စပါးကို အႏုိင္ယူျပီး ခ်န္ပီယံလိဂ္သမိုင္း တတိယေျမာက္ အေအာင္ျမင္ဆံုးျဖစ္လာတဲ့ လီဗာပူး

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျဖစ္ စပါးနဲ႔ လီဗာပူးတို႔ရဲ႕ ထိပ္တိုက္ေတြ႔မႈကေတာ့ တိုက္စစ္မွဴးေတြျဖစ္တဲ့ ဆာလက္၊ အိုရီဂီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ 2-0 ဆိုတဲ့ ရလဒ္ ထြက္ေပၚခဲ့ျပီး လီဗာပူးက အႏုိင္ရခဲ့ပါတယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့တာျဖစ္ျပီး 2012 ခုႏွစ္မွာ ရရွိခဲ့တဲ့ ကားလင္းဖလားေနာက္ပိုင္း အဓိက ဆုဖလားတစ္လံုးကို ျပန္လည္အႏိုင္ရခဲ့တာျဖစ္တယ္။ ခ်န္ပီယံလိဂ္သမိုင္းမွာေတာ့ ရီးရဲမက္ဒရစ္၊ ေအစီမီလန္တို႔ေနာက္ တတိယအေအာင္ျမင္ဆံုး ဥေရာပအသင္းလည္း ျဖစ္လာခဲ့ပါတယ္။

အဂၤလန္ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈဟာ ေဘာလံုးပြဲေတြ ျပီးဆံုးျပီး သံုးပတ္အၾကာမွာမွ ယွဥ္ျပိဳင္ကစားတာျဖစ္လို႔ ေမွ်ာ္လင့္ထားသေလာက္ အေကာင္းဆံုးေတြ ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ ႏွစ္သင္း ကစားသမားေတြဟာ အနည္းငယ္ ေလးလံေနခဲ့ၾကကာ ထိေရာက္တဲ့ ဖန္တီးႏုိင္မႈေတြ နည္းပါးခဲ့တယ္။

ပြဲအေျဖကို အဓိက အေျပာင္းအလဲျဖစ္ေစတာက ပထမပိုင္း မိနစ္ေလာက္မွာတင္ မာေနးရဲ႕ ကန္တင္မႈကို စပါးဘက္က လက္ထိတယ္ဆိုျပီး ပင္နယ္ထီ သက္မွတ္ေပးမႈကို ဆာလက္က အေကာင္းဆံုး အဆံုးသတ္သြားခဲ့တာျဖစ္တယ္။ အထူးသျဖင့္ ပထမပိုင္းမွာ ႏွစ္သင္းရဲ႕ ကစားမႈဟာ ဆီမီးဖိုင္နယ္ အဆင့္ေတြေလာက္ေတာ့ မေကာင္းခဲ့ပါဘူး။

ဒုတိယပိုင္းမွာ ကစားပံုတက္လာဖုိ႔ ယာဂင္ကေလာ့ပ္ဟာ ဖာမင္ႏိုနဲ႔ ဝိုက္နယ္ဒမ္ေနရာမွာ အိုရီဂီနဲ႔ မီလ္နာတို႔ကို လူစားလဲခဲ့တယ္။ စပါးဘက္ကကေတာ့ ဝင့္နဲ႔ ဆစ္ဆိုခိုေနရာမွာ ေမာ္ရာနဲ႔ ဒိုင္ယာတို႔ကို လူစားလဲခဲ့တယ္။ ေမာ္ရာကို ပထမပိုင္းမွာတင္ မထည့္တဲ့ ပိုခ်က္တီႏိုရဲ႕ ဆံုးျဖတ္ခ်က္က ေမးခြန္းထုတ္စရာတစ္ခု ျဖစ္ပါတယ္။

ဒုတိယပိုင္း မိနစ္ 87 ေလာက္မွာ အိုရီဂီက ေကာ္နာကေန ျပန္စင္ထြက္လာမႈကို မာတစ္က ေပးပို႔ခ်ိန္မွာ ေထာင့္ျဖတ္ အျပင္းကန္ျပီး ဂိုးရယူကာ ပြဲကို အဆံုးသတ္ေစပါတယ္။ အိုရီဂီရဲ႕ ေဘာလံုးေပးမႈေတြက အနည္းငယ္ ညံ့ဖ်င္းေနေပမယ့္ ခ်ိန္သားကိုက္ အဆံုးသတ္မႈကေတာ့ လီဗာပူးရဲ႕ သူရဲေကာင္း ျဖစ္ေစခဲ့တာပါ။

