ခ်ယ္ဆီးကစားသမားေတြကို ခ်ိန္ရြယ္လာတဲ့ ဘာကာနဲ႔ လန္ဒန္ျပိဳင္ဘက္မ်ား

[Zawgyi] ခ်ယ္ဆီးအသင္းမွာ ေနရာမရျဖစ္ေနျပီး ပြဲထြက္ခြင့္ နည္းပါးျခင္းေၾကာင့္ အသင္းကေန ထြက္သြားလိုေနတဲ့ ခရစ္စတန္ဆန္နဲ႔ ေလာ့တပ္ခ်ိစ္တို႔လို လူငယ္ကစားသမားေတြကို ခ်ယ္ဆီးကေန ေခၚထုတ္သြားဖို႔ အျခားေသာ ကလပ္အသင္းေတြက စတင္ၾကိဳးစားလာေနပါျပီ။

ဘာစီလိုနာဟာ ကလပ္အသင္းရဲ႕ ခံစစ္ပိုင္းျပႆနာကို ေျဖရွင္းႏိုင္ဖို႔ရာ ခ်ယ္ဆီးအသင္းရဲ႕ လူငယ္ခံစစ္သမား ခရစ္စတန္ဆန္ကို ေခၚယူလိုေနပါတယ္။ ဒဏ္ရာရေနတဲ့ အမ္တီတီေနရာမွာ အစားထိုးဖို႔ ဘာစီလိုနာက ခရစ္စတန္ဆန္ကို စိတ္ဝင္စားေနတာပါ။ လာလီဂါကလပ္ဘက္က ကစားသမားအတြက္ ပထမဆံုးအၾကိမ္ ကမ္းလွမ္းမႈကို ေပးပို႔ခဲ့ျပီး ျငင္းဆန္ခံခဲ့ရတယ္လို႔ သိထားရတယ္။ ဒါေပမယ့္လို႔ ညိႏိႈင္းမႈေတြက ဆက္လာႏိုင္တဲ့ အေနအထားျဖစ္ပါတယ္။

အဂၤလန္ကလပ္ေတြျဖစ္တဲ့ ဘုန္းေမာက္နဲ႔ ဝက္ဟမ္းတို႔ကလည္း ပဲေလစ့္လိုပဲ အဂၤလန္လူငယ္ေလး ေလာ့တပ္ခ်ိစ္ကို ဇန္နဝါရီမွာ ေခၚယူလိုေနပါတယ္။ ဒီရာသီ ခ်ယ္ဆီးအတြက္ ေျခစြမ္းျပေနေပမယ့္လည္း နည္းစနစ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေၾကာင့္ ေလာ့တပ္ခ်ိစ္ဟာ ပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္ကိုေတာ့ ရုန္းကန္ေနရတာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဟိုဝီနဲ႔ ပယ္လီဂရီနီတို႔ဟာ အသက္ 22 ႏွစ္အရြယ္ ကြင္းလယ္လူကို ရာသီဝက္ အငွားေခၚယူဖို႔ ကမ္းလွမ္းလိုေနတယ္။ ႏွစ္သင္းလံုးကေတာ့ ပံုမွန္ပြဲထြက္ခြင့္ေပးကာ ကစားသမားကို တိုးတက္လာေစဖို႔ အေထာက္အကူေပးပါမယ္ဆိုတဲ့ အာမခံခ်က္နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ထားတယ္လို႔ သိရတယ္။ မႏွစ္ကရာသီ ပဲေလစ့္ကို အငွားထြက္ရာမွာ တိုးတက္လာတဲ့ ေလာ့တပ္ခ်ိစ္ဟာ မန္ေနဂ်ာေဆာက္ဂိတ္ရဲ႕ မ်က္စိက်ျခင္း ခံခဲ့ရျပီး ကမၻာဖလားမွာလည္း ပါဝင္ႏိုင္ခဲ့ေသးတာပါ။

ဒီရာသီမွာ ေဂ်ာ္ဂ်င္ဟို၊ ကန္ေတ၊ ကိုဗာဆစ္တို႔ကို ဦးစားေပး ေရြးေနတဲ့ ဆာရီရဲ႕အသင္းမွာ ေလာ့တပ္ခ်ိစ္က အရံလူအျဖစ္ပဲ ရုန္းကန္ရမယ့္ အေနအထားျဖစ္တယ္။ ဒါ့အျပင္ ဘာကေလလို ကစားအားေကာင္းတဲ့ အသင္းေဖာ္နဲ႔လည္း ပြဲထြက္ခြင့္ ျပိဳင္ဆိုင္ေနရပါေသးတယ္။ ၾကားရက္မွာ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ဗီဒီနဲ႔ ယူရိုပါလိဂ္ပြဲမွာ ပါဝင္ခြင့္ရေပမယ့္ ဒီအပတ္ ဘရိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ပါဝင္ခြင့္ရဖြယ္ မရွိပါဘူး။ ဘုန္းေမာက္နဲ႔ ဝက္ဟမ္းတို႔က ကမ္းလွမ္းလာမယ့္ ေလာ့တပ္ခ်ိစ္ကို ေခၚယူခြင့္မွာ ကနဦးအငွားျဖစ္ေပမယ့္ ရာသီကုန္မွာ အျပီးသတ္ေခၚယူခြင့္ေတြ ထည့္ခ်ဳပ္လိုေနၾကပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ မိုနာကိုနဲ႔ ေရွာ္ေကးတို႔ရဲ႕ ကစားသမားကို အလားတူ ကမ္းလွမ္းလာမႈေတြကို ပယ္ခ်ခဲ့ပါတယ္။ မန္ေနဂ်ာအေျပာင္းအလဲမွာ လူငယ္ကစားသမားကို အဂၤလန္ျပင္ပကလပ္ေတြကို ေရာင္းထုတ္ဖို႔ထက္ ကလပ္အသင္းမွာပဲ ဆက္ထိန္းထားဖို႔ ခ်ယ္ဆီးဘက္က ဆံုးျဖတ္ခဲ့ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးအသင်းမှာ နေရာမရဖြစ်နေပြီး ပွဲထွက်ခွင့် နည်းပါးခြင်းကြောင့် အသင်းကနေ ထွက်သွားလိုနေတဲ့ ခရစ်စတန်ဆန်နဲ့ လော့တပ်ချိစ်တို့လို လူငယ်ကစားသမားတွေကို ချယ်ဆီးကနေ ခေါ်ထုတ်သွားဖို့ အခြားသော ကလပ်အသင်းတွေက စတင်ကြိုးစားလာနေပါပြီ။

