ခ်ယ္ဆီး vs အာဆင္နယ္ | ယူရိုပါလိဂ္ ဗိုလ္လုပြဲအား နည္းစနစ္ပိုင္းဆိုင္ရာ သံုးသပ္ျခင္း

အျပာေရာင္အသင္းျဖစ္တဲ့ ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားျပီျဖစ္ျပီး ဆာရီရဲ႕ ပထမဆံုးေသာ ဆုဖလား ေအာင္ျမင္မႈအျဖစ္ ယူရိုပါလိဂ္ဖလား အႏုိင္ရဖို႔ ရည္ရြယ္ေနတာပါ။ အနီေရာင္အသင္းျဖစ္တဲ့ အာဆင္နယ္ကိုေတာ့ ယူရိုပါလိဂ္ဖလား သံုးၾကိမ္အႏုိင္ရ အမ္မရီက ဦးေဆာင္ျပီး ခ်န္ပီယံဘြဲနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရလိုေနတာျဖစ္တယ္။

အမ္မရီဟာ ဆီးဗီးလာအသင္းမွာ ယူရိုပါလိဂ္ဖလားကို အေတြ႔အၾကံဳေတြ ရင့္က်က္ထားျပီး ဒီႏွစ္သင္းဟာ ပရီးမီးယားလိဂ္မွာ ျပိဳင္ပြဲမွာ ထိပ္တိုက္ေတြ႔ဆံုဖူးၾကသလို အဓိက ကစားသမာေးတြ မပါပဲယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ေနာက္ျပီး ဘာကူဟာ အဂၤလန္မွာနဲ႔ မတူညီတဲ့ အားေပးမႈအေငြ႔အသက္ေတြ ရွိပါလိမ့္မယ္။

ယူရိုပါလိဂ္ျပိဳင္ပြဲမွာ ႏွစ္သင္းဟာ ဘယ္လိုနည္းစနစ္ေတြ က်င့္သံုးလာမလဲ? အရင္ေတြ႔ဆံုမႈေတြကေကာ ဘယ္လိုျဖစ္ခဲ့လဲ? ဒါေတြကို ေလ့လာၾကည့္မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္း လူစာရင္းက ဘယ္လိုလဲ

ခ်ယ္ဆီးကြင္းလယ္လူ ကန္တီဟာ ဒူးဒဏ္ရာရေနခဲ့ျပီး ဗိုလ္လုပြဲမွာ ပါဝင္ဖို႔က 50-50 အေနအထားျဖစ္ပါတယ္။ ေလာ့တပ္ခ်ိစ္ ပါဝင္ဖို႔မရွိတာေၾကာင့္ သူတို႔ႏွစ္ဦးေနရာ ကိုဗာဆစ္နဲ႔ ဘာကေလတို႔ ပါဝင္လာႏုိင္ပါတယ္။ ကန္တီကို လက္လြတ္ရျခင္းဟာ ခ်ယ္ဆီးအတြက္ ၾကီးမားတဲ့ ဆံုးရံွဴးမႈပါ။ ပရီးမီးယားလိဂ္ပြဲေတြမွာ ကိုဗာဆစ္ထက္ တိုက္စစ္၊ ခံစစ္ ေတာင္းဆိုခံရမႈ မ်ားျပားသလို ေဘာလံုး ပိုင္ဆိုင္ထားခ်ိန္နဲ႔ ေဘာလံုးမရွိခ်ိန္ေတြမွာ ကိုဗာဆစ္ထက္ လႊမ္းမိုးမႈ ၾကီးမားသူျဖစ္တယ္။

ဘာကေလဟာ ေလာ့တပ္ခ်ိစ္ေနရာ အစားဝင္လာမွာပါ။ ဆာရီရဲ႕ ကြင္းလယ္လုပ္ေဆာင္မႈမွာ ေလာ့တပ္ခ်ိစ္က ေဘာလံုးကို ပိုၾကာၾကာ ကိုင္ထားႏုိင္တယ္၊ အလွိမ္အေခါက္ေတြ ပိုလုပ္ႏုိင္စြမ္းရွိျပီး တိုက္စစ္ပိုင္း ပိုထက္ျမက္တယ္။ ဘာကေလကေတာ့ အခြင့္အေရးေတြ ဖန္တီးေပးႏုိင္ျပီး ရုပ္ပိုင္းဆိုင္ရာ ပိုမိုေပါက္ကြဲႏုိင္စြမ္းရွိတယ္။ ဘာကေလဟာ ျပိဳင္ဘက္ရဲ႕ ေကာင္တာတိုက္စစ္ေတြကို ဟန္႕တားဖို႔ရာ ျဖတ္ထုတ္မႈနဲ႔ ျပစ္ဒဏ္က်ဴးလြန္ဖို႔ေတြကိုလည္း လုပ္ေဆာင္ႏုိင္စြမ္း ရွိပါတယ္။

ဆာရီဟာ တစ္ရာသီလံုးမွာ ကြင္းလယ္ သံုးေယာက္တန္းကိုပဲ အဓိက အသံုးျပဳတဲ့ သ႑န္ကို မေျပာင္းလဲခဲ့ပါဘူး။ ခံစစ္ကာကြယ္ေနခ်ိန္မွာ ေတာင္ပံသမားေတြက ခပ္ျမင့္ျမင္မွာေနျပီး တုိက္စစ္ကို ျဖန္႔ထားမယ္။ ကြင္းလယ္တိုက္စစ္သမားေတြက ျပိဳင္ဘက္ကို ၄င္းတို႔ရဲ႕ ဂိုးဧရိယာထိေရာက္ေအာင္ ဖိအားတက္ေပးမယ္။ တိုက္စစ္ဆင္ခ်ိန္မွာေတာ့ ေတာင္ပံသမားေတြက အေထာင္တိုက္စစ္ေနရာေတြကို ဝင္ေရာက္လာျပီး အလြန္ဆိုနဲ႔ ကီြတာတို႔က အစြန္ေတြကေန တိုက္စစ္လိုက္ပါပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ကြင္းလယ္ရဲ႕ အေျခခံအုတ္ျမစ္ျဖစ္ျပီး ကစားရွိန္ အတင္၊ အခ်ကို ေပးမႈေတြနဲ႔ ထိန္းညိေပးရကာ ကြင္းထဲမွာ ေဘာလံုးထိခ်က္ အမ်ားဆံုး ကစားသမားလည္းျဖစ္တယ္။ ေဂ်ာ္ဂ်င္ဟိုရဲ႕ အဓိက အလုပ္ကေတာ့ ေပးမႈေတြ အဆက္မျပတ္လုပ္ျခင္းနဲ႔ တိုက္စစ္လမ္းေၾကာင္း ပြင့္ေစဖို႔ျဖစ္တယ္။

