နေမာနဲ့ ကော်တင်ညို၊ ဒမ်ဘီလီ အလဲအထပ် အပါအ၀င် ညနေခင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

[Zawgyi] ရာမို့စ်ရဲ့ တောင်းဆိုမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ဒီနွေမှာ စပိန်သား ခံစစ်မှူးအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုများ ရှိပါက ရောင်းချဖို့ လက်ခံစဉ်းစား သွားမယ်လို့ သိရပါတယ်။







ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အင်္ဂလန်လက်ရွေးစင် ၀က်စ်ဟမ်း ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်က အသင်းပြောင်းမယ် ဆိုတဲ့ သတင်းများကို ငြင်းဆန်လိုက်ပြီး ၄င်းဟာ ၀က်စ်ဟမ်းနဲ့ ၅ နှစ် စာချုပ် ချုပ်ထားတာ မကြာသေးကြောင်း ပြောဆိုလိုက်ပါတယ်။


ဂရစ္စမန်းဟာ ၄င်းကို ခေါ်ယူမယ့် ကိစ္စအပေါ် ဘာစီလိုနာ ကစားသမားများက မလိုလား ဖြစ်နေတယ်ဆိုတဲ့ သတင်းများကို မပျော်မရွှင် ဖြစ်နေပါတယ်။

Sports Home Time

[Unicode] ရာမို့စ်ရဲ့ တောင်းဆိုမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ဒီနွေမှာ စပိန်သား ခံစစ်မှူးအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုများ ရှိပါက ရောင်းချဖို့ လက်ခံစဉ်းစား သွားမယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်မှာ မပျော်ရွှင် ဖြစ်နေတဲ့ တိုက်စစ်သမား ဒိုင်ဘားလားအတွက် ပေါင် သန်း ၈၀ တန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အီတလီကလပ်ကတော့ ပေါင် သန်း ၁၀၀ နီးပါး ကမ်းလှမ်းမှုရသည် အထိ ကစားသမားကို ထိန်းထားဖို့ ကြံရွယ်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အေဂျက်ခံစစ်မှူး ဒီလစ်ကို ယူရို ၈၅ သန်းနဲ့ ဝင်ေ်ရာက် ကမ်းလှမ်းပြီး ဘာစီလိုနာကို ပြိုင်ဆိုင်ရန် ကြံရွယ်လာပါတယ်။ ဒီလစ်ကို အလိုရှိတဲ့ အသင်းတွေ အများအပြား ရှိနေပေမယ့် ကစားသမားကတော့ ဘာစီလိုနာဘက် အလေးသာနေတာပါ။

လက်စတာ ခံစစ်မှူး မက်ဂွဲယားက မန်ချက်စတာယူနိုက်တက်သို့ ပြောင်းမယ် ထွက်နေတဲ့ သတင်းများကို ငြင်းပယ်လိုက်ပြီး လက်ရှိ အချိန်မှာ အင်္ဂလန်အသင်း အတွက်ပဲ အာရုံစိုက်ထားကြောင်း ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ အဲဗာတန်မှာ အငှားလာကစားနေတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်ဒရီ ဂိုမက်စ်ကို ခေါ်ယူလိုလာပါတယ်။ ပွဲဦးထွက် ရာသီမှာတင် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ဂိုမက်စ်ကို အဲဗာတန်က အပြီးသတ် ခေါ်ယူလိုနေတဲ့ အပြင် စပါးကလည်း ကြိုးစားနေပါတယ်။

ဘာစီလိုနာက ဘရာဇီးတိုက်စစ်သမား နေမာကို ပီအက်စ်ဂျီထံမှ ပြန်လည် ခေါ်ယူဖို့ အတွက် ကော်တင်ညို ဒါမှမဟုတ် ဒမ်ဘီလီနဲ့ ငွေကြေး အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ကြ့ရွယ်နေပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ တိုက်စစ်သမား နေမာက ဒီနွေမှာ ဘာစီလိုနာသို့ ပြန်သွားဖို့ထက် ရီးရဲလ်မက်ဒရစ်ထံ သွားဖို့ ပိုနီးစပ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အင်္ဂလန်လက်ရွေးစင် ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်က အသင်းပြောင်းမယ် ဆိုတဲ့ သတင်းများကို ငြင်းဆန်လိုက်ပြီး ၎င်းဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ် စာချုပ် ချုပ်ထားတာ မကြာသေးကြောင်း ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်ပြောင်းဖွယ် ရှိနေတဲ့ ဂိုးသမား ဒီဂီယာနေရာ အစားထိုးဖို့အတွက် လိုင်လီ ဂိုးသမား မိုက်မက်ဂ်နန်ကို ပစ်မှတ်ထားလာပါတယ်။

ဂရစ္စမန်းဟာ ၎င်းကို ခေါ်ယူမယ့် ကိစ္စအပေါ် ဘာစီလိုနာ ကစားသမားများက မလိုလား ဖြစ်နေတယ်ဆိုတဲ့ သတင်းများကို မပျော်မရွှင် ဖြစ်နေပါတယ်။

Sports Home Time