ေဆာင္းပါး | ဘ႑ာေရးမွာ ထိပ္သီးေတြကို လိုက္မွီဖို႔ က်ားကန္ေနရတဲ့ အာဆင္နယ္ရဲ႔ ျပႆနာ

ဒီေႏြအေျပာင္းအေရႊ႔မွာ အာဆင္နယ္ဟာ ကစားသမားေခၚယူမႈၾကီးေတြကို ျပဳလုပ္ႏုိင္မွာ မဟုတ္ေသးပါဘူး။ ခ်န္ပီယံလိဂ္ဝင္ခြင့္ သံုးရာသီေျမာက္ကို လြဲေခ်ာ္ျပီျဖစ္တဲ့ အာဆင္နယ္ဟာ အသင္း ဘ႑ာေရးဆုိင္ရာ ျပႆနာေတြကို ေျဖရွင္းမႈေတြ လုပ္ေနရပါတယ္။

အသံုးစရိတ္ နည္းပါးျခင္းေၾကာင့္ ဇန္နဝါရီမွာ အငွားေခၚယူမႈေတြပဲ ျပဳလုပ္ထားရတဲ့ အာဆင္နယ္ဟာ လာမယ့္ ေဘာလံုးရာသီမွာေတာ့ အမ္းမရိတ္နဲ႔ Adidas တို႔ထံကရမယ့္ စီပြားေရးဆိုင္ရာ စပြန္ဆာကိစၥေတြကေန ေငြေၾကးေတြ ရလာဖို႔ရွိပါတယ္။ ဒါေပမယ့္ ယူရိုပါလိဂ္မွာ အႏုိင္မရပဲ ခ်န္ပီယံလိဂ္လြဲေခ်ာ္ခဲ့တာေၾကာင့္ ေႏြအသံုးစရိတ္က ေပါင္ 45 သန္းထက္ ပိုရဖို႔ မရွိပါဘူး။

Goal သတင္းက ေဖာ္ျပမႈအရ အာဆင္နယ္အသင္း အနာဂတ္ အစီအစဥ္ေတြအတြက္ အဓိက ေျပာင္းလဲေနတဲ့ အခ်က္ကေတာ့ ပထမအသင္း ကစားသမားေတြရဲ႕ လုပ္ခပိုင္းဆိုင္ရာ အသံုးစရိတ္ကို ေလ်ာ့ခ်ဖို႔ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ေနျခင္းေၾကာင့္ ဝင္ေငြပိုင္း ထိခိုက္လာေနေပမယ့္ လုပ္ခၾကီးျမင့္မႈေတာ့ ရွိေနဆဲျဖစ္တယ္။

အာဆင္နယ္ဟာ ထိပ္ဆံုး 6 သင္းထဲမွာ စပါးထက္ ဝင္ေငြ အနည္းငယ္ပဲ ပိုသာေပမယ့္ အျခားေသာ အသင္းေတြထက္ နည္းပါးတဲ့ ဝင္ေငြေတြပဲ ရေနတာပါ။ ယူႏုိက္တက္နဲ႔ သန္း 200 ေလာက္ကြာဟစြာပဲ 2017-2018 ခုႏွစ္ရဲ႕ တစ္ႏွစ္တာဝင္ေငြဟာ ေပါင္ 389 သန္း ရရွိခဲ့တာျဖစ္ေပမယ့္ ပထမအသင္းအတြက္ တစ္ႏွစ္ကို လုပ္ခလစာအျဖစ္ ေပါင္ သန္း 220 ေလာက္ အသံုးျပဳေနရတာပါ။ ဒီပမာဏကို ႏွစ္တုိင္းမွာ ဆက္တိုက္ေလ်ာ့ခ်လာခဲ့ျပီး 2020-21 ေဘာလံုးရာသီမွာေတာ့ အက်ိဳးထူးဖို႔ ရွိေနပါတယ္။

ဒီေႏြမွာ ရမ္ေဆးနဲ႔ ဝဲလ္ဘတ္တို႔ဟာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာမွာျဖစ္ျပီး ပီတာခ်က္ကေတာ့ ကစားသမားဘဝကေန အနားယူေတာ့မွာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဒီကစားသမား သံုးဦးကို လက္လြတ္ျခင္းကေန တစ္လကို ေပါင္ 1 သန္း လုပ္ခပိုင္း သက္သာသြားဖို႔ရွိတယ္။ ဒါေပမယ့္ အာဆင္နယ္ရဲ႕ အၾကံအစည္က ဒီေလာက္တင္ မကပဲ ခ်မ္ဘာ၊ မာတီနက္စ္တို႔ကိုလည္း အေရာင္းစာရင္း တင္ဖုိ႔ စီစဥ္ထားပါတယ္။