လူတိုင္းက ေမးခြန္းတစ္ခုလုပ္ၾကတာရွိတယ္။ ဒီရာသီမွာ ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္ေတာင္မွ မလုပ္ႏုိင္ပဲ ခံစစ္ေၾကာင္းရဲ႕ေရွ႔မွာ ရုပ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ရွိတဲ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ ခံစစ္အားနည္းမႈကို ေဝဖန္ၾကေပမယ့္ ကန္တီကို ဘာလို႔မ်ား ခံစစ္ကို တြဲဘက္ တာဝန္ယူခြင့္မျပဳလဲလို႔ျဖစ္တယ္။ တစ္ခုတည္းေသာ ျဖစ္ႏုိင္ေခ်က ကြင္းလယ္ကို double pivot ထားကစားမယ္ဆိုရင္ ေဘာလံုးဟာ ဆာရီအလိုရွိသလို မွန္မွန္နဲ႔ ျမန္ျမန္ ေပးႏုိင္မွာ မဟုတ္လို႔ပါပဲ။ ဆာရီဟာ သူ႔ရဲ႕အသင္း ကစားကြက္ကို သံုးပြင့္ဆိုင္ေပးမႈေတြနဲ႔ တည္ေဆာက္ထားတာျဖစ္တယ္။

အကယ္လို ကန္တီနဲ႔ ေဂ်ာ္ဂ်င္ဟိုကို ကြင္းလယ္မွာ double pivot ထားမယ္ဆိုရင္ ခ်ယ္ဆီးရဲ႕ ဖိအားေပးကစားဟန္ဟာ ျပိဳင္ဘက္ကို ဖိအားေပးဖို႔ရာ ခက္ခဲသြားမွာျဖစ္ျပီး ျပိဳင္ဘက္အသင္းကို ေနာက္ျပန္ေပးမႈနဲ႔ ေဘးထိုးေပးမႈေတြကို ခပ္လြယ္လြယ္ျပဳလုပ္ေစဖို႔ အခြင့္အေရးေတြ ရသြားေစပါမယ္။

အာဆင္နယ္ရဲ႕ လူစာရင္းက ဘယ္လိုလဲ

အူႏုိင္းအမ္မရီဟာ ဒီရာသီမွာ ခံစစ္ေလးေယာက္တန္းေကာ၊ သံုးေယာက္တန္းေကာ ထားကစားပါတယ္။ 4-2-3-1 ကစားကြက္နဲ႔ ကစားတဲ့ပြဲမွာ ခ်ယ္ဆီးကို 3-2 နဲ႔ အေရးနိမ့္ခဲ့ျပီး 4-4-2 စိန္ပြင့္ပံုစံ ကစားကြက္နဲ႔ေတာ့ 2-0 နဲ႔ အႏိုင္ရခဲ့တာျဖစ္တယ္။

ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာေတာ့ အမ္မရီဟာ တိုက္စစ္ႏွစ္ဦးတြဲကို ေသခ်ာေပါက္ အသံုးျပဳမွာျဖစ္ျပီး ရမ္ေဆးနဲ႔ မီခီတာရန္လို ကစားသမားေတြ မပါဝင္ခ်ိန္မွာ 3-4-1-2 ကစားကြက္ကို အသံုးျပဳဖို႔ မ်ားပါတယ္။ လာကာဇက္နဲ႔ အူဘာတို႔ကို တြဲသံုးတာက အမ္မရီအတြက္ အေကာင္းဆံုး ေရြးခ်ယ္မႈျဖစ္ျပီး က်န္ အသင္းသားေတြက တုိက္စစ္အတြဲကို ဝန္းရံကာ ကစားၾကမွာျဖစ္တယ္။

တိုက္စစ္ႏွစ္ဦးတြဲအျဖစ္ စထြက္လာျခင္းထက္ တိုက္စစ္သမားတစ္ဦးက အစြန္ကို ထြက္ကစားေစတာနဲ႔ တုိက္စစ္သမားတစ္ဦးက ကြင္းလယ္ဖန္တီးရွင္ေနရာကို ဆင္းကစားေစတာမ်ိဳးကို ျမင္ရဖို႔ရွိပါမယ္။ အူဘာမီယန္ဟာ ကစားကြက္တည္ေဆာက္မႈေတြမွာ ပါဝင္ဖုိ႔မရွိပဲ ထိခ်က္အနည္းငယ္ ျပဳလုပ္ျပီး အရွိန္ေကာင္းရွိတဲ့ ဂါဘြန္တိုက္စစ္မွဴးအတြက္ လာကာဇက္တီက အတြင္းကို ဆင္းကစားေပးတာမ်ိဳး ျဖစ္ႏုိင္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကစားဟန္နဲ႔ စိန္ပြင့္ပံု ကစားကြက္ေတြမွာ အထိုင္က ဇာခါျဖစ္တယ္။ ေဘးတစ္ဘက္ေတြမွာ ဂူရန္ေဒါင္ဇီနဲ႔ ေတာ္ရဲရားတို႔ကို ကြင္းလယ္ ႏွစ္ေယာက္တန္းအျဖစ္ထားကာ၊ ခံစစ္အတြက္ ကာကြယ္ဖုိ႔ေကာ ေဘာလံုးအတိုေပးမႈေတြကို သက္ေသာင့္သက္သာ မလုပ္ေစဖို႔ ေျပးလႊား ျဖတ္ထုတ္ရာမွာပါ အသံုးျပဳဖို႔ ရွိေနတယ္။

