အသင္းေဟာင္းသို႔ ျပန္သြားမယ္လို႔ မန္စီးတီး တိုက္စစ္မွဴး အဂြယ္ရို အတည္ျပဳ

[Zawgyi] မန္စီးတီးရဲ႕ အားထားရဲ႕ တိုက္စစ္မွဴး အဂြယ္ရိုက အာဂ်င္တီးနားမွ ၄င္းရဲ႕ ငယ္ဘ၀ကလပ္ အင္ဒီပန္ဒီယန္တီအသင္း ထံသို႔ စီးတီးနဲ႕ က်န္ရွိတဲ့ စာခ်ဳပ္ ကုန္ဆံုးရင္ ျပန္သြားမယ္လို႔ အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

အသက္ ၃၀ အရြယ္ တိုက္စစ္သမားဟာ အီတီဟက္မွာ ၂၀၂၁ ဇြန္လထိ ဆက္ရွိဖို႔ သက္တမ္းတိုးထားျပီး ၄င္းကေတာ့ ကစားသမားဘ၀ အနားမယူခင္ ဇာတိေျမသို႔ ျပန္သြားေရာက္ ကစားေပးလိုေနပါတယ္။ အဂြယ္ရိုက ၂၀၀၆ မွာ အက္သလက္တီကို မက္ဒရစ္သို႔ ေျပာင္းဖို႔ အင္ဒီပန္ဒီယန္တီအသင္းကေန ထြက္ခြာလာခဲ့ျပီး အဲဒီေနာက္ ၅ နွစ္အၾကာမွာ မန္စီးတီးအသင္းသို႔ ေရာက္လာကာ ကလပ္အသင္း သမိုင္းမွာ ဂိုးသြင္း အမ်ားဆံုး တိုက္စစ္မွဴး ျဖစ္လာသည္အထိ ေျခစြမ္းျပေနခဲ့ပါတယ္။

ဆာဂ်ီယို အဂြယ္ရိုက ၂၀၁၁ မန္စီးတီးအသင္းထံ ေရာက္လာစဥ္က စလို႔ ျပိဳင္ပြဲစံု ၂၃၁ ဂိုးထိ သြင္းယူထားတာပါ။

” အင္ဒီပန္ဒီယန္တီအသင္း ပရိသတ္ေတြက က်ေနာ္ ျပန္လာမယ္ဆိုေတာ့ စိတ္လႈပ္ရွားေနၾကတယ္။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ မန္စီးတီးနဲ႕ က်ေနာ္ စာခ်ဳပ္ သက္တမ္း က်န္ရွိေနေသးတယ္။ ဒီ နွစ္နွစ္ အတြင္း ဒီမွာ အာရံုစိုက္ ကစားျပီးရင္ စီးတီးကေန ထြက္ခြာမွာပါ။”

” ဒါျပီးရင္ ဘယ္သြားမလဲက ၾကည့္ရဦးမွာေပါ့။ ဒါေပမယ့္ က်ေနာ့္ ဦးစားေပးက အင္ဒီပန္ဒီယန္တီအသင္းပါပဲ။ ” လို႔ အဂြယ္ရိုက ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

အဂြယ္ရိုက ျပီးခဲ့တဲ့ေႏြ ကမၻာ့ဖလား ျပီးတည္းက နုိင္ငံအသင္းအတြက္ ပါ၀င္ မကစားရေသးဘဲ ေနာက္လာ ကိုပါအေမရိကဖလားမွာေတာ့ ျပန္ ပါ၀င္လာေတာ့မွာပါ။ ဒီရာသီ မန္စီးတီးအသင္းအတြက္ ျပိဳင္ပြဲစံု ၃၂ ဂိုး သြင္းထားတဲ့ အဂြယ္ရိုက စီးတီး အတြက္ အေရးပါတဲ့ ကစားသမားလည္း ျဖစ္တာေၾကာင့္ ၄င္းေနရာအတြက္ မန္စီးတီးအသင္း အခ်ိန္မီ အစားထိုးဖို႔ စဥ္းစား ရွာေဖြမႈေတြ ျပဳလုပ္ဖို႔ ရွိပါတယ္။

Sports Home Time

[Unicode] မန်စီးတီးရဲ့ အားထားရဲ့ တိုက်စစ်မှူး အဂွယ်ရိုက အာဂျင်တီးနားမှ ၎င်းရဲ့ ငယ်ဘဝကလပ် အင်ဒီပန်ဒီယန်တီအသင်း ထံသို့ စီးတီးနဲ့ ကျန်ရှိတဲ့ စာချုပ် ကုန်ဆုံးရင် ပြန်သွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ အီတီဟက်မှာ ၂၀၂၁ ဇွန်လထိ ဆက်ရှိဖို့ သက်တမ်းတိုးထားပြီး ၎င်းကတော့ ကစားသမားဘ၀ အနားမယူခင် ဇာတိမြေသို့ ပြန်သွားရောက် ကစားပေးလိုနေပါတယ်။ အဂွယ်ရိုက ၂၀၀၆ မှာ အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းဖို့ အင်ဒီပန်ဒီယန်တီအသင်းကနေ ထွက်ခွာလာခဲ့ပြီး အဲဒီနောက် ၅ နှစ်အကြာမှာ မန်စီးတီးအသင်းသို့ ရောက်လာကာ ကလပ်အသင်း သမိုင်းမှာ ဂိုးသွင်း အများဆုံး တိုက်စစ်မှူး ဖြစ်လာသည်အထိ ခြေစွမ်းပြနေခဲ့ပါတယ်။

ဆာဂျီယို အဂွယ်ရိုက ၂၀၁၁ မန်စီးတီးအသင်းထံ ရောက်လာစဉ်က စလို့ ပြိုင်ပွဲစုံ ၂၃၁ ဂိုးထိ သွင်းယူထားတာပါ။

” အင်ဒီပန်ဒီယန်တီအသင်း ပရိသတ်တွေက ကျနော် ပြန်လာမယ်ဆိုတော့ စိတ်လှုပ်ရှားနေကြတယ်။ ဒါပေမယ့် လောလောဆယ်တော့ မန်စီးတီးနဲ့ ကျနော် စာချုပ် သက်တမ်း ကျန်ရှိနေသေးတယ်။ ဒီ နှစ်နှစ် အတွင်း ဒီမှာ အာရုံစိုက် ကစားပြီးရင် စီးတီးကနေ ထွက်ခွာမှာပါ။”

” ဒါပြီးရင် ဘယ်သွားမလဲက ကြည့်ရဦးမှာပေါ့။ ဒါပေမယ့် ကျနော့် ဦးစားပေးက အင်ဒီပန်ဒီယန်တီအသင်းပါပဲ။ ” လို့ အဂွယ်ရိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အဂွယ်ရိုက ပြီးခဲ့တဲ့နွေ ကမ္ဘာ့ဖလား ပြီးတည်းက နိုင်ငံအသင်းအတွက် ပါဝင် မကစားရသေးဘဲ နောက်လာ ကိုပါအမေရိကဖလားမှာတော့ ပြန် ပါဝင်လာတော့မှာပါ။ ဒီရာသီ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ဂိုး သွင်းထားတဲ့ အဂွယ်ရိုက စီးတီး အတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်တာကြောင့် ၎င်းနေရာအတွက် မန်စီးတီးအသင်း အချိန်မီ အစားထိုးဖို့ စဉ်းစား ရှာဖွေမှုတွေ ပြုလုပ်ဖို့ ရှိပါတယ်။

Sports Home Time