ခံစစ္မွဴးၾကီး လစ္စတိုင္နာကို သက္တမ္းမတိုးသလို ဂ်က္ကန္ဆန္၊ အန္နီနီတို႔အတြက္ ကမ္းလွမ္းလာမႈေတြကို ေမွ်ာ္လင့္ေနတယ္။ မူစတာဖီနဲ႔ မီခီတာရန္တို႔ကိုလည္း ကမ္းလွမ္းလာမယ့္ ကလပ္ေတြရွိရင္ ေရာင္းထုတ္မွာျဖစ္တယ္။ မီခီတာရန္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ 180,000 နဲ႔ အိုေဇးရဲ႕ တစ္ပတ္ ေပါင္ 350,000 ကို ေလ်ာ့ခ်ႏုိင္မယ္ဆိုရင္ အာဆင္နယ္ဟာ ဒီရာသီမွာ လုပ္ခပိုင္း ဟန္ခ်က္ညီသြားမွာျဖစ္ျပီး ေနာက္ရာသီမွာေတာ့ ကစားသမားေခၚယူမႈေတြကို ပိုမို အာရံုစိုက္ႏုိင္ေတာ့မွာပါ။

အာဆင္နယ္ဟာ ကစားသမား ေရာင္းထုတ္ႏုိင္မွ ကစားသမားသစ္ ေခၚယူဖို႔ရာ အသံုးစရိတ္ေတြ ရမွာျဖစ္လို႔ လုပ္ခလစာ ၾကီးျမင့္တဲ့ ကစားသမားေတြနဲ႔ အသက္အရြယ္ ရလာေနတဲ့ ကစားသမားေတြကို ေရာင္းထုတ္ျပီး လူငယ္ကစားသမား ေခၚယူမႈနဲ႔ လူငယ္အသားေပး နည္းလမ္းေတြကို လုပ္လာဖို႔လည္း ရွိေနပါတယ္။

အသံုးစရိတ္ အကန္႔အသတ္ရွိေပမယ့္ အာဆင္နယ္ရဲ႕ ေႏြအစီအစဥ္မွာ ဘယ္အစြန္လူ၊ ဗဟိုခံစစ္၊ ကြင္းလယ္နဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြကို ေခၚယူဖို႔ ပါဝင္ထားတယ္။ ဇန္နဝါရီတုန္းက ဘာစီလိုနာကေန ဆြာရက္စ္ကို အငွားေခၚယူထားခဲ့ေပမယ့္ အထင္ၾကီးေလာက္စရာ စြမ္းေဆာင္ရည္ေတြ မျပသႏုိင္လို႔ ေႏြမွာ မိခင္ကလပ္ကို ျပန္ပို႔မယ္လို႔ သတင္းထြက္ေနပါတယ္။

Sports Home Time

[Unicode] ဒီနွေအပြောင်းအရွှေ့မှာ အာဆင်နယ်ဟာ ကစားသမားခေါ်ယူမှုကြီးတွေကို ပြုလုပ်နိုင်မှာ မဟုတ်သေးပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့် သုံးရာသီမြောက်ကို လွဲချော်ပြီဖြစ်တဲ့ အာဆင်နယ်ဟာ အသင်း ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းမှုတွေ လုပ်နေရပါတယ်။

အသုံးစရိတ် နည်းပါးခြင်းကြောင့် ဇန်နဝါရီမှာ အငှားခေါ်ယူမှုတွေပဲ ပြုလုပ်ထားရတဲ့ အာဆင်နယ်ဟာ လာမယ့် ဘောလုံးရာသီမှာတော့ အမ်းမရိတ်နဲ့ Adidas တို့ထံကရမယ့် စီပွားရေးဆိုင်ရာ စပွန်ဆာကိစ္စတွေကနေ ငွေကြေးတွေ ရလာဖို့ရှိပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်မှာ အနိုင်မရပဲ ချန်ပီယံလိဂ်လွဲချော်ခဲ့တာကြောင့် နွေအသုံးစရိတ်က ပေါင် 45 သန်းထက် ပိုရဖို့ မရှိပါဘူး။

Goal သတင်းက ဖော်ပြမှုအရ အာဆင်နယ်အသင်း အနာဂတ် အစီအစဉ်တွေအတွက် အဓိက ပြောင်းလဲနေတဲ့ အချက်ကတော့ ပထမအသင်း ကစားသမားတွေရဲ့ လုပ်ခပိုင်းဆိုင်ရာ အသုံးစရိတ်ကို လျော့ချဖို့ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်နေခြင်းကြောင့် ဝင်ငွေပိုင်း ထိခိုက်လာနေပေမယ့် လုပ်ခကြီးမြင့်မှုတော့ ရှိနေဆဲဖြစ်တယ်။