အမ္မရီရဲ႕ တိုက္စစ္ နံပါတ္ 10 ေနရာမွာ ရမ္ေဆးက အရမ္းကို ထူးခၽြန္ထားပါတယ္။ ဒါေပမယ့္ ဗိုလ္လုပြဲမွာ ဒဏ္ရာေၾကာင့္ သူမပါႏုိင္သလို မီခီတာရန္ကလည္း ဘာကူကို လိုက္မလာႏုိင္ပါဘူး။ အမ္မရီဟာ အီဝိုဘီနဲ႔ အိုေဇးကိုပဲ ကြင္းလယ္နဲ႔ တိုက္စစ္ၾကား ခ်ိတ္ဆက္သူအျဖစ္ အသံုးျပဳရဖို႔ျဖစ္ျပီး ဂ်ာမန္သားဟာ သူ႔အေပၚမွာ လူေတြျမင္တယ္ဆိုတာ မွားယြင္းတယ္ဆိုတာကို သက္ေသျပႏုိင္မလားက စိတ္ဝင္စားစရာပါပဲ။

ဗိုလ္လုပြဲမွာ အမွားတစ္ခ်က္ဟာ ရလဒ္ကို အဆံုးအျဖတ္ ေပးသြားႏုိင္ပါတယ္။ အုိေဇးဟာ အခြင့္အေရးေတြ ဖန္တီးႏုိင္စြမ္း ရွိေပမယ့္ စိတ္ပ်က္စရာ ရာသီတစ္ခုကို ပိုင္ဆိုင္ထားတာပါ။ ရမ္ေဆးနဲ႔ အိုေဇးၾကားမွာ အဓိက ကြာျခားမႈက ရမ္ေဆးက ေဘာလံုးကို ျပန္ရယူျပီး ေကာင္တာတိုက္စစ္ေတြကို ျပန္စဖို႔ရာ ဂ်ာမန္သားထက္ စိတ္ဆႏၵျပင္းျပစြာ အားထုတ္မႈ သာလြန္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုကို ဖိအားေပးမႈ

ျပီးခဲ့တဲ့ ထိပ္တိုက္ေတြ႔မႈ ႏွစ္ၾကိမ္မွာ အာဆင္နယ္ဟာ ခ်ယ္ဆီးအသင္းကို ျပိဳင္ဘက္ဧရိယာထိပ္မွာတင္ ဖိအားေပး ကစားတာမ်ိဳး ျမင္ခဲ့ရတယ္။ ဗိုလ္လုပြဲမွာ ဒီတာဝန္ကို အိုေဇးက ရယူရမွာပါ။ ေဘာလံုးကို ျပန္ရယူဖို႔ရာ ဖိအားေပးမႈ၊ ရန္လိုမႈေတြနဲ႔ ကြင္းတစ္ဘက္ျခမ္းကို လႊမ္းျခံဳကစားရမွာျဖစ္တယ္။

အာဆင္နယ္ရဲ႔ ကြင္းလယ္ နံပါတ္ 10 ေနရာကို မည္သူတာဝန္ယူသည္ျဖစ္ေစ ခ်ယ္ဆီးရဲ႕ ေပးမႈေတြမွာ အဓိကက်တဲ့ ေဂ်ာ္ဂ်င္ဟိုကို ျဖတ္ေတာက္ရပါမယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ဖိအားေပးခံရတဲ့ အေနအထားမွာ အတိုေပးေတြပဲ အဓိက လုပ္ႏုိင္ျပီး အာဆင္နယ္ဘက္က ယွဥ္ျပိဳင္သူဟာ သူ႔ရဲ႕ေပးဟန္ကို ဖတ္ႏုိင္စြမ္းရွိဖို႔ လိုပါတယ္။ ရမ္ေဆးဟာ အဲ့သည္အပိုင္းမွာ ထူးခၽြန္သူျဖစ္တယ္။

ေဂ်ာ္ဂ်င္ဟိုရဲ႕ ျပႆနာကို ဆာရီက လူးဝစ္နဲ႔ ဘယ္လိုေျဖရွင္းသလဲ

ဆာရီဟာ သူ႔ရဲ႕ကစားကြက္မွာ ေဂ်ာ္ဂ်င္ဟိုနဲ႔ အဓိက တည္ေဆာက္ေပမယ့္ အီတလီသား အေကာင္းဆံုး မစြမ္းႏုိင္ခ်ိန္မွာ ေနာက္ထပ္ လွည့္စားမႈတစ္ခုအျဖစ္ လူးဝစ္ရဲ႕ အေဝးေပးမႈ စြမ္းရည္ေကာင္းကို အသံုးခ်ေလ့ရွိတယ္။ လူးဝစ္ဟာ ခံစစ္တန္းရဲ႕ ဘယ္ျခမ္းကို တာဝန္ယူသူျဖစ္ျပီး သူဟာ ခ်ယ္ဆီးတိုက္စစ္ရဲ႕ ညာျခမ္းေတာင္ပံေတြကို အေဝးေဘာေတြနဲ႔ အဓိက ေထာက္ပံ့သူတစ္ဦးျဖစ္တယ္။

