အဂၤလန္ႏွစ္သင္း အားျပိဳင္မယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို နည္းစနစ္ပိုင္း အၾကိဳခ်ဥ္းကပ္ျခင္း

ဒီရာသီမွာ လီဗာပူးဟာ စပါးအသင္းကို ႏွစ္ၾကိမ္တိုင္ အႏုိင္ရထားျပီး ပရီးမီးယားလိဂ္သမိုင္းမွာ တတိေျမာက္ ရမွတ္အျမင့္ဆံုးအသင္းျဖစ္တယ္။ ပိုေကာင္းတဲ့ အသင္းက လီဗာပူးအျဖစ္နဲ႔ ေျခာက္ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရဖို႔ ေရပန္းစားေနပါတယ္။

ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕ အျမင့္ဆံုးေသာ ဗိုလ္လုပြဲမွာ ၾကိဳတင္ထင္မွတ္မထားတာေတြ ျဖစ္လာႏုိင္ျပီး မႏွစ္က ဗိုလ္လုပြဲမွာ ရင္ဆိုင္ခဲ့ရတဲ့ အိပ္မက္ဆိုးေတြကို ေခ်ဖ်က္ဖို႔ ယာဂင္ကေလာ့ပ္ရဲ႕ ကစားသမားေတြမွာ အခြင့္အေရး ရွိေနဆဲပါ။ အျခားတစ္ဘက္မွာေတာ့ စပါးက အရမ္းေကာင္းျပီး ဗိုလ္လုပြဲ ေရာက္လာဖို႔ေကာ၊ အႏုိင္ရဖို႔ပါ ထိုက္တန္တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။

ႏွစ္သင္း မန္ေနဂ်ာေတြက ဘယ္လို နည္းစနစ္ေတြနဲ႔ ခ်ဥ္းကပ္လာႏုိင္သလဲဆိုတာကို ေလ့လာၾကည့္ပါမယ္။

ႏွစ္သင္း ဘယ္လိုကစားႏုိင္သလဲ

စပါးဟာ 3-4-1-2 နဲ႔ 4-4-2 စိန္ပြင့္ပံုစံေတြကို အဓိက အားျပဳကစားတဲ့အသင္းပါ။ ႏွစ္သင္းလံုးဟာ ကြင္းလယ္ စိန္႔ပြင့္ကစားကြက္ေတြနဲ႔ ျပိဳင္ဘက္ရဲ႕ ခံစစ္သမားေတြၾကားထဲမွာ ဝင္ေရာက္ေနရာယူတတ္ပံုျခင္း တူညီပါတယ္။ 3-4-1-2 ကစားကြက္မွာ ဆန္းခ်က္က ဗဟိုခံစစ္သမားေနရာယူျပီး ဖာမင္ႏိုက အဲ့သည္လို ခံစစ္သမားကို ကြင္းလယ္ နံပါတ္ ကိုးေနရာကေန ဆြဲခ်ဖို႔ ၾကိဳးစားတာျဖစ္တယ္။ ဖာမင္ႏိုဟာ ကြင္းလယ္ခံစစ္နဲ႔ ခံစစ္သမားေတြကို အႏၱရာယ္ေပးဖို႔ ၾကိဳးစားတတ္ပါတယ္။ အဲရစ္ဆန္ကေတာ့ တိုက္စစ္မွဴး ႏွစ္ဦးရဲ႕ေနာက္ကေန ကစားျပီး အႏၱရာယ္ေပးတတ္သူျဖစ္တယ္။

4-4-2 စိန္ပြင့္ပံုစံမွာ အဲရစ္ဆန္နဲ႔ အလီတို႔က ကိန္းနဲ႔ ဆြန္တို႔ေနာက္ ကြင္းလယ္ တိုက္စစ္ေနရာေတြက ကစားျပီး ကြင္းလယ္ခံစစ္သမားအျဖစ္ ဆစ္ဆိုခိုနဲ႔ အျခားေသာ ကြင္းလယ္လူတစ္ဦး ကစားပါတယ္။ စပါးဟာ သိပ္သပ္ျပီး က်ဥ္းေျမာင္းတဲ့ သ႑ာန္နဲ႔ တိုက္စစ္ကို ကစားျပီး အစြန္လူေတြက ေတာင္ပံကေန တုိက္စစ္ကို လိုက္ပါဖို႔ရာ အာရံုစိုက္ေနတတ္တာပါ။ အတြင္းဘက္ကေန ေဘာလံုးရလာခ်ိန္မွာ စပါးတိုက္စစ္သမား တစ္ဦးက ေတာင္ပံကိုထြက္ျပီး အျခားတစ္ဦးကေတာ့ တိုက္စစ္ကို ဦးေဆာင္ကာ 4-3-3 ပံုစံကို ေျပာင္းလဲႏုိင္ဖို႔ ၾကိဳးစားပါတယ္။