အာဆင်နယ်ဟာ ထိပ်ဆုံး 6 သင်းထဲမှာ စပါးထက် ဝင်ငွေ အနည်းငယ်ပဲ ပိုသာပေမယ့် အခြားသော အသင်းတွေထက် နည်းပါးတဲ့ ဝင်ငွေတွေပဲ ရနေတာပါ။ ယူနိုက်တက်နဲ့ သန်း 200 လောက်ကွာဟစွာပဲ 2017-2018 ခုနှစ်ရဲ့ တစ်နှစ်တာဝင်ငွေဟာ ပေါင် 389 သန်း ရရှိခဲ့တာဖြစ်ပေမယ့် ပထမအသင်းအတွက် တစ်နှစ်ကို လုပ်ခလစာအဖြစ် ပေါင် သန်း 220 လောက် အသုံးပြုနေရတာပါ။ ဒီပမာဏကို နှစ်တိုင်းမှာ ဆက်တိုက်လျော့ချလာခဲ့ပြီး 2020-21 ဘောလုံးရာသီမှာတော့ အကျိုးထူးဖို့ ရှိနေပါတယ်။

ဒီနွေမှာ ရမ်ဆေးနဲ့ ဝဲလ်ဘတ်တို့ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်ပြီး ပီတာချက်ကတော့ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီကစားသမား သုံးဦးကို လက်လွတ်ခြင်းကနေ တစ်လကို ပေါင် 1 သန်း လုပ်ခပိုင်း သက်သာသွားဖို့ရှိတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ အကြံအစည်က ဒီလောက်တင် မကပဲ ချမ်ဘာ၊ မာတီနက်စ်တို့ကိုလည်း အရောင်းစာရင်း တင်ဖို့ စီစဉ်ထားပါတယ်။

ခံစစ်မှူးကြီး လစ်စတိုင်နာကို သက်တမ်းမတိုးသလို ဂျက်ကန်ဆန်၊ အန်နီနီတို့အတွက် ကမ်းလှမ်းလာမှုတွေကို မျှော်လင့်နေတယ်။ မူစတာဖီနဲ့ မီခီတာရန်တို့ကိုလည်း ကမ်းလှမ်းလာမယ့် ကလပ်တွေရှိရင် ရောင်းထုတ်မှာဖြစ်တယ်။ မီခီတာရန်ရဲ့ တစ်ပတ်လုပ်ခ ပေါင် 180,000 နဲ့ အိုဇေးရဲ့ တစ်ပတ် ပေါင် 350,000 ကို လျော့ချနိုင်မယ်ဆိုရင် အာဆင်နယ်ဟာ ဒီရာသီမှာ လုပ်ခပိုင်း ဟန်ချက်ညီသွားမှာဖြစ်ပြီး နောက်ရာသီမှာတော့ ကစားသမားခေါ်ယူမှုတွေကို ပိုမို အာရုံစိုက်နိုင်တော့မှာပါ။

အာဆင်နယ်ဟာ ကစားသမား ရောင်းထုတ်နိုင်မှ ကစားသမားသစ် ခေါ်ယူဖို့ရာ အသုံးစရိတ်တွေ ရမှာဖြစ်လို့ လုပ်ခလစာ ကြီးမြင့်တဲ့ ကစားသမားတွေနဲ့ အသက်အရွယ် ရလာနေတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး လူငယ်ကစားသမား ခေါ်ယူမှုနဲ့ လူငယ်အသားပေး နည်းလမ်းတွေကို လုပ်လာဖို့လည်း ရှိနေပါတယ်။

အသုံးစရိတ် အကန့်အသတ်ရှိပေမယ့် အာဆင်နယ်ရဲ့ နွေအစီအစဉ်မှာ ဘယ်အစွန်လူ၊ ဗဟိုခံစစ်၊ ကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေကို ခေါ်ယူဖို့ ပါဝင်ထားတယ်။ ဇန်နဝါရီတုန်းက ဘာစီလိုနာကနေ ဆွာရက်စ်ကို အငှားခေါ်ယူထားခဲ့ပေမယ့် အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ မပြသနိုင်လို့ နွေမှာ မိခင်ကလပ်ကို ပြန်ပို့မယ်လို့ သတင်းထွက်နေပါတယ်။

Sports Home Time