ဥေရာပရဲ႕ ပိုင္ဆုိင္မႈအသားေပးကို ေျပာင္းလဲေစခဲ့တဲ့ ယာဂင္ကေလာ့ပ္ရဲ႕ ေကာင္တာတိုက္စစ္

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးအသင္းကို ခ်န္ပီယံလိဂ္မွာ ဗိုလ္လုပြဲကို ႏွစ္ၾကိမ္ဆက္ ပို႔ႏုိင္ခဲ့တယ္။ ဒါဟာ အဂၤလန္အသင္းနဲ႔ သူ႔ရဲ႕ေအာင္ျမင္မႈျဖစ္သလို ေဒါ့မြန္မွာ ခုႏွစ္ႏွစ္ၾကာ ထင္ေပၚခဲ့တဲ့ သူ႔ရဲ႕ ဂုဏ္သတင္းကို ထပ္မံျမင့္တင္ျခင္းလည္းျဖစ္တယ္။

အားကစားသတင္းဆရာ Michael Cox ေရးသားတဲ့ သူ႔ရဲ႕စာအုပ္သစ္ ‘Zonal Marking: The Making of Modern European Football’ မွာဆိုရင္ ယာဂင္ကေလာ့ပ္ဟာ ေဘာလံုးေလာကရဲ႕ ေတာ္လွန္ေရးသမားဆိုတာကို ထည့္သြင္းရွင္းျပခဲ့တယ္။

ဥေရာပတိုက္တစ္ခုလံုးဟာ ဘာစီလိုနာမွာ ဂြာဒီယိုလာ ခ်ျပခဲ့တဲ့ ပိုင္ေဆာင္မႈအသားေပး ကစားဟန္ (possession play) ကို ႏွစ္သက္ေနၾကစဥ္ အခ်ိန္မွာ ယာဂင္ကေလာ့ပ္ကေတာ့ သူတို႔ရဲ႕ ေပးမႈအားျပဳတဲ့ (passing game) ပြဲေတြက ျငီးေငြ႔စရာေကာင္းတယ္လို႔ ယူဆခဲ့တယ္။ ကေလာ့ပ္က အဲ့သည္ကစားဟန္မွာ ဘာစီလိုနာရဲ႕ ေဘာလံုးျပန္ရဖို႔ အားထုတ္မႈဆိုတဲ့ ေသာ့ခ်က္ကိုေတာ့ အထင္ၾကီးခဲ့တယ္။

” ေဘာလံုးကို ျပန္ရတဲ့အခ်ိန္မွာ ျမန္ႏႈန္းျမင့္ျပီးေတာ့ ဖိအားေပးကစားတာက တကယ္ကို အံ့မခန္းပါပဲ ” လို႔ Michael Cox က အမႊန္းတင္ခဲ့တယ္။ ” ဒါကို လုပ္ရတဲ့ ရည္ရြယ္ခ်က္က ကစားတိုင္းက ဖိအားေပးဖို႔ လိုတာေၾကာင့္ပါ။ ေဘာလံုးဆံုးရံွဴးခ်ိန္မွာ ျပန္ရမႈ အေအာင္ျမင္ဆံုးက မက္ဆီျဖစ္တယ္။ သူက ေဘာလံုးဆံုးရံွဴးလိုက္တာနဲ႔ ျပန္ရယူဖို႔ကို အဆင္သင့္ျဖစ္ေနတယ္။ ၾကည့္လို႔ အေကာင္းဆံုးကေတာ့ အျခားအသင္းသားေတြ ေဘာလံုးကိုင္ထားတဲ့အခ်ိန္မွာ သူတို႔ေတြ ေဘာလံုးျပန္ရယူဖို႔ ဖိအားေပး ကစားတာဟာဆိုရင္ မနက္ျဖန္ေတာင္မွ မရွိေတာ့တဲ့ အတိုင္းပါပဲ။ သူတို႔ေတြ ကစားျပတာက ျမင္ဖူးသမွ် ေဘာလံုးကစားျခင္းေတြမွာ အေကာင္းဆံုး ဥပမာလည္းျဖစ္တယ္ ” လို႔ ေဖာ္ျပခဲ့တယ္။

အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ ဘာစီလိုနာရဲ႕ ေဘာလံုးကစားျခင္းကို လူတိုင္းက ျမတ္ႏိုးေနၾကခ်ိန္မွာ ယာဂင္ကေလာ့ပ္ကေတာ့ ေဘာလံုးဆံုးရံွဴးခ်ိန္မွာ ဘာစီလိုနာအသင္း ဘယ္လိုကစားတယ္ဆိုတာကို သင္ယူခဲ့ျပီး အကူးအေျပာင္းလုပ္မႈေတြကို စြဲလမ္းသြားခဲ့တယ္။

ယာဂင္ကေလာ့ပ္က ဂ်ာမာန္လို ‘gegenpressing’ လို႔ေခၚခဲ့ ေကာင္တာ-ဖိအားေပး ကစားနည္းတစ္ခုကို အသြင္းေျပာင္းခဲ့တယ္။ အခ်ိဳ႕က နားလည္မႈလြဲေနၾကတာရွိတယ္။ ေကာ္တင္-ဖိအားေပးဆိုတာ ဖိအားေပးတာကို ေျပာတာ မဟုတ္ပါဘူး။ ေကာင္တာ-ဖိအားေပးဆိုတာ တိုက္စစ္ဆင္တာကို ေျပာတာပါ။ ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္က ေကာင္တာကစားဖို႔ ဖိအားေပးတာ မဟုတ္ပါဘူး။ ဖိအားေပးျပီးကို ေကာင္တာတိုက္စစ္ ကစားတာပါ။

ဂြာဒီယိုလာရဲ႕ ခ်ဥ္းကပ္မႈနဲ႔ ကေလာ့ပ္ရဲ႕ ခ်ဥ္းကပ္မႈၾကားမွာ ကြာျခားမႈၾကီး ႏွစ္ခ်က္ရွိပါတယ္။ အဲ့သည္ အေၾကာင္းေၾကာင့္လည္း ယာဂင္ကေလာ့ပ္ကို ထူးခၽြန္တဲ့ ေတာ္လွန္ေရးသမားလို စဥ္းစားဖို႔ လိုလာတာျဖစ္တယ္။ ပထမအားျဖင့္ ဂြာဒီယိုလာက ဘာစီလိုနာရဲ႕ ဖိအားေပးမႈကို ခပ္ျမန္ျမန္ေလး လုပ္ခိုင္းတာက ရွင္းပါတယ္။ အေၾကာင္းကေတာ့ ေဘာလံုးပိုင္ဆုိင္မႈ ဆံုးရံွဴးတဲ့အခ်ိန္ကို အနည္းဆံုး ေလ်ာ့ခ်လိုတာေၾကာင့္ျဖစ္တယ္။ ” ေဘာလံုးမရွိရင္ က်ေန္ာတုိ႔က ဒုကၡေရာက္မယ္၊ ဆိုးရြားမယ္။ ဒါေၾကာင့္ ေဘာလံုးျပန္ရဖို႔လိုတယ္ ” လို႔ ဂြာဒီယိုလာက ရွင္းျပခဲ့တယ္။

ဂြာဒီယိုလာရဲ႕ ဖိအားေပးမႈက ခံစစ္ပိုင္းအတြက္ ၾကိဳတင္ကာကြယ္ဖို႔ရာ နည္းစနစ္တမ်ိဳးျဖစ္ျပီး ခံစစ္ကာကြယ္ဖို႔ အေျခအေနကို ျဖစ္ေအာင္လုပ္ယူျခင္းပဲျဖစ္တယ္။ ဒီနည္းစနစ္ဟာ ပံုမွန္ခံစစ္ေတြကို ကာကြယ္ဖို႔ဆိုတဲ့ ခံစားမႈမ်ိဳး မပါဝင္ပါဘူး။ ဘာစီလိုနာနဲ႔ ဂြာဒီယိုလာ ဖန္တီးခဲ့တဲ့ နည္းစနစ္ဟာ ေဘာလံုးကို ျပန္ဆယ္ယူျပီး ေဘာလံုးပိုင္ဆုိင္မႈကို အၾကာၾကီး ဆက္ထိန္းထားမယ္။ ေနရာယူမႈဆိုင္ရာ တည္ေဆာက္ပံုေတြကို ေကာင္းမြန္တဲ့ စုဖြဲ႔မႈမွာ ဆက္ရွိေနေစဖို႔ျဖစ္တယ္။