လီဗာပူးက 4-4-2 စိန္ပြင့္ပံုစံ မၾကာခဏ ကစားေပမယ့္ အဓိက အားျပဳတဲ့ ကစားကြက္ကေတာ့ 4-3-3 ျဖစ္ပါတယ္။ စပါးအသင္းက တုိက္စစ္ကို က်စ္က်စ္လစ္လစ္ လုပ္ေဆာင္ျပီး ေတာင္ပံသမားေတြက တိုက္စစ္ကို ပံ့ပိုးဖို႔ အဓိက လု္ပေဆာင္တယ္။ အဲ့သည္အခ်ိန္မွာ ဖာမင္ႏိုရဲ႕ ပါဝင္မႈက အဓိက က်ပါတယ္။ သူက half-spaces ေတြကေန ဗဟိုတိုက္စစ္ေနရာေတြကို ဝင္ေရာက္ဖုိ႔ ဆာလက္နဲ႔ မာေနးတို႔အား လြဲေပးျပီး ကြင္းလယ္နံပါတ္ 10 ေနရာေတြကေန ျပန္လည္ ေထာက္ပံ့ေပးဖို႔ ၾကိဳးစားသူျဖစ္တယ္။ တိုက္စစ္သမား ႏွစ္ဦးရဲ႕ အဆံုးသတ္မႈကို ျပိဳင္ဘက္ ဂိုးသမားက ကာကြယ္လို႔ ျပန္ထြက္လာတဲ့ ေဘာလံုးကို အဆံုးသတ္ဖို႔နဲ႔ ျပိဳင္ဘက္ ခံစစ္သမားက ရယူျပီဆိုရင္ ခ်က္ျခင္း ဖိအားေပးဖို႔ေတြမွာ တာဝန္ယူပါတယ္။

ကြင္းလယ္ျပိဳင္ဆုိင္မႈ

ႏွစ္သင္းလံုးက ကြင္းလယ္ကို ေက်ာ္ျဖတ္ႏုိင္ဖုိ႔ အာရံုစိုက္ ကစားၾကျပီး အလယ္ပိုင္းကို အသာစီးယူႏုိင္ဖို႔က အဓိကက်တဲ့ ယွဥ္ျပိဳင္မႈျဖစ္လာပါတယ္။

ဒီရာသီ စပါးကြင္းလယ္မွာ အသြင္ေျပာင္းတဲ့ ဖြင့္လွစ္မႈကို ျပသလာသူက ဆစ္ဆိုခိုျဖစ္တယ္။ ေဘာက္ဖတ္ ေတာင္ပံသမားအျဖစ္မွသည္ လွပတဲ့ လိပ္ျပာေတာင္ပံကြင္းလယ္သမားအျဖစ္ ေျပာင္းလဲလာခဲ့တယ္။ သူဟာ စပါးအတြက္ စြမ္းအင္၊ လႊမ္းမိုးႏုိင္စြမ္းေတြကို သယ္ေဆာင္ေပးလာခဲ့ျပီး တုိက္စစ္သမားေတြအတြက္ ေဘာလံုးျပန္ရဖို႔ရာ ေကာင္းမြန္တဲ့ ျဖတ္လုမႈေတြကို လုပ္ေဆာင္ႏုိင္သူျဖစ္တယ္။ ဆစ္ဆိုခိုရဲ႕ ထမ္းမမႈမွာ စပါးဟာ တုိက္ရိုက္ကစားဟန္နဲ႔ ေကာင္တာတိုက္စစ္ေတြကို ျပန္လည္စတင္လာခဲ့တာျဖစ္တယ္။

ဟယ္ရီဝင့္က ပိုင္ဆုိင္မႈပိုင္း ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားျပီး ကြင္းလယ္ကို ေရြ႔လ်ားမႈေတြ လုပ္ႏုိင္ဖို႔၊ တည္တည္ျငိမ္ျငိမ္ရွိဖို႔ ေတာင္းဆိုျခင္းေတြမွာ အဓိက က်သူျဖစ္တယ္။ ဒါေပမယ့္လို႔ လီဗာပူးရဲ႕ တရပ္စက္ တုိက္စစ္ကို ထိန္းခ်ဳပ္ဖို႔ ဖ်က္ဆီးသူတစ္ဦး လိုအပ္ေနတာျဖစ္ျပီး ဝမ္ယာမာကို ထည့္သြင္းကာ 4-4-2 စိန္ပြင့္ပံု ကစားဖို႔ အာရံုစိုက္ႏုိင္တာ ျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူေတြက ဖန္တီးမႈပိုင္း အျမင့္ရွိစရာ မလိုပါဘူး။ ေဒးဗစ္ေဆးဗား၊ ဒီဘရိုင္းလို ကြင္းလယ္လူေတြလို လုပ္ေဆာင္မႈမ်ိဳးေတြနဲ႔ မတူတဲ့ ျခားနားတဲ့ လုပ္ေဆာင္မႈေတြကိုပဲ လီဗာပူးကြင္းလယ္ေတြ လုပ္ဖို႔လိုတာျဖစ္တယ္။ ယာဂင္ကေလာ့ပ္ဟာ သူ႔ရဲ႕အသင္းကို တုိက္စစ္ကို လွ်င္ျမန္စြာ ကစားဖို႔၊ ေကာင္တာ-ဖိအားေပးကို အျမင့္ဆံုး လုပ္ႏုိင္ဖုိ႔ တည္ေဆာက္ထားတာျဖစ္တယ္။ ေဘာလံုးကိုင္ျပီး အခြင့္အေရး ရွာေနဖို႔ထက္ ခံစစ္သမားေတြကို ပံုမွန္ေနရာကေန ထြက္လာေစျပီး ခပ္ျမန္ျမန္ တိုက္စစ္ကစားဖို႔ကိုပဲ အာရံုစိုက္ပါတယ္။

