ကေလာ့ပ္နဲ႕ ပိုခ်က္တီနိုကို ေ၀ဖန္ေနတဲ့သူေတြကမွ မိုက္မဲသူေတြပါ

[Zawgyi] လီဗာပူးခံစစ္မွဴးေဟာင္းၾကီး ဂၽြန္ဘန္းစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ နွစ္သင္းမွ နည္းျပေတြ ျဖစ္တဲ့ ကေလာ့ပ္နဲ႕ ပိုခ်က္တီနိုကို ဆုဖလားေတြ မရယူနုိင္ေသးတဲ့အေပၚ ေမးခြန္းထုတ္မႈေတြအား မိုက္မဲၾကသူေတြလို႔ မွတ္ခ်က္ျပဳလိုက္ပါတယ္။ ပရီးမီးယားလိဂ္ ထိပ္သီး နည္းျပေတြထဲက နွစ္ေယာက္ဟာ အကန္႔အသတ္ေတြ ခက္ခဲမႈေတြ ၾကားကပဲ ဥေရာပထိပ္သီးျပိဳင္ပြဲ အျမင့္ဆံုး အဆင့္ကို တက္ေရာက္ လာခဲ့ၾကတာပါ။

နည္းျပ နွစ္ဦးလံုးက ဒီအဆင့္ထိေရာက္လာျပီး အခက္အခဲေတြ ေက်ာ္ျဖတ္လာနုိင္တာေၾကာင့္ ခ်န္ပီယံဆုနဲ႕ ထိုက္တန္ေနေသာ္လည္း တစ္ဦးသာ ရယူခြင့္ ရွိမွာ ျဖစ္လို႔ က်န္တစ္ဦးကေတာ့ ဆုဖလားမဲ့ မွတ္တမ္းဆိုးကို ဆက္သိမ္းသြားရဦးမွာပါ။ ကေလာ့ပ္နဲ႕ ပိုခ်က္တီနိုရဲ႕ နွစ္သင္းလံုးက ေဖ်ာ္ေျဖမႈေပးတဲ့ ကစားဟန္နဲ႕ အဆံုးထိ တုိက္ပြဲ၀င္နုိင္စြမ္းေတြ ျပည့္ေနပါတယ္။

လီဗာပူး ကစားသမားေဟာင္းၾကီး ဂၽြန္ဘန္းစ္ကေတာ့ နွစ္သင္းလံုးရဲ႕ ျဖစ္ထြန္းလာမႈေတြက လံုေလာက္ ေကာင္းမြန္ျပီး ေ၀ဖန္မႈေတြနဲ႕ မထိုက္တန္ဘူးလို႔ ယံုၾကည္ေနတာပါ။

” ေကာင္းျပီ.. သူတို႔ကို ေ၀ဖန္ေနတဲ့ ေမးခြန္းထုတ္ေနတဲ့သူေတြကပဲ မိုက္မဲတယ္ က်ေန်ာ္ ေျပာခ်င္တယ္။ ေတာ့တင္ဟမ္က ဘာလို႔ လိဂ္ဖလားပဲ ဗိုလ္စြဲရမွာလဲ။ ဆုဖလားေတြနဲ႕ ပတ္သတ္ရင္ မန္ေနဂ်ာေတြကို မင္းကေတာ့ အက္ဖ္ေအဖလားပဲ မင္းက ခ်န္ပီယံလိဂ္ယူ ဒီလို သြား စီမံိလု႔ မရပါဘူး။ သူ ဘယ္ျပိဳင္ပြဲမွာ ဘယ္လိုေတြ ကစားမလဲ ဘယ္လို ၾကိဳသိၾကမလဲ။”