ယာဂင္ကေလာ့ပ္ရဲ႕ နည္းလမ္းက်ေတာ့ ျခားနားတဲ့ ေနာက္တစ္နည္းျဖစ္တယ္။ ေဘာလံုးပိုင္ဆိုင္မႈမရွိခ်ိန္မွာ သူ႔အသင္းေတြက အရမ္းကို က်စ္လစ္တယ္၊ ခံစစ္ကို သိပ္သိပ္သည္းသည္းရွိေစျပီး ေကာင္တာ-တိုက္စစ္ကို ျပန္စဖို႔ အသင့္ေလ်ာ္ဆံုး ျဖစ္ေနေစတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းေတြက ေကာင္တာ-ဖိအားေပး ကစားျပီး ဒါဟာ တိုက္စစ္နည္းစနစ္အျဖစ္ ယာဂင္ကေလာ့ပ္ ယံုၾကည္မႈျဖစ္တယ္။

” ေဘာလံုးကြင္းထဲမွာ ထူးခၽြန္တဲ့ ေပးမႈေတြနဲ႔ မင္းအသင္းကို ေနာက္ဆံုး အဆံုးသတ္ဖို႔ ေဘာလံုးေပးမႈေတြ လုပ္ႏုိင္မယ့္၊ ဖန္တီးေပးႏုိင္မယ့္ ကြင္းလယ္တိုက္စစ္သမားမ်ိဳးကို အလိုရွိၾကပါတယ္ ” လို႔ ကေလာ့ပ္က ရွင္းျပတယ္။

” Gegenpressing ဆိုတာက ျပိဳင္ဘက္ ဂိုးေပါက္ေတြနဲ႔ အနီးဆံုးေတြမွာ ေဘာလံုးကို ျပန္လုယူႏုိင္ဖို႔ပဲ။ အဲ့သည္လို လုပ္ႏုိင္ခဲ့ျပီဆိုရင္ အရမ္းေကာင္းတဲ့ အခြင့္အေရးအတြက္ ေပးခ်က္တစ္ခ်က္ပဲ လုပ္ဖို႔ လိုေတာ့မွာေလ။ Gegenpressing အေျခအေနလို ေကာင္းမြန္တဲ့ ေပးမႈ တစ္ခ်က္ကို ျပဳလုပ္ေပးႏုိင္မယ့္ အေနအထားကို ဘယ္လို ကြင္းလယ္ဖန္တီးရွင္မွ ရွာေဖြႏုိင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ပဲ ဖိအားေပးဖို႔က အရမ္းကို အေရးပါတာပါ ” လို႔ ကေလာ့ပ္က သူ႔နည္းစနစ္ကို ရွင္းျပထားပါတယ္။

ဘာစီလိုနာေကာ၊ လီဗာပူးပါ ေဘာလံုးကို အျမန္ျပန္ရဖို႔ အျမန္ဆံုး ၾကိဳးစားၾကေပမယ့္လို႔ ျခားနားတဲ့ အေၾကာင္းေတြေၾကာင့္ အျမန္ျပန္ရေအာင္ ၾကိဳးစားၾကျခင္းျဖစ္ပါတယ္။

