မန္စီးတီးကို ရံွဴးလို႔ရတယ္။ လီဗာပူးနဲ႔ေတာ့ ပရိသတ္ေတြ လက္ခံမွာ မဟုတ္ဘူး။ ဘာလို႔လည္းဆိုေတာ့..။

[Zawgyi] ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ရဲ႕ မာေဆးဆိုဒ္မွာ ေနာက္ဆုံးႏွစ္ႀကိမ္ေတြ႕ဆုံမႈဟာ ဂိုးမရွိသေရ ျဖစ္ခဲ့ေပမယ့္ ဂ်င္မီရပ္နပ္ကေတာ့ ဒီတႀကိမ္မွာ လီဗာပူးက ပိုအားသာေနတယ္လို႔ ေျပာပါတယ္။ ေမာ္ရင္ညိဳရဲ႕ အသင္းဟာ အန္ဖီးလ္ကြင္းမွာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး 7 ပြဲ ေတြ႕ဆုံခဲ့ရာမွာ 2 ပြဲသာ အႏိုင္ရထားတာလည္း ျဖစ္တယ္။

ဒီရာသီမွာ လိဂ္ပြဲ အရံွဴးမရွိေသးတဲ့ လီဗာပူးအသင္းဟာ ေနာက္ဆုံးေလးပြဲဆက္ အႏိုင္ရထားၿပီး က်န္ခဲ့တဲ့အပတ္က ဘုန္းေမာက္ကို ေလးဂိုးျပတ္ အႏိုင္ရခဲ့တာနဲ႔အတူ အမွတ္ေပးဇယား ထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

” က်ေနာ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လီဗာပူးကို ေနာက္တႀကိမ္ အႏိုင္ရဖို႔ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကလိုမ်ိဳး ႀကိဳးစားလုပ္ရမယ္လို႔ ထင္တယ္။ အဲ့ဒီ့ပြဲေတြတုန္းကဆိုရင္ သူတို႔ဟာ က်စ္က်စ္လ်စ္လ်စ္နဲ႔ ေနာက္မွာ ဘာေနရာလြတ္မွ မက်န္ရေအာင္ ေကာင္းေကာင္းကစားခဲ့တယ္။ ဒါေပမယ့္ အဲ့ဒီ့နည္းဗ်ဴဟာေတြက ဒီတပတ္မွာ အလုပ္ျဖစ္ေတာ့မွာ မဟုတ္ဘူးလို႔ က်ေနာ္သိေနတယ္။

ယူႏိုက္တက္ အသင္းအတြက္ လီဗာပူးဟာ အင္အားႀကီးလြန္းၿပီး လွ်င္ျမန္လြန္းပါတယ္။ ဒါေၾကာင့္ လီဗာပူးက သူတို႔ကို ေသခ်ာေပါက္ က်ရႈံးေစမယ္လို႔ က်ေနာ္ထင္ပါတယ္။ စိုးရိမ္စရာက ဒီပြဲေတြမွာ သူတို႔ ေနာက္ထပ္ ကစားပုံတခုနဲ႔ ကစားမလားဆိုတာ က်ေနာ္မသိဘူး။ အန္ဖီးမွာ အဲဗာတန္ လုပ္ခဲ့သလိုမ်ိဳး ေဘာလုံးကို ထိန္းသိမ္းၿပီး ကိုင္ကစားတာကို သူတို႔လုပ္မွာမဟုတ္ပါဘူး။ ဒါက ဟိုေဆးေမာ္ရင္ညိဳ အေနနဲ႔ သူ႔အသင္းကို တည္ေဆာက္မယ့္ ပုံစံမဟုတ္ဘူးလို႔ က်ေနာ္ထင္တယ္။

ဖယ္လိုင္နီ၊ အန္ဒါဟာရဲရား၊ နီမန္ဂ်ာ မာတစ္တို႔ကို ကြင္းလယ္ရဲ႕ ဘယ္ေနရာမွာ ကစားေစၿပီး လီဗာပူးကို ရပ္တန္႔အာင္လုပ္မလဲဆိုတာ ျမင္ရႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့ဒါက မန္စီးတီးနဲ႔ ပြဲမွာသုံးခဲ့တဲ့ ကြင္းလယ္အတိုင္းျဖစ္ၿပီး အဲ့ဒီ့မွာဘာျဖစ္ခဲ့လဲဆိုတာ ၾကည့္လိုက္ပါ။ သူတို႔ဟာ တဖက္အသင္းကို မယွဥ္ႏိုင္ပါဘူး ” လို႔ ရပ္နပ္က ေထာက္ျပပါတယ္။