ကြင္းလယ္ခံစစ္ ေနရာကေန ဖာဘင္ညိဳ ေတာက္ပလာေနခဲ့ျပီး တြဲဘက္ ကြင္းလယ္လူေတြအျဖစ္ ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္နဲ႔ မီလ္နာတို႔က အဓိက တာဝန္ယူေနတာျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ဟာ ကြင္းလယ္မွာ နံပါတ္ 8 နဲ႔ နံပါတ္ 6 ေနရာေတြက ကစားႏုိင္သူျဖစ္ျပီး ဘာစီလိုနာကို 4-0 နဲ႔ အႏုိင္ရတဲ့ပြဲမွာ အရန္ခံုကေန ထလာခဲ့ကာ ႏွစ္ဂိုး သြင္းယူခဲ့တယ္။ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေဘာလံုးျဖတ္ထုတ္မႈေတြနဲ႔ ေပးမႈေတြကို လုပ္ေဆာင္ေပးသူျဖစ္ျပီး ဖာဘင္ညိဳနဲ႔ ကစားဟန္ အနည္းငယ္ ဆင္တူကာ ဒီေနာက္ပိုင္းမွာ ေရွ႔ကို အနည္းငယ္တက္ျပီး ကစားခြင့္ရလာခဲ့တယ္။

ကြင္းလယ္လူ အားလံုးထဲမွာ မီလ္နာက အစြန္ေနရာေတြကို ျဖည့္ေပးႏုိင္မႈမွာ အၾကြယ္ဝဆံုးျဖစ္ျပီး 2016-2017 ေဘာလံုးရာသီ တစ္ေလွ်ာက္လံုးမွာ ဘယ္အစြန္ေနရာက ကစားခဲ့သူျဖစ္တယ္။ ဒီရာသီမွာ အခြင့္အေရး ဖန္တီးႏုိင္မႈက 44 ၾကိမ္ျဖစ္ျပီး ဖာဘင္ညိဳထက္ ပိုမ်ားပါတယ္။ လီဗာပူးဟာ စိတ္ၾကိဳက္ကြင္းလယ္အတြဲအျဖစ္ မီလ္နာ၊ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ကို တြဲဘက္လာဖုိ႔ မ်ားပါတယ္။

ေတာင္ပံဧရိယာေတြကေန ေဖာက္ထြက္မႈ

ႏွစ္သင္းလံုးက တိုက္စစ္ကို က်ဥ္းေျမာင္းေစျပီး ခံစစ္ကို က်စ္လစ္ေစလို႔ ရလဒ္အားျဖင့္ ေတာင္ပံဧရိယာေတြကေန ေဖာက္ထြက္ကစားဖို႔ကို အားျပဳလာႏုိင္ပါတယ္။ ဒီရာသီ ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈ ပထမဆံုး အၾကိမ္မွာ မာေနးက ဘယ္ေတာင္ပံမွာ ရွိေနခဲ့ျပီး ထရစ္ပီယာက သူ႔ထံ လာေရာက္စဥ္မွာ အသင္းေဖာ္ေတြက ေဘာလံုးရရင္ ေနရာလြတ္ကို ေဘာလံုးထိုးေပးျပီး မာေနးက ေတာင္ပံေၾကာကို ေဖာက္ထြက္ ကစားေလ့ရွိခဲ့တယ္။

အကယ္လို႔ မာေနးက ေတာင္ပံေၾကာကို ယူလိုမရရင္ ဘယ္အစြန္က ေရာ္ဘတ္ဆန္က ျဖတ္တင္ေဘာေတြကို ဧရိယာထဲ ထည့္ဝင္ျပီး တိုက္စစ္မွဴးေတြရဲ႕ 6 ကိုက္စည္းထဲက အဆံုးသတ္မႈေတြနဲ႔ အခြင့္အေရး ရွာေဖြေလ့ရွိပါတယ္။ လီဗာပူးရဲ႕ အစြန္ႏွစ္ဘက္က လုပ္ေဆာင္ပံုျခင္း တူညီတဲ့ တိုက္စစ္ဆင္မႈကို ျပဳလု္ပေလ့ရွိတယ္။