ဒုတိယအခ်က္က ဂြာဒီယိုလာရဲ႕ ကစားသမားေတြက ေဘာဘံုးဥာဏ္ရည္ရွိစြာနဲ႔ ဖိအားေပးၾကျပီး ျပိဳင္ဘက္ထံက ေဘာလံုးရဖို႔ အသင္းသားတစ္ဦးက ဖိအားေပးခ်ိန္မွာ အျခားကစားသမားေတြက ေဘာလံုးေပးႏုိင္တဲ့ လမ္းေၾကာင္းေတြကို ျဖတ္ေတာက္ထားၾကတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကေတာ့ အဲ့သည္အေနအထားမွာ ပိုျပီး အစြန္းေရာက္ျပီး တစ္ခါတည္း အပိုင္ကိုင္တတ္ၾကတယ္။ ေဘာလံုးပိုင္ဆိုင္ထားတဲ့ ကစားသမားကို ဗဟိုအျဖစ္နဲ႔ အနီးနားက ကစားသမားတိုင္း ဝိုင္းျပီး ဖိအားေပးၾကတယ္၊ လူစုလူေဝးနဲ႔ ဖိညွပ္ျပီး ေဘာလံုးယူဖို႔ ၾကိဳးစားတတ္ၾကတယ္။

ယာဂင္ကေလာ့ပ္က အသင္းေတြကို gegenpressing ကစားဖို႔ တစ္ခုတည္းအတြက္ တည္ေဆာက္ထားတာျဖစ္တယ္။ ဖိအားေပးမယ္၊ ေကာင္တာဖိအားေပးမယ္၊ ေကာင္တာတိုက္စစ္ဆင္မယ္။ ကြင္းအတြင္းမွာ တစ္ကြင္းလံုး လႊမ္းမုိးကစားႏုိင္ဖို႔ စြမ္းအားေကာင္းတဲ့ ကစားသမားေတြနဲ႔ပဲ အဓိက ကစားျပီး သူ႔အသင္းရဲ႕ အဓိက ရင္းျမစ္က ကစားႏုိင္အားပဲျဖစ္တယ္။ ယာဂင္ကေလာ့ပ္ဟာ 10 ပြဲမွာ 9 ပြဲကို တစ္ပြဲပွ်မ္းမွ် 118km ေျပးႏုိင္ခဲ့ရင္ အသင္းသားေတြကို နားရက္ သံုးရက္ေတာင္ေပးတဲ့အထိ ေဒါ့မြန္မွာတုန္းက ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈကို အသားေပးခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ ကစားဟန္ဟာ သူ႔ရဲ႕ကိုယ္ပိုင္နည္းလမ္းနဲ႔ ေအာင္ျမင္လာခဲ့ျပီး ဂ်ာမနီမွာ အဓိက ကစားၾကတဲ့ နည္းလမ္းျဖစ္လာခဲ့တယ္။ ဘြန္ဒက္လီဂါတစ္ခုလံုးမွာ ယာဂင္ကေလာ့ပ္က လႊမ္းမိုးမႈ အၾကီးမားဆံုး မန္ေနဂ်ာလည္း ျဖစ္လာခဲ့တယ္။ ” Gegenpressing ဟာ ဂ်ာမာန္ရဲ႕ ဓေလ့ထံုးတမ္း ကစားဟန္ျဖစ္လာတယ္။ ယာဂင္ကေလာ့ပ္ကေတာ့ မေရမတြက္ႏုိင္တဲ့ ဂ်ာမန္မန္ေနဂ်ာေတြရဲ႕ ဦးေဆာင္ပုဂၢိဳလ္ျဖစ္လာတယ္ ” ဂ်ာမာန္ေဘာလံုး နည္းစနစ္ေတြအေၾကာင္း ေရးသားသူ Tobias Escher က သူ႔စာအုပ္ထဲ ထည့္သြင္းေဖာ္ျပခဲ့တယ္။

အဆိုပါ စာအုပ္မွာေတာ့ ” အခုခ်ိန္မွာ ဘြန္ဒက္လီဂါက အသင္းတိုင္းဟာ gegenpressing နည္းစနစ္ကို အသံုးျပဳေနၾကျပီး 2015-16 ေဘာလံုးရာသီမွာ ဘြန္ဒက္လီဂါကလပ္ 18 သင္းမွာ 10 သင္းက ကေလာ့ပ္ရဲ႕ နည္းစနစ္အတိုင္း ကစားေနခဲ့ၾကတယ္ ” လို႔ ေဖာ္ျပခဲ့တယ္။

