တနဂၤေႏြေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi]မန္စီးတီးနဲ႕ ဆာေနးရဲ႕ သက္တမ္းတိုး စာခ်ဳပ္ေဆြးေႏြးမႈ ေနာက္ဆံုးအၾကိမ္ကလည္း အဆင္ မေျပ ျဖစ္ေနတာေၾကာင့္ စီးတီး အေနနဲ႕ ဒီေႏြမွာ ဆာေနးကို ေရာင္းခ်ရန္ စဥ္းစားလာရျပီ ျဖစ္ပါတယ္။

အီတလီသတင္းစာ အခ်ိဳ႕ အဆိုအရ ဂြာဒီယိုလာဟာ ခ်န္ပီယံလိဂ္ မကစားရရင္ အသင္းကေန ထြက္ခြာခြင့္ ရွိတယ္လို႔ ၄င္းရဲ႕ စာခ်ဳပ္မွာ ပါရွိေနတယ္လို႕ သိရပါတယ္။ မန္စီးတီးဟာ ယူအီးအက္ဖ္ေအရဲ႕ ဥေရာပ ပြဲပယ္ ၂ နွစ္ထိ ခံရဖြယ္ ရွိေနပါတယ္။

မန္စီးတီးအသင္းဟာ ဂ်ဴဗင္တပ္ကစားသမား ကန္ဆယ္လိုအတြက္ ယူရို သန္း ၆၀ နဲ႕ ကမ္းလွမ္းမႈ တစ္ရပ္ျပဳလုပ္ထားတယ္လို႔ သိရျပီး အသက္ ၂၅ နွစ္အရြယ္ ခံစစ္မွဴးဟာ အသင္းကို အားျဖည့္နိုင္မယ္လုိ႔ စီးတီးဘက္က ယံုၾကည္ေနပါတယ္။

လီဗာပူးအသင္းဟာ မက္ဒရစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ စပါးကို ၂-၀ နဲ႕ အနုိင္ယူကာ ၄င္းတို႔ရဲ႕ ၆ ခု ေျမာက္ ခ်န္ပီယံလိဂ္ ဖလားကို ရယူသြားနုိင္ခဲ့ပါတယ္။ လီဗာပူး အတြက္ ဂိုးေတြကို ဆာလက္က ပင္နယ္တီနဲ႕ ၁ဂိုး၊ အုိရီဂီက ပြဲျပီးခါနီးွာ ၁ ဂိုး အသီးသီး သြင္းယူခဲ့တာပါ။

ခ်န္ပီယံလိဂ္ ဗိုလ္စြဲအျပီးွမွာ လီဗာပူး လူငယ္ခံစစ္မွဴး ထရန္႕ အလက္ဇႏၵါး အာနိုးက – ” က်ေနာ္က အိပ္မက္မက္ခဲ့တာေတြ တကယ္ ျဖစ္လာခဲ့တဲ့ လီဗာပူးျမဳိ႕က သာမန္ေကာင္ေလးပါပဲ။” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ၆ ၾကိမ္ေျမာက္ ဥေရာပ ခ်န္ပီယံလိဂ္ ဗိုလ္စြဲျပီးေနာက္ သမိုင္းမွာ တတိယေျမာက္ အေအာင္ျမင္ဆံုး အသင္း ျဖစ္လာခဲ့ပါတယ္။ လီဗာပူး ေရွ႕မွာ ရီးရဲလ္က ၁၃ ၾကိမ္ ဗိုလ္စြဲထားျပီး ေအစီမီလန္က ၇ ၾကိမ္ ဗိုလ္စြဲထားခဲ့တာပါ။

ဆာရီ ထြက္ခြာဖြယ္ ရွိလာတဲ့ေနာက္ ခ်ယ္ဆီး အသင္းဟာ ကစားသမားေဟာင္း လက္ရွိ ဒါဘီနည္းျပ ဖရန္႔လမ္းပတ္ကို အစားထိုး ခန္႔ထားဖို႔ စဥ္းစား လာခဲ့ပါတယ္။

စပါးက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ လီဗာပူးကို ရွံဳးလိုက္တဲ့ အတြက္ ၂၀၁၂ မွာ ဗိုလ္စြဲခဲ့ဖူးတဲ့ ခ်ယ္ဆီး တစ္သင္းတည္းကသာ လန္ဒန္မွာ ခ်န္ပီယံလိဂ္ ရဖူးတဲ့ အသင္း အျဖစ္ ဆက္ရွိေနခဲ့ပါတယ္။