ေမာ္ရင္ညိဳဟာ ဒီပြဲမတိုင္ခင္ထဲက ဖိအားေတြေအာက္ ေရာက္ေနခဲ့ၿပီး တနဂၤေႏြေန႔မွာ ယူႏိုက္တက္တို႔ ေနာက္တစ္ႀကိမ္ ထပ္ရံွဴးခဲ့ရင္ နည္းျပရာထူးက မေရရာေတာ့ဘူးလို႔ ခံစားရေၾကာင္း ရပ္နပ္က ဆိုပါတယ္။

” ဒီလိုပြဲေတြဟာ ရာသီအဆုံးအျဖတ္ ေပးတဲ့ပြဲမ်ိဳးေတြပါပဲ။ ဒါက ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ပြဲေတြပါ။ တကယ္လို႔ ယူႏိုက္တက္ ႏိုင္ခဲ့ရင္ ‘ဝါး!အိုေက..။ ငါတို႔ ဒီလူကို အခ်ိန္ထပ္ေပးသင့္တယ္။ သူက ဒါကို ေျပာင္းလဲႏိုင္တယ္’ ဆိုၿပီး ျဖစ္လိမ့္မယ္။ ဒါေပမယ့္ သူတို႔ရႈံးခဲ့ရင္ေတာ့ အေျခအေနက တမုဟုတ္ခ်င္း ႀကီးထြားသြားလိမ့္မယ္။ ဒီစမ္းသပ္မႈက အရမ္းႀကီးမားပါလိမ့္မယ္။ ဟိုေဆးအတြက္ ဒါေတြအားလုံးဟာ ေသခ်ာေပါက္ျဖစ္လာမွာပါ။

ရာသီအတြင္းမွာ မင္းအေနနဲ႔ ပြဲေတြရံွဴးႏိင္တယ္။ မန္စီးတီးကို ရံွဴးတာကို ပရိသတ္ေတြ လက္ခံလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ စီးတီးဟာ သူတို႔ထက္ သိသိသာသာ ပိုတိုးတက္ေနလို႔ပဲ။ ဒါေပမယ့္ လီဗာပူးကို ရွံဴးနိမ့္ရင္ေတာ့ တကယ္ကို နာက်င္ရပါလိမ့္မယ္။ ယူႏိုက္တက္ရဲ႕ အဓိက ျပသနာက အခုခ်ိန္မွာ ေ႐ြးခ်ယ္စရာ မ်ားမ်ား ရွိမေနတာပဲ။

ပိုခ်က္တီႏိုနဲ႔ ပတ္သက္ၿပီးေတာ့လဲ ေျပာေနၾကတယ္။ သူဟာ ယူႏိုက္တက္အတြက္ အသင့္ေတာ္ဆုံးပါ။ ဒါေပမယ့္ အခုခ်ိန္မွာ ေတာ့တင္ဟမ္ကို သူ စြန႔္ခြာႏိုင္မွာ မို႔လို႔လား? ဟိုေဆးအေနနဲ႔ ရာထူးမွာ ဆက္ၿမဲေနဖို႔က ရလဒ္ေကာင္းေတြ ရရွိေအာင္ ႀကိဳးစားဖို႔ပဲ လိုပါတယ္။ ”

Sports Home Time

[Unicode] ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ်မှာ နောက်ဆုံးနှစ်ကြိမ်တွေ့ဆုံမှုဟာ ဂိုးမရှိသရေ ဖြစ်ခဲ့ပေမယ့် ဂျင်မီရပ်နပ်ကတော့ ဒီတကြိမ်မှာ လီဗာပူးက ပိုအားသာနေတယ်လို့ ပြောပါတယ်။ မော်ရင်ညိုရဲ့ အသင်းဟာ အန်ဖီးလ်ကွင်းမှာ ပြိုင်ပွဲစုံ နောက်ဆုံး 7 ပွဲ တွေ့ဆုံခဲ့ရာမှာ 2 ပွဲသာ အနိုင်ရထားတာလည်း ဖြစ်တယ်။

ဒီရာသီမှာ လိဂ်ပွဲ အရံှူးမရှိသေးတဲ့ လီဗာပူးအသင်းဟာ နောက်ဆုံးလေးပွဲဆက် အနိုင်ရထားပြီး ကျန်ခဲ့တဲ့အပတ်က ဘုန်းမောက်ကို လေးဂိုးပြတ် အနိုင်ရခဲ့တာနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။

” ကျနော်ကတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ လီဗာပူးကို နောက်တကြိမ် အနိုင်ရဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလိုမျိုး ကြိုးစားလုပ်ရမယ်လို့ ထင်တယ်။ အဲ့ဒီ့ပွဲတွေတုန်းကဆိုရင် သူတို့ဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ နောက်မှာ ဘာနေရာလွတ်မှ မကျန်ရအောင် ကောင်းကောင်းကစားခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့နည်းဗျူဟာတွေက ဒီတပတ်မှာ အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ကျနော်သိနေတယ်။

