ေက်းဇူးျပဳျပီး နားဆင္ပါ။ ကမၻာအေကာင္းဆံုး ကစားသမား မက္ဒရစ္သြားမယ့္ခရီးမွာ ပါပါမယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ မက္ဒရစ္ကိုသြားမယ့္ ခရီးမွာေတာ့ လီဗာပူးတိုက္စစ္မွဴး ဖာမင္ႏိုပါမွာျဖစ္ေၾကာင္း မေန႔ကပဲ ယာဂင္ကေလာ့ပ္ဟာ အတည္ျပဳ ေၾကညာလိုက္ပါတယ္။

ယာဂင္ကေလာ့ပ္က “ ေဘာ္ဘီ ေလ့က်င့္ေရး ဆင္းခဲ့ပါတယ္။ အရင္အပတ္က ေလ့က်င့္ေရးမွာ ပါခဲ့ျပီး အစစအရာရာ အဆင္ေျပေနပါတယ္။ မနက္ျဖန္မွာ ဆင္းႏုိင္မလား ၾကည့္ရပါမယ္။ သူ႔ကို ၾကည့္ရတာ အေျခအေန ေကာင္းပါတယ္။ ဖာမင္ႏိုက အဆင္ေျပမယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ဖာမင္ႏိုရဲ႕ ဒဏ္ရာအေျခအေနကို ထုတ္ေျပာခဲ့တာ ျဖစ္တယ္။

ဒီသတင္းဟာ လီဗာပူးပရိသတ္ေတြအတြက္ေတာ့ သတင္းေကာင္းလည္းျဖစ္တယ္။ မက္ဒရစ္မွာ ၾကိဳေရာက္ေနျပီျဖစ္တဲ့ လီဗာပူးပရိသတ္ေတြဟာ အသင္းရဲ႕ ေက်ာနံပါတ္ 9 တိုက္စစ္မွဴးကို ေမွ်ာ္လင့္ေနၾကေၾကာင္း ထုတ္ေဖာ္တဲ့အေနနဲ႔ မက္ဒရစ္ျမိဳ႕ ျမိဳ႕လယ္ေခါင္မွာ ဖာမင္ႏိုသီခ်င္းကို သံျပိဳင္သီဆိုျပီး တိုက္စစ္မွဴးကို ေထာက္ခံအားေပးေနေၾကာင္း ျပသထားပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အတည္ျပဳသတင္းကို ထုတ္ျပန္အျပီးမွာပဲ လီဗာပူး ေလယာဥ္ကြင္းက အမ်ားဆုိင္ရာ သတိေပးမႈေတြ ထုတ္ျပန္တဲ့ အသံခ်ဲ႔စက္ကို အသံုးျပဳျပီး လီဗာပူးပရိသတ္ ေလယာဥ္ရံုးဝန္ထမ္းက မက္ဒရစ္ကို ထြက္ခြာမယ့္ ေလယာဥ္ခရီးစဥ္ ဧည့္သည္ေတြအတြက္ သတင္းျပန္ၾကားမႈတစ္ခုကို လုပ္ေပးခဲ့ပါတယ္။

“ ဂုဏ္သေရရွိ လူၾကီးမင္းမ်ားခင္ဗ်ား။ ေက်းဇူးျပဳျပီး နားဆင္ေပးၾကပါ။ လီဗာပူးပရိသတ္ေတြ မင္းတို႔ကို သိေစခ်င္တာေလး တစ္ခုရွိတယ္။ ဖာမင္ႏိုက အဆင္ေျပပါတယ္ ” လို႔ ေၾကညာေပးခဲ့တာျဖစ္ပါတယ္။

အဆိုပါဝန္ထမ္းက လီဗာပူးပရိသတ္ေတြ ဖာမင္ႏိုအတြက္ ေရးစပ္ေပးထားတဲ့ သီခ်င္းထဲက စာပိုဒ္တစ္ပိုဒ္ကို ရြတ္ဆိုျပခဲ့တာျဖစ္ျပီး သူ႔ရဲ႕ထုတ္ေျပာမႈကို လီဗာပူးပရိသတ္ေတြက ခ်က္ျခင္း နားလည္ခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္ကို ဗီဒီယိုမွတ္တမ္းလည္း ထြက္လာခဲ့ျပီး တစ္ျမိဳ႕လံုးနီးပါး အသင္းကို ေထာက္ခံေနမႈအေပၚ အသင္းပရိသတ္ေတြ သေဘာေတြ႔ေနၾကပါတယ္။

♫♫ There’s something that the Kop want you to know
The best in the world, he’s Bobby Firmino.