ခ်ယ္ဆီး ကစားသမားေဟာင္း လက္ရွိ အက္စတြန္ဗီလာမွာ လက္ေထာက္ နည္းျပ အျဖစ္ ေဆာင္ရြက္ဆဲ ဂၽြန္တယ္ရီကေတာ့ နည္းျပ အျဖစ္ တာ၀န္ယူဖို႔ သင္ယူစရာေတြ အမ်ားၾကီး ရွိေနဆဲလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ရီးရက္စ္ ကြန္လြန္ျခင္းကို အမွတ္ရေသာအားျဖင့္ အသင္းရဲ႕ေလ့က်င့္ကြင္းမွာ အာဆင္နယ္အလံကို တစ္ဝက္ခ်ထားျပီး အသင္းရဲ႕ျမတ္ႏိုးမႈကို ျပသမယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

အာဆင္နယ္အသင္းဟာ ေဘဆယ္အသင္းမွ ကိုလံဘီယာခံစစ္သမား ဘာလန္တာကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ခံစစ္သမားဟာ ဗဟိုခံစစ္နဲ႔ ဘယ္အစြန္ေနရာေတြမွာ ကစားႏုိင္ျပီး ေျပာငး္ေရႊ႔ေၾကး ေပါင္ 3.5 သန္း ေပးရမွာျဖစ္ပါတယ္။

အမ္မရီ ေခၚယူဖို႔ ၾကိဳးစားေနတဲ့ ပီအက္စ္ဂ်ီမွ ေသာမတ္မူနီယာကို ပရီးမီးယားလိဂ္မွ ျပိဳင္ဘက္ကလပ္ မန္ခ်က္စတာ ယူနုိက္တက္က ေခၚယူဖို႔ နီးစပ္လာခဲ့ပါတယ္။ ၄င္းက ယူနုိက္တက္ ပရိသတ္ တစ္ဦးလည္း ျဖစ္ေနတာပါ။

အသက္ ၁၆ နွစ္အရြယ္ ေအဂ်က္ လူငယ္တိုက္စစ္သမား Dillon Hoogewerf ဟာ အိုးထရက္ဖို႔ဒ္သို႔ ေျပာင္းေရႊ႕ေတာ့မွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့တယ္လုိ႔ Goal သတင္းမွာ ေဖာ္ျပလာခဲ့ပါတယ္။

ယူနိုုက္တက္ရဲ႕ အဂၤလန္ဒါဘီ ျပိဳင္ဘက္ လီဗာပူး ခ်န္ပီယံလိဂ္ ဗိုလ္စြဲသြားျပီးေနာက္ ယူနုိက္တက္ ပရိသတ္ေတြက ဒီရာသီ သူတို႔ အတြက္ အဆုိုး၀ါးဆံုး ရာသီပဲလို႔ ေျပာဆိုမႈေတြ ရွိေနၾကျပီး အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ကစားသမားေတြ ၀ယ္ယူကာ ရင္းနွီးျမွဳပ္နွံမႈေတြ လုပ္ဖို႔ အက္၀ုဒ္၀ပ္ကို တိုက္တြန္းေနၾကပါတယ္။

ယူႏုိက္တက္ဟာ ညာအစြန္ေနရာအတြက္ ဝမ္ဘစ္ဆာကာအတြက္ ပဲေလစ့္ရဲ႕ ေပါင္ သန္း ၆၀ ေစ်းေတာင္းမႈကို စိတ္ပ်က္ေနျပီး ပီအက္ဂ်ီမွ မူနီယာကိုပဲ ေပါင္ ၂၂ သန္း ေပးျပီး ေခၚယူဖို႔ စကားေျပာေနပါတယ္။

Sports Home Time

[Unicode]မန်စီးတီးနဲ့ ဆာနေးရဲ့ သက်တမ်းတိုး စာချုပ်ဆွေးနွေးမှု နောက်ဆုံးအကြိမ်ကလည်း အဆင် မပြေ ဖြစ်နေတာကြောင့် စီးတီး အနေနဲ့ ဒီနွေမှာ ဆာနေးကို ရောင်းချရန် စဉ်းစားလာရပြီ ဖြစ်ပါတယ်။

အီတလီသတင်းစာ အချို့ အဆိုအရ ဂွာဒီယိုလာဟာ ချန်ပီယံလိဂ် မကစားရရင် အသင်းကနေ ထွက်ခွာခွင့် ရှိတယ်လို့ ၎င်းရဲ့ စာချုပ်မှာ ပါရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ယူအီးအက်ဖ်အေရဲ့ ဥရောပ ပွဲပယ် ၂ နှစ်ထိ ခံရဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဂျူဗင်တပ်ကစားသမား ကန်ဆယ်လိုအတွက် ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု တစ်ရပ်ပြုလုပ်ထားတယ်လို့ သိရပြီး အသက် ၂၅ နှစ်အရွယ် ခံစစ်မှူးဟာ အသင်းကို အားဖြည့်နိုင်မယ်လို့ စီးတီးဘက်က ယုံကြည်နေပါတယ်။

