင်းအတွက် စိတ်မကောင်းဖြစ်နေပါတယ်။

“ယူနိုက်တက်ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပိုလိုအပ်တယ်။ ကွင်းတွင်းက စိတ်ဓာတ်ကိုလဲ ပြောင်းလဲရမယ်။ ဆာအဲလက်စ် ဖာဂူဆန်နဲ့တုန်းက အချိန်တွေကို ပြန်သတိရပါတယ်။ ပွဲများစွာကို ကျနော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ လှလှပပ မကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံး ၁၅ မိနစ်မှာ ကျနော်တို့က စိတ်ဓာတ်အပြည့်နဲ့ ကစားပြီး ဂိုးတွေသွင်းခဲ့တယ်။

ဘောလုံးရဖို့အတွက် ကျနော်တို့ ပြေးတယ်။ တိုက်ခိုက်တယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ အောင်မြင်ခဲ့တာပါ။ သူတို့အနေနဲ့ ကွင်းထဲက တိုက်ပွဲတိုင်း၊ ဘောလုံးတိုင်း၊ စိန်ခေါ်မှုတိုင်းကို အောင်မြင်ဖို့ စိတ်ဓာတ်ပြင်းပြရမယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုလုပ်မှ သူတို့တိုးတက်လာမှာပါ။ ” လို့ နာနီက ပြောပါတယ်။

၂၀၁၅ မှာ ယူနိုက်တက်ကနေ အပြီးသတ် မထွက်ခွာခင် ပရီးမီးယားလိဂ်ဖလား လေးလုံးနဲ့ ချန်ပီယံလိဂ်တို့ကို ရရှိခဲ့တဲ့ နာနီက

” အတိတ်ကို ပြန်သတိရနေဆဲဆိုရင် ကောင်းကောင်းလုပ်ဖို့ ခက်ခဲပါတယ်။ ကလပ်ကို ဖလားများစွာ အောင်မြင်အောင် လုပ်ပေးခဲ့တဲ့ နာမည်ကြီးတွေနဲ့ အရေးပါတဲ့ ကစားသမားတွေအားလုံးက ထွက်ခွာသွားပြီ။ ”

” အခုချိန်မှာ အများစုက ဒီပတ်ဝန်းကျင်မှာ ရှိနေဆဲဆိုပေမယ့် နည်းပြနေတာ မဟုတ်သလို ကစားနေတာလဲ မဟုတ်ဘူး။ အခုလက်ရှိ လူတွေအနေနဲ့ တောင့်တင်းတဲ့ အသင်းသစ်၊ ခိုင်မာတဲ့ စိတ်ဓာတ်အသစ်ကို တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါက အချိန်လိုအပ်တယ်။ ဒါက လက်ရှိ မန်ချက်စတာယူနိုက်တက်မှာ ကြုံနေရတဲ့ ပြသနာပါ။”

” ကျနော် ကလပ်ကို စောင့်ကြည့်နေတာ။ ရုန်းကန်နေရတာကိုမြင်ရတော့ ကလပ်အတွက်ရော ကစားသမားတွေအတွက်ပါ စိတ်မကောင်းဘူး။ အခုချိန်က ယူနိုက်တက်ရဲ့ အချိန်မဟုတ်ဘူး။ နောက်နှစ်တော့ ဖြစ်နိူင်ပါတယ်။ သူတို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်။”

” သူတို့က အင်အားတောင့်တင်းတဲ့ အသင်းမဟုတ်ဘူး။ ဒါကိုသူတို့ သိရမယ်။ အသင်းက ငယ်ရွယ်လွန်းပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် ၊ ချယ်ဆီး၊ မန်ချက်စတာစီးတီး ၊ လီဗာပူးတို့နဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကလပ်တွေထဲ အပါအဝင်ဖြစ်ဖို့ အတွေ့အကြုံရှိတဲ့ ထိပ်တန်းကစားသမားတွေ ခေါ်ယူဖို့ လိုအပ်ပါတယ်။ ”

“ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်မှာ သူတို့ကို ကျနော်တို့ မယှဉ်နိူင်ဘူး။ သူတို့က တောင့်တင်းလွန်းတယ်လေ။ ဒါပေမယ့် တစ်ရာသီမှာတော့ အရာအားလုံး ပြောင်းလဲနိုင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time