Our number 9, give him the ball and he’ll score every time.
Sí, señor. Give the ball to Bobby and he will score..♪♪

လီဗာပူးေလယာဥ္ရံုး ေမွ်ာ္စင္ရဲ႕ ထိပ္ဆံုးမွာေတာ့ လီဗာပူးအသင္းရဲ႕ အလံေတြ အျပည့္ခ်ိတ္ထားျပီး ကလပ္အသင္းကို အားေပးေနေၾကာင္း ေလယာဥ္ရံုးက လီဗာပူးဝန္ထမ္းေတြက ျပသထားပါတယ္။ မာေဆးဆိုဒ္သားက အနီေရာင္ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ 6 ၾကိမ္ေျမာက္ ဆုဖလားကို အႏုိင္ရဖို႔ကေတာ့ ဇြန္လ 2 ရက္ေန႔ မက္ဒရစ္မွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ စပါးနဲ႔ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မက်ဒရစ်ကိုသွားမယ့် ခရီးမှာတော့ လီဗာပူးတိုက်စစ်မှူး ဖာမင်နိုပါမှာဖြစ်ကြောင်း မနေ့ကပဲ ယာဂင်ကလော့ပ်ဟာ အတည်ပြု ကြေညာလိုက်ပါတယ်။

ယာဂင်ကလော့ပ်က “ ဘော်ဘီ လေ့ကျင့်ရေး ဆင်းခဲ့ပါတယ်။ အရင်အပတ်က လေ့ကျင့်ရေးမှာ ပါခဲ့ပြီး အစစအရာရာ အဆင်ပြေနေပါတယ်။ မနက်ဖြန်မှာ ဆင်းနိုင်မလား ကြည့်ရပါမယ်။ သူ့ကို ကြည့်ရတာ အခြေအနေ ကောင်းပါတယ်။ ဖာမင်နိုက အဆင်ပြေမယ်ဆိုတာ သေချာပါတယ် ” လို့ ဖာမင်နိုရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ပြောခဲ့တာ ဖြစ်တယ်။

ဒီသတင်းဟာ လီဗာပူးပရိသတ်တွေအတွက်တော့ သတင်းကောင်းလည်းဖြစ်တယ်။ မက်ဒရစ်မှာ ကြိုရောက်နေပြီဖြစ်တဲ့ လီဗာပူးပရိသတ်တွေဟာ အသင်းရဲ့ ကျောနံပါတ် 9 တိုက်စစ်မှူးကို မျှော်လင့်နေကြကြောင်း ထုတ်ဖော်တဲ့အနေနဲ့ မက်ဒရစ်မြို့ မြို့လယ်ခေါင်မှာ ဖာမင်နိုသီချင်းကို သံပြိုင်သီဆိုပြီး တိုက်စစ်မှူးကို ထောက်ခံအားပေးနေကြောင်း ပြသထားပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အတည်ပြုသတင်းကို ထုတ်ပြန်အပြီးမှာပဲ လီဗာပူး လေယာဉ်ကွင်းက အများဆိုင်ရာ သတိပေးမှုတွေ ထုတ်ပြန်တဲ့ အသံချဲ့စက်ကို အသုံးပြုပြီး လီဗာပူးပရိသတ် လေယာဉ်ရုံးဝန်ထမ်းက မက်ဒရစ်ကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ် ဧည့်သည်တွေအတွက် သတင်းပြန်ကြားမှုတစ်ခုကို လုပ်ပေးခဲ့ပါတယ်။

“ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား။ ကျေးဇူးပြုပြီး နားဆင်ပေးကြပါ။ လီဗာပူးပရိသတ်တွေ မင်းတို့ကို သိစေချင်တာလေး တစ်ခုရှိတယ်။ ဖာမင်နိုက အဆင်ပြေပါတယ် ” လို့ ကြေညာပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါဝန်ထမ်းက လီဗာပူးပရိသတ်တွေ ဖာမင်နိုအတွက် ရေးစပ်ပေးထားတဲ့ သီချင်းထဲက စာပိုဒ်တစ်ပိုဒ်ကို ရွတ်ဆိုပြခဲ့တာဖြစ်ပြီး သူ့ရဲ့ထုတ်ပြောမှုကို လီဗာပူးပရိသတ်တွေက ချက်ခြင်း နားလည်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကို ဗီဒီယိုမှတ်တမ်းလည်း ထွက်လာခဲ့ပြီး တစ်မြို့လုံးနီးပါး အသင်းကို ထောက်ခံနေမှုအပေါ် အသင်းပရိသတ်တွေ သဘောတွေ့နေကြပါတယ်။

♫♫ There’s something that the Kop want you to know
The best in the world, he’s Bobby Firmino.

Our number 9, give him the ball and he’ll score every time.
Sí, señor. Give the ball to Bobby and he will score..♪♪

လီဗာပူးလေယာဉ်ရုံး မျှော်စင်ရဲ့ ထိပ်ဆုံးမှာတော့ လီဗာပူးအသင်းရဲ့ အလံတွေ အပြည့်ချိတ်ထားပြီး ကလပ်အသင်းကို အားပေးနေကြောင်း လေယာဉ်ရုံးက လီဗာပူးဝန်ထမ်းတွေက ပြသထားပါတယ်။ မာဆေးဆိုဒ်သားက အနီရောင်ပရိသတ်တွေ မျှော်လင့်နေတဲ့ 6 ကြိမ်မြောက် ဆုဖလားကို အနိုင်ရဖို့ကတော့ ဇွန်လ 2 ရက်နေ့ မက်ဒရစ်မှာ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ စပါးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Sports Home Time