ယာဂင္ကေလာ့ပ္ဟာ ဂ်ာမာန္ဘာသာနဲ႔ ‘Gegenpressing’ နည္းစနစ္ရဲ႕ အၾကီးက်ယ္ဆံုး ဂႏၱဝင္ၾကီးျဖစ္ျပီး အခုခ်ိန္မွာ ‘counter-pressing’ လို႔ ေခၚတြင္ၾကတဲ့ သူ႔ရဲ႕ကစားဟန္က ဥေရာပကိုယ္ေတာင္ လႊမ္းမိုးလာခဲ့ျပီျဖစ္တယ္။ Franz Beckenbauer ရဲ႕ sweeper ကစားနည္းေနာက္ပိုင္းမွာ ဂ်ာမန္ေဘာလံုးကစားနည္းဟာ ဥေရာပကို ေဖာက္ထြက္လာခဲ့တဲ့ ေနာက္ထပ္ နည္းစနစ္တစ္ခုအျဖစ္ ယာဂင္ကေလာ့ပ္က ဥေရာပေဘာလံုးကို ေတာ္လွန္လာခဲ့ျပီျဖစ္ပါတယ္။

Sports Home Time

[Unicode] ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် ပို့နိုင်ခဲ့တယ်။ ဒါဟာ အင်္ဂလန်အသင်းနဲ့ သူ့ရဲ့အောင်မြင်မှုဖြစ်သလို ဒေါ့မွန်မှာ ခုနှစ်နှစ်ကြာ ထင်ပေါ်ခဲ့တဲ့ သူ့ရဲ့ ဂုဏ်သတင်းကို ထပ်မံမြင့်တင်ခြင်းလည်းဖြစ်တယ်။

အားကစားသတင်းဆရာ Michael Cox ရေးသားတဲ့ သူ့ရဲ့စာအုပ်သစ် ‘Zonal Marking: The Making of Modern European Football’ မှာဆိုရင် ယာဂင်ကလော့ပ်ဟာ ဘောလုံးလောကရဲ့ တော်လှန်ရေးသမားဆိုတာကို ထည့်သွင်းရှင်းပြခဲ့တယ်။

ဥရောပတိုက်တစ်ခုလုံးဟာ ဘာစီလိုနာမှာ ဂွာဒီယိုလာ ချပြခဲ့တဲ့ ပိုင်ဆောင်မှုအသားပေး ကစားဟန် (possession play) ကို နှစ်သက်နေကြစဉ် အချိန်မှာ ယာဂင်ကလော့ပ်ကတော့ သူတို့ရဲ့ ပေးမှုအားပြုတဲ့ (passing game) ပွဲတွေက ငြီးငွေ့စရာကောင်းတယ်လို့ ယူဆခဲ့တယ်။ ကလော့ပ်က အဲ့သည်ကစားဟန်မှာ ဘာစီလိုနာရဲ့ ဘောလုံးပြန်ရဖို့ အားထုတ်မှုဆိုတဲ့ သော့ချက်ကိုတော့ အထင်ကြီးခဲ့တယ်။

” ဘောလုံးကို ပြန်ရတဲ့အချိန်မှာ မြန်နှုန်းမြင့်ပြီးတော့ ဖိအားပေးကစားတာက တကယ်ကို အံ့မခန်းပါပဲ ” လို့ Michael Cox က အမွှန်းတင်ခဲ့တယ်။ ” ဒါကို လုပ်ရတဲ့ ရည်ရွယ်ချက်က ကစားတိုင်းက ဖိအားပေးဖို့ လိုတာကြောင့်ပါ။ ဘောလုံးဆုံးရံှူးချိန်မှာ ပြန်ရမှု အအောင်မြင်ဆုံးက မက်ဆီဖြစ်တယ်။ သူက ဘောလုံးဆုံးရံှူးလိုက်တာနဲ့ ပြန်ရယူဖို့ကို အဆင်သင့်ဖြစ်နေတယ်။ ကြည့်လို့ အကောင်းဆုံးကတော့ အခြားအသင်းသားတွေ ဘောလုံးကိုင်ထားတဲ့အချိန်မှာ သူတို့တွေ ဘောလုံးပြန်ရယူဖို့ ဖိအားပေး ကစားတာဟာဆိုရင် မနက်ဖြန်တောင်မှ မရှိတော့တဲ့ အတိုင်းပါပဲ။ သူတို့တွေ ကစားပြတာက မြင်ဖူးသမျှ ဘောလုံးကစားခြင်းတွေမှာ အကောင်းဆုံး ဥပမာလည်းဖြစ်တယ် ” လို့ ဖော်ပြခဲ့တယ်။