အကယ္လို႔ ျပိဳင္ဘက္က ေဂ်ာ္ဂ်င္ဟိုကို လူကပ္တဲ့အခါ ေဂ်ာ္ဂ်င္ဟိုက အတိုေပးနဲ႔ ရုန္းထြက္ဖုိ႔ ၾကိဳးစားတတ္သလို လူးဝစ္ကလည္း သူကိုယ္တိုင္ တိုက္စစ္ေပးမႈေတြနဲ႔ ေရွ႔မွာ ျဖန္႔ကစားေနတဲ့ ေတာင္ပံသမားေတြကို ေဘာလံုးေပးႏုိင္ပါတယ္။ အကယ္လို႔ ျပိဳင္ဘက္က လူးဝစ္ကို လူကပ္လာရင္ေတာ့ ေဂ်ာ္ဂ်င္ဟိုက လူကပ္ျခင္းကေန လြတ္ေအာင္ ရုန္းထြက္ထားေလ့ရွိတယ္။

ဘာလို႔ အာဆင္နယ္က ခံစစ္သံုးေယာက္တန္း ကစားႏုိင္သလဲ

အာဆင္နယ္မွာ သံုးလိုရေနတဲ့ တစ္ဦးတည္းေသာ ညာအစြန္လူကေတာင္ ညာအစြန္သမားစစ္စစ္ မဟုတ္ပါဘူး။ သူက ဟာဇက္ကို ဟန္႔တားဖို႔ဆိုတာက အခက္အခဲတစ္ခုပါ။ အကယ္လို႔ မစ္လန္ေနးကို ညာအစြန္မွာ ထားမယ္ဆိုရင္ ဟာဇက္နဲ႔ ထိပ္တိုက္ေတြ႔ေစဖို႔က မမွ်တပါဘူး။ ဘယ္လာရင္ဆိုရင္ေတာ့ ဟာဇက္ကို ထိန္းဖို႔ လိုက္မွီႏုိင္ေပမယ့္ သူက ပါဝင္ကစားႏုိင္မွာ မဟုတ္ဘူး။ ၾသဂုတ္လတုန္းက ခ်ယ္ဆီးက အာဆင္နယ္ကို 3-2 နဲ႔ ႏိုင္ခဲ့စဥ္မွာ အာဆင္နယ္ ခံစစ္ေလးေယာက္တန္းက ညာအစြန္နဲ႔ ညာျခမ္းခံစစ္ၾကားကို ဟာဇက္က ေနရာလြတ္ေတြ ဖန္တီးခဲ့ျပီး ဒုကၡေပးခဲ့တာျဖစ္တယ္။

ဗိုလ္ုလပြဲမွာ အာဆင္နယ္က သံုးေယာက္တန္း ကစားမယ္ဆိုရင္ ညာျခမ္းခံစစ္သမားနဲ႔ ဗဟိုခံစစ္သမားက ပိုနီးသြားမွာျဖစ္ျပီး ညာျခမ္းကြင္းလယ္လူ ေတာ္ရဲရားက ဝင္ေရာက္အားျဖည့္ကာ ကစားႏုိင္မွာပါ။ သံုးေယာက္တန္း ကစားမယ္ဆိုရင္ ဟာဇက္ကို တစ္ဦးခ်င္းထက္ ႏွစေ္ယာက္တစ္ေယာက္ အေနအထားနဲ႔ ရင္ဆုိင္ႏုိင္မွာျဖစ္တယ္။ ဆာရီဟာ ဟာဇက္ကို တိုက္စစ္အတြက္ အဓိက အသံုးျပဳလို႔ အမ္မရီက ဟာဇက္ကိုထိန္းဖို႔ ကစားသမား တစ္ဦးထက္ ပိုသံုးဖို႔ အဆင္ေျပမယ့္ ခံစစ္ သံုးေယာက္တန္းကို ထုတ္သံုးဖို႔ ဆံုးျဖတ္လာႏုိင္တာျဖစ္တယ္။

ခ်ယ္ဆီးဘက္က ေကာင္တာတိုက္စစ္ကစားဖို႔ရာ ဟာဇက္ေနာက္မွာ အလြန္ဆိုကို လိုက္ပါေစတာျဖစ္ျပီး ေတာင္ပံကေန ဟာဇက္ဟာ အတြင္းကိုဝင္ျပီး အလြန္ဆိုကို ေတာင္ပံအား လြဲေပးကာ မူစတာဖီနဲ႔ တစ္ဦးခ်င္း ယွဥ္ဆိုင္မွာျဖစ္တယ္။ တကယ္ကို ဒုကၡၾကီးေတြက အဲ့သည္မွာ စျဖစ္သြားႏုိင္ပါတယ္။

အာဆင္နယ္ရဲ႕ တည္ကန္ေဘာ ထူးခၽြန္မႈ

ခ်ယ္ဆီးကို ဂန္းနားတို႔ အႏုိင္ယူခဲ့စဥ္ သြင္းယူခဲ့တဲ့ ႏွစ္ဂိုးလံုးက တည္ကန္ေဘာကေန လာတာျဖစ္တယ္။ အာဆင္နယ္ဟာ ေခါင္းတိုက္ေကာင္းတဲ့ ခံစစ္သမားေတြေကာ ေမႊေႏွာက္ကစားႏုိင္တဲ့ တုိက္စစ္သမားေတြေကာ ဧရိယာထဲ ေရာထည့္ထားေလ့ရွိတယ္။

ခ်ယ္ဆီးအသင္းသားေတြက ခံစစ္သမားေတြကို အားျပဳခဲ့စဥ္ တုိက္စစ္သမား လာကာဇက္တီက အဆံုးသတ္ခဲ့ျပီး ခံစစ္သမားေတြကလည္း သူတို႔ကို အျမင့္ေဘာ မတားဆီးႏုိင္တဲ့ ခ်ယ္ဆီးခံစစ္က ကြင္းလယ္လူေတြထံ ေျပးဝင္ထားေလးရွိတာကို အရင္ပြဲေတြမွာ ျမင္ခဲ့ရပါတယ္။ အဲ့သည္လို အေနအထားကပဲ ကိုစီရယ္နီဟာ ခ်ယ္ဆီးခံစစ္ကို ဒုကၡေပးခဲ့ပါတယ္။