လီဗာပူးအသင်းဟာ မက်ဒရစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကို ၂-၀ နဲ့ အနိုင်ယူကာ ၎င်းတို့ရဲ့ ၆ ခု မြောက် ချန်ပီယံလိဂ် ဖလားကို ရယူသွားနိုင်ခဲ့ပါတယ်။ လီဗာပူး အတွက် ဂိုးတွေကို ဆာလက်က ပင်နယ်တီနဲ့ ၁ဂိုး၊ အိုရီဂီက ပွဲပြီးခါနီးှာ ၁ ဂိုး အသီးသီး သွင်းယူခဲ့တာပါ။

ချန်ပီယံလိဂ် ဗိုလ်စွဲအပြီးှမှာ လီဗာပူး လူငယ်ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးက – ” ကျနော်က အိပ်မက်မက်ခဲ့တာတွေ တကယ် ဖြစ်လာခဲ့တဲ့ လီဗာပူးမြို့က သာမန်ကောင်လေးပါပဲ။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၆ ကြိမ်မြောက် ဥရောပ ချန်ပီယံလိဂ် ဗိုလ်စွဲပြီးနောက် သမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ လီဗာပူး ရှေ့မှာ ရီးရဲလ်က ၁၃ ကြိမ် ဗိုလ်စွဲထားပြီး အေစီမီလန်က ၇ ကြိမ် ဗိုလ်စွဲထားခဲ့တာပါ။

ဆာရီ ထွက်ခွာဖွယ် ရှိလာတဲ့နောက် ချယ်ဆီး အသင်းဟာ ကစားသမားဟောင်း လက်ရှိ ဒါဘီနည်းပြ ဖရန့်လမ်းပတ်ကို အစားထိုး ခန့်ထားဖို့ စဉ်းစား လာခဲ့ပါတယ်။

စပါးက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကို ရှုံးလိုက်တဲ့ အတွက် ၂၀၁၂ မှာ ဗိုလ်စွဲခဲ့ဖူးတဲ့ ချယ်ဆီး တစ်သင်းတည်းကသာ လန်ဒန်မှာ ချန်ပီယံလိဂ် ရဖူးတဲ့ အသင်း အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

ချယ်ဆီး ကစားသမားဟောင်း လက်ရှိ အက်စတွန်ဗီလာမှာ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ဆဲ ဂျွန်တယ်ရီကတော့ နည်းပြ အဖြစ် တာဝန်ယူဖို့ သင်ယူစရာတွေ အများကြီး ရှိနေဆဲလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရက်စ် ကွန်လွန်ခြင်းကို အမှတ်ရသောအားဖြင့် အသင်းရဲ့လေ့ကျင့်ကွင်းမှာ အာဆင်နယ်အလံကို တစ်ဝက်ချထားပြီး အသင်းရဲ့မြတ်နိုးမှုကို ပြသမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ဘေဆယ်အသင်းမှ ကိုလံဘီယာခံစစ်သမား ဘာလန်တာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခံစစ်သမားဟာ ဗဟိုခံစစ်နဲ့ ဘယ်အစွန်နေရာတွေမှာ ကစားနိုင်ပြီး ပြောင်းရွှေ့ကြေး ပေါင် 3.5 သန်း ပေးရမှာဖြစ်ပါတယ်။

အမ်မရီ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ပီအက်စ်ဂျီမှ သောမတ်မူနီယာကို ပရီးမီးယားလိဂ်မှ ပြိုင်ဘက်ကလပ် မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ နီးစပ်လာခဲ့ပါတယ်။ ၎င်းက ယူနိုက်တက် ပရိသတ် တစ်ဦးလည်း ဖြစ်နေတာပါ။

အသက် ၁၆ နှစ်အရွယ် အေဂျက် လူငယ်တိုက်စစ်သမား Dillon Hoogewerf ဟာ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့တယ်လို့ Goal သတင်းမှာ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အင်္ဂလန်ဒါဘီ ပြိုင်ဘက် လီဗာပူး ချန်ပီယံလိဂ် ဗိုလ်စွဲသွားပြီးနောက် ယူနိုက်တက် ပရိသတ်တွေက ဒီရာသီ သူတို့ အတွက် အဆိုးဝါးဆုံး ရာသီပဲလို့ ပြောဆိုမှုတွေ ရှိနေကြပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကစားသမားတွေ ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အက်ဝုဒ်ဝပ်ကို တိုက်တွန်းနေကြပါတယ်။

ယူနိုက်တက်ဟာ ညာအစွန်နေရာအတွက် ဝမ်ဘစ်ဆာကာအတွက် ပဲလေစ့်ရဲ့ ပေါင် သန်း ၆၀ ဈေးတောင်းမှုကို စိတ်ပျက်နေပြီး ပီအက်ဂျီမှ မူနီယာကိုပဲ ပေါင် ၂၂ သန်း ပေးပြီး ခေါ်ယူဖို့ စကားပြောနေပါတယ်။

Sports Home Time