အစြန္ေတြက ပြဲကို အဆံုးအျဖတ္ ေပးလိမ့္မယ္

ကြင္းလယ္ကို ေက်ာ္ျဖတ္ႏုိင္ဖို႔က အဓိက ျဖစ္ေပမယ့္ ေတာင္ပံေတြကေန ေနရာလြတ္ေတြကို အသံုးခ်ျပီး တိုက္စစ္ဆင္ၾကမွာျဖစ္လို႔ အစြန္သမားေတြကပဲ အဓိက က်လာမွာျဖစ္တယ္။

ႏွစ္သင္းလံုးက ဧရိယာထဲကို ဝင္ေရာက္လာမယ့္ ျဖတ္တင္ေဘာေတြကို ဟန္႔တားဖို႔ရာ ခံစစ္သမားေကာင္းေတြ ရွိၾကျပီး စပါးရဲ႕ ဟယ္ရီကိန္းက လီဗာပူးက ဗန္ဒိုက္နဲ႔ အျမင့္ေဘာနဲ႔ ရုပ္ပိုင္းဆုိင္ရာ အားျပဳမႈေတြကို ယွဥ္ျပိဳင္ရမွာျဖစ္ကာ ထရစ္ပီယာဟာ အသင္းေဖာ္ေတြအတြက္ ထူးခၽြန္တဲ့ ေပးမႈေတြနဲ႔ ကူညီမႈေတြ ေပးႏုိင္သူျဖစ္တယ္။

ထရန္႔ကလည္း ဧရိယာထိပ္ေတြကေန အသင္းေဖာ္ေတြ အဆံုးသတ္ႏုိင္ဖုိ႔ တိက်တဲ့ ျဖတ္တင္ေဘာေတြ ေပးႏုိင္ျပီး ႏွစ္သင္းလံုးက ေတာင္ပံကေန ေပးပို႔လာမယ့္ ျဖတ္တင္ေဘာေတြကို ကာကြယ္ဖို႔ အဓိက ျပင္ဆင္ၾကမွာျဖစ္တယ္။ အစြန္သမားေတြက ျဗိတိန္ကစားသမားေတြျဖစ္ျပီး တူညီတဲ့ အျမင္နဲ႔ ျဖတ္တင္ေဘာ လုပ္ႏုိင္စြမ္းေတြ ပိုင္ဆုိင္ထားၾကပါတယ္။

အားနည္းခ်က္မ်ား

စပါးတို႔အေနနဲ႔ လီဗာပူးကို ဂိုးသြင္းႏုိင္ဖုိ႔ဆိုရင္ အေကာင္းဆံုး အေနအထားေတြထဲက တစ္ခုကေတာ့ တည္ကန္ေဘာျဖစ္တယ္။ လီဗာပူးဟာ ဒီရာသီမွာ တည္ကန္ေဘာကေန သြင္းဂိုး 8 ဂိုး ခြင့္ျပဳထားရတယ္။ ခံစစ္ကို က်စ္လစ္ေစျပီး ကြင္းတစ္ဝက္ ဖိကစားတတ္ၾကျပီး ကြင္းလယ္ေၾကာမွာပဲ အားျပဳ ကစားတာေၾကာင့္ ဂိုးသမားနဲ႔ ခံစစ္ၾကားက ရွည္လ်ားတဲ့ ေနရာလြတ္ဟာ ႏွစ္သင္းလံုးရဲ႕ အားနည္းခ်က္ျဖစ္သလို အျပန္အလွန္ တိုက္စစ္ဆင္ရာမွာ လြန္ထိုးတဲ့ၾကားက ထြက္ေပၚလာမယ့္ ဟန္ခ်က္ မညီမႈကို အသံုးခ်ဖို႔လည္း ျပိဳင္ဘက္ တိုက္စစ္သမားတိုင္းက ၾကိဳးစားၾကမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ လီဗာပူးက ထူးခၽြန္တဲ့ ကစားသမား ပိုမ်ားသလို သြင္းဂိုးရယူႏုိင္မႈ ပိုျမင့္တဲ့ အသင္းျဖစ္တယ္။ ဒါေၾကာင့္လည္း ပိုမိုေရပန္းစားတဲ့အသင္း ျဖစ္ေနပါတယ္။ ျပိဳင္ဘက္ အသင္းက ေဘာလံုးကိုင္ထားခ်ိန္မွာ ဖိအားေပးျခင္းကေန ေပၚထြက္လာမယ့္ တစ္ကိုယ္ရည္ အမွားေတြက ပြဲကို အဆံုးအျဖတ္ ျဖစ္လာႏုိင္ျပီး တိုက္စစ္အားျပဳတဲ့ ဖိအားေပး ကစားမႈေတြေၾကာင့္ ျမိဳင္ဆိုင္တဲ့ တိုက္စစ္တြဲလံုးေတြကို ျမင္ရဖို႔ ရွိေနပါတယ္။