မန္ေနဂ်ာ ႏွစ္ဦးလံုးဟာ ကိုယ္ပိုင္ အခက္အခဲေတြရွိထားသလို ႏွစ္ဦးလည္းကလည္း ဟာဇက္၊ အူဘာမီယန္တို႔လို တုိက္စစ္သမားေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ ဒီရာသီ ထိပ္တိုက္ေတြမႈေတြမွာ အေကာင္းဆံုး နည္းစနစ္ေတြကိုလည္း အသံုးျပဳခဲ့ၾကတဲ့ ဒီႏွစ္သင္းမွာ ခ်ယ္ဆီးက ခ်န္ပီယံလိဂ္ဝင္ခြင့္ရထားလို႔ ဖိအားနည္းေနျပီး အာဆင္နယ္ကေတာ့ ဒီျပိဳင္ပြဲအတြက္ အေတြ႔အၾကံဳရင့္တဲ့ အမ္မရီကို ရရွိထားတဲ့ အားသာခ်က္ကိုယ္စီ ရွိေနတာလည္း ျဖစ္ပါတယ္။

Sports Home Time

[Unicode] အပြာရောင်အသင်းဖြစ်တဲ့ ချယ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပြီဖြစ်ပြီး ဆာရီရဲ့ ပထမဆုံးသော ဆုဖလား အောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ဖလား အနိုင်ရဖို့ ရည်ရွယ်နေတာပါ။ အနီရောင်အသင်းဖြစ်တဲ့ အာဆင်နယ်ကိုတော့ ယူရိုပါလိဂ်ဖလား သုံးကြိမ်အနိုင်ရ အမ်မရီက ဦးဆောင်ပြီး ချန်ပီယံဘွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရလိုနေတာဖြစ်တယ်။

အမ်မရီဟာ ဆီးဗီးလာအသင်းမှာ ယူရိုပါလိဂ်ဖလားကို အတွေ့အကြုံတွေ ရင့်ကျက်ထားပြီး ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ဆုံဖူးကြသလို အဓိက ကစားသမာေးတွ မပါပဲယှဉ်ပြိုင်ရမှာဖြစ်တယ်။ နောက်ပြီး ဘာကူဟာ အင်္ဂလန်မှာနဲ့ မတူညီတဲ့ အားပေးမှုအငွေ့အသက်တွေ ရှိပါလိမ့်မယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ နှစ်သင်းဟာ ဘယ်လိုနည်းစနစ်တွေ ကျင့်သုံးလာမလဲ? အရင်တွေ့ဆုံမှုတွေကကော ဘယ်လိုဖြစ်ခဲ့လဲ? ဒါတွေကို လေ့လာကြည့်မှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်း လူစာရင်းက ဘယ်လိုလဲ

ချယ်ဆီးကွင်းလယ်လူ ကန်တီဟာ ဒူးဒဏ်ရာရနေခဲ့ပြီး ဗိုလ်လုပွဲမှာ ပါဝင်ဖို့က 50-50 အနေအထားဖြစ်ပါတယ်။ လော့တပ်ချိစ် ပါဝင်ဖို့မရှိတာကြောင့် သူတို့နှစ်ဦးနေရာ ကိုဗာဆစ်နဲ့ ဘာကလေတို့ ပါဝင်လာနိုင်ပါတယ်။ ကန်တီကို လက်လွတ်ရခြင်းဟာ ချယ်ဆီးအတွက် ကြီးမားတဲ့ ဆုံးရံှူးမှုပါ။ ပရီးမီးယားလိဂ်ပွဲတွေမှာ ကိုဗာဆစ်ထက် တိုက်စစ်၊ ခံစစ် တောင်းဆိုခံရမှု များပြားသလို ဘောလုံး ပိုင်ဆိုင်ထားချိန်နဲ့ ဘောလုံးမရှိချိန်တွေမှာ ကိုဗာဆစ်ထက် လွှမ်းမိုးမှု ကြီးမားသူဖြစ်တယ်။

ဘာကလေဟာ လော့တပ်ချိစ်နေရာ အစားဝင်လာမှာပါ။ ဆာရီရဲ့ ကွင်းလယ်လုပ်ဆောင်မှုမှာ လော့တပ်ချိစ်က ဘောလုံးကို ပိုကြာကြာ ကိုင်ထားနိုင်တယ်၊ အလှိမ်အခေါက်တွေ ပိုလုပ်နိုင်စွမ်းရှိပြီး တိုက်စစ်ပိုင်း ပိုထက်မြက်တယ်။ ဘာကလေကတော့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ပိုမိုပေါက်ကွဲနိုင်စွမ်းရှိတယ်။ ဘာကလေဟာ ပြိုင်ဘက်ရဲ့ ကောင်တာတိုက်စစ်တွေကို ဟန့်တားဖို့ရာ ဖြတ်ထုတ်မှုနဲ့ ပြစ်ဒဏ်ကျူးလွန်ဖို့တွေကိုလည်း လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