” ဥပမာ ပိုခ်က္တီနိုကို အက္ဖ္ေအဖလား ယူဖို႔ ေျပာတယ္ ဆိုပါစို႔။ သူ တတိယအဆင့္မွာ မန္စီးတီးနဲ႕ အေ၀းကြင္း ကစားရမယ္။ ခင္ဗ်ားတို႔ သူ အနိုင္ယူနုိင္မယ္ ထင္သလား? မထင္ၾကဘူး ဟုတ္။ ဒါေပမယ့္ သူ နုိင္နုိင္တယ္ေလ။ ေနာက္ျပီး စတုတၳအဆင့္မွာ လီဗာပူးနဲ႕ အေ၀းပြဲ၊ ပဥၥမ အဆင့္မွာ ခ်ယ္ဆီးနဲ႕ အေ၀း ထပ္ဆံုမယ္ ဆိုပါစို႔.. ဒီပြဲေတြ အားလံုးကို နုိင္နုိင္ဖို႔ အခါင့္အေရးကေရာ? ”

” ဒီေတာ့ သူတို႔ ဆုဖလား ရသင့္တယ္ လြယ္လြယ္ မေျပာပါနဲ႕.. သူၾကံဳရမယ့္ အေျခအေနေတြ ျဖတ္သန္းရမွာေတြ အမ်ားၾကီး ရွိေသးတယ္။ ဒါကို လြယ္လြယ္ေျပာတာ လြန္လြန္းပါတယ္။ ပရီးမီးယားလိဂ္ပဲ ကစားတဲ့ အသင္းမို႔လို႕ လိဂ္မွာ နုိင္ရမယ္ ဗိုလ္စြဲရမယ္လို႔လည္း တစ္ထစ္ခ် ေျပာထားလို႔ မရပါဘူး။ ဒါေတြက မွားပါတယ္။”

” ဆုဖလား ေအာင္ျမင္မႈေတြ ရတယ္ဆိုတာ ေကာင္းတာေပါ့ ေသခ်ာပါတယ္။ ဒါေပမယ့္ လိဂ္မွာေရာ ျမင့္နုိင္သေလာက္ ျမင့္ျမင့္ သြားဖို႔ မလိုဘူးလား။ ဒါကလည္း အေရးၾကီးဆံုးေလ။ ကိုယ့္ ရွိေ္နတဲ့ အသင္းက ေျခစြမ္းတည္ျငိမ္မႈနဲ႕လည္း တိုက္ရိုက္ သက္ဆိုင္တယ္။” လို႔ ဘန္းစ္က ေထာက္ျပသြားခဲ့ပါတယ္။

” ပိုခ်က္တီနို ပရီးမီးယားလိဂ္မွာ အဆင့္ ၄၊ ခ်န္ပီယံလိဂ္မွာ ဖိုင္နယ္ ေရာက္ခဲ့ျပီ။ ဒါေတာင္ ဆုဖလား မရလုိ႕ သူ မေအာင္ျမင္ဘူး ေျပာခ်င္ၾကေသးလား? ဘယ္လို မန္ေနဂ်ာကေရာ ေတာ့တင္ဟမ္ကို ေရာက္လာျပီး ပရီးမီးယားလိဂ္နဲ႕ ခ်န္ပီယံလိဂ္ ယူေပးမယ္ ေျပာနုိင္လို႔လဲ။ ေလာေလာဆယ္ ဘယ္သူမွ မရွိေသးဘူး။ ကေလာ့ပ္လည္း ဒီလိုပဲ။ ”

” လီဗာပူးက အဆင့္ ၂ မရသင့္ဘူးထင္ၾကတယ္ အဆင့္ ၄ေလာက္လို႔ မွန္းၾကတယ္။ သူတို႔ ဘာစီလိုနာကို ၄-၀ နဲ႕ မနိုင္နိုင္ဘူး ထင္ၾကျပန္တယ္။ ဒါေတြက ျဖစ္လာခဲ့တာပဲ။ တကယ္လို႔ မန္စီးတီးနဲ႕ ယူနိုက္တက္မွာဆို ဘာဆုဖလားမွ မရလို႔ ေ၀ဖန္တယ္ဆိုတာ ျဖစ္သင့္ပါတယ္။ သူတို႔မွာ ပို ေတာင့္တင္းတဲ့ အင္အားနဲ႕ ေငြေၾဳကး သံုးစြဲနုိင္မႈ အား ပိုမ်ားတယ္။”