ယူနိုက်တက် အသင်းအတွက် လီဗာပူးဟာ အင်အားကြီးလွန်းပြီး လျှင်မြန်လွန်းပါတယ်။ ဒါကြောင့် လီဗာပူးက သူတို့ကို သေချာပေါက် ကျရှုံးစေမယ်လို့ ကျနော်ထင်ပါတယ်။ စိုးရိမ်စရာက ဒီပွဲတွေမှာ သူတို့ နောက်ထပ် ကစားပုံတခုနဲ့ ကစားမလားဆိုတာ ကျနော်မသိဘူး။ အန်ဖီးမှာ အဲဗာတန် လုပ်ခဲ့သလိုမျိုး ဘောလုံးကို ထိန်းသိမ်းပြီး ကိုင်ကစားတာကို သူတို့လုပ်မှာမဟုတ်ပါဘူး။ ဒါက ဟိုဆေးမော်ရင်ညို အနေနဲ့ သူ့အသင်းကို တည်ဆောက်မယ့် ပုံစံမဟုတ်ဘူးလို့ ကျနော်ထင်တယ်။

ဖယ်လိုင်နီ၊ အန်ဒါဟာရဲရား၊ နီမန်ဂျာ မာတစ်တို့ကို ကွင်းလယ်ရဲ့ ဘယ်နေရာမှာ ကစားစေပြီး လီဗာပူးကို ရပ်တန့်အာင်လုပ်မလဲဆိုတာ မြင်ရနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက မန်စီးတီးနဲ့ ပွဲမှာသုံးခဲ့တဲ့ ကွင်းလယ်အတိုင်းဖြစ်ပြီး အဲ့ဒီ့မှာဘာဖြစ်ခဲ့လဲဆိုတာ ကြည့်လိုက်ပါ။ သူတို့ဟာ တဖက်အသင်းကို မယှဉ်နိုင်ပါဘူး ” လို့ ရပ်နပ်က ထောက်ပြပါတယ်။

မော်ရင်ညိုဟာ ဒီပွဲမတိုင်ခင်ထဲက ဖိအားတွေအောက် ရောက်နေခဲ့ပြီး တနင်္ဂနွေနေ့မှာ ယူနိုက်တက်တို့ နောက်တစ်ကြိမ် ထပ်ရံှူးခဲ့ရင် နည်းပြရာထူးက မရေရာတော့ဘူးလို့ ခံစားရကြောင်း ရပ်နပ်က ဆိုပါတယ်။

” ဒီလိုပွဲတွေဟာ ရာသီအဆုံးအဖြတ် ပေးတဲ့ပွဲမျိုးတွေပါပဲ။ ဒါက ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲတွေပါ။ တကယ်လို့ ယူနိုက်တက် နိုင်ခဲ့ရင် ‘ဝါး!အိုကေ..။ ငါတို့ ဒီလူကို အချိန်ထပ်ပေးသင့်တယ်။ သူက ဒါကို ပြောင်းလဲနိုင်တယ်’ ဆိုပြီး ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူတို့ရှုံးခဲ့ရင်တော့ အခြေအနေက တမုဟုတ်ချင်း ကြီးထွားသွားလိမ့်မယ်။ ဒီစမ်းသပ်မှုက အရမ်းကြီးမားပါလိမ့်မယ်။ ဟိုဆေးအတွက် ဒါတွေအားလုံးဟာ သေချာပေါက်ဖြစ်လာမှာပါ။

ရာသီအတွင်းမှာ မင်းအနေနဲ့ ပွဲတွေရံှူးနိင်တယ်။ မန်စီးတီးကို ရံှူးတာကို ပရိသတ်တွေ လက်ခံလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စီးတီးဟာ သူတို့ထက် သိသိသာသာ ပိုတိုးတက်နေလို့ပဲ။ ဒါပေမယ့် လီဗာပူးကို ရှူံးနိမ့်ရင်တော့ တကယ်ကို နာကျင်ရပါလိမ့်မယ်။ ယူနိုက်တက်ရဲ့ အဓိက ပြသနာက အခုချိန်မှာ ရွေးချယ်စရာ များများ ရှိမနေတာပဲ။

ပိုချက်တီနိုနဲ့ ပတ်သက်ပြီးတော့လဲ ပြောနေကြတယ်။ သူဟာ ယူနိုက်တက်အတွက် အသင့်တော်ဆုံးပါ။ ဒါပေမယ့် အခုချိန်မှာ တော့တင်ဟမ်ကို သူ စွန့်ခွာနိုင်မှာ မို့လို့လား? ဟိုဆေးအနေနဲ့ ရာထူးမှာ ဆက်မြဲနေဖို့က ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ”

Sports Home Time