မန္ေနဂ်ာေတြက ကစားကြက္နဲပ ပြဲကို ကစားရမယ့္အေပၚ စီစဥ္ႏုိင္ေပမယ့္ ပြဲကိုေတာ့ ထိန္းခ်ဳပ္ႏုိင္မွာ မဟုတ္ပါဘူး။ ပိုေကာင္းတဲ့အသင္းက အႏုိင္ရသြားဖို႔ ရွိေပမယ့္ အျမဲတမ္းေတာ့ ပိုေကာင္းတဲ့အသင္းက အႏုိင္ရေလ့ မရွိတာကိုလည္း သတိျပဳရမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ဒီရာသီမှာ လီဗာပူးဟာ စပါးအသင်းကို နှစ်ကြိမ်တိုင် အနိုင်ရထားပြီး ပရီးမီးယားလိဂ်သမိုင်းမှာ တတိမြောက် ရမှတ်အမြင့်ဆုံးအသင်းဖြစ်တယ်။ ပိုကောင်းတဲ့ အသင်းက လီဗာပူးအဖြစ်နဲ့ ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ရေပန်းစားနေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမြင့်ဆုံးသော ဗိုလ်လုပွဲမှာ ကြိုတင်ထင်မှတ်မထားတာတွေ ဖြစ်လာနိုင်ပြီး မနှစ်က ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို ချေဖျက်ဖို့ ယာဂင်ကလော့ပ်ရဲ့ ကစားသမားတွေမှာ အခွင့်အရေး ရှိနေဆဲပါ။ အခြားတစ်ဘက်မှာတော့ စပါးက အရမ်းကောင်းပြီး ဗိုလ်လုပွဲ ရောက်လာဖို့ကော၊ အနိုင်ရဖို့ပါ ထိုက်တန်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

နှစ်သင်း မန်နေဂျာတွေက ဘယ်လို နည်းစနစ်တွေနဲ့ ချဉ်းကပ်လာနိုင်သလဲဆိုတာကို လေ့လာကြည့်ပါမယ်။

နှစ်သင်း ဘယ်လိုကစားနိုင်သလဲ

စပါးဟာ 3-4-1-2 နဲ့ 4-4-2 စိန်ပွင့်ပုံစံတွေကို အဓိက အားပြုကစားတဲ့အသင်းပါ။ နှစ်သင်းလုံးဟာ ကွင်းလယ် စိန့်ပွင့်ကစားကွက်တွေနဲ့ ပြိုင်ဘက်ရဲ့ ခံစစ်သမားတွေကြားထဲမှာ ဝင်ရောက်နေရာယူတတ်ပုံခြင်း တူညီပါတယ်။ 3-4-1-2 ကစားကွက်မှာ ဆန်းချက်က ဗဟိုခံစစ်သမားနေရာယူပြီး ဖာမင်နိုက အဲ့သည်လို ခံစစ်သမားကို ကွင်းလယ် နံပါတ် ကိုးနေရာကနေ ဆွဲချဖို့ ကြိုးစားတာဖြစ်တယ်။ ဖာမင်နိုဟာ ကွင်းလယ်ခံစစ်နဲ့ ခံစစ်သမားတွေကို အန္တရာယ်ပေးဖို့ ကြိုးစားတတ်ပါတယ်။ အဲရစ်ဆန်ကတော့ တိုက်စစ်မှူး နှစ်ဦးရဲ့နောက်ကနေ ကစားပြီး အန္တရာယ်ပေးတတ်သူဖြစ်တယ်။

4-4-2 စိန်ပွင့်ပုံစံမှာ အဲရစ်ဆန်နဲ့ အလီတို့က ကိန်းနဲ့ ဆွန်တို့နောက် ကွင်းလယ် တိုက်စစ်နေရာတွေက ကစားပြီး ကွင်းလယ်ခံစစ်သမားအဖြစ် ဆစ်ဆိုခိုနဲ့ အခြားသော ကွင်းလယ်လူတစ်ဦး ကစားပါတယ်။ စပါးဟာ သိပ်သပ်ပြီး ကျဉ်းမြောင်းတဲ့ သဏ္ဍာန်နဲ့ တိုက်စစ်ကို ကစားပြီး အစွန်လူတွေက တောင်ပံကနေ တိုက်စစ်ကို လိုက်ပါဖို့ရာ အာရုံစိုက်နေတတ်တာပါ။ အတွင်းဘက်ကနေ ဘောလုံးရလာချိန်မှာ စပါးတိုက်စစ်သမား တစ်ဦးက တောင်ပံကိုထွက်ပြီး အခြားတစ်ဦးကတော့ တိုက်စစ်ကို ဦးဆောင်ကာ 4-3-3 ပုံစံကို ပြောင်းလဲနိုင်ဖို့ ကြိုးစားပါတယ်။

