မန္စီးတီးရဲ႕ ကြင္းလယ္ခံစစ္ေနရာ အားျဖည့္ဖို႔ အျပီးသတ္ စီစဥ္ထားတဲ့ ကစားသမား သံုးဦး

မန္စီးတီးဟာ ကြင္းလယ္ခံစစ္ ကစားသမားေနရာကို အစားထိုးဖို႔ရာ စကာတင္ သံုးဦးစာရင္းကို လုပ္ထားခဲ့ျပီးျဖစ္ျပီး အဆိုပါ သံုးဦးကိုပဲ အဓိက ၾကိဳးစားသြားေတာ့မယ္လို႔ သိရပါတယ္။

2017-2018 ရာသီ ဂြာဒီယိုလာ လက္ေအာက္မွာ ပထမဆုံး ပရီးမီးယားလိဂ္ ဖလားရခဲ့သလို ဖာနန္ဒင္ဟိုက စီးတီးကြင္းလယ္ရဲ႕ လူသိပ္မသိတဲ့ အသက္ျဖစ္ခဲ့ပါတယ္။ 2018-2019 ရာသီမွာ လူ ပိုသိလာခဲ့ၿပီး သူဟာ ထူးျခားတဲ့ ကစားပုံေတြနဲ႔ ေျခစြမ္းျပေနဆဲပါပဲ။ သူ႔ရဲ႕ ခံစစ္ခ်ိန္ညႇိမႈက အေရးႀကီးပါတယ္။ ဒါေၾကာင့္ပဲ သူ မပါဝင္ႏိုင္တဲ့အခ်ိန္ ဇန္နဝါရီမွာ အားနည္းတဲ့ ၿပိဳင္ဘက္ေတြကို ႏွစ္ပြဲဆက္ ရႈံးနိမ့္ခဲ့တာပါ။

ဒါေပမယ့္ အသက္အ႐ြယ္ရလာတာက ဖာနန္ဒင္ဟိုကို ထိခိုက္မႈျဖစ္ေစၿပီး ဒဏ္ရာျပသနာေတြနဲ႔ စတင္ ပ်က္ျပားလာခဲ့ပါတယ္။ ကံေကာင္းစြာပဲ ဂန္ဒိုဂမ္က သူ႔အရန္အေနနဲ႔ ကစားႏိုင္ပါတယ္။ ဒါေပမယ့္ ဂ်ာမန္သားဟာ သူတိုယ္တိုင္ ဒဏ္ရာျပသနာေတြရွိေနသလို မန္ခ်က္စတာနဲ႔ အနာဂတ္ မေသခ်ာတဲ့ေနာက္ သူ႔ေနရာမွာ အစားထိုးဖို႔ စီးတီး အေနနဲ႔ ေႏြရာသီမွာ ကြင္းလယ္ခံစစ္တစ္ေယာက္ ေခၚယူသြားမွာ ျဖစ္ပါတယ္။

မန္စီးတီးဟာ ဦးစားေပးအျဖစ္ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ရိုဒရီအတြက္ကို ေႏြရာသီ အဓိက ေခၚယူမႈအျဖစ္ အင္အားျဖည့္ဖို႔ မန္စီးတီးက ရည္ရြယ္လာတာပါ။ အသက္ 22 အရြယ္ ကြင္းလယ္လူကို ေႏြရာသီ အဓိက ေခၚယူမႈအျဖစ္ အင္အားျဖည့္ဖို႔ မန္စီးတီးက ရည္ရြယ္လာတာပါ။ စပိန္သားဟာ အံ့ၾသစရာ ေကာင္းတဲ့ ကြင္းလယ္ခံစစ္ တစ္ေယာက္ျဖစ္ၿပီး ဆာဂ်ီယို ဘတ္စ္ကြက္ရဲ႕ တကယ့္ ဆက္ခံသူလို႔ ထင္ရွားေနပါတယ္။

စီးတီးက သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးကို ေပါင္ သန္း 60 အနည္းဆံုး ေပးရမွာျဖစ္တယ္။ ရိုဒရီကို ေခၚယူဖိုပ ဂ်ာမနီကလပ္ ဘိုင္ယန္ျမဴးနစ္ကလည္း စိတ္ဝင္စားေနတာျဖစ္တယ္။

မန္စီးတီးရဲ႕ ဒုတိယဦးစားေပးက လိုင္ယြန္မွ အန္ဒြမ္ဘီလီျဖစ္ျပီး ခ်န္ပီယံလိဂ္ အုပ္စုတြင္းပြဲမွာ ျပင္သစ္သား ျပသခဲ့တဲ့ ေျခစြမ္းက ဂြာဒီယိုလာကို အထင္ၾကီးေစခဲ့ပါတယ္။ တတိယဦးစားေပးကေတာ့ ရီးရဲလ္မက္ဒရစ္မွ အသက္ 24 ႏွစ္အရြယ္ ကြင္းလယ္လူ မားကိုစ့္ ေလာရန္ေတးျဖစ္တယ္လို႔ သိရပါတယ္။