အတိုချုပ်ပြောရမယ်ဆိုရင် ဘာစီလိုနာရဲ့ ဘောလုံးကစားခြင်းကို လူတိုင်းက မြတ်နိုးနေကြချိန်မှာ ယာဂင်ကလော့ပ်ကတော့ ဘောလုံးဆုံးရံှူးချိန်မှာ ဘာစီလိုနာအသင်း ဘယ်လိုကစားတယ်ဆိုတာကို သင်ယူခဲ့ပြီး အကူးအပြောင်းလုပ်မှုတွေကို စွဲလမ်းသွားခဲ့တယ်။

ယာဂင်ကလော့ပ်က ဂျာမာန်လို ‘gegenpressing’ လို့ခေါ်ခဲ့ ကောင်တာ-ဖိအားပေး ကစားနည်းတစ်ခုကို အသွင်းပြောင်းခဲ့တယ်။ အချို့က နားလည်မှုလွဲနေကြတာရှိတယ်။ ကော်တင်-ဖိအားပေးဆိုတာ ဖိအားပေးတာကို ပြောတာ မဟုတ်ပါဘူး။ ကောင်တာ-ဖိအားပေးဆိုတာ တိုက်စစ်ဆင်တာကို ပြောတာပါ။ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်က ကောင်တာကစားဖို့ ဖိအားပေးတာ မဟုတ်ပါဘူး။ ဖိအားပေးပြီးကို ကောင်တာတိုက်စစ် ကစားတာပါ။

ဂွာဒီယိုလာရဲ့ ချဉ်းကပ်မှုနဲ့ ကလော့ပ်ရဲ့ ချဉ်းကပ်မှုကြားမှာ ကွာခြားမှုကြီး နှစ်ချက်ရှိပါတယ်။ အဲ့သည် အကြောင်းကြောင့်လည်း ယာဂင်ကလော့ပ်ကို ထူးချွန်တဲ့ တော်လှန်ရေးသမားလို စဉ်းစားဖို့ လိုလာတာဖြစ်တယ်။ ပထမအားဖြင့် ဂွာဒီယိုလာက ဘာစီလိုနာရဲ့ ဖိအားပေးမှုကို ခပ်မြန်မြန်လေး လုပ်ခိုင်းတာက ရှင်းပါတယ်။ အကြောင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရံှူးတဲ့အချိန်ကို အနည်းဆုံး လျော့ချလိုတာကြောင့်ဖြစ်တယ်။ ” ဘောလုံးမရှိရင် ကျနေ်ာတို့က ဒုက္ခရောက်မယ်၊ ဆိုးရွားမယ်။ ဒါကြောင့် ဘောလုံးပြန်ရဖို့လိုတယ် ” လို့ ဂွာဒီယိုလာက ရှင်းပြခဲ့တယ်။

ဂွာဒီယိုလာရဲ့ ဖိအားပေးမှုက ခံစစ်ပိုင်းအတွက် ကြိုတင်ကာကွယ်ဖို့ရာ နည်းစနစ်တမျိုးဖြစ်ပြီး ခံစစ်ကာကွယ်ဖို့ အခြေအနေကို ဖြစ်အောင်လုပ်ယူခြင်းပဲဖြစ်တယ်။ ဒီနည်းစနစ်ဟာ ပုံမှန်ခံစစ်တွေကို ကာကွယ်ဖို့ဆိုတဲ့ ခံစားမှုမျိုး မပါဝင်ပါဘူး။ ဘာစီလိုနာနဲ့ ဂွာဒီယိုလာ ဖန်တီးခဲ့တဲ့ နည်းစနစ်ဟာ ဘောလုံးကို ပြန်ဆယ်ယူပြီး ဘောလုံးပိုင်ဆိုင်မှုကို အကြာကြီး ဆက်ထိန်းထားမယ်။ နေရာယူမှုဆိုင်ရာ တည်ဆောက်ပုံတွေကို ကောင်းမွန်တဲ့ စုဖွဲ့မှုမှာ ဆက်ရှိနေစေဖို့ဖြစ်တယ်။