” ဒါေပမယ့္ ကေလာ့ပ္နဲ႕ ပိုခ်က္တီနိုကို သြားျပီး ဘာဆုဖလားမွ မရေသးလို႔ ေျပာရင္ေတာ့ ဒါက ရက္စက္ရာ က်တာပဲ။” လို႔ ဘန္းစ္က ဆိုပါတယ္။

Sports Home Time

[Unicode] လီဗာပူးခံစစ်မှူးဟောင်းကြီး ဂျွန်ဘန်းစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းမှ နည်းပြတွေ ဖြစ်တဲ့ ကလော့ပ်နဲ့ ပိုချက်တီနိုကို ဆုဖလားတွေ မရယူနိုင်သေးတဲ့အပေါ် မေးခွန်းထုတ်မှုတွေအား မိုက်မဲကြသူတွေလို့ မှတ်ချက်ပြုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးနည်းပြတွေထဲက နှစ်ယောက်ဟာ အကန့်အသတ်တွေ ခက်ခဲမှုတွေ ကြားကပဲ ဥရောပထိပ်သီးပြိုင်ပွဲ အမြင့်ဆုံး အဆင့်ကို တက်ရောက်လာခဲ့ကြတာပါ။

နည်းပြ နှစ်ဦးလုံးက ဒီအဆင့်ထိရောက်လာပြီး အခက်အခဲတွေ ကျော်ဖြတ်လာနိုင်တာကြောင့် ချန်ပီယံဆုနဲ့ ထိုက်တန်နေသော်လည်း တစ်ဦးသာ ရယူခွင့် ရှိမှာ ဖြစ်လို့ ကျန်တစ်ဦးကတော့ ဆုဖလားမဲ့ မှတ်တမ်းဆိုးကို ဆက်သိမ်းသွားရဦးမှာပါ။ ကလော့ပ်နဲ့ ပိုချက်တီနိုရဲ့ နှစ်သင်းလုံးက ဖျော်ဖြေမှုပေးတဲ့ ကစားဟန်နဲ့ အဆုံးထိ တိုက်ပွဲဝင်နိုင်စွမ်းတွေ ပြည့်နေပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဂျွန်ဘန်းစ်ကတော့ နှစ်သင်းလုံးရဲ့ ဖြစ်ထွန်းလာမှုတွေက လုံလောက် ကောင်းမွန်ပြီး ဝေဖန်မှုတွေနဲ့ မထိုက်တန်ဘူးလို့ ယုံကြည်နေတာပါ။

” ကောင်းပြီ.. သူတို့ကို ဝေဖန်နေတဲ့ မေးခွန်းထုတ်နေတဲ့သူတွေကပဲ မိုက်မဲတယ် ကျနျော် ပြောချင်တယ်။ တော့တင်ဟမ်က ဘာလို့ လိဂ်ဖလားပဲ ဗိုလ်စွဲရမှာလဲ။ ဆုဖလားတွေနဲ့ ပတ်သတ်ရင် မန်နေဂျာတွေကို မင်းကတော့ အက်ဖ်အေဖလားပဲ မင်းက ချန်ပီယံလိဂ်ယူ ဒီလို သွား စီမံိလု့ မရပါဘူး။ သူ ဘယ်ပြိုင်ပွဲမှာ ဘယ်လိုတွေ ကစားမလဲ ဘယ်လို ကြိုသိကြမလဲ။”