လီဗာပူးက 4-4-2 စိန်ပွင့်ပုံစံ မကြာခဏ ကစားပေမယ့် အဓိက အားပြုတဲ့ ကစားကွက်ကတော့ 4-3-3 ဖြစ်ပါတယ်။ စပါးအသင်းက တိုက်စစ်ကို ကျစ်ကျစ်လစ်လစ် လုပ်ဆောင်ပြီး တောင်ပံသမားတွေက တိုက်စစ်ကို ပံ့ပိုးဖို့ အဓိက လု်ပဆောင်တယ်။ အဲ့သည်အချိန်မှာ ဖာမင်နိုရဲ့ ပါဝင်မှုက အဓိက ကျပါတယ်။ သူက half-spaces တွေကနေ ဗဟိုတိုက်စစ်နေရာတွေကို ဝင်ရောက်ဖို့ ဆာလက်နဲ့ မာနေးတို့အား လွဲပေးပြီး ကွင်းလယ်နံပါတ် 10 နေရာတွေကနေ ပြန်လည် ထောက်ပံ့ပေးဖို့ ကြိုးစားသူဖြစ်တယ်။ တိုက်စစ်သမား နှစ်ဦးရဲ့ အဆုံးသတ်မှုကို ပြိုင်ဘက် ဂိုးသမားက ကာကွယ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို အဆုံးသတ်ဖို့နဲ့ ပြိုင်ဘက် ခံစစ်သမားက ရယူပြီဆိုရင် ချက်ခြင်း ဖိအားပေးဖို့တွေမှာ တာဝန်ယူပါတယ်။

ကွင်းလယ်ပြိုင်ဆိုင်မှု

နှစ်သင်းလုံးက ကွင်းလယ်ကို ကျော်ဖြတ်နိုင်ဖို့ အာရုံစိုက် ကစားကြပြီး အလယ်ပိုင်းကို အသာစီးယူနိုင်ဖို့က အဓိကကျတဲ့ ယှဉ်ပြိုင်မှုဖြစ်လာပါတယ်။

ဒီရာသီ စပါးကွင်းလယ်မှာ အသွင်ပြောင်းတဲ့ ဖွင့်လှစ်မှုကို ပြသလာသူက ဆစ်ဆိုခိုဖြစ်တယ်။ ဘောက်ဖတ် တောင်ပံသမားအဖြစ်မှသည် လှပတဲ့ လိပ်ပြာတောင်ပံကွင်းလယ်သမားအဖြစ် ပြောင်းလဲလာခဲ့တယ်။ သူဟာ စပါးအတွက် စွမ်းအင်၊ လွှမ်းမိုးနိုင်စွမ်းတွေကို သယ်ဆောင်ပေးလာခဲ့ပြီး တိုက်စစ်သမားတွေအတွက် ဘောလုံးပြန်ရဖို့ရာ ကောင်းမွန်တဲ့ ဖြတ်လုမှုတွေကို လုပ်ဆောင်နိုင်သူဖြစ်တယ်။ ဆစ်ဆိုခိုရဲ့ ထမ်းမမှုမှာ စပါးဟာ တိုက်ရိုက်ကစားဟန်နဲ့ ကောင်တာတိုက်စစ်တွေကို ပြန်လည်စတင်လာခဲ့တာဖြစ်တယ်။

ဟယ်ရီဝင့်က ပိုင်ဆိုင်မှုပိုင်း ထိန်းချုပ်ဖို့ ကြိုးစားပြီး ကွင်းလယ်ကို ရွေ့လျားမှုတွေ လုပ်နိုင်ဖို့၊ တည်တည်ငြိမ်ငြိမ်ရှိဖို့ တောင်းဆိုခြင်းတွေမှာ အဓိက ကျသူဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးရဲ့ တရပ်စက် တိုက်စစ်ကို ထိန်းချုပ်ဖို့ ဖျက်ဆီးသူတစ်ဦး လိုအပ်နေတာဖြစ်ပြီး ဝမ်ယာမာကို ထည့်သွင်းကာ 4-4-2 စိန်ပွင့်ပုံ ကစားဖို့ အာရုံစိုက်နိုင်တာ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူတွေက ဖန်တီးမှုပိုင်း အမြင့်ရှိစရာ မလိုပါဘူး။ ဒေးဗစ်ဆေးဗား၊ ဒီဘရိုင်းလို ကွင်းလယ်လူတွေလို လုပ်ဆောင်မှုမျိုးတွေနဲ့ မတူတဲ့ ခြားနားတဲ့ လုပ်ဆောင်မှုတွေကိုပဲ လီဗာပူးကွင်းလယ်တွေ လုပ်ဖို့လိုတာဖြစ်တယ်။ ယာဂင်ကလော့ပ်ဟာ သူ့ရဲ့အသင်းကို တိုက်စစ်ကို လျှင်မြန်စွာ ကစားဖို့၊ ကောင်တာ-ဖိအားပေးကို အမြင့်ဆုံး လုပ်နိုင်ဖို့ တည်ဆောက်ထားတာဖြစ်တယ်။ ဘောလုံးကိုင်ပြီး အခွင့်အရေး ရှာနေဖို့ထက် ခံစစ်သမားတွေကို ပုံမှန်နေရာကနေ ထွက်လာစေပြီး ခပ်မြန်မြန် တိုက်စစ်ကစားဖို့ကိုပဲ အာရုံစိုက်ပါတယ်။