ယာဂင်ကလော့ပ်ရဲ့ နည်းလမ်းကျတော့ ခြားနားတဲ့ နောက်တစ်နည်းဖြစ်တယ်။ ဘောလုံးပိုင်ဆိုင်မှုမရှိချိန်မှာ သူ့အသင်းတွေက အရမ်းကို ကျစ်လစ်တယ်၊ ခံစစ်ကို သိပ်သိပ်သည်းသည်းရှိစေပြီး ကောင်တာ-တိုက်စစ်ကို ပြန်စဖို့ အသင့်လျော်ဆုံး ဖြစ်နေစေတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းတွေက ကောင်တာ-ဖိအားပေး ကစားပြီး ဒါဟာ တိုက်စစ်နည်းစနစ်အဖြစ် ယာဂင်ကလော့ပ် ယုံကြည်မှုဖြစ်တယ်။

” ဘောလုံးကွင်းထဲမှာ ထူးချွန်တဲ့ ပေးမှုတွေနဲ့ မင်းအသင်းကို နောက်ဆုံး အဆုံးသတ်ဖို့ ဘောလုံးပေးမှုတွေ လုပ်နိုင်မယ့်၊ ဖန်တီးပေးနိုင်မယ့် ကွင်းလယ်တိုက်စစ်သမားမျိုးကို အလိုရှိကြပါတယ် ” လို့ ကလော့ပ်က ရှင်းပြတယ်။

” Gegenpressing ဆိုတာက ပြိုင်ဘက် ဂိုးပေါက်တွေနဲ့ အနီးဆုံးတွေမှာ ဘောလုံးကို ပြန်လုယူနိုင်ဖို့ပဲ။ အဲ့သည်လို လုပ်နိုင်ခဲ့ပြီဆိုရင် အရမ်းကောင်းတဲ့ အခွင့်အရေးအတွက် ပေးချက်တစ်ချက်ပဲ လုပ်ဖို့ လိုတော့မှာလေ။ Gegenpressing အခြေအနေလို ကောင်းမွန်တဲ့ ပေးမှု တစ်ချက်ကို ပြုလုပ်ပေးနိုင်မယ့် အနေအထားကို ဘယ်လို ကွင်းလယ်ဖန်တီးရှင်မှ ရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဖိအားပေးဖို့က အရမ်းကို အရေးပါတာပါ ” လို့ ကလော့ပ်က သူ့နည်းစနစ်ကို ရှင်းပြထားပါတယ်။

ဘာစီလိုနာကော၊ လီဗာပူးပါ ဘောလုံးကို အမြန်ပြန်ရဖို့ အမြန်ဆုံး ကြိုးစားကြပေမယ့်လို့ ခြားနားတဲ့ အကြောင်းတွေကြောင့် အမြန်ပြန်ရအောင် ကြိုးစားကြခြင်းဖြစ်ပါတယ်။

ဒုတိယအချက်က ဂွာဒီယိုလာရဲ့ ကစားသမားတွေက ဘောဘုံးဉာဏ်ရည်ရှိစွာနဲ့ ဖိအားပေးကြပြီး ပြိုင်ဘက်ထံက ဘောလုံးရဖို့ အသင်းသားတစ်ဦးက ဖိအားပေးချိန်မှာ အခြားကစားသမားတွေက ဘောလုံးပေးနိုင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ထားကြတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းကတော့ အဲ့သည်အနေအထားမှာ ပိုပြီး အစွန်းရောက်ပြီး တစ်ခါတည်း အပိုင်ကိုင်တတ်ကြတယ်။ ဘောလုံးပိုင်ဆိုင်ထားတဲ့ ကစားသမားကို ဗဟိုအဖြစ်နဲ့ အနီးနားက ကစားသမားတိုင်း ဝိုင်းပြီး ဖိအားပေးကြတယ်၊ လူစုလူဝေးနဲ့ ဖိညှပ်ပြီး ဘောလုံးယူဖို့ ကြိုးစားတတ်ကြတယ်။