ဆာရီဟာ တစ်ရာသီလုံးမှာ ကွင်းလယ် သုံးယောက်တန်းကိုပဲ အဓိက အသုံးပြုတဲ့ သဏ္ဍန်ကို မပြောင်းလဲခဲ့ပါဘူး။ ခံစစ်ကာကွယ်နေချိန်မှာ တောင်ပံသမားတွေက ခပ်မြင့်မြင်မှာနေပြီး တိုက်စစ်ကို ဖြန့်ထားမယ်။ ကွင်းလယ်တိုက်စစ်သမားတွေက ပြိုင်ဘက်ကို ၎င်းတို့ရဲ့ ဂိုးဧရိယာထိရောက်အောင် ဖိအားတက်ပေးမယ်။ တိုက်စစ်ဆင်ချိန်မှာတော့ တောင်ပံသမားတွေက အထောင်တိုက်စစ်နေရာတွေကို ဝင်ရောက်လာပြီး အလွန်ဆိုနဲ့ ကွီတာတို့က အစွန်တွေကနေ တိုက်စစ်လိုက်ပါပါတယ်။

ဂျော်ဂျင်ဟိုဟာ ကွင်းလယ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး ကစားရှိန် အတင်၊ အချကို ပေးမှုတွေနဲ့ ထိန်းညိပေးရကာ ကွင်းထဲမှာ ဘောလုံးထိချက် အများဆုံး ကစားသမားလည်းဖြစ်တယ်။ ဂျော်ဂျင်ဟိုရဲ့ အဓိက အလုပ်ကတော့ ပေးမှုတွေ အဆက်မပြတ်လုပ်ခြင်းနဲ့ တိုက်စစ်လမ်းကြောင်း ပွင့်စေဖို့ဖြစ်တယ်။

လူတိုင်းက မေးခွန်းတစ်ခုလုပ်ကြတာရှိတယ်။ ဒီရာသီမှာ ဂိုးထောက်ပံ့မှု တစ်ကြိမ်တောင်မှ မလုပ်နိုင်ပဲ ခံစစ်ကြောင်းရဲ့ရှေ့မှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိတဲ့ ဂျော်ဂျင်ဟိုရဲ့ ခံစစ်အားနည်းမှုကို ဝေဖန်ကြပေမယ့် ကန်တီကို ဘာလို့များ ခံစစ်ကို တွဲဘက် တာဝန်ယူခွင့်မပြုလဲလို့ဖြစ်တယ်။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ကွင်းလယ်ကို double pivot ထားကစားမယ်ဆိုရင် ဘောလုံးဟာ ဆာရီအလိုရှိသလို မှန်မှန်နဲ့ မြန်မြန် ပေးနိုင်မှာ မဟုတ်လို့ပါပဲ။ ဆာရီဟာ သူ့ရဲ့အသင်း ကစားကွက်ကို သုံးပွင့်ဆိုင်ပေးမှုတွေနဲ့ တည်ဆောက်ထားတာဖြစ်တယ်။

အကယ်လို ကန်တီနဲ့ ဂျော်ဂျင်ဟိုကို ကွင်းလယ်မှာ double pivot ထားမယ်ဆိုရင် ချယ်ဆီးရဲ့ ဖိအားပေးကစားဟန်ဟာ ပြိုင်ဘက်ကို ဖိအားပေးဖို့ရာ ခက်ခဲသွားမှာဖြစ်ပြီး ပြိုင်ဘက်အသင်းကို နောက်ပြန်ပေးမှုနဲ့ ဘေးထိုးပေးမှုတွေကို ခပ်လွယ်လွယ်ပြုလုပ်စေဖို့ အခွင့်အရေးတွေ ရသွားစေပါမယ်။

အာဆင်နယ်ရဲ့ လူစာရင်းက ဘယ်လိုလဲ

အူနိုင်းအမ်မရီဟာ ဒီရာသီမှာ ခံစစ်လေးယောက်တန်းကော၊ သုံးယောက်တန်းကော ထားကစားပါတယ်။ 4-2-3-1 ကစားကွက်နဲ့ ကစားတဲ့ပွဲမှာ ချယ်ဆီးကို 3-2 နဲ့ အရေးနိမ့်ခဲ့ပြီး 4-4-2 စိန်ပွင့်ပုံစံ ကစားကွက်နဲ့တော့ 2-0 နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ အမ်မရီဟာ တိုက်စစ်နှစ်ဦးတွဲကို သေချာပေါက် အသုံးပြုမှာဖြစ်ပြီး ရမ်ဆေးနဲ့ မီခီတာရန်လို ကစားသမားတွေ မပါဝင်ချိန်မှာ 3-4-1-2 ကစားကွက်ကို အသုံးပြုဖို့ များပါတယ်။ လာကာဇက်နဲ့ အူဘာတို့ကို တွဲသုံးတာက အမ်မရီအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး ကျန် အသင်းသားတွေက တိုက်စစ်အတွဲကို ဝန်းရံကာ ကစားကြမှာဖြစ်တယ်။

တိုက်စစ်နှစ်ဦးတွဲအဖြစ် စထွက်လာခြင်းထက် တိုက်စစ်သမားတစ်ဦးက အစွန်ကို ထွက်ကစားစေတာနဲ့ တိုက်စစ်သမားတစ်ဦးက ကွင်းလယ်ဖန်တီးရှင်နေရာကို ဆင်းကစားစေတာမျိုးကို မြင်ရဖို့ရှိပါမယ်။ အူဘာမီယန်ဟာ ကစားကွက်တည်ဆောက်မှုတွေမှာ ပါဝင်ဖို့မရှိပဲ ထိချက်အနည်းငယ် ပြုလုပ်ပြီး အရှိန်ကောင်းရှိတဲ့ ဂါဘွန်တိုက်စစ်မှူးအတွက် လာကာဇက်တီက အတွင်းကို ဆင်းကစားပေးတာမျိုး ဖြစ်နိုင်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားဟန်နဲ့ စိန်ပွင့်ပုံ ကစားကွက်တွေမှာ အထိုင်က ဇာခါဖြစ်တယ်။ ဘေးတစ်ဘက်တွေမှာ ဂူရန်ဒေါင်ဇီနဲ့ တော်ရဲရားတို့ကို ကွင်းလယ် နှစ်ယောက်တန်းအဖြစ်ထားကာ၊ ခံစစ်အတွက် ကာကွယ်ဖို့ကော ဘောလုံးအတိုပေးမှုတွေကို သက်သောင့်သက်သာ မလုပ်စေဖို့ ပြေးလွှား ဖြတ်ထုတ်ရာမှာပါ အသုံးပြုဖို့ ရှိနေတယ်။