” ဥပမာ ပိုချက်တီနိုကို အက်ဖ်အေဖလား ယူဖို့ ပြောတယ် ဆိုပါစို့။ သူ တတိယအဆင့်မှာ မန်စီးတီးနဲ့ အဝေးကွင်း ကစားရမယ်။ ခင်ဗျားတို့ သူ အနိုင်ယူနိုင်မယ် ထင်သလား? မထင်ကြဘူး ဟုတ်။ ဒါပေမယ့် သူ နိုင်နိုင်တယ်လေ။ နောက်ပြီး စတုတ္ထအဆင့်မှာ လီဗာပူးနဲ့ အဝေးပွဲ၊ ပဉ္စမ အဆင့်မှာ ချယ်ဆီးနဲ့ အဝေး ထပ်ဆုံမယ် ဆိုပါစို့.. ဒီပွဲတွေ အားလုံးကို နိုင်နိုင်ဖို့ အခါင့်အရေးကရော? ”

” ဒီတော့ သူတို့ ဆုဖလား ရသင့်တယ် လွယ်လွယ် မပြောပါနဲ့.. သူကြုံရမယ့် အခြေအနေတွေ ဖြတ်သန်းရမှာတွေ အများကြီး ရှိသေးတယ်။ ဒါကို လွယ်လွယ်ပြောတာ လွန်လွန်းပါတယ်။ ပရီးမီးယားလိဂ်ပဲ ကစားတဲ့ အသင်းမို့လို့ လိဂ်မှာ နိုင်ရမယ် ဗိုလ်စွဲရမယ်လို့လည်း တစ်ထစ်ချ ပြောထားလို့ မရပါဘူး။ ဒါတွေက မှားပါတယ်။”

” ဆုဖလား အောင်မြင်မှုတွေ ရတယ်ဆိုတာ ကောင်းတာပေါ့ သေချာပါတယ်။ ဒါပေမယ့် လိဂ်မှာရော မြင့်နိုင်သလောက် မြင့်မြင့် သွားဖို့ မလိုဘူးလား။ ဒါကလည်း အရေးကြီးဆုံးလေ။ ကိုယ့် ရှိေ်နတဲ့ အသင်းက ခြေစွမ်းတည်ငြိမ်မှုနဲ့လည်း တိုက်ရိုက် သက်ဆိုင်တယ်။” လို့ ဘန်းစ်က ထောက်ပြသွားခဲ့ပါတယ်။

” ပိုချက်တီနို ပရီးမီးယားလိဂ်မှာ အဆင့် ၄၊ ချန်ပီယံလိဂ်မှာ ဖိုင်နယ် ရောက်ခဲ့ပြီ။ ဒါတောင် ဆုဖလား မရလို့ သူ မအောင်မြင်ဘူး ပြောချင်ကြသေးလား? ဘယ်လို မန်နေဂျာကရော တော့တင်ဟမ်ကို ရောက်လာပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ယူပေးမယ် ပြောနိုင်လို့လဲ။ လောလောဆယ် ဘယ်သူမှ မရှိသေးဘူး။ ကလော့ပ်လည်း ဒီလိုပဲ။ ”

” လီဗာပူးက အဆင့် ၂ မရသင့်ဘူးထင်ကြတယ် အဆင့် ၄လောက်လို့ မှန်းကြတယ်။ သူတို့ ဘာစီလိုနာကို ၄-၀ နဲ့ မနိုင်နိုင်ဘူး ထင်ကြပြန်တယ်။ ဒါတွေက ဖြစ်လာခဲ့တာပဲ။ တကယ်လို့ မန်စီးတီးနဲ့ ယူနိုက်တက်မှာဆို ဘာဆုဖလားမှ မရလို့ ဝေဖန်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။ သူတို့မှာ ပို တောင့်တင်းတဲ့ အင်အားနဲ့ ငွေေြုကး သုံးစွဲနိုင်မှု အား ပိုများတယ်။”

” ဒါပေမယ့် ကလော့ပ်နဲ့ ပိုချက်တီနိုကို သွားပြီး ဘာဆုဖလားမှ မရသေးလို့ ပြောရင်တော့ ဒါက ရက်စက်ရာ ကျတာပဲ။” လို့ ဘန်းစ်က ဆိုပါတယ်။

Sports Home Time