ယာဂင်ကလော့ပ်က အသင်းတွေကို gegenpressing ကစားဖို့ တစ်ခုတည်းအတွက် တည်ဆောက်ထားတာဖြစ်တယ်။ ဖိအားပေးမယ်၊ ကောင်တာဖိအားပေးမယ်၊ ကောင်တာတိုက်စစ်ဆင်မယ်။ ကွင်းအတွင်းမှာ တစ်ကွင်းလုံး လွှမ်းမိုးကစားနိုင်ဖို့ စွမ်းအားကောင်းတဲ့ ကစားသမားတွေနဲ့ပဲ အဓိက ကစားပြီး သူ့အသင်းရဲ့ အဓိက ရင်းမြစ်က ကစားနိုင်အားပဲဖြစ်တယ်။ ယာဂင်ကလော့ပ်ဟာ 10 ပွဲမှာ 9 ပွဲကို တစ်ပွဲပျှမ်းမျှ 118km ပြေးနိုင်ခဲ့ရင် အသင်းသားတွေကို နားရက် သုံးရက်တောင်ပေးတဲ့အထိ ဒေါ့မွန်မှာတုန်းက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အသားပေးခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ ကစားဟန်ဟာ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ အောင်မြင်လာခဲ့ပြီး ဂျာမနီမှာ အဓိက ကစားကြတဲ့ နည်းလမ်းဖြစ်လာခဲ့တယ်။ ဘွန်ဒက်လီဂါတစ်ခုလုံးမှာ ယာဂင်ကလော့ပ်က လွှမ်းမိုးမှု အကြီးမားဆုံး မန်နေဂျာလည်း ဖြစ်လာခဲ့တယ်။ ” Gegenpressing ဟာ ဂျာမာန်ရဲ့ ဓလေ့ထုံးတမ်း ကစားဟန်ဖြစ်လာတယ်။ ယာဂင်ကလော့ပ်ကတော့ မရေမတွက်နိုင်တဲ့ ဂျာမန်မန်နေဂျာတွေရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်လာတယ် ” ဂျာမာန်ဘောလုံး နည်းစနစ်တွေအကြောင်း ရေးသားသူ Tobias Escher က သူ့စာအုပ်ထဲ ထည့်သွင်းဖော်ပြခဲ့တယ်။

အဆိုပါ စာအုပ်မှာတော့ ” အခုချိန်မှာ ဘွန်ဒက်လီဂါက အသင်းတိုင်းဟာ gegenpressing နည်းစနစ်ကို အသုံးပြုနေကြပြီး 2015-16 ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါကလပ် 18 သင်းမှာ 10 သင်းက ကလော့ပ်ရဲ့ နည်းစနစ်အတိုင်း ကစားနေခဲ့ကြတယ် ” လို့ ဖော်ပြခဲ့တယ်။

ယာဂင်ကလော့ပ်ဟာ ဂျာမာန်ဘာသာနဲ့ ‘Gegenpressing’ နည်းစနစ်ရဲ့ အကြီးကျယ်ဆုံး ဂန္တဝင်ကြီးဖြစ်ပြီး အခုချိန်မှာ ‘counter-pressing’ လို့ ခေါ်တွင်ကြတဲ့ သူ့ရဲ့ကစားဟန်က ဥရောပကိုယ်တောင် လွှမ်းမိုးလာခဲ့ပြီဖြစ်တယ်။ Franz Beckenbauer ရဲ့ sweeper ကစားနည်းနောက်ပိုင်းမှာ ဂျာမန်ဘောလုံးကစားနည်းဟာ ဥရောပကို ဖောက်ထွက်လာခဲ့တဲ့ နောက်ထပ် နည်းစနစ်တစ်ခုအဖြစ် ယာဂင်ကလော့ပ်က ဥရောပဘောလုံးကို တော်လှန်လာခဲ့ပြီဖြစ်ပါတယ်။

Sports Home Time