အမ်မရီရဲ့ တိုက်စစ် နံပါတ် 10 နေရာမှာ ရမ်ဆေးက အရမ်းကို ထူးချွန်ထားပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့် သူမပါနိုင်သလို မီခီတာရန်ကလည်း ဘာကူကို လိုက်မလာနိုင်ပါဘူး။ အမ်မရီဟာ အီဝိုဘီနဲ့ အိုဇေးကိုပဲ ကွင်းလယ်နဲ့ တိုက်စစ်ကြား ချိတ်ဆက်သူအဖြစ် အသုံးပြုရဖို့ဖြစ်ပြီး ဂျာမန်သားဟာ သူ့အပေါ်မှာ လူတွေမြင်တယ်ဆိုတာ မှားယွင်းတယ်ဆိုတာကို သက်သေပြနိုင်မလားက စိတ်ဝင်စားစရာပါပဲ။

ဗိုလ်လုပွဲမှာ အမှားတစ်ချက်ဟာ ရလဒ်ကို အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။ အိုဇေးဟာ အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်း ရှိပေမယ့် စိတ်ပျက်စရာ ရာသီတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ ရမ်ဆေးနဲ့ အိုဇေးကြားမှာ အဓိက ကွာခြားမှုက ရမ်ဆေးက ဘောလုံးကို ပြန်ရယူပြီး ကောင်တာတိုက်စစ်တွေကို ပြန်စဖို့ရာ ဂျာမန်သားထက် စိတ်ဆန္ဒပြင်းပြစွာ အားထုတ်မှု သာလွန်ပါတယ်။

ဂျော်ဂျင်ဟိုကို ဖိအားပေးမှု

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့မှု နှစ်ကြိမ်မှာ အာဆင်နယ်ဟာ ချယ်ဆီးအသင်းကို ပြိုင်ဘက်ဧရိယာထိပ်မှာတင် ဖိအားပေး ကစားတာမျိုး မြင်ခဲ့ရတယ်။ ဗိုလ်လုပွဲမှာ ဒီတာဝန်ကို အိုဇေးက ရယူရမှာပါ။ ဘောလုံးကို ပြန်ရယူဖို့ရာ ဖိအားပေးမှု၊ ရန်လိုမှုတွေနဲ့ ကွင်းတစ်ဘက်ခြမ်းကို လွှမ်းခြုံကစားရမှာဖြစ်တယ်။

အာဆင်နယ်ရဲ့ ကွင်းလယ် နံပါတ် 10 နေရာကို မည်သူတာဝန်ယူသည်ဖြစ်စေ ချယ်ဆီးရဲ့ ပေးမှုတွေမှာ အဓိကကျတဲ့ ဂျော်ဂျင်ဟိုကို ဖြတ်တောက်ရပါမယ်။ ဂျော်ဂျင်ဟိုဟာ ဖိအားပေးခံရတဲ့ အနေအထားမှာ အတိုပေးတွေပဲ အဓိက လုပ်နိုင်ပြီး အာဆင်နယ်ဘက်က ယှဉ်ပြိုင်သူဟာ သူ့ရဲ့ပေးဟန်ကို ဖတ်နိုင်စွမ်းရှိဖို့ လိုပါတယ်။ ရမ်ဆေးဟာ အဲ့သည်အပိုင်းမှာ ထူးချွန်သူဖြစ်တယ်။

ဂျော်ဂျင်ဟိုရဲ့ ပြဿနာကို ဆာရီက လူးဝစ်နဲ့ ဘယ်လိုဖြေရှင်းသလဲ

ဆာရီဟာ သူ့ရဲ့ကစားကွက်မှာ ဂျော်ဂျင်ဟိုနဲ့ အဓိက တည်ဆောက်ပေမယ့် အီတလီသား အကောင်းဆုံး မစွမ်းနိုင်ချိန်မှာ နောက်ထပ် လှည့်စားမှုတစ်ခုအဖြစ် လူးဝစ်ရဲ့ အဝေးပေးမှု စွမ်းရည်ကောင်းကို အသုံးချလေ့ရှိတယ်။ လူးဝစ်ဟာ ခံစစ်တန်းရဲ့ ဘယ်ခြမ်းကို တာဝန်ယူသူဖြစ်ပြီး သူဟာ ချယ်ဆီးတိုက်စစ်ရဲ့ ညာခြမ်းတောင်ပံတွေကို အဝေးဘောတွေနဲ့ အဓိက ထောက်ပံ့သူတစ်ဦးဖြစ်တယ်။

အကယ်လို့ ပြိုင်ဘက်က ဂျော်ဂျင်ဟိုကို လူကပ်တဲ့အခါ ဂျော်ဂျင်ဟိုက အတိုပေးနဲ့ ရုန်းထွက်ဖို့ ကြိုးစားတတ်သလို လူးဝစ်ကလည်း သူကိုယ်တိုင် တိုက်စစ်ပေးမှုတွေနဲ့ ရှေ့မှာ ဖြန့်ကစားနေတဲ့ တောင်ပံသမားတွေကို ဘောလုံးပေးနိုင်ပါတယ်။ အကယ်လို့ ပြိုင်ဘက်က လူးဝစ်ကို လူကပ်လာရင်တော့ ဂျော်ဂျင်ဟိုက လူကပ်ခြင်းကနေ လွတ်အောင် ရုန်းထွက်ထားလေ့ရှိတယ်။