ဘာစီလိုနာဟာ ကလပ်အသင်းရဲ့ ခံစစ်ပိုင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ရာ ချယ်ဆီးအသင်းရဲ့ လူငယ်ခံစစ်သမား ခရစ်စတန်ဆန်ကို ခေါ်ယူလိုနေပါတယ်။ ဒဏ်ရာရနေတဲ့ အမ်တီတီနေရာမှာ အစားထိုးဖို့ ဘာစီလိုနာက ခရစ်စတန်ဆန်ကို စိတ်ဝင်စားနေတာပါ။ လာလီဂါကလပ်ဘက်က ကစားသမားအတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကို ပေးပို့ခဲ့ပြီး ငြင်းဆန်ခံခဲ့ရတယ်လို့ သိထားရတယ်။ ဒါပေမယ့်လို့ ညိနှိုင်းမှုတွေက ဆက်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ဘုန်းမောက်နဲ့ ဝက်ဟမ်းတို့ကလည်း ပဲလေစ့်လိုပဲ အင်္ဂလန်လူငယ်လေး လော့တပ်ချိစ်ကို ဇန်နဝါရီမှာ ခေါ်ယူလိုနေပါတယ်။ ဒီရာသီ ချယ်ဆီးအတွက် ခြေစွမ်းပြနေပေမယ့်လည်း နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့် လော့တပ်ချိစ်ဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ကိုတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဟိုဝီနဲ့ ပယ်လီဂရီနီတို့ဟာ အသက် 22 နှစ်အရွယ် ကွင်းလယ်လူကို ရာသီဝက် အငှားခေါ်ယူဖို့ ကမ်းလှမ်းလိုနေတယ်။ နှစ်သင်းလုံးကတော့ ပုံမှန်ပွဲထွက်ခွင့်ပေးကာ ကစားသမားကို တိုးတက်လာစေဖို့ အထောက်အကူပေးပါမယ်ဆိုတဲ့ အာမခံချက်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ သိရတယ်။ မနှစ်ကရာသီ ပဲလေစ့်ကို အငှားထွက်ရာမှာ တိုးတက်လာတဲ့ လော့တပ်ချိစ်ဟာ မန်နေဂျာဆောက်ဂိတ်ရဲ့ မျက်စိကျခြင်း ခံခဲ့ရပြီး ကမ္ဘာဖလားမှာလည်း ပါဝင်နိုင်ခဲ့သေးတာပါ။

ဒီရာသီမှာ ဂျော်ဂျင်ဟို၊ ကန်တေ၊ ကိုဗာဆစ်တို့ကို ဦးစားပေး ရွေးနေတဲ့ ဆာရီရဲ့အသင်းမှာ လော့တပ်ချိစ်က အရံလူအဖြစ်ပဲ ရုန်းကန်ရမယ့် အနေအထားဖြစ်တယ်။ ဒါ့အပြင် ဘာကလေလို ကစားအားကောင်းတဲ့ အသင်းဖော်နဲ့လည်း ပွဲထွက်ခွင့် ပြိုင်ဆိုင်နေရပါသေးတယ်။ ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီဒီနဲ့ ယူရိုပါလိဂ်ပွဲမှာ ပါဝင်ခွင့်ရပေမယ့် ဒီအပတ် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ပါဝင်ခွင့်ရဖွယ် မရှိပါဘူး။ ဘုန်းမောက်နဲ့ ဝက်ဟမ်းတို့က ကမ်းလှမ်းလာမယ့် လော့တပ်ချိစ်ကို ခေါ်ယူခွင့်မှာ ကနဦးအငှားဖြစ်ပေမယ့် ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်တွေ ထည့်ချုပ်လိုနေကြပါတယ်။

ချယ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့မှာ မိုနာကိုနဲ့ ရှော်ကေးတို့ရဲ့ ကစားသမားကို အလားတူ ကမ်းလှမ်းလာမှုတွေကို ပယ်ချခဲ့ပါတယ်။ မန်နေဂျာအပြောင်းအလဲမှာ လူငယ်ကစားသမားကို အင်္ဂလန်ပြင်ပကလပ်တွေကို ရောင်းထုတ်ဖို့ထက် ကလပ်အသင်းမှာပဲ ဆက်ထိန်းထားဖို့ ချယ်ဆီးဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

Sports Home Time