ကွင်းလယ်ခံစစ် နေရာကနေ ဖာဘင်ညို တောက်ပလာနေခဲ့ပြီး တွဲဘက် ကွင်းလယ်လူတွေအဖြစ် ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်နဲ့ မီလ်နာတို့က အဓိက တာဝန်ယူနေတာဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်ဟာ ကွင်းလယ်မှာ နံပါတ် 8 နဲ့ နံပါတ် 6 နေရာတွေက ကစားနိုင်သူဖြစ်ပြီး ဘာစီလိုနာကို 4-0 နဲ့ အနိုင်ရတဲ့ပွဲမှာ အရန်ခုံကနေ ထလာခဲ့ကာ နှစ်ဂိုး သွင်းယူခဲ့တယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘောလုံးဖြတ်ထုတ်မှုတွေနဲ့ ပေးမှုတွေကို လုပ်ဆောင်ပေးသူဖြစ်ပြီး ဖာဘင်ညိုနဲ့ ကစားဟန် အနည်းငယ် ဆင်တူကာ ဒီနောက်ပိုင်းမှာ ရှေ့ကို အနည်းငယ်တက်ပြီး ကစားခွင့်ရလာခဲ့တယ်။

ကွင်းလယ်လူ အားလုံးထဲမှာ မီလ်နာက အစွန်နေရာတွေကို ဖြည့်ပေးနိုင်မှုမှာ အကြွယ်ဝဆုံးဖြစ်ပြီး 2016-2017 ဘောလုံးရာသီ တစ်လျှောက်လုံးမှာ ဘယ်အစွန်နေရာက ကစားခဲ့သူဖြစ်တယ်။ ဒီရာသီမှာ အခွင့်အရေး ဖန်တီးနိုင်မှုက 44 ကြိမ်ဖြစ်ပြီး ဖာဘင်ညိုထက် ပိုများပါတယ်။ လီဗာပူးဟာ စိတ်ကြိုက်ကွင်းလယ်အတွဲအဖြစ် မီလ်နာ၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို တွဲဘက်လာဖို့ များပါတယ်။

တောင်ပံဧရိယာတွေကနေ ဖောက်ထွက်မှု

နှစ်သင်းလုံးက တိုက်စစ်ကို ကျဉ်းမြောင်းစေပြီး ခံစစ်ကို ကျစ်လစ်စေလို့ ရလဒ်အားဖြင့် တောင်ပံဧရိယာတွေကနေ ဖောက်ထွက်ကစားဖို့ကို အားပြုလာနိုင်ပါတယ်။ ဒီရာသီ နှစ်သင်း ထိပ်တိုက်တွေ့မှု ပထမဆုံး အကြိမ်မှာ မာနေးက ဘယ်တောင်ပံမှာ ရှိနေခဲ့ပြီး ထရစ်ပီယာက သူ့ထံ လာရောက်စဉ်မှာ အသင်းဖော်တွေက ဘောလုံးရရင် နေရာလွတ်ကို ဘောလုံးထိုးပေးပြီး မာနေးက တောင်ပံကြောကို ဖောက်ထွက် ကစားလေ့ရှိခဲ့တယ်။

အကယ်လို့ မာနေးက တောင်ပံကြောကို ယူလိုမရရင် ဘယ်အစွန်က ရော်ဘတ်ဆန်က ဖြတ်တင်ဘောတွေကို ဧရိယာထဲ ထည့်ဝင်ပြီး တိုက်စစ်မှူးတွေရဲ့ 6 ကိုက်စည်းထဲက အဆုံးသတ်မှုတွေနဲ့ အခွင့်အရေး ရှာဖွေလေ့ရှိပါတယ်။ လီဗာပူးရဲ့ အစွန်နှစ်ဘက်က လုပ်ဆောင်ပုံခြင်း တူညီတဲ့ တိုက်စစ်ဆင်မှုကို ပြုလု်ပလေ့ရှိတယ်။