ဘာလို့ အာဆင်နယ်က ခံစစ်သုံးယောက်တန်း ကစားနိုင်သလဲ

အာဆင်နယ်မှာ သုံးလိုရနေတဲ့ တစ်ဦးတည်းသော ညာအစွန်လူကတောင် ညာအစွန်သမားစစ်စစ် မဟုတ်ပါဘူး။ သူက ဟာဇက်ကို ဟန့်တားဖို့ဆိုတာက အခက်အခဲတစ်ခုပါ။ အကယ်လို့ မစ်လန်နေးကို ညာအစွန်မှာ ထားမယ်ဆိုရင် ဟာဇက်နဲ့ ထိပ်တိုက်တွေ့စေဖို့က မမျှတပါဘူး။ ဘယ်လာရင်ဆိုရင်တော့ ဟာဇက်ကို ထိန်းဖို့ လိုက်မှီနိုင်ပေမယ့် သူက ပါဝင်ကစားနိုင်မှာ မဟုတ်ဘူး။ သြဂုတ်လတုန်းက ချယ်ဆီးက အာဆင်နယ်ကို 3-2 နဲ့ နိုင်ခဲ့စဉ်မှာ အာဆင်နယ် ခံစစ်လေးယောက်တန်းက ညာအစွန်နဲ့ ညာခြမ်းခံစစ်ကြားကို ဟာဇက်က နေရာလွတ်တွေ ဖန်တီးခဲ့ပြီး ဒုက္ခပေးခဲ့တာဖြစ်တယ်။

ဗိုလ်ုလပွဲမှာ အာဆင်နယ်က သုံးယောက်တန်း ကစားမယ်ဆိုရင် ညာခြမ်းခံစစ်သမားနဲ့ ဗဟိုခံစစ်သမားက ပိုနီးသွားမှာဖြစ်ပြီး ညာခြမ်းကွင်းလယ်လူ တော်ရဲရားက ဝင်ရောက်အားဖြည့်ကာ ကစားနိုင်မှာပါ။ သုံးယောက်တန်း ကစားမယ်ဆိုရင် ဟာဇက်ကို တစ်ဦးချင်းထက် နှစေ်ယာက်တစ်ယောက် အနေအထားနဲ့ ရင်ဆိုင်နိုင်မှာဖြစ်တယ်။ ဆာရီဟာ ဟာဇက်ကို တိုက်စစ်အတွက် အဓိက အသုံးပြုလို့ အမ်မရီက ဟာဇက်ကိုထိန်းဖို့ ကစားသမား တစ်ဦးထက် ပိုသုံးဖို့ အဆင်ပြေမယ့် ခံစစ် သုံးယောက်တန်းကို ထုတ်သုံးဖို့ ဆုံးဖြတ်လာနိုင်တာဖြစ်တယ်။

ချယ်ဆီးဘက်က ကောင်တာတိုက်စစ်ကစားဖို့ရာ ဟာဇက်နောက်မှာ အလွန်ဆိုကို လိုက်ပါစေတာဖြစ်ပြီး တောင်ပံကနေ ဟာဇက်ဟာ အတွင်းကိုဝင်ပြီး အလွန်ဆိုကို တောင်ပံအား လွဲပေးကာ မူစတာဖီနဲ့ တစ်ဦးချင်း ယှဉ်ဆိုင်မှာဖြစ်တယ်။ တကယ်ကို ဒုက္ခကြီးတွေက အဲ့သည်မှာ စဖြစ်သွားနိုင်ပါတယ်။

အာဆင်နယ်ရဲ့ တည်ကန်ဘော ထူးချွန်မှု

ချယ်ဆီးကို ဂန်းနားတို့ အနိုင်ယူခဲ့စဉ် သွင်းယူခဲ့တဲ့ နှစ်ဂိုးလုံးက တည်ကန်ဘောကနေ လာတာဖြစ်တယ်။ အာဆင်နယ်ဟာ ခေါင်းတိုက်ကောင်းတဲ့ ခံစစ်သမားတွေကော မွှေနှောက်ကစားနိုင်တဲ့ တိုက်စစ်သမားတွေကော ဧရိယာထဲ ရောထည့်ထားလေ့ရှိတယ်။

ချယ်ဆီးအသင်းသားတွေက ခံစစ်သမားတွေကို အားပြုခဲ့စဉ် တိုက်စစ်သမား လာကာဇက်တီက အဆုံးသတ်ခဲ့ပြီး ခံစစ်သမားတွေကလည်း သူတို့ကို အမြင့်ဘော မတားဆီးနိုင်တဲ့ ချယ်ဆီးခံစစ်က ကွင်းလယ်လူတွေထံ ပြေးဝင်ထားလေးရှိတာကို အရင်ပွဲတွေမှာ မြင်ခဲ့ရပါတယ်။ အဲ့သည်လို အနေအထားကပဲ ကိုစီရယ်နီဟာ ချယ်ဆီးခံစစ်ကို ဒုက္ခပေးခဲ့ပါတယ်။

မန်နေဂျာ နှစ်ဦးလုံးဟာ ကိုယ်ပိုင် အခက်အခဲတွေရှိထားသလို နှစ်ဦးလည်းကလည်း ဟာဇက်၊ အူဘာမီယန်တို့လို တိုက်စစ်သမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဒီရာသီ ထိပ်တိုက်တွေမှုတွေမှာ အကောင်းဆုံး နည်းစနစ်တွေကိုလည်း အသုံးပြုခဲ့ကြတဲ့ ဒီနှစ်သင်းမှာ ချယ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်ရထားလို့ ဖိအားနည်းနေပြီး အာဆင်နယ်ကတော့ ဒီပြိုင်ပွဲအတွက် အတွေ့အကြုံရင့်တဲ့ အမ်မရီကို ရရှိထားတဲ့ အားသာချက်ကိုယ်စီ ရှိနေတာလည်း ဖြစ်ပါတယ်။

Sports Home Time