ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကို ငြင်းပယ်ပြီး လီဗာပူးမှာ ပျော်နေတယ်ဆိုတဲ့ မာနေး

လီဗာပူးတိုက်စစ်သမား မာနေးက သူဟာ အန်ဖီးမှာ ပျော်ရွှင်ပါတယ်လို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြိုမှာ ထုတ်ပြောလာပြီး ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

အသက် 27 နှစ်အရွယ် တိုက်စစ်မှူးဟာ ဇီဒန်းအလိုရှိနေတဲ့ တိုက်စစ်သမားစာရင်းမှာ ဟာဇက်နဲ့အတူ ပါဝင်နေတာပါ။ လာမယ့် တနင်္ဂနွေနေ့မှာ စပါးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရဖို့ ရှိနေတဲ့ မာနေးဟာ မနှစ်တုန်းက ဗိုလ်လုပွဲမှာ ရီးရဲလ်ကို အရေးနိမ့်ခဲ့မှုအား တုန့်ပြန်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။

” အပြောင်းအရွှေ့ဆိုတာက ဘောလုံးရဲ့ အစိတ်အပိုင်းပါပဲ။ ဒီတော့ ကျနော်တို့ ဒါတွေကို ရင်ဆိုင်ဖို့လိုပါတယ်။ ကျနော်အတွက် အရေးကြီးကတော့ လီဗာပူးမှာ အရမ်းပျော်နေပါတယ်။ ရီးရဲလ်မက်ဒရစ်လို အသင်းက အလိုရှိတာက တကယ်ကို ကျေနပ်စရာပါ။ ဒါပေမယ့် မမေ့လိုက်ပါနဲ့ လီဗာပူးက အသင်းကြီးတွေကို အနိုင်ယူထားပါတယ်။

ကလပ်အသင်းအတွက်၊ အသင်းပရိသတ်တွေနဲ့ အသင်းသားတိုင်းအတွက် အရေးကြီးဆုံး ပွဲတွေထဲက တစ်ပွဲကို ပြင်ဆင်နေပါတယ်။ ဒီတော့ ဒီဗိုလ်လုပွဲကို အနိုင်ရအောင်ပဲ အာရုံစိုက်ကြရအောင်ပါ ” လို့ မာနေးက ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို ဖြေဆိုပေးခဲ့တာဖြစ်တယ်။

လီဗာပူးဟာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ မန်စီးတီးနဲ့ တစ်ရာသီလုံး ယှဉ်ပြိုင်လာခဲ့ပြီး ထိပ်ဆုံး ဂိုးသွင်းရှင်စာရင်းမှာတော့ မာနေးက တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ လီဗာပူးမှာ ပြသနေတဲ့ တောက်ပတဲ့ ပုံစံကောင်းတွေကြောင့် မာနေးဟာ အကောင်းဆုံး ဆုတွေအတွက် ရေပန်းစားမှုတွေမှာလည်း ပါဝင်လာခဲ့သူဖြစ်တယ်။

မာနေးကပဲ ” ကျနော်တို့မှာ ဦးတည်ချက်တွေ ရှိထားတာကို နားလည်ပါတယ်။ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို အနိုင်ရချင်တယ်။ ကျနော်တို့ အမှတ်ပေးဖလားကို အနိုင်မရခဲ့ပေမယ့် ဆုဖလားတစ်လုံးအတွက် ယှဉ်ပြိုင်ရဖို့ ရှိနေဆဲဖြစ်တယ်။ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။

အမှတ်ပေးဖလားကို အနိုင်ရဖို့ကို အလိုရှိပါတယ်။ ဒါပေမယ့် ကျန်ေတို့ အကောင်းမြင်မှုတွေ ယူဆောင်ဖို့လိုတယ်။ အဲ့တာက ကျနော်တို့ကို ပိုပြီးလုံ့ဆော်မှု ပေးပါတယ်။ ဒီတော့ အတူတကွကြိုးစားပြီး ချန်ပီယံလိဂ်ဖလားကို အနိုင်ရအောင် စွမ်းဆောင်ကြရအောင်ပါ ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time








Sports Home Time