မန္စီးတီးဟာ ဖာနန္ဒင္ဟိုေနရာ အစားထိုးဖို႔ရာ မႏွစ္တုန္းက အီတလီကလပ္ နာပိုလီအသင္းမွ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ အဆင္မေျပခဲ့ပဲ အီတလီသားဟာ မန္ေနဂ်ာဆာရီနဲ႔အတူ ခ်ယ္ဆီးကိုပဲ ေျပာင္းေရႊ႔ခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးဟာ ကွင်းလယ်ခံစစ် ကစားသမားနေရာကို အစားထိုးဖို့ရာ စကာတင် သုံးဦးစာရင်းကို လုပ်ထားခဲ့ပြီးဖြစ်ပြီး အဆိုပါ သုံးဦးကိုပဲ အဓိက ကြိုးစားသွားတော့မယ်လို့ သိရပါတယ်။

2017-2018 ရာသီ ဂွာဒီယိုလာ လက်အောက်မှာ ပထမဆုံး ပရီးမီးယားလိဂ် ဖလားရခဲ့သလို ဖာနန်ဒင်ဟိုက စီးတီးကွင်းလယ်ရဲ့ လူသိပ်မသိတဲ့ အသက်ဖြစ်ခဲ့ပါတယ်။ 2018-2019 ရာသီမှာ လူ ပိုသိလာခဲ့ပြီး သူဟာ ထူးခြားတဲ့ ကစားပုံတွေနဲ့ ခြေစွမ်းပြနေဆဲပါပဲ။ သူ့ရဲ့ ခံစစ်ချိန်ညှိမှုက အရေးကြီးပါတယ်။ ဒါကြောင့်ပဲ သူ မပါဝင်နိုင်တဲ့အချိန် ဇန်နဝါရီမှာ အားနည်းတဲ့ ပြိုင်ဘက်တွေကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။

ဒါပေမယ့် အသက်အရွယ်ရလာတာက ဖာနန်ဒင်ဟိုကို ထိခိုက်မှုဖြစ်စေပြီး ဒဏ်ရာပြသနာတွေနဲ့ စတင် ပျက်ပြားလာခဲ့ပါတယ်။ ကံကောင်းစွာပဲ ဂန်ဒိုဂမ်က သူ့အရန်အနေနဲ့ ကစားနိုင်ပါတယ်။ ဒါပေမယ့် ဂျာမန်သားဟာ သူတိုယ်တိုင် ဒဏ်ရာပြသနာတွေရှိနေသလို မန်ချက်စတာနဲ့ အနာဂတ် မသေချာတဲ့နောက် သူ့နေရာမှာ အစားထိုးဖို့ စီးတီး အနေနဲ့ နွေရာသီမှာ ကွင်းလယ်ခံစစ်တစ်ယောက် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဦးစားပေးအဖြစ် အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ရိုဒရီအတွက်ကို နွေရာသီ အဓိက ခေါ်ယူမှုအဖြစ် အင်အားဖြည့်ဖို့ မန်စီးတီးက ရည်ရွယ်လာတာပါ။ အသက် 22 အရွယ် ကွင်းလယ်လူကို နွေရာသီ အဓိက ခေါ်ယူမှုအဖြစ် အင်အားဖြည့်ဖို့ မန်စီးတီးက ရည်ရွယ်လာတာပါ။ စပိန်သားဟာ အံ့သြစရာ ကောင်းတဲ့ ကွင်းလယ်ခံစစ် တစ်ယောက်ဖြစ်ပြီး ဆာဂျီယို ဘတ်စ်ကွက်ရဲ့ တကယ့် ဆက်ခံသူလို့ ထင်ရှားနေပါတယ်။

စီးတီးက သူ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း 60 အနည်းဆုံး ပေးရမှာဖြစ်တယ်။ ရိုဒရီကို ခေါ်ယူဖိုပ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေတာဖြစ်တယ်။

မန်စီးတီးရဲ့ ဒုတိယဦးစားပေးက လိုင်ယွန်မှ အန်ဒွမ်ဘီလီဖြစ်ပြီး ချန်ပီယံလိဂ် အုပ်စုတွင်းပွဲမှာ ပြင်သစ်သား ပြသခဲ့တဲ့ ခြေစွမ်းက ဂွာဒီယိုလာကို အထင်ကြီးစေခဲ့ပါတယ်။ တတိယဦးစားပေးကတော့ ရီးရဲလ်မက်ဒရစ်မှ အသက် 24 နှစ်အရွယ် ကွင်းလယ်လူ မားကိုစ့် လောရန်တေးဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးဟာ ဖာနန်ဒင်ဟိုနေရာ အစားထိုးဖို့ရာ မနှစ်တုန်းက အီတလီကလပ် နာပိုလီအသင်းမှ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အီတလီသားဟာ မန်နေဂျာဆာရီနဲ့အတူ ချယ်ဆီးကိုပဲ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Sports Home Time