လီဗာပူးဟာ 6 ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့တာျဖစ္ျပီး ဘိုင္ယန္ျမဴးနစ္နဲ႔ ဘာစီလိုနာနည္းတူ 5 ၾကိမ္ အႏုိင္ရထားရာက ေဖာက္ထြက္ကာ 6 ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့ျပီျဖစ္ပါတယ္။

Sports Home Time

[Unicdoe] ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် စပါးနဲ့ လီဗာပူးတို့ရဲ့ ထိပ်တိုက်တွေ့မှုကတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလက်၊ အိုရီဂီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ 2-0 ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူးက အနိုင်ရခဲ့ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့တာဖြစ်ပြီး 2012 ခုနှစ်မှာ ရရှိခဲ့တဲ့ ကားလင်းဖလားနောက်ပိုင်း အဓိက ဆုဖလားတစ်လုံးကို ပြန်လည်အနိုင်ရခဲ့တာဖြစ်တယ်။ ချန်ပီယံလိဂ်သမိုင်းမှာတော့ ရီးရဲမက်ဒရစ်၊ အေစီမီလန်တို့နောက် တတိယအအောင်မြင်ဆုံး ဥရောပအသင်းလည်း ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်နှစ်သင်း ထိပ်တိုက်တွေ့မှုဟာ ဘောလုံးပွဲတွေ ပြီးဆုံးပြီး သုံးပတ်အကြာမှာမှ ယှဉ်ပြိုင်ကစားတာဖြစ်လို့ မျှော်လင့်ထားသလောက် အကောင်းဆုံးတွေ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ နှစ်သင်း ကစားသမားတွေဟာ အနည်းငယ် လေးလံနေခဲ့ကြကာ ထိရောက်တဲ့ ဖန်တီးနိုင်မှုတွေ နည်းပါးခဲ့တယ်။

ပွဲအဖြေကို အဓိက အပြောင်းအလဲဖြစ်စေတာက ပထမပိုင်း မိနစ်လောက်မှာတင် မာနေးရဲ့ ကန်တင်မှုကို စပါးဘက်က လက်ထိတယ်ဆိုပြီး ပင်နယ်ထီ သက်မှတ်ပေးမှုကို ဆာလက်က အကောင်းဆုံး အဆုံးသတ်သွားခဲ့တာဖြစ်တယ်။ အထူးသဖြင့် ပထမပိုင်းမှာ နှစ်သင်းရဲ့ ကစားမှုဟာ ဆီမီးဖိုင်နယ် အဆင့်တွေလောက်တော့ မကောင်းခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ကစားပုံတက်လာဖို့ ယာဂင်ကလော့ပ်ဟာ ဖာမင်နိုနဲ့ ဝိုက်နယ်ဒမ်နေရာမှာ အိုရီဂီနဲ့ မီလ်နာတို့ကို လူစားလဲခဲ့တယ်။ စပါးဘက်ကကတော့ ဝင့်နဲ့ ဆစ်ဆိုခိုနေရာမှာ မော်ရာနဲ့ ဒိုင်ယာတို့ကို လူစားလဲခဲ့တယ်။ မော်ရာကို ပထမပိုင်းမှာတင် မထည့်တဲ့ ပိုချက်တီနိုရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာတစ်ခု ဖြစ်ပါတယ်။

ဒုတိယပိုင်း မိနစ် 87 လောက်မှာ အိုရီဂီက ကော်နာကနေ ပြန်စင်ထွက်လာမှုကို မာတစ်က ပေးပို့ချိန်မှာ ထောင့်ဖြတ် အပြင်းကန်ပြီး ဂိုးရယူကာ ပွဲကို အဆုံးသတ်စေပါတယ်။ အိုရီဂီရဲ့ ဘောလုံးပေးမှုတွေက အနည်းငယ် ညံ့ဖျင်းနေပေမယ့် ချိန်သားကိုက် အဆုံးသတ်မှုကတော့ လီဗာပူးရဲ့ သူရဲကောင်း ဖြစ်စေခဲ့တာပါ။

လီဗာပူးဟာ 6 ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာနည်းတူ 5 ကြိမ် အနိုင်ရထားရာက ဖောက်ထွက်ကာ 6 ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

Sports Home Time