အစွန်တွေက ပွဲကို အဆုံးအဖြတ် ပေးလိမ့်မယ်

ကွင်းလယ်ကို ကျော်ဖြတ်နိုင်ဖို့က အဓိက ဖြစ်ပေမယ့် တောင်ပံတွေကနေ နေရာလွတ်တွေကို အသုံးချပြီး တိုက်စစ်ဆင်ကြမှာဖြစ်လို့ အစွန်သမားတွေကပဲ အဓိက ကျလာမှာဖြစ်တယ်။

နှစ်သင်းလုံးက ဧရိယာထဲကို ဝင်ရောက်လာမယ့် ဖြတ်တင်ဘောတွေကို ဟန့်တားဖို့ရာ ခံစစ်သမားကောင်းတွေ ရှိကြပြီး စပါးရဲ့ ဟယ်ရီကိန်းက လီဗာပူးက ဗန်ဒိုက်နဲ့ အမြင့်ဘောနဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြုမှုတွေကို ယှဉ်ပြိုင်ရမှာဖြစ်ကာ ထရစ်ပီယာဟာ အသင်းဖော်တွေအတွက် ထူးချွန်တဲ့ ပေးမှုတွေနဲ့ ကူညီမှုတွေ ပေးနိုင်သူဖြစ်တယ်။

ထရန့်ကလည်း ဧရိယာထိပ်တွေကနေ အသင်းဖော်တွေ အဆုံးသတ်နိုင်ဖို့ တိကျတဲ့ ဖြတ်တင်ဘောတွေ ပေးနိုင်ပြီး နှစ်သင်းလုံးက တောင်ပံကနေ ပေးပို့လာမယ့် ဖြတ်တင်ဘောတွေကို ကာကွယ်ဖို့ အဓိက ပြင်ဆင်ကြမှာဖြစ်တယ်။ အစွန်သမားတွေက ဗြိတိန်ကစားသမားတွေဖြစ်ပြီး တူညီတဲ့ အမြင်နဲ့ ဖြတ်တင်ဘော လုပ်နိုင်စွမ်းတွေ ပိုင်ဆိုင်ထားကြပါတယ်။

အားနည်းချက်များ

စပါးတို့အနေနဲ့ လီဗာပူးကို ဂိုးသွင်းနိုင်ဖို့ဆိုရင် အကောင်းဆုံး အနေအထားတွေထဲက တစ်ခုကတော့ တည်ကန်ဘောဖြစ်တယ်။ လီဗာပူးဟာ ဒီရာသီမှာ တည်ကန်ဘောကနေ သွင်းဂိုး 8 ဂိုး ခွင့်ပြုထားရတယ်။ ခံစစ်ကို ကျစ်လစ်စေပြီး ကွင်းတစ်ဝက် ဖိကစားတတ်ကြပြီး ကွင်းလယ်ကြောမှာပဲ အားပြု ကစားတာကြောင့် ဂိုးသမားနဲ့ ခံစစ်ကြားက ရှည်လျားတဲ့ နေရာလွတ်ဟာ နှစ်သင်းလုံးရဲ့ အားနည်းချက်ဖြစ်သလို အပြန်အလှန် တိုက်စစ်ဆင်ရာမှာ လွန်ထိုးတဲ့ကြားက ထွက်ပေါ်လာမယ့် ဟန်ချက် မညီမှုကို အသုံးချဖို့လည်း ပြိုင်ဘက် တိုက်စစ်သမားတိုင်းက ကြိုးစားကြမှာဖြစ်တယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက ထူးချွန်တဲ့ ကစားသမား ပိုများသလို သွင်းဂိုးရယူနိုင်မှု ပိုမြင့်တဲ့ အသင်းဖြစ်တယ်။ ဒါကြောင့်လည်း ပိုမိုရေပန်းစားတဲ့အသင်း ဖြစ်နေပါတယ်။ ပြိုင်ဘက် အသင်းက ဘောလုံးကိုင်ထားချိန်မှာ ဖိအားပေးခြင်းကနေ ပေါ်ထွက်လာမယ့် တစ်ကိုယ်ရည် အမှားတွေက ပွဲကို အဆုံးအဖြတ် ဖြစ်လာနိုင်ပြီး တိုက်စစ်အားပြုတဲ့ ဖိအားပေး ကစားမှုတွေကြောင့် မြိုင်ဆိုင်တဲ့ တိုက်စစ်တွဲလုံးတွေကို မြင်ရဖို့ ရှိနေပါတယ်။

မန်နေဂျာတွေက ကစားကွက်နဲပ ပွဲကို ကစားရမယ့်အပေါ် စီစဉ်နိုင်ပေမယ့် ပွဲကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ပိုကောင်းတဲ့အသင်းက အနိုင်ရသွားဖို့ ရှိပေမယ့် အမြဲတမ်းတော့ ပိုကောင်းတဲ့အသင်းက အနိုင်ရလေ့ မရှိတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

Sports Home Time