မန္စီးတီးက ေခၚယူလိုေပမယ့္ လီဗာပူးကိုပဲ ပိုၾကိဳက္ပါတယ္ဆိုတဲ့ ေပၚတူဂီသား ကြင္းလယ္လူ

ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနဲ႔ သတင္းၾကီးေတြ ထြက္ေပၚထားတဲ့ စပို႔တင္းရဲ႕ ၾကယ္ပြင့္ကစားသမား ဖာနန္ဒက္စ္က အဂၤလန္လိဂ္မွာ သူ႔ရဲ႕စိတ္ၾကိဳက္အသင္းက လီဗာပူးပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

အသက္ 24 ႏွစ္အရြယ္ ကစားသမားဟာ ေႏြမွာ ထိပ္တန္းကလပ္ေတြကို ေျပာင္းေရႊ႔ ေရာက္ရွိမယ့္ ကစားသမားလို႔ ထင္ရွားေနျပီး မန္ခ်က္စတာႏွစ္သင္း အပါအဝင္ ထိပ္တန္းအသင္း မ်ားစြာက ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ သီတင္းပတ္ ႏွစ္ခုေလာက္ကဆိုရင္ မန္စီးတီးက ဖာနန္ဒက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါေၾကာင္း သတင္းေတြ ထြက္ေပၚလာပါေသးတယ္။

ေပၚတူဂီလိဂ္မွာ အမွတ္ေပးပြဲ 31 ပြဲ ကစားျပီး ကိုယ္တိုင္ 19 ဂိုး သြင္းယူထားကာ ဂိုးေထာက္ပံ့မႈ 13 ၾကိမ္ထိ ျပဳလုပ္ထားတဲ့ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ အသင္းေတြကို ေရာက္ရွိလာမလား ေစာင့္ၾကည့္ရေတာ့မွာပါ။

ေပၚတူဂီမီဒီယာေတြက ဒီကေန႔မွာ ေဖာ္ျပလာတာကေတာ့ မန္ေနဂ်ာဂြာဒီယိုလာရဲ႕ လက္ေအာက္မွာ ကစားဖို႔ထက္ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးကစားဟန္မွာ ကစားဖို႔က သူ႔အတြက္ ပိုျပီး အသားက်လိမ့္မယ္လုိ႔ ဖာနန္ဒက္စ္က ေျပာပါတယ္။

ဖာနန္ဒက္စ္က “ မန္စီးတီးထက္ လီဗာပူးကို ပိုၾကိဳက္ပါတယ္။ လီဗာပူးရဲ႕ ကစားဟန္က တုိက္ရိုက္ပိုဆန္ျပီး တိုက္စစ္ပိုဆင္ပါတယ္။ စုဖြဲ႔မႈမွာ အားနည္းရင္ေတာင္ ျပင္းထန္တဲ့ ေဘာလံုးကစားနည္းပါပဲ။ ေဘာလံုးပိုင္ဆိုင္မႈ ရထားခ်ိန္မွာ ပိုျပီးတက္ၾကြစြာ ကစားရမွာပဲေလ။

မန္စီးတီးရဲ႕ ေဘာလံုးပိုင္ဆိုင္မႈ မရွိတဲ့ အေနအထားမွာ အသင္းသားအားလံုးက လႈပ္ရွားမႈေတြနဲ႔ ျပိဳင္ဘက္ထံက ေဘာလံုးရဖို႔ကို ဖိအားေပးပါတယ္။ လီဗာပူးမွာေတာ့ ပိုျပီးေတာ့ တစ္ဦးခ်င္းဆန္ပါတယ္။ အဓိကအားျဖင့္ ကြင္းလယ္လူ သံုးဦးက ေဘာလံုးျပန္ရဖို႔ကို ပိုျပီး အားထုတ္ကာ တိုက္ခိုက္လိုိစိတ္ေတြနဲ႔ ကစားၾကတယ္။

လီဗာပူးဟာ အခြင့္အေရး ရလာခ်ိန္မွာ ေသေစႏုိင္ေလာက္တဲ့ တုိက္စစ္သမား သံုးဦးနဲ႔ ထိုးစစ္ဆင္ၾကတယ္။ ဘာစီလိုနာနဲ႔ ရင္ဆုိင္ကစားခဲ့တဲ့ သူတို႔ရဲ႕ ေနာက္ဆံုးပြဲမွာ အဲ့သည္လို ကစားဟန္ကို ျမင္ေတြ႔ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားတဲ့ စပို့တင်းရဲ့ ကြယ်ပွင့်ကစားသမား ဖာနန်ဒက်စ်က အင်္ဂလန်လိဂ်မှာ သူ့ရဲ့စိတ်ကြိုက်အသင်းက လီဗာပူးပါလို့ ထုတ်ပြောလိုက်ပါတယ်။

အသက် 24 နှစ်အရွယ် ကစားသမားဟာ နွေမှာ ထိပ်တန်းကလပ်တွေကို ပြောင်းရွှေ့ ရောက်ရှိမယ့် ကစားသမားလို့ ထင်ရှားနေပြီး မန်ချက်စတာနှစ်သင်း အပါအဝင် ထိပ်တန်းအသင်း များစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် နှစ်ခုလောက်ကဆိုရင် မန်စီးတီးက ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါကြောင်း သတင်းတွေ ထွက်ပေါ်လာပါသေးတယ်။

ပေါ်တူဂီလိဂ်မှာ အမှတ်ပေးပွဲ 31 ပွဲ ကစားပြီး ကိုယ်တိုင် 19 ဂိုး သွင်းယူထားကာ ဂိုးထောက်ပံ့မှု 13 ကြိမ်ထိ ပြုလုပ်ထားတဲ့ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် အသင်းတွေကို ရောက်ရှိလာမလား စောင့်ကြည့်ရတော့မှာပါ။

ပေါ်တူဂီမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြလာတာကတော့ မန်နေဂျာဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားဖို့ထက် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကစားဟန်မှာ ကစားဖို့က သူ့အတွက် ပိုပြီး အသားကျလိမ့်မယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

ဖာနန်ဒက်စ်က “ မန်စီးတီးထက် လီဗာပူးကို ပိုကြိုက်ပါတယ်။ လီဗာပူးရဲ့ ကစားဟန်က တိုက်ရိုက်ပိုဆန်ပြီး တိုက်စစ်ပိုဆင်ပါတယ်။ စုဖွဲ့မှုမှာ အားနည်းရင်တောင် ပြင်းထန်တဲ့ ဘောလုံးကစားနည်းပါပဲ။ ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာ ပိုပြီးတက်ကြွစွာ ကစားရမှာပဲလေ။

မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှု မရှိတဲ့ အနေအထားမှာ အသင်းသားအားလုံးက လှုပ်ရှားမှုတွေနဲ့ ပြိုင်ဘက်ထံက ဘောလုံးရဖို့ကို ဖိအားပေးပါတယ်။ လီဗာပူးမှာတော့ ပိုပြီးတော့ တစ်ဦးချင်းဆန်ပါတယ်။ အဓိကအားဖြင့် ကွင်းလယ်လူ သုံးဦးက ဘောလုံးပြန်ရဖို့ကို ပိုပြီး အားထုတ်ကာ တိုက်ခိုက်လိုစိတ်တွေနဲ့ ကစားကြတယ်။

လီဗာပူးဟာ အခွင့်အရေး ရလာချိန်မှာ သေစေနိုင်လောက်တဲ့ တိုက်စစ်သမား သုံးဦးနဲ့ ထိုးစစ်ဆင်ကြတယ်။ ဘာစီလိုနာနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ သူတို့ရဲ့ နောက်ဆုံးပွဲမှာ အဲ့သည်လို ကစားဟန်ကို မြင်တွေ